Showing posts with label News. Show all posts
Showing posts with label News. Show all posts

Tuesday, June 16, 2020

COVID ကာလတွင် ကားတစ်စီးကို သိန်း ၅၀ ဖိုး ပြန်ပေးအပ်သည့် အစီအစဉ်ဖြင့် Hyundai အရောင်းမြှင့်

 ရန်ကုန်၊ ဇွန် ၁၆
COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလတွင် ကားတစ်စီးဝင်ယူလျှင် ကျပ်သိန်း ၅၀ ဖိုး လက်ဆောင်ပြန်ပေးသည့် အစီအစဉ်ဖြင့် အရောင်းမြှင့်တင်လျက်ရှိကြောင်း Hyundai Motor Myanmar ထံမှ သိရသည်။
ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သော ဟွန်ဒေးကားအမျိုးအစားအများအနက် Tucson မော်ဒယ်လ်အတွက် ရွှေနှစ်ကျပ်သား၊ Samsung Galaxy S20 ဖုန်းတစ်လုံး၊ ကျပ် ဆယ်သိန်း တန် ဆီဖြည့်ကတ်တစ်ကတ်နှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲလှယ်ခွင့်ကတ် စသည့်ကျပ်သိန်း ၅၀ တန်ဖိုး လက်ဆောင်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Accent နှင့် Creta ကားအမျိုးအစားများ ဝယ်ယူသူများအတွက် ၂၆ သိန်း တန်ဖိုးရှိ ရွှေနှစ်ကျပ်သားနှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲလှယ်ခွင့်ကတ် တို့ကို ပေးမည်ဖြစ်ပြီး Grand i10 ကားအမျိုးအစားအတွက်ကို ကျပ် ၁၄  သိန်း တန်ဖိုးရှိ ရွှေတစ်ကျပ်သားနှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲလှယ်ခွင့်ကတ်တို့ကို ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
“COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဥမှာ ဝယ်ယူအားပေးလိုသူ customer တွေ လုံခြုံ၊ အဆင်ပြေလွယ်ကူဖို့အတွက့် Online Registration စနစ်နဲ့ ဝယ်ယူနိုင်အောင်လည်း စီစဉ်ထားပါတယ်။ Showroom ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလိုတဲ့ customer တွေအတွက်လည်း ဘေးကင်းစေနိုင်မယ့် ကျန်းမာရေးကာကွယ်မှုများကို စနစ်တကျ လုပ်ဆောင်ထားပါတယ်။ ကားအပ်နှံချိန်မှာလည်း ကားအတွင်းအပြင် ပိုးသတ် ပေးသွားမှာပါ” ဟု Hyundai Motor Myanmar မှ Marketing Manager ဦးမျိုးဝင်းက ပြောသည်။
Hyundai ထုတ် SKD ကားအမျိုးအစားများကို အရစ်ကျငွေပေးချေစနစ်ဖြင့် ဝယ်ယူမည် ဆိုလျှင် UAB, AYA နှင့် CB ဘဏ်တို့ဖြင့် ချိတ်ဆက်ပြီး ကနဦးငွေပေးချေမှု ၂၀ ရာခိုင်နှုန်းမှစကာ အရစ်ကျလစဉ်ငွေပေးချေမှုဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မော်တော်ယာဉ် မူဝါဒအရ SKD ကားအမျိုးအစားအားလုံးသည် ရန်ကုန်လိုင်စင် အမည်ပေါက် ရရှိမည်ဖြစ်သည်။
Zawgyi Version
COVID ကာလတြင္ ကားတစ္စီးကို သိန္း ၅၀ ဖိုး ျပန္ေပးအပ္သည့္ အစီအစဥ္ျဖင့္ Hyundai အေရာင္းျမႇင့္
ရန္ကုန္၊ ဇြန္ ၁၆
COVID-19 ကပ္ေရာဂါျဖစ္ပြားေနသည့္ ကာလတြင္ ကားတစ္စီးဝင္ယူလွ်င္ က်ပ္သိန္း ၅၀ ဖိုး လက္ေဆာင္ျပန္ေပးသည့္ အစီအစဥ္ျဖင့္ အေရာင္းျမႇင့္တင္လ်က္ရွိေၾကာင္း Hyundai Motor Myanmar ထံမွ သိရသည္။
ျပည္တြင္းတြင္ တပ္ဆင္ထုတ္လုပ္ေသာ ဟြန္ေဒးကားအမ်ိဳးအစားအမ်ားအနက္ Tucson ေမာ္ဒယ္လ္အတြက္ ေ႐ႊႏွစ္က်ပ္သား၊ Samsung Galaxy S20 ဖုန္းတစ္လုံး၊ က်ပ္ ဆယ္သိန္း တန္ ဆီျဖည့္ကတ္တစ္ကတ္ႏွင့္ တစ္ႏွစ္စာ အင္ဂ်င္ဝိုင္ ႏွစ္ႀကိမ္လဲလွယ္ခြင့္ကတ္ စသည့္က်ပ္သိန္း ၅၀ တန္ဖိုး လက္ေဆာင္ျပန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ Accent ႏွင့္ Creta ကားအမ်ိဳးအစားမ်ား ဝယ္ယူသူမ်ားအတြက္ ၂၆ သိန္း တန္ဖိုးရွိ ေ႐ႊႏွစ္က်ပ္သားႏွင့္ တစ္ႏွစ္စာ အင္ဂ်င္ဝိုင္ ႏွစ္ႀကိမ္လဲလွယ္ခြင့္ကတ္ တို႔ကို ေပးမည္ျဖစ္ၿပီး Grand i10 ကားအမ်ိဳးအစားအတြက္ကို က်ပ္ ၁၄  သိန္း တန္ဖိုးရွိ ေ႐ႊတစ္က်ပ္သားႏွင့္ တစ္ႏွစ္စာ အင္ဂ်င္ဝိုင္ ႏွစ္ႀကိမ္လဲလွယ္ခြင့္ကတ္တို႔ကို ျပန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
“COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနစဥမွာ ဝယ္ယူအားေပးလိုသူ customer ေတြ လုံၿခဳံ၊ အဆင္ေျပလြယ္ကူဖို႔အတြက့္ Online Registration စနစ္နဲ႔ ဝယ္ယူႏိုင္ေအာင္လည္း စီစဥ္ထားပါတယ္။ Showroom ကို ကိုယ္တိုင္ကိုယ္က် လာေရာက္ၾကည့္ရႈလိုတဲ့ customer ေတြအတြက္လည္း ေဘးကင္းေစႏိုင္မယ့္ က်န္းမာေရးကာကြယ္မႈမ်ားကို စနစ္တက် လုပ္ေဆာင္ထားပါတယ္။ ကားအပ္ႏွံခ်ိန္မွာလည္း ကားအတြင္းအျပင္ ပိုးသတ္ ေပးသြားမွာပါ” ဟု Hyundai Motor Myanmar မွ Marketing Manager ဦးမ်ိဳးဝင္းက ေျပာသည္။
Hyundai ထုတ္ SKD ကားအမ်ိဳးအစားမ်ားကို အရစ္က်ေငြေပးေခ်စနစ္ျဖင့္ ဝယ္ယူမည္ ဆိုလွ်င္ UAB, AYA ႏွင့္ CB ဘဏ္တို႔ျဖင့္ ခ်ိတ္ဆက္ၿပီး ကနဦးေငြေပးေခ်မႈ ၂၀ ရာခိုင္ႏႈန္းမွစကာ အရစ္က်လစဥ္ေငြေပးေခ်မႈျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိ ေမာ္ေတာ္ယာဥ္ မူဝါဒအရ SKD ကားအမ်ိဳးအစားအားလုံးသည္ ရန္ကုန္လိုင္စင္ အမည္ေပါက္ ရရွိမည္ျဖစ္သည္။




Saturday, May 16, 2020

တဆင့်ခံ အာမခံ လုပ်ငန်း ခွင့်ပြုလိုက်သဖြင့် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများ ပိုမိုစွဲဆောင်နိုင်မည်

ရန်ကုန် ၊ မေ၁၅
စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှနေ၍ တစ်ဆင့်အာမခံလုပ်ငန်းကို ခွင့်ပြုပေး လိုက်သဖြင့် မြန်မာ့အာမခံလုပ်ငန်းမှာ ပိုမိုဖွံဖြိုးတိုးတက်ကာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ်ဦးဇော်နိုင်ကပြောသည်။

ဓကျွန်တော်တို့ရဲ့ခန့်မှန်းချက်ကတော့ မကြာခင် မှာတဆင့်အာမခံလုပ်ငန်းကတဆင့် အာမခံလုပ်ငန်းက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းက ပိုဆွဲဆောင်နိုင်မယ်လို့ မျှော်မှန်းပါတယ်” ဟု ညွန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ကပြောသည်။
တစ်ဆင့်အာမခံလုပ်ငန်းများ ခွင့်ပြုလိုက်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ လိုင်စင်ရ အာမခံလုပ်ငန်းများအနေဖြင့် ၎င်းတို့ တာဝန်ယူရမည့် ဆုံးရှုံးနိုင်ခြေပမာဏကို လျော့ချနိုင်မည်ဖြစ်သဖြင့် ပမာဏကြီးမားသော အာမခံများကို လက်ခံနိုင်မည်ဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်းကြီး ကြပ်ရေးဌာနခွဲက တစ်ဆင့်အာမခံလုပ်ငန်းများကို နိုင်ငံသားပိုင်ရော၊ ဖက်စပ်နှင့် နိုင်ငံသားပိုင် အာမခံကုမ္ပဏီများကိုပါ လုပ်ကိုင်ခွင့် ပြုကြောင်း ညွှန်ကြားချက်တစ်ရပ်ကို မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပြင် ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ ၈ ခု၊ အသက်အာမခံကုမ္ပဏီ ၁၁ ခုနှင့် နိုင်ငံတကာအသက်အာမခံကုမ္ပဏီ ၅ ခု၊ အသက်နှင့် အထွေထွေ အာမခံဖက်စပ်ကုမ္ပဏီ ၆ ခုကို အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားသည်။

Zawgyi Version
တဆင့္ခံ အာမခံ လုပ္ငန္း ခြင့္ျပဳလိုက္သျဖင့္ ႏိုင္ငံျခားရင္းႏွီးျမွဳတ္ႏွံမႈမ်ား ပုိမိုစြဲေဆာင္ႏိုင္မည္
ရန္ကုန္ ၊ ေမ၁၅
စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕မွေန၍ တစ္ဆင့္အာမခံလုပ္ငန္းကို ခြင့္ျပဳေပး လိုက္သျဖင့္ ျမန္မာ့အာမခံလုပ္ငန္းမွာ ပိုမိုဖြံၿဖိဳးတိုးတက္ကာ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈမ်ား ပိုမိုဝင္ေရာက္လာႏိုင္ေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ ၫြန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ႏိုင္ကေျပာသည္။
ဓကြၽန္ေတာ္တို႔ရဲ႕ခန႔္မွန္းခ်က္ကေတာ့ မၾကာခင္ မွာတဆင့္အာမခံလုပ္ငန္းကတဆင့္ အာမခံလုပ္ငန္းက ႏိုင္ငံျခား ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္းက ပိုဆြဲေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းပါတယ္” ဟု ညြန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ႏိုင္ကေျပာသည္။ 
တစ္ဆင့္အာမခံလုပ္ငန္းမ်ား ခြင့္ျပဳလိုက္ျခင္းျဖင့္ ျမန္မာႏိုင္ငံအတြင္းရွိ လိုင္စင္ရ အာမခံလုပ္ငန္းမ်ားအေနျဖင့္ ၎တို႔ တာဝန္ယူရမည့္ ဆုံးရွဳံးႏိုင္ေျခပမာဏကုိ ေလ်ာ့ခ်ႏိုင္မည္ျဖစ္သျဖင့္ ပမာဏႀကီးမားေသာ အာမခံမ်ားကုိ လက္ခံႏိုင္မည္ျဖစ္သည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျမန္မာ့အာမခံ လုပ္ငန္းႀကီး ၾကပ္ေရးဌာနခြဲက တစ္ဆင့္အာမခံလုပ္ငန္းမ်ားကုိ ႏိုင္ငံသားပုိင္ေရာ၊ ဖက္စပ္ႏွင့္ ႏုိင္ငံသားပုိင္ အာမခံကုမၸဏီမ်ားကုိပါ လုပ္ကုိင္ခြင့္ ျပဳေၾကာင္း ညႊန္ၾကားခ်က္တစ္ရပ္ကုိ ေမလ ၁၂ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။
ျမန္မာႏိုင္ငံတြင္ ႏုိင္ငံပုိင္ ျမန္မာ့အာမခံလုပ္ငန္းအျပင္ ျပည္တြင္းပုဂၢလိက အေထြေထြအာမခံကုမၸဏီ ၈ ခု၊ အသက္အာမခံကုမၸဏီ ၁၁ ခုႏွင့္ ႏိုင္ငံတကာအသက္အာမခံကုမၸဏီ ၅ ခု၊ အသက္ႏွင့္ အေထြေထြ အာမခံဖက္စပ္ကုမၸဏီ ၆ ခုကုိ အာမခံလုပ္ငန္းမ်ား လုပ္ကုိင္ခြင့္ေပးထားသည္။ 

Friday, May 15, 2020

တဆင့်အာမခံလုပ်ငန်းများ စတင်ခွင့်ပြု


ရန်ကုန်၊ မေ ၁၅

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်းကြီး ကြပ်ရေးဌာနခွဲက တစ်ဆင့်အာမခံလုပ်ငန်းများကို နိုင်ငံသားပိုင်ရော၊ ဖက်စပ်နှင့် နိုင်ငံသားပိုင် အာမခံကုမ္ပဏီများကိုပါ လုပ်ကိုင်ခွင့် ပြုကြောင်း ညွှန်ကြားချက်တစ်ရပ်ကို မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“ဒီလိုဖွင့်ပေးလိုက်တဲ့အ တွက်ပြည်တွင်းအာမခံလုပ်ငန်းကဖွံဖြိုးလာမှာပါ။ဒါကိုဖွင့်ပေးလိုက်ခြင်းအားဖြင့် အားလုံးကို လုပ်ခွင့်ပေးလိုက်တာလေ။နိုင်ငံသားပိုင်အာမခံ ကုမ္မဏိလဲလုပ်န်ုင်တယ်။ဖက်စပ်အာမခံ ကုမ္မဏီလဲလုပ်နိုင်တယ်။ နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်တာလည်း လုပ်နိုင်တယ်။”ဟု မြန်မာ့အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ်ဦးဇော်နိုင်ကပြောသည်။
"အဓိကကတော့ ဘာလဲဆိုရင် မြန်မာနိုင်ငံမှာကတော့ တစ်ဆင့်အာမခံ လုပ်ငန်းကို မြန်မာ့ အာမခံလုပ်ငန်း ကနေ တဆင့် local ကုမ္မဏီ တွေကလုပ်ခဲ့ကြတာပေါ့။ အဲလိုမျိုးလုပ်တဲ့အခါကျတော့ ခွင့်ပြု လိုက်တဲ့ကုဏီတွေကလည်း တဆင့်အာမခံ လုပ်ဖို့လိုလာတယ်။နိုင်ငံခြားကနေလေ။အဲတာကြောင့်မို့လို့ ဒီဟာတွေကို ဖွင့်ပေးတဲ့ သဘောပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံမှ အာမခံကုမ္ပဏီများ အနေဖြင့် တန်ဖိုးကြီးမားပြီး ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အာမခံများကို တာဝန်ယူရမှု လျော့နည်းသွားခြင်းဖြင့် အာမခံလုပ်ငန်းများ၏ ဝန်ထုတ်ဝန်ပိုးလျော့နည်းပြီး အာမခံလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။ 
“တန်ဖိုးကြီးမားတဲ့ပစ္စည်းတွေကို နိုင်ငံခြားအာမခံ ၊ တဆင့်အာမခံ ထား လို့ရှိရင် မြန်မာနိုင်ငံမှာရှိတဲ့ အာမခံ ကုမ္မဏီတွေ တာဝန်ယူနိုင် တဲ့ ကဏ္ဍကလည်းလျော့သွား ၊အရမ်းကြီးမများ တော့ဘူးပေါ့နော်။ သူတို့တာဝန်ယူနိုင်တဲ့ ပမာဏကိုယူ ၊ကျန်တဲ့ဟာကိုတော့ နိုင်ငံ ခြား တဆင့်အာမခံကို လွှဲတဲ့သဘောပေါ့နော်။ ဒီလိုဟာမျိုးက နိုင်ငံတကာမှာလည်းဖွင့်ပေးပါတယ်” ဟု ဦးဇော်နိုင်က ပြောသည်။
သို့သော်လည်း ညွှန်ကြားချက်အရ မြန်မာနိုင်ငံအတွင်းရှိ လိုင်စင်ရ အာမခံလုပ်ငန်းများသည် မဖြစ်မနေ တာဝန်ယူရမည့် ဆုံးရှုံးနိုင်ခြေပမာဏကို ကြိုတင်သတ်မှတ်ထားပြီး အာမခံအမျိုးအစား တစ်ခုချင်းဆီအလိုက် တာဝန်ယူရမည့် ဆုံးရှုံးနိုင်ခြေအစီအစဉ်ကို ကြိုတင်ရေးဆွဲထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏အာမခံလုပ်ငန်း ကဏ္ဍကိုယခင်က မြန်မာ့အာမခံ တစ်ခုတည်းသာလုပ်ကိုင်ခဲ့ပြီးခဲ့ ၂၀၁၅ ခုနစ်တွင် ပုဂ္ဂလိက မြန်မာနိုင်ငံသားပိုင်အာမခံလုပ်ငန်းများ၊တတိယအဆင့်အဖြစ် မြန်မာနိုင်ငံတွင်ရှိသည့်အသက် အာမခံ လုပ်ငန်းကဏ္ဍပိုမို ဖွံဖြိုးတိုးတက်စေရန် နိုင်ငံခြားသား ရာနှုန်းပြည့် ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများကို ၂၀၁၉ခုနှစ်တွင်ခွင့်ပြုခဲ့ကြောင်းသိရသည်။
 မြန်မာနိုင်ငံတွင်ရှိသည့်အာမခံ ကုမ္မဏီများနှင့် နိုင်ငံခြား အာမခံ ကုမ္မဏီများပူးပေါင်း တည်ထောင်ခွင့်ပေးခဲ့ သည့် အသက် အာမခံကုမ္မဏီ ၃ ခု၊အထွေထွေ အာမခံမှာ ၃ ခုထပ်မံခွင့်ပြုထား သဖြင့် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် အသက်အာမခံ ၊အထွေထွေအာမခံကုမ္မဏီစုစု ပေါင်း ၂၅ ခုရှိကြောင်းသိရသည်။
တစ်ဆင့်အာမခံအမျိုးအစားများအဖြစ် မီးအာမခံ (ရေနံနှင့် သဘာဝဓာတ်ငွေ့အာမခံမပါ) ရေယာဉ်ကိုယ်ထည် နှင့် ရေ ကြောင်းပို့ကုန်အာမခံ ၊အင်ဂျင်နီယာလုပ်ငန်းအာမခံ ၊လေ ကြောင်း အာမခံအပါ အဝင် အာမခံအမျိုးအစား ၁၃ ခုထိခွင့်ပြုထား သည်။

Zawgyi Version
တဆင့္အာမခံလုပ္ငန္းမ်ား စတင္ခြင့္ျပဳ
ရန္ကုန္၊ ေမ ၁၅
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျမန္မာ့အာမခံ လုပ္ငန္းႀကီး ၾကပ္ေရးဌာနခြဲက တစ္ဆင့္အာမခံလုပ္ငန္းမ်ားကုိ ႏိုင္ငံသားပုိင္ေရာ၊ ဖက္စပ္ႏွင့္ ႏုိင္ငံသားပုိင္ အာမခံကုမၸဏီမ်ားကုိပါ လုပ္ကုိင္ခြင့္ ျပဳေၾကာင္း ညႊန္ၾကားခ်က္တစ္ရပ္ကုိ ေမလ ၁၂ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။
“ဒီလိုဖြင့္ေပးလိုက္တဲ့အ တြက္ျပည္တြင္းအာမခံလုပ္ငန္းကဖြံၿဖိဳးလာမွာပါ။ဒါကိုဖြင့္ေပးလိုက္ျခင္းအားျဖင့္ အားလုံးကို လုပ္ခြင့္ေပးလိုက္တာေလ။ႏိုင္ငံသားပိုင္အာမခံ ကုမၼဏိလဲလုပ္ႏ္ုင္တယ္။ဖက္စပ္အာမခံ ကုမၼဏီလဲလုပ္ႏိုင္တယ္။ ႏိုင္ငံျခားသား ရာႏႈန္းျပည့္ပိုင္တာလည္း လုပ္ႏိုင္တယ္။”ဟု ျမန္မာ့အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ ၫြန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ႏိုင္ကေျပာသည္။
"အဓိကကေတာ့ ဘာလဲဆိုရင္ ျမန္မာႏိုင္ငံမွာကေတာ့ တစ္ဆင့္အာမခံ လုပ္ငန္းကို ျမန္မာ့ အာမခံလုပ္ငန္း ကေန တဆင့္ local ကုမၼဏီ ေတြကလုပ္ခဲ့ၾကတာေပါ့။ အဲလိုမ်ိဳးလုပ္တဲ့အခါက်ေတာ့ ခြင့္ျပဳ လိုက္တဲ့ကုဏီေတြကလည္း တဆင့္အာမခံ လုပ္ဖို႔လိုလာတယ္။ႏိုင္ငံျခားကေနေလ။အဲတာေၾကာင့္မို႔လို႔ ဒီဟာေတြကို ဖြင့္ေပးတဲ့ သေဘာပါပဲ” ဟု ၎က ဆက္ေျပာသည္။
ျမန္မာႏိုင္ငံမွ အာမခံကုမၸဏီမ်ား အေနျဖင့္ တန္ဖိုးႀကီးမားၿပီး ဆုံးရွဳံးႏိုင္ေျချမင့္မားသည့္ အာမခံမ်ားကုိ တာဝန္ယူရမႈ ေလ်ာ့နည္းသြားျခင္းျဖင့္ အာမခံလုပ္ငန္းမ်ား၏ ဝန္ထုတ္ဝန္ပုိးေလ်ာ့နည္းၿပီး အာမခံလုပ္ငန္းမ်ား ပုိမိုဖြံ႕ၿဖိဳးလာမည္ျဖစ္ေၾကာင္း သိရသည္။
“တန္ဖိုးႀကီးမားတဲ့ပစၥည္းေတြကို ႏိုင္ငံျခားအာမခံ ၊ တဆင့္အာမခံ ထား လို႔ရွိရင္ ျမန္မာႏိုင္ငံမွာရွိတဲ့ အာမခံ ကုမၼဏီေတြ တာဝန္ယူႏိုင္ တဲ့ က႑ကလည္းေလ်ာ့သြား ၊အရမ္းႀကီးမမ်ား ေတာ့ဘူးေပါ့ေနာ္။ သူတို႔တာဝန္ယူႏိုင္တဲ့ ပမာဏကိုယူ ၊က်န္တဲ့ဟာကိုေတာ့ ႏိုင္ငံ ျခား တဆင့္အာမခံကို လႊဲတဲ့သေဘာေပါ့ေနာ္။ ဒီလိုဟာမ်ိဳးက ႏိုင္ငံတကာမွာလည္းဖြင့္ေပးပါတယ္” ဟု ဦးေဇာ္ႏိုင္က ေျပာသည္။
သုိ႔ေသာ္လည္း ညႊန္ၾကားခ်က္အရ ျမန္မာႏိုင္ငံအတြင္းရွိ လိုင္စင္ရ အာမခံလုပ္ငန္းမ်ားသည္ မျဖစ္မေန တာဝန္ယူရမည့္ ဆုံးရွဳံးႏိုင္ေျခပမာဏကုိ ႀကိဳတင္သတ္မွတ္ထားၿပီး အာမခံအမ်ဳိးအစား တစ္ခုခ်င္းဆီအလိုက္ တာဝန္ယူရမည့္ ဆုံးရွဳံးႏိုင္ေျခအစီအစဥ္ကုိ ႀကိဳတင္ေရးဆြဲထားရမည္ျဖစ္သည္။
ျမန္မာႏိုင္ငံ၏အာမခံလုပ္ငန္း က႑ကိုယခင္က ျမန္မာ့အာမခံ တစ္ခုတည္းသာလုပ္ကိုင္ခဲ့ၿပီးခဲ့ ၂၀၁၅ ခုနစ္တြင္ ပုဂၢလိက ျမန္မာႏိုင္ငံသားပိုင္အာမခံလုပ္ငန္းမ်ား၊တတိယအဆင့္အျဖစ္ ျမန္မာႏိုင္ငံတြင္ရွိသည့္အသက္ အာမခံ လုပ္ငန္းက႑ပိုမို ဖြံၿဖိဳးတိုးတက္ေစရန္ ႏိုင္ငံျခားသား ရာႏႈန္းျပည့္ ပိုင္ဆိုင္သည့္ အသက္အာမခံလုပ္ငန္းမ်ားကို ၂၀၁၉ခုႏွစ္တြင္ခြင့္ျပဳခဲ့ေၾကာင္းသိရသည္။
 ျမန္မာႏိုင္ငံတြင္ရွိသည့္အာမခံ ကုမၼဏီမ်ားႏွင့္ ႏိုင္ငံျခား အာမခံ ကုမၼဏီမ်ားပူးေပါင္း တည္ေထာင္ခြင့္ေပးခဲ့ သည့္ အသက္ အာမခံကုမၼဏီ ၃ ခု၊အေထြေထြ အာမခံမွာ ၃ ခုထပ္မံခြင့္ျပဳထား သျဖင့္ ျမန္မာ့အာမခံလုပ္ငန္း အပါအဝင္ အသက္အာမခံ ၊အေထြေထြအာမခံကုမၼဏီစုစု ေပါင္း ၂၅ ခုရွိေၾကာင္းသိရသည္။
တစ္ဆင့္အာမခံအမ်ိဳးအစားမ်ားအျဖစ္ မီးအာမခံ (ေရနံႏွင့္ သဘာဝဓာတ္ေငြ႕အာမခံမပါ) ေရယာဥ္ကိုယ္ထည္ ႏွင့္ ေရ ေၾကာင္းပို႔ကုန္အာမခံ ၊အင္ဂ်င္နီယာလုပ္ငန္းအာမခံ ၊ေလ ေၾကာင္း အာမခံအပါ အဝင္ အာမခံအမ်ိဳးအစား ၁၃ ခုထိခြင့္ျပဳထား သည္။

Thursday, May 14, 2020

အထွေထွေအာမခံလုပ်ငန်းများကို အာမခံအမျိုးအစား သုံးမျိုး တစ်နိုင်ငံလုံးတွင် တိုးချဲ့လုပ်ကိုင်ခွင့်ပြု


ရန်ကုန်၊ မေ ၁၅

အထွေထွေအာမခံလုပ်ငန်းများကို သီလဝါစက်မှုဇုန်တွင် လုပ်ကိုင်ခွင့်ပြုထားသည့် အာမခံအမျိုးအစားသုံးမျိုးကို တစ်နိုင်ငံလုံးတွင် တိုးချဲ့ လုပ်ကိုင်ခွင့်ပြုလုပ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည။
Industrial All Risk ၊ Construction All Risk/ Erection All Risk နှင့် Bailee’s Liability Insurance စသည့် အာမခံသုံးမျိုးကို မူလက သီလဝါစက်မှုဇုန်တွင်သာ လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်သည်။
အဆိုပါ အာမခံလုပ်ငန်းအမျိုးအစားသုံးမျိုးကို ယခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် အလုပ်လက်ခံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က မေလ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Industrial All Risk စက်မှုလုပ်ငန်းများတွင် ကျရောက်တတ်သမျှသော ဘေးအန္တရာယ်များအတွက် အာမခံမှာ မီးနှင့် ဘေးအန္တရာယ် ဆိုင်ရာအာမခံများထက် ပိုမိုကျယ်ပြန့်ပြီး မီးအာမခံ၊ သဘာဝဘေးအန္တရာယ်များသာမက၊ လူလုပ်ဘေးအန္တရာယ်များဖြစ်သည့် ဖောက်ထွင်းခိုးယူခြင်း၊ မတော် တဆထိခိုက်ပျက်ဆီးမှုများ၊ စီးပွားရေးဆိုင်ရာ ထိခိုက်ပျက်ဆီးမှုအမျိုးမျိုးကို အကာအကွယ် ပေးသည့် အာမခံအမျိုးအစား တစ်ခုဖြစ်သည်။
Erection All Risk – EAR အာမခံသည် စက်ယန္တရားများ၊ စက်ရုံများ၊ Steel Structure များအပါအဝင် တည်ဆောက်ရေးလုပ်ငန်းအမျိုးမျိုးအတွက် ကျရောက်တတ် သမျှသော ဘေးအန္တရာယ်များမှ အကာကွယ်ပေး သည့် အာမခံအမျိုးအစားဖြစ်သည်။ အဆိုပါ အာမခံသည် ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးမှု အမျိုးမျိုးအပြင် အာမခံသူ၏ ထိခိုက်ပျက်ဆီးမှုကြောင့် အခြားသူတစ်ဦး (TP) ၏ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိမှုအမျိုးမျိုးနှင့် ပိုင်ဆိုင်မှုပျက်ဆီးခြင်းများကိုပါ အကာအကွယ်ပေးသည်လည်း ရှိသည်။
 Bailee’s Liability Insurance - သည် သူတစ်ပါးပစ္စည်းကို သိုလှောင်ထိန်းသိမ်းပေးရသော၊ သယ်ယူပို့ဆောင် ပေးရသော၊ စောင့်ကြပ်ကြည့်ရှူပေးရသော လုပ်ငန်းများအတွက်ထားရှိသည့် အာမခံအမျိုးအစားဖြစ်သည်။ ဖောက်ထွင်းမှု၊ လုယက်မှု၊ လေပြင်းမုန်တိုင်း၊ ပေါက်ကွဲမှု၊ တိုက်မိခြင်း၊ တိုက်မိခြင်း၊ ရေဖျန်းခြင်း၊ မြေ ငလျင်လှုပ်ခြင်း၊ သပိတ်မှောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးတွင် ပျက်စီးခြင်းများအပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် မိမိတို့ လုပ်ငန်းသို့ ယုံကြည်စွာ အပ်နှံထားသော ဖောက်သည်များ၏ ပိုင်ဆိုင်ပစ္စည်းများ မဆုံးရလေရန် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်သည်။
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းဆောင်ရွက်ရန် အသက်အာမခံနှင့် အထွေထွေအာမခံအမျိုးစားနှစ်မျိုးကို ခွဲခြားသတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာ့အာမခံလုပ်ငန်းက အာမခံအမျိုးအစား ၃၆ ခု၊ ပုဂ္ဂလိကအာမခံကုမ္ပဏီများက အာမခံအမျိုးအစား ၁၄ ခု လုပ်ကိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် နိုင်ငံပိုင် အာမခံလုပ်ငန်းအပြင် ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ ၈ ခု၊ အသက်အာမခံကုမ္ပဏီ ၁၁ ခုနှင့် နိုင်ငံတကာအသက်အာမခံကုမ္ပဏီ ၅ ခု၊ အသက်နှင့် အထွေထွေအာမခံဖက်စပ်ကုမ္ပဏီ ၆ ခုကို အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားသည်။
Zawgyi Version
အေထြေထြအာမခံလုပ္ငန္းမ်ားကုိ အာမခံအမ်ဳိးအစား သုံးမ်ဳိး တစ္ႏိုင္ငံလုံးတြင္ တိုးခ်ဲ႕လုပ္ကုိင္ခြင့္ျပဳ
ရန္ကုန္၊ ေမ ၁၅
အေထြေထြအာမခံလုပ္ငနး္မ်ားကုိ သီလဝါစက္မႈဇုန္တြင္ လုပ္ကုိင္ခြင့္ျပဳထားသည့္ အာမခံအမ်ဳိးအစားသုံးမ်ဳိးကုိ တစ္ႏိုင္ငံလုံးတြင္ တိုးခ်ဲ႕ လုပ္ကုိင္ခြင့္ျပဳလုပ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန အာမခံလုပ္ငန္းႀကီးၾကပ္ေရးဌာနခြဲမွ တာဝန္ရွိသူတစ္ဦးက ေျပာသည။
Industrial All Risk ၊ Construction All Risk/ Erection All Risk ႏွင့္ Bailee’s Liability Insurance စသည့္ အာမခံသုံးမ်ဳိးကုိ မူလက သီလဝါစက္မႈဇုန္တြင္သာ လုပ္ကုိင္ခြင့္ျပဳထားျခင္းျဖစ္သည္။
အဆိုပါ အာမခံလုပ္ငန္းအမ်ိဳးအစားသုံးမ်ိဳးကို ယခုႏွစ္ ေအာက္တိုဘာလ ၁ ရက္မွစတင္ၿပီး တစ္ႏိုင္ငံလုံးတြင္ အလုပ္လက္ခံေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕က ေမလ ၁၂ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
Industrial All Risk စက္မႈလုပ္ငန္းမ်ားတြင္ က်ေရာက္တတ္သမွ်ေသာ ေဘးအႏၱရာယ္မ်ားအတြက္ အာမခံမွာ မီးႏွင့္ ေဘးအႏၱရာယ္ ဆိုင္ရာအာမခံမ်ားထက္ ပုိမိုက်ယ္ျပန္႔ၿပီး မီးအာမခံ၊ သဘာဝေဘးအႏၱရာယ္မ်ားသာမက၊ လူလုပ္ေဘးအႏၱရာယ္မ်ားျဖစ္သည့္ ေဖာက္ထြင္းခုိးယူျခင္း၊ မေတာ္ တဆထိခိုက္ပ်က္ဆီးမႈမ်ား၊ စီးပြားေရးဆိုင္ရာ ထိခိုက္ပ်က္ဆီးမႈအမ်ဳိဳးမ်ဳိးကုိ အကာအကြယ္ ေပးသည့္ အာမခံအမ်ဳိးအစား တစ္ခုျဖစ္သည္။
Erection All Risk – EAR အာမခံသည္ စက္ယႏၱရားမ်ား၊ စက္႐ုံမ်ား၊ Steel Structure မ်ားအပါအဝင္ တည္ေဆာက္ေရးလုပ္ငန္းအမ်ဳိးမ်ဳိးအတြက္ က်ေရာက္တတ္ သမွ်ေသာ ေဘးအႏၱရာယ္မ်ားမွ အကာကြယ္ေပး သည့္ အာမခံအမ်ဳိးအစားျဖစ္သည္။ အဆုိပါ အာမခံသည္ ႐ုပ္ပုိင္းဆိုင္ရာ ပ်က္ဆီးမႈ အမ်ဳိးမ်ဳိးအျပင္ အာမခံသူ၏ ထိခိုက္ပ်က္ဆီးမႈေၾကာင့္ အျခားသူတစ္ဦး (TP) ၏ ခႏၶာကုိယ္ ထိခိုက္ဒဏ္ရာရရွိမႈအမ်ဳိးမ်ဳိးႏွင့္ ပုိင္ဆိုင္မႈပ်က္ဆီးျခင္းမ်ားကုိပါ အကာအကြယ္ေပးသည္လည္း ရွိသည္။
 Bailee’s Liability Insurance - သည္ သူတစ္ပါးပစၥည္းကုိ သုိေလွာင္ထိန္းသိမ္းေပးရေသာ၊ သယ္ယူပုိ႔ေဆာင္ ေပးရေသာ၊ ေစာင့္ၾကပ္ၾကည့္ရွဴေပးရေသာ လုပ္ငန္းမ်ားအတြက္ထားရွိသည့္ အာမခံအမ်ဳိးအစားျဖစ္သည္။ ေဖာက္ထြင္းမႈ၊ လုယက္မႈ၊ ေလျပင္းမုန္တိုင္း၊ ေပါက္ကြဲမႈ၊ တိုက္မိျခင္း၊ တိုက္မိျခင္း၊ ေရဖ်န္းျခင္း၊ ေျမ ငလ်င္လႈပ္ျခင္း၊ သပိတ္ေမွာက္ျခင္းႏွင့္ သယ္ယူပို႔ေဆာင္ေရးတြင္ ပ်က္စီးျခင္းမ်ားအပါအဝင္ ေဘးအႏၱရာယ္အမ်ဳိးမ်ဳိးေၾကာင့္ မိမိတို႔ လုပ္ငန္းသုိ႔ ယုံၾကည္စြာ အပ္ႏွံထားေသာ ေဖာက္သည္မ်ား၏ ပိုင္ဆိုင္ပစၥည္းမ်ား မဆုံးရေလရန္ အကာအကြယ္ေပးေသာ အာမခံအမ်ဳိးအစားျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ အာမခံလုပ္ငန္းေဆာင္႐ြက္ရန္ အသက္အာမခံႏွင့္ အေထြေထြအာမခံအမ်ိဳးစားႏွစ္မ်ိဳးကို ခြဲျခားသတ္မွတ္ထားၿပီး ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ ျမန္မာ့အာမခံလုပ္ငန္းက အာမခံအမ်ိဳးအစား ၃၆ ခု၊ ပုဂၢလိကအာမခံကုမၸဏီမ်ားက အာမခံအမ်ိဳးအစား ၁၄ ခု လုပ္ကိုင္လ်က္ရွိသည္။
ျမန္မာႏိုင္ငံတြင္ ႏုိင္ငံပုိင္ အာမခံလုပ္ငန္းအျပင္ ျပည္တြင္းပုဂၢလိက အေထြေထြအာမခံကုမၸဏီ ၈ ခု၊ အသက္အာမခံကုမၸဏီ ၁၁ ခုႏွင့္ ႏိုင္ငံတကာအသက္အာမခံကုမၸဏီ ၅ ခု၊ အသက္ႏွင့္ အေထြေထြအာမခံဖက္စပ္ကုမၸဏီ ၆ ခုကုိ အာမခံလုပ္ငန္းမ်ား လုပ္ကုိင္ခြင့္ေပးထားသည္။



Friday, May 8, 2020

က်န္းမာေရးဝန္ႀကီးဌာန၏ လုပ္ငန္းခြင္လမ္းၫႊန္ခ်က္မ်ားအား လိုက္နာျပင္ဆင္ထားရန္ အာမခံလုပ္ငနး္ႀကီးၾကပ္ေရးအဖြဲ႕ ထပ္မံညႊန္ၾကား

ရန္ကုန္၊ေမ ၉
COVID-19 ႏွင့္စပ္လ်င္း၍ ျပည္တြင္းအာမခံ ကုမၼဏီမ်ား ၊ ဖက္စပ္အာမခံ ကုမၼဏီမ်ား ၊ ႏိုင္ငံျခားအသက္အာမခံ ကုမၸဏီမ်ား အေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ စက္႐ုံမ်ား ၊အလုပ္႐ုံမ်ား ၊လုပ္ငန္းခြင္မ်ားတြင္ လုပ္ငန္းခြင္ လမ္း ၫြန္ခ်က္မ်ားအတိုင္း ျပင္ဆင္ေဆာင္႐ြက္ၿပီးပါက သက္ဆိုင္ရာ ပူးေပါင္း အဖြဲ႕၏စစ္ေဆးမႈခံႏိုင္ေရးကိုအသင့္ျပင္ေဆာင္႐ြက္ထားရန္ အာမခံလုပ္ငန္း ႀကီးၾကပ္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
ေနအိမ္မွ အလုပ္လုပ္ရန္ ျဖစ္ႏိုင္ေသာ လုပ္သားမ်ားကုိ ေနအိမ္တြင္ အလုပ္လုပ္ေစျခင္း၊ ႐ုံးတြင္ မျဖစ္မေန လုပ္ကုိင္ရမည့္ အလုပ္သမားမ်ားအတြက္ လုပ္ငန္းခြင္၊ နားေနခန္း၊ ထမင္းစားခန္းတို႔၏ သတ္မွတ္အကြာအေဝးမ်ား၊ လက္ေဆးရန္ ေနရာ၊ လက္ေဆးရည္၊ လက္အိတ္၊ ႏွာေခါင္းစည္းမ်ားစသည့္ အကာအကြယ္မ်ား ပံ့ပိုးေပးျခင္းစသည့္ COVID-19 ေရာဂါျဖစ္ပြားမႈ အေျခအေနႏွင့္ ပက္သက္၍  စက္႐ုံမ်ား ၊အလုပ္႐ုံမ်ား ၊အလုပ္ဌာနမ်ားလိုက္နာ ေဆာင္႐ြက္ရန္ အသိေပးထုတ္ျပန္ခ်က္မ်ား  က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားၿပိး ျဖစ္သည္။
ထို႔ျပင္ COVID-19 ေရာဂါျဖစ္ပြားစဥ္ကာလအ တြင္း အာမခံထားရွိသူမ်ားအတြက္ လူမႈေရးတာဝန္ယူမႈ ( CSR) ေဆာင္႐ြက္ထားရွိမႈ အ‌ေျခအေနႏွင့္ အာမံအမ်ိဳးအစားမ်ားအ လိုက္ဝယ္ယူထားေသာအာမခံထားရွိသူမ်ား အေရးေပၚအေျခအေနျဖစ္ေပၚပါက  (Emergence Responsive Action Plan) တုံျပန္ေဆာင္႐ြက္မႈ အစီအစဥ္တို႔အားလည္း အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕သို႔ ႏွစ္ပတ္တစ္ႀကိမ္ အစီရင္ခံစာ တင္ျပရန္လည္း ၿပီးခဲ့သည့္ ရက္သတၱပတ္က ထုတ္ျပန္ခဲ့ေသးသည္။
ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ ၊ တိုင္းေဒသႀကီးႏွင့္ျပည္ နယ္မ်ားတြင္ လုပ္ငန္းေဆာင္႐ြက္ေနေသာ အာမခံ ကုမၸဏီ႐ုံးခြဲမ်ားသည္လည္း အလုပ္သမား ၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဌာန၏ စက္႐ုံမ်ား ၊အလုပ္႐ုံမ်ား ၊လုပ္ငန္းခြင္မ်ားတြင္ ေဆာင္႐ြက္ထားရမည့္ အခ်က္မ်ား ၊ လိုက္နာက်င့္သုံးရမည့္ အခ်က္မ်ား တိက်စြာလိုက္နာၾကရန္ႏွင့္ သက္ဆိုင္ရာ ေဒသႏၲရ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ၾကရန္အသိေပးထားသည္။
Unicode Version
COVID-19 နှင့်စပ်လျင်း၍ ပြည်တွင်းအာမခံ ကုမ္မဏီများ ၊ ဖက်စပ်အာမခံ ကုမ္မဏီများ ၊ နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်ရုံများ ၊အလုပ်ရုံများ ၊လုပ်ငန်းခွင်များတွင် လုပ်ငန်းခွင် လမ်း ညွန်ချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့၏စစ်ဆေးမှုခံနိုင်ရေးကိုအသင့်ပြင်ဆောင်ရွက်ထားရန် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နေအိမ်မှ အလုပ်လုပ်ရန် ဖြစ်နိုင်သော လုပ်သားများကို နေအိမ်တွင် အလုပ်လုပ်စေခြင်း၊ ရုံးတွင် မဖြစ်မနေ လုပ်ကိုင်ရမည့် အလုပ်သမားများအတွက် လုပ်ငန်းခွင်၊ နားနေခန်း၊ ထမင်းစားခန်းတို့၏ သတ်မှတ်အကွာအဝေးများ၊ လက်ဆေးရန် နေရာ၊ လက်ဆေးရည်၊ လက်အိတ်၊ နှာခေါင်းစည်းများစသည့် အကာအကွယ်များ ပံ့ပိုးပေးခြင်းစသည့် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေနှင့် ပက်သက်၍  စက်ရုံများ ၊အလုပ်ရုံများ ၊အလုပ်ဌာနများလိုက်နာ ဆောင်ရွက်ရန် အသိပေးထုတ်ပြန်ချက်များ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြိး ဖြစ်သည်။
ထို့ပြင် COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအ တွင်း အာမခံထားရှိသူများအတွက် လူမှုရေးတာဝန်ယူမှု ( CSR) ဆောင်ရွက်ထားရှိမှု အ‌ခြေအနေနှင့် အာမံအမျိုးအစားများအ လိုက်ဝယ်ယူထားသောအာမခံထားရှိသူများ အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက  (Emergence Responsive Action Plan) တုံပြန်ဆောင်ရွက်မှု အစီအစဉ်တို့အားလည်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သို့ နှစ်ပတ်တစ်ကြိမ် အစီရင်ခံစာ တင်ပြရန်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သေးသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် လုပ်ငန်းဆောင်ရွက်နေသော အာမခံ ကုမ္မဏီများ သည် အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၏ စက်ရုံများ ၊အလုပ်ရုံများ ၊လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့် အချက်များ ၊ လိုက်နာကျင့်သုံးရမည့် အချက်များ တိကျစွာလိုက်နာကြရန်နှင့် သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်အသိပေးထားသည်။

Tuesday, May 5, 2020

COVID ကာလတြင္ ဖြင့္လွစ္ႏိုင္သည့္ အမ်ားျပည္သူဝန္ေဆာင္မႈလုပ္ငန္းမ်ားတြင္ အာမခံလုပ္ငန္းကုိ ထည့္သြင္း



ရန္ကုန္ ေမ ၅
COVID-19 ကာလတြင္ ဖြင့္လွစ္ႏိုင္သည့္ လုပ္ငန္းမ်ားကုိ ထုတ္ျပန္ေၾကညာရာတြင္ အာမခံလုပ္ငန္းမ်ား အပါအဝင္ လုပ္ငန္း ၂၁ မ်ဳိးကုိ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ေမလ ၃ ရက္ေန႔တြင္ ထည့္သြင္းထုတ္ျပန္ခဲ့သည္။
အာမခံ ကုမၸဏီႏွင့္ ထုတ္လုပ္မႈမရွိသည့္ ကုမၸဏီလုပ္ငန္း၊ သယ္ယူပို႔ေဆာင္ေရး၊ သိုေလွာင္႐ုံႏွင့္ ပြဲ႐ုံလုပ္ငန္း၊ ဆိပ္ကမ္းလုပ္ငန္း၊ ကုန္ပစၥည္း ပို႔ေဆာင္ေရးႏွင့္ ကုန္တင္ကုန္ခ်လုပ္ငန္း၊ ပို႔ကုန္သြင္းကုန္လုပ္ငန္းမ်ားႏွင့္ ကုန္သြယ္မႈလုပ္ငန္း၊ စည္ပင္သာယာေရး ဆိုင္ရာလုပ္ငန္း၊ ဘဏ္ႏွင့္ ေငြေၾကးဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္း၊ အလုပ္အကိုင္ရွာေဖြေရးလုပ္ငန္း၊ ျပန္ၾကားေရး လုပ္ငန္း၊ ၿမိဳ႕ဝင္ေၾကး၊ လမ္းအသုံးျပဳခ၊ တံတားျဖတ္သန္းခ ေကာက္ခံသည့္ လုပ္ငန္း၊ ဟိုတယ္၊ မိုတယ္ႏွင့္ တည္းခိုခန္း လုပ္ငန္းမ်ားကုိ အမ်ားျပည္သူဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအျဖစ္ ဖြင့္လွစ္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ ႏိုင္ငံေတာ္ပိုင္ စက္႐ုံ၊ အလုပ္႐ုံနဲ႔ လုပ္ငန္း၊ ေရေပးေဝေရးလုပ္ငန္း၊ လွ်ပ္စစ္ဓာတ္အားႏွင့္ ေလာင္စာစြမ္းအင္ ထုတ္လုပ္ပို႔လႊတ္ ျဖန႔္ျဖဴးသည့္ လုပ္ငန္း၊ မီးသတ္လုပ္ငန္း၊ ပုဂၢလိက ေဆး႐ုံ၊ ေဆးခန္းႏွင့္ က်န္းမာေရးဝန္ေဆာင္မႈလုပ္ငန္း၊ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္ႏွင့္ နည္းပညာဆိုင္ရာလုပ္ငန္း တို႔ကို မရွိမျဖစ္လိုအပ္သည့္ လုပ္ငန္းမ်ား အျဖစ္ ဖြင့္လွစ္လုပ္ကုိင္ခြင့္ျပဳထားသည္။
အလားတူ အမ်ားျပည္သူအတြက္ လိုအပ္သည့္ လုပ္ငန္းမ်ားအျဖစ္ ပုံႏွိပ္ထုတ္ေဝေရးလုပ္ငန္း၊ သတၱဳႏွင့္ သယံဇာတလုပ္ငန္း၊ ဓာတုေဗဒဆိုင္ရာ လုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ ငါးပုဇြန္ေမြးျမဴေရး ဖမ္းဆီးေရးႏွင့္ အေအးခန္းလုပ္ငန္းတို႔ကိုလည္း လုပ္ကုိင္ခြင့္ျပဳခဲ့သည္။
သုိ႔ေသာ္လည္း အဆိုပါလုပ္ငန္းမ်ားသည္ က်န္းမာေရးဌာန သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ၿပီးစီးေၾကာင္း အေထာက္အထားမ်ားကုိ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔ကုိ တင္ျပစစ္ေဆးခံရန္လုိအပ္ေၾကာင္း ထုတ္ျပန္ထားသည္။
Unicode Version
COVID-19 ကာလတွင် ဖွင့်လှစ်နိုင်သည့် လုပ်ငန်းများကို ထုတ်ပြန်ကြေညာရာတွင် အာမခံလုပ်ငန်းများ အပါအဝင် လုပ်ငန်း ၂၁ မျိုးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေလ ၃ ရက်နေ့တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။
အာမခံ ကုမ္ပဏီနှင့် ထုတ်လုပ်မှုမရှိသည့် ကုမ္ပဏီလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံနှင့် ပွဲရုံလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ကုန်ပစ္စည်း ပို့ဆောင်ရေးနှင့် ကုန်တင်ကုန်ချလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်း၊ စည်ပင်သာယာရေး ဆိုင်ရာလုပ်ငန်း၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း၊ ပြန်ကြားရေး လုပ်ငန်း၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တံတားဖြတ်သန်းခ ကောက်ခံသည့် လုပ်ငန်း၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းများကို အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားနှင့် လောင်စာစွမ်းအင် ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးသည့် လုပ်ငန်း၊ မီးသတ်လုပ်ငန်း၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်း တို့ကို မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းများ အဖြစ် ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုထားသည်။
အလားတူ အများပြည်သူအတွက် လိုအပ်သည့် လုပ်ငန်းများအဖြစ် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း၊ သတ္တုနှင့် သယံဇာတလုပ်ငန်း၊ ဓာတုဗေဒဆိုင်ရာ လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေး ဖမ်းဆီးရေးနှင့် အအေးခန်းလုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ခွင့်ပြုခဲ့သည်။
သို့သော်လည်း အဆိုပါလုပ်ငန်းများသည် ကျန်းမာရေးဌာန သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးကြောင်း အထောက်အထားများကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ကို တင်ပြစစ်ဆေးခံရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

Wednesday, April 29, 2020

ေမလမုန္တိုင္း စုိးရိမ္ရသလား


ရန္ကုန္၊ ဧၿပီ ၃၀
ဧရာဝတီတိုင္းေဒသႀကီးသုိ႔ တေက်ာ့ျပန္ ဦးတည္လာႏိုင္သည့္ ေမလအတြင္း တိုက္ခတ္ဖြယ္ရွိေသာ မုန္တိုင္း အႏၱရာယ္ကုိ ျမန္မာျပည္သူအခ်ဳိ႕ စုိးရိမ္မကင္း ရွိေနၾကသည္။ ေမလအတြင္း မုန္တိုင္း တိုက္ခတ္ႏိုင္ဖြယ္ရွိသည္ ဆိုေသာ သတင္းသည္ လြန္ခဲ့ေသာ ၁၂  ႏွစ္က ဒဏ္ရာေဟာင္းကုိ ထုိးဆြလိုက္သလိုပင္ျဖစ္ေနျခင္း ေၾကာင့္လည္း ပုိ၍ စုိးရိမ္မကင္း ျဖစ္ေနၾကျခင္းျဖစ္သည္။
ေမလအတြင္း တိုက္ခိုက္လာဖြယ္ရွိသည့္ မုန္တိုင္းႏွင့္ ပတ္သက္ၿပီး ယေန႔တိုင္ အေျဖမေရရာေသးေပ။ တိုက္ ခတ္ခဲ့လ်င္ပင္ အားအသင့္အတင့္သာရွိမည့္ မုန္တိုင္းျဖစ္မည္ဟု မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန မွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။ သို႔ေသာ္လည္း မုန္တိုင္းဦးတည္ရာလမ္းေၾကာင္းမွာ ယေန႔အထိ မေရရာ ေသးေၾကာင္း မိုးဇလက ထုတ္ျပန္ထားသည္။
ဧၿပီ ၂၈ ရက္ေန႔တြက္ခ်က္မႈမ်ားအရ ဧရာဝတီတိုင္းသို႔ ဦးတည္ထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားေသာ္လည္း ဧၿပီ ၂၉ ရက္ေန႔တြင္မူ မုန္တိုင္းအျဖစ္ပင္ေရာက္မလာဘဲ ေလဖိအားနည္း ရပ္ဝန္းအဆင့္တြင္ ေပ်ာက္ကြယ္ႏိုင္ ေၾကာင္း ျပန္လည္ ထုတ္ျပန္ခဲ့သည္။
ႏိုင္ငံတကာ မိုးေလဝသဌာနမ်ားတြင္လည္း အဆိုပါမုန္တိုင္းႏွင့္ ပတ္သက္ၿပီး ကြဲလြဲသည့္ ရွဴျမင္ခ်က္မ်ားလည္း ရွိေနသည္။
Joint Typhoon Warning Center ႏွင့္ အေမရိကန္ႏိုင္ငံ National Ocean and Atmospheric Administration (NOAA)/NWS/NCEP တို႔၏ ခန္႔မွန္းခ်က္ အရ ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္းပင္ ျဖစ္ႏိုင္ေျခမရွိေၾကာင္း ခန္႔မွန္းထားသည္။
 အိႏၵိယမိုးေလဝသဌာန၊ European Center for Medium Range Weather Forecast (ECMWF)ႏွင့္ NAVGEM (Navy Global Environmental Model) စသည့္ အဖြဲ႕အစည္းမ်ား၏ ခန္႔မွန္းခ်က္အရ မုန္တိုင္း ျဖစ္ပြားႏိုင္ေသာ္လည္း ေန႔ရက္၊ အခ်ိန္ႏွင့္ ဦးတည္ရာလမ္းေၾကာင္း ကြဲလြဲခ်က္မ်ား ရွိေနသည္။
သုိ႔ျဖစ္ရာ ေမလဆန္းမုန္တိုင္း အေျခအေနမွာ ယေန႔အခ်ိန္အထိ စုိးရိမ္ေလာက္စရာ တိက်သည့္ ထုတ္ျပန္ခ်က္မ်ား မေတြ႕ျမင္ရေသးေသာ္လည္း သဘာဝေဘးအႏၱရာယ္မွာ တခါတရံ ႀကိဳတင္မခန္႔မွန္းႏို္င္ ေလာက္ေအာင္ ဆန္းၾကယ္သျဖင့္ ပင္လယ္ကမ္္းနား ေနထိုင္သူမ်ား၊ ေရလုပ္ငန္းႏွင့္ ဆက္စပ္ေနသူမ်ားအေနျဖင့္မူ မိုးဇလ၏ ထုတ္ျပန္ခ်က္မ်ား၊ ညႊန္ၾကားခ်က္မ်ားကို သတိျပဳေလ့လာထားရမည့္ အခ်ိန္ကာလျဖစ္သည္။
မိုုးေလဝသသတင္းမ်ားကုိ နားစြင့္ထားျခင္းျဖင့္ မုန္တိုင္းက်ေရာက္ပါက အသက္ေဘးမွ လြတ္ေအာင္ ႀကိဳတင္ျပင္ဆင္ႏိုင္ေသာ္လည္း အိုးအိမ္စည္းစိမ္ပ်က္ဆီးမႈကုိမူ ႀကိဳတင္ကာကြယ္ရန္မွာမူ အာမခံထားျခင္းနည္းလမ္းတစ္ခုသာရွိေၾကာင္း အာမခံကုိယ္စားလွယ္တစ္ဦးက ဆုိသည္။
ေလမုန္တိုင္းအမ်ဳိးမ်ဳိးဆိုင္ရာ အာမခံသည္ မီးအာမခံႏွင့္အတူ တြဲဖက္ဝယ္ယူႏိုင္သည့္ အပုိေဆာင္း အကာအကြယ္ တစ္ခုျဖစ္ၿပီး မီးအာမခံကုိ အေဆာက္အဦး၏ သက္တမ္းႏွင့္ အတန္းအစားအရဧရိယာတစ္ယူနစ္ ခန႔္မွန္းတန္ဖိုး(PAE)ျဖင့္ လက္ခံကာ စက္ကိရိယာ၊ ကုန္ပစၥည္းႏွင့္ ပရိေဘာဂမ်ားကိုမူ ကာလေပါက္ေစ်းျဖင့္ ထားရွိႏိုင္ေၾကာင္း ၎က ေျပာသည္။
ေယဘူယ်အားျဖင့္ မီးအာမခံႏွင့္ အပိုေဆာင္းအကာအကြယ္မ်ားကုိ ၁၀ ရက္မွ ၁ ႏွစ္သက္တမ္းအထိ ထားရွိႏိုင္ၿပီး အာမခံကုမၸဏီေပၚမူတည္၍ ဝန္ေဆာင္မႈႏွင့္ ပရီမီယံေၾကးႏႈန္းထားအနည္းငယ္ ကြာျခားခ်က္ရွိႏိုင္သည္။
Unicode Version
ဧရာဝတီတိုင်းဒေသကြီးသို့ တကျော့ပြန် ဦးတည်လာနိုင်သည့် မေလအတွင်း တိုက်ခတ်ဖွယ်ရှိသော မုန်တိုင်း အန္တရာယ်ကို မြန်မာပြည်သူအချို့ စိုးရိမ်မကင်း ရှိနေကြသည်။ မေလအတွင်း မုန်တိုင်း တိုက်ခတ်နိုင်ဖွယ်ရှိသည် ဆိုသော သတင်းသည် လွန်ခဲ့သော ၁၂  နှစ်က ဒဏ်ရာဟောင်းကို ထိုးဆွလိုက်သလိုပင်ဖြစ်နေခြင်း ကြောင့်လည်း ပို၍ စိုးရိမ်မကင်း ဖြစ်နေကြခြင်းဖြစ်သည်။
မေလအတွင်း တိုက်ခိုက်လာဖွယ်ရှိသည့် မုန်တိုင်းနှင့် ပတ်သက်ပြီး ယနေ့တိုင် အဖြေမရေရာသေးပေ။ တိုက် ခတ်ခဲ့လျင်ပင် အားအသင့်အတင့်သာရှိမည့် မုန်တိုင်းဖြစ်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ သို့သော်လည်း မုန်တိုင်းဦးတည်ရာလမ်းကြောင်းမှာ ယနေ့အထိ မရေရာ သေးကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ဧပြီ ၂၈ ရက်နေ့တွက်ချက်မှုများအရ ဧရာဝတီတိုင်းသို့ ဦးတည်ထားကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း ဧပြီ ၂၉ ရက်နေ့တွင်မူ မုန်တိုင်းအဖြစ်ပင်ရောက်မလာဘဲ လေဖိအားနည်း ရပ်ဝန်းအဆင့်တွင် ပျောက်ကွယ်နိုင် ကြောင်း ပြန်လည် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာ မိုးလေဝသဌာနများတွင်လည်း အဆိုပါမုန်တိုင်းနှင့် ပတ်သက်ပြီး ကွဲလွဲသည့် ရှူမြင်ချက်များလည်း ရှိနေသည်။
Joint Typhoon Warning Center နှင့် အမေရိကန်နိုင်ငံ National Ocean and Atmospheric Administration (NOAA)/NWS/NCEP တို့၏ ခန့်မှန်းချက် အရ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းပင် ဖြစ်နိုင်ခြေမရှိကြောင်း ခန့်မှန်းထားသည်။
 အိန္ဒိယမိုးလေဝသဌာန၊ European Center for Medium Range Weather Forecast (ECMWF)နှင့် NAVGEM (Navy Global Environmental Model) စသည့် အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ မုန်တိုင်း ဖြစ်ပွားနိုင်သော်လည်း နေ့ရက်၊ အချိန်နှင့် ဦးတည်ရာလမ်းကြောင်း ကွဲလွဲချက်များ ရှိနေသည်။
သို့ဖြစ်ရာ မေလဆန်းမုန်တိုင်း အခြေအနေမှာ ယနေ့အချိန်အထိ စိုးရိမ်လောက်စရာ တိကျသည့် ထုတ်ပြန်ချက်များ မတွေ့မြင်ရသေးသော်လည်း သဘာဝဘေးအန္တရာယ်မှာ တခါတရံ ကြိုတင်မခန့်မှန်းနိုင် လောက်အောင် ဆန်းကြယ်သဖြင့် ပင်လယ်ကမ်းနား နေထိုင်သူများ၊ ရေလုပ်ငန်းနှင့် ဆက်စပ်နေသူများအနေဖြင့်မူ မိုးဇလ၏ ထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များကို သတိပြုလေ့လာထားရမည့် အချိန်ကာလဖြစ်သည်။ 
မိုးလေဝသသတင်းများကို နားစွင့်ထားခြင်းဖြင့် မုန်တိုင်းကျရောက်ပါက အသက်ဘေးမှ လွတ်အောင် ကြိုတင်ပြင်ဆင်နိုင်သော်လည်း အိုးအိမ်စည်းစိမ်ပျက်ဆီးမှုကိုမူ ကြိုတင်ကာကွယ်ရန်မှာမူ အာမခံထားခြင်းနည်းလမ်းတစ်ခုသာရှိကြောင်း အာမခံကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
လေမုန်တိုင်းအမျိုးမျိုးဆိုင်ရာ အာမခံသည် မီးအာမခံနှင့်အတူ တွဲဖက်ဝယ်ယူနိုင်သည့် အပိုဆောင်း အကာအကွယ် တစ်ခုဖြစ်ပြီး မီးအာမခံကို အဆောက်အဦး၏ သက်တမ်းနှင့် အတန်းအစားအရဧရိယာတစ်ယူနစ် ခန့်မှန်းတန်ဖိုး(PAE)ဖြင့် လက်ခံကာ စက်ကိရိယာ၊ ကုန်ပစ္စည်းနှင့် ပရိဘောဂများကိုမူ ကာလပေါက်ဈေးဖြင့် ထားရှိနိုင်ကြောင်း ၎င်းက ပြောသည်။
ယေဘူယျအားဖြင့် မီးအာမခံနှင့် အပိုဆောင်းအကာအကွယ်များကို ၁၀ ရက်မှ ၁ နှစ်သက်တမ်းအထိ ထားရှိနိုင်ပြီး အာမခံကုမ္ပဏီပေါ်မူတည်၍ ဝန်ဆောင်မှုနှင့် ပရီမီယံကြေးနှုန်းထားအနည်းငယ် ကွာခြားချက်ရှိနိုင်သည်။ 

Tuesday, April 28, 2020

ဘဏ္တိုးႏႈန္းမ်ား တတိယ အႀကိမ္ ေလွ်ာ့ခ်

ရန္ကုန္ ၊ ဧၿပီ ၂၈
COVID-19 ေၾကာင့္ ျမန္မာ့စီးပြားေရး ထိခိုက္မႈကုိ ကုစားႏိုင္ရန္ ရည္ရြယ္၍ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ တတိယအႀကိမ္အတိုးႏႈန္းထပ္မံေလွ်ာ့ခ်ေပးလိုက္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ ထုတ္ျပန္ေၾကာညာခ်က္အရ သိရသည္။
၂၀၁၃ ခုႏွစ္ ၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ ပုဒ္မ-၄၁(ဈ)အရ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အတိုးႏႈန္းကို တစ္ႏွစ္လွ်င္ ၈ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၁ ဒသမ ၅ ရာခိုင္ႏႈန္းထပ္မံေလွ်ာ့ခ်၍ ၇ ဒသမ သုည ရာခိုင္ႏႈန္းသို႔ ျပင္ဆင္သတ္မွတ္လိုက္ျခင္းျဖစ္သည္။
ထပ္မံေလွ်ာ့ခ်ခဲ့သည့္ အတိုးႏႈန္းအရ ေငြစုစာရင္း အပ္ေငြ၊ ေငြစု လက္မွတ္ႏွင့္ အခ်ိန္ေစ့မွ ေပးရမည့္ အပ္ေငြတို႔ အေပၚတြင္ ေပးရမည့္ အနည္းဆုံး အတိုးႏႈန္းသည္ ဗဟိုဘဏ္ အတိုးႏႈန္းေအာက္၂ ရာခိုင္ႏႈန္းထက္နည္းရမည္ ျဖစ္ေသာေၾကာင့္ အပ္ေငြမ်ားအေပၚ ေပးရသည့္ အနည္းဆုံး အတိုးႏႈန္းသည္ ၅ ရာခိုင္ႏႈန္း ေရာက္ရွိသြားမည္ျဖစ္သည္။
ထို႔ျပင္ ဘဏ္မ်ားမွ အာမခံပစၥည္းမ်ား ရယူၿပီး ထုတ္ေခ်းသည့္ ေခ်းေငြမ်ားအေပၚ ေတာင္းခံႏိုင္သည့္ အမ်ားဆုံး အတိုးႏႈန္းသည္ ဗဟိုဘဏ္ အတိုးႏႈန္းထက္ ၃ ရာခိုင္ႏႈန္း ေက်ာ္လြန္၍ ေကာက္ခံ ႏိုင္ခင္း မရွိသည့္အတြက္ အာမခံပစၥည္း ရယူထားသည့္ ေခ်းေငြမ်ား၏ အမ်ားဆုံး ေကာက္ခံႏိုင္ေသာ အတိုးႏႈန္းမွာ ၁၀ ရာခိုင္ႏႈန္းထိသာ ရွိမည္ျဖစ္ေၾကာင္း သိရသည္။
ယင္းအျပင္ ဘဏ္မ်ားမွ အေပါင္ပစၥည္း မရယူထားဘဲ ထုတ္ေခ်းထားသည့္ ေခ်းေငြမ်ားအေပၚ ေကာက္ခံႏိုင္ေသာ အတိုးႏႈန္းသည္လည္း အမ်ားဆုံး ၁၃ ရာခိုင္ႏႈန္းအထိသာ ရွိေတာ့မည္ျဖစ္သည္။
ၿပီးခဲ့သည့္ မတ္လအတြင္းတြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ တႏွစ္အတိုးႏႈန္း ၁၀ ရာခိုင္ႏႈန္း ကို ၈ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ ႏွစ္ႀကိမ္ခြဲကာ ေလွ်ာ့ခ်ေပးထားၿပီး ယခုအႀကိမ္သည္ တတိယအႀကိမ္ အတိုးႏႈန္း ထပ္မံေလွ်ာ့ခ်ေပးျခင္းျဖစ္ေၾကာင္း ဗဟုိဘဏ္မွ သိရသည္။
Unicode Version
ဘဏ်တိုးနှုန်းများ တတိယ အကြိမ် လျှော့ချ
ရန်ကုန် ၊ ဧပြီ ၂၈
COVID-19 ကြောင့် မြန်မာ့စီးပွားရေး ထိခိုက်မှုကို ကုစားနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တတိယအကြိမ်အတိုးနှုန်းထပ်မံလျှော့ချပေးလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ကြောညာချက်အရ သိရသည်။
၂၀၁၃ ခုနှစ် ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၄၁(ဈ)အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အတိုးနှုန်းကို တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းထပ်မံလျှော့ချ၍ ၇ ဒသမ သုည ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ထပ်မံလျှော့ချခဲ့သည့် အတိုးနှုန်းအရ ငွေစုစာရင်း အပ်ငွေ၊ ငွေစု လက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့ အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းအောက်၂ ရာခိုင်နှုန်းထက်နည်းရမည် ဖြစ်သောကြောင့် အပ်ငွေများအပေါ် ပေးရသည့် အနည်းဆုံး အတိုးနှုန်းသည် ၅ ရာခိုင်နှုန်း ရောက်ရှိသွားမည်ဖြစ်သည်။
ထို့ပြင် ဘဏ်များမှ အာမခံပစ္စည်းများ ရယူပြီး ထုတ်ချေးသည့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းထက် ၃ ရာခိုင်နှုန်း ကျော်လွန်၍ ကောက်ခံ နိုင်ခင်း မရှိသည့်အတွက် အာမခံပစ္စည်း ရယူထားသည့် ချေးငွေများ၏ အများဆုံး ကောက်ခံနိုင်သော အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းထိသာ ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဘဏ်များမှ အပေါင်ပစ္စည်း မရယူထားဘဲ ထုတ်ချေးထားသည့် ချေးငွေများအပေါ် ကောက်ခံနိုင်သော အတိုးနှုန်းသည်လည်း အများဆုံး ၁၃ ရာခိုင်နှုန်းအထိသာ ရှိတော့မည်ဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တနှစ်အတိုးနှုန်း ၁၀ ရာခိုင်နှုန်း ကို ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ နှစ်ကြိမ်ခွဲကာ လျှော့ချပေးထားပြီး ယခုအကြိမ်သည် တတိယအကြိမ် အတိုးနှုန်း ထပ်မံလျှော့ချပေးခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

Saturday, April 25, 2020

၂၀၂၀ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္ ငလ်င္ ၅၆ ႀကိမ္လႈပ္

ရန္ကုန္၊ ဧၿပီ ၂၅
၂၀၂၀ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္းတြင္ ငလ်င္ ၅၆ ႀကိမ္လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။
ယခု ဧၿပီလအတြင္းတြင္ပင္ ငလ်င္လႈပ္ခတ္မႈမွာ ၁၆ ႀကိမ္ရွိခဲ့ၿပီး ဧၿပီလ ၁၅ ရက္ေန႔မွ ဧၿပီလ ၂၄ ရက္အထိအတြင္း ဆက္တိုက္လႈပ္ခတ္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန ေျမငလ်င္ဌာနခြဲမွ စုံစမ္းရရွိသည့္ စာရင္းမ်ားအရ  ၂၀၁၆ ခုႏွစ္တြင္ ေျမငလ်င္ လႈပ္ခတ္မႈ ၄၂ ႀကိမ္ႏွင့္ ၂၀၁၇ ခုႏွစ္တြင္ အႀကိမ္ ၇၀၊ ၂၀၁၈ ခုႏွစ္တြင္ အႀကိမ္ေရ ၁၅၀ ေက်ာ္ ရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္လည္း အႀကိမ္ေရ ၁၆၀ ဝန္းက်င္လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။
၂၀၁၆ ခုႏွစ္ ေခ်ာက္ငလ်င္ေနာက္ပုိင္းမွ စတင္ၿပီး ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ ေျမငလ်င္ အႀကိမ္ေရ ရာႏွင့္ခ်ီ လႈပ္ခတ္ေနခဲ့ေၾကာင္း ျမန္မာႏိုင္ငံေျမငလ်င္ေကာ္မတီ နာယက ေဒၚလွလွဝင္းက ေျပာသည္။
“အမွန္ေတာ့ ၂၀၁၆ ေခ်ာက္က ထုိးစုိက္ဇုန္မွာ လႈပ္သြားတဲ့ ေနာက္ပုိင္း ျမန္မာႏိုင္ငံတစ္ဝွမ္းမွာ ငလ်င္ေတြဟာ ဟုိတုန္းကထက္ ပုိၿပီး လႈပ္လာတာေတြ႕ရတယ္”ဟု ၎က ေျပာသည္။
ဧၿပီလ ၁၆ ရက္ေန႔တြင္ ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ကုိ ဗဟုိျပဳလႈပ္ခတ္ခဲ့သည့္ အင္အား ၆ဒသမ၁ ရစ္ခ်က္တာစေကး ရွိေသာ ငလ်င္သည္ ၂၀၂၀ ခုႏွစ္အတြင္း အင္အားအျပင္းဆုံး ျဖစ္ေသာ္လည္း လူေနက်ဲပါးၿပီး တိုက္တာအေဆာက္အဦးနည္းပါးသျဖင့္ ထိခိုက္ပ်က္ဆီး ရွဳံးမႈနည္းပါးခဲ့သည္။
ျမန္မာႏိုင္ငံသည္ ငလ်င္အႏၱရာယ္ျမင့္မားသည့္ ႏိုင္ငံမ်ားတြင္ အပါအဝင္ျဖစ္ၿပီး အဓိကၿမိဳ႕ႀကီးမ်ားျဖစ္သည့္ ရန္ကုန္ၿမိဳ႕၊ မႏၱေလးၿမိဳ႕ႏွင့္ ေနျပည္ေတာ္တို႔မွာ ငလ်င္ဇုန္မ်ားတြင္ တည့္တည့္မတ္မတ္က်ေရာက္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ငလ်င္အႏၱရာယ္ ႀကိဳတင္ျပင္ဆင္ေရးႏွင့္ တုန္႔ျပန္ေရးစီမံခ်က္တြင္ ေဖာ္ျပထားသည္။
အထပ္ျမင့္တိုက္ခန္းမ်ားျပားသည့္ ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕တို႔တြင္ ေနထိုင္သူမ်ားအေနျဖင့္ ငလ်င္အႏၱရာယ္မွ ပ်က္ဆီးဆုံးရွဳံးမႈမ်ားကုိ ကာကြယ္ရန္အတြက္ ငလ်င္ဆိုင္ရာ အာမခံအကာအကြယ္ကုိ ရယူထားသင့္ေၾကာင္း အာမခံကုိယ္စားလွယ္ တစ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ငလ်င္ဆိုင္ရာအာမခံကုိ သီးသန္႔ေရာင္းခ်ျခင္းထက္ မီးအာမခံ၏ ထပ္ေဆာင္းအကာအကြယ္ အျဖစ္ ရယူႏိုင္သည့္ အာမခံအမ်ဳိးအစားျဖစ္ေၾကာင္း ၎က ေျပာသည္။
Unicode Version
၂၀၁၂ ခုႏွစ္ မတ္လက တာခ်ီလိတ္ၿမိဳ႕နယ္၊
တာေလၿမိဳ႕နယ္ခြဲတြင္ ငလ်င္လႈပ္ခတ္ခဲ့စဥ္ကျမင္ကြင္း
၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်းတွင် ငလျင် ၅၆ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ယခု ဧပြီလအတွင်းတွင်ပင် ငလျင်လှုပ်ခတ်မှုမှာ ၁၆ ကြိမ်ရှိခဲ့ပြီး ဧပြီလ ၁၅ ရက်နေ့မှ ဧပြီလ ၂၄ ရက်အထိအတွင်း ဆက်တိုက်လှုပ်ခတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ စုံစမ်းရရှိသည့် စာရင်းများအရ  ၂၀၁၆ ခုနှစ်တွင် မြေငလျင် လှုပ်ခတ်မှု ၄၂ ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင် အကြိမ် ၇၀၊ ၂၀၁၈ ခုနှစ်တွင် အကြိမ်ရေ ၁၅၀ ကျော် ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း အကြိမ်ရေ ၁၆၀ ဝန်းကျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ချောက်ငလျင်နောက်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံတွင် နှစ်စဉ် မြေငလျင် အကြိမ်ရေ ရာနှင့်ချီ လှုပ်ခတ်နေခဲ့ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီ နာယက ဒေါ်လှလှဝင်းက ပြောသည်။
“အမှန်တော့ ၂၀၁၆ ချောက်က ထိုးစိုက်ဇုန်မှာ လှုပ်သွားတဲ့ နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ ငလျင်တွေဟာ ဟိုတုန်းကထက် ပိုပြီး လှုပ်လာတာတွေ့ရတယ်”ဟု ၎င်းက ပြောသည်။
ဧပြီလ ၁၆ ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ၆ဒသမ၁ ရစ်ချက်တာစကေး ရှိသော ငလျင်သည် ၂၀၂၀ ခုနှစ်အတွင်း အင်အားအပြင်းဆုံး ဖြစ်သော်လည်း လူနေကျဲပါးပြီး တိုက်တာအဆောက်အဦးနည်းပါးသဖြင့် ထိခိုက်ပျက်ဆီး ရှုံးမှုနည်းပါးခဲ့သည်။
မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်မြင့်မားသည့် နိုင်ငံများတွင် အပါအဝင်ဖြစ်ပြီး အဓိကမြို့ကြီးများဖြစ်သည့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့မှာ ငလျင်ဇုန်များတွင် တည့်တည့်မတ်မတ်ကျရောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုန့်ပြန်ရေးစီမံချက်တွင် ဖော်ပြထားသည်။
အထပ်မြင့်တိုက်ခန်းများပြားသည့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် နေထိုင်သူများအနေဖြင့် ငလျင်အန္တရာယ်မှ ပျက်ဆီးဆုံးရှုံးမှုများကို ကာကွယ်ရန်အတွက် ငလျင်ဆိုင်ရာ အာမခံအကာအကွယ်ကို ရယူထားသင့်ကြောင်း အာမခံကိုယ်စားလှယ် တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ငလျင်ဆိုင်ရာအာမခံကို သီးသန့်ရောင်းချခြင်းထက် မီးအာမခံ၏ ထပ်ဆောင်းအကာအကွယ် အဖြစ် ရယူနိုင်သည့် အာမခံအမျိုးအစားဖြစ်ကြောင်း ၎င်းက ပြောသည်။


Thursday, April 23, 2020

Prudential Myanmar ၏ အသက္အာမခံတြင္ COVID-19 ဆိုင္ရာ အကာအကြယ္ကို အပိုေဆာင္းထည့္သြင္း

ရန္ကုန္၊  ဧၿပီလ ၂၃
အာရွထိပ္တန္း အသက္အာမခံလုပ္ငန္း ႀကီးျဖစ္သည့္ Prudential Corporation Asia လက္ေအာက္ရွိ အပိုင္လုပ္ငန္းခြဲျဖစ္ေသာ Prudential Myanmar Life Insurance Limited မွ လက္ရွိျဖစ္ပြားလ်က္ရွိသည့္ COVID-19 ကူးစက္ေရာဂါ အေျခအေနအရ ၎၏ အာမခံဝန္ေဆာင္မႈ ရယူထားသူမ်ားအားလုံးကို ဗိုင္းရပ္စ္မွတစ္ဆင့္ ျဖစ္ပြားႏိုင္သည့္ ေဘးအႏၲရာယ္မ်ားကို ရင္ဆိုင္ႏိုင္ရန္ COVID-19 ဆိုင္ရာ အပိုေဆာင္း အာမခံအကာအကြယ္ကို အခမဲ့ ေထာက္ပံ့ေပးအပ္သြားမည္ျဖစ္သည္။
COVID-19 အခမဲ့ အာမခံအကာအကြယ္ အစီအစဥ္တြင္ Prudential Myanmar ၏ အသက္အာမခံဝန္ေဆာင္မႈ ရယူထားသူ မည္သူမဆို COVID-19 မေတာ္တဆကူးစက္ခံရသည္ ျဖစ္ေစ၊ ကူးစက္ခံရမႈေၾကာင့္ အသက္ဆုံးရႈံးသည္ျဖစ္ေစ Prudential Myanmar မွ ထပ္ေဆာင္းအက်ိဳးခံစားခြင့္ ကို တစ္ေပါင္းတည္း ေပးအပ္သြားမည္ ျဖစ္ပါသည္။
ဤ အပိုေဆာင္း အာမခံ အကာအကြယ္ အစီအစဥ္ကို အသက္အာမခံရယူထားသူ မည္သူမဆို အလိုအေလ်ာက္ ရရွိမည္ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၁၁ ရက္မတိုင္မီ (သို႔မဟုတ္) ေနာက္ဆုံးထား၍ အသက္အာမခံ အတည္ျပဳ ရယူထားသူျဖစ္ရမည္။ ယခု COVID-19 အာမခံကာကြယ္မႈ အထူးအစီအစဥ္ကို အာမခံစတင္ အသက္ဝင္သည့္ေန႔မွ ရက္ေပါင္း ၉၀ အက်ိဳးခံစား ရရွိမည္ ျဖစ္ပါသည္။
အာမခံထားသူသည္ COVID-19 ၏ ေရာဂါလကၡဏာကို ေတြ႕ရွိေၾကာင္းကို စစ္ေဆးအတည္ျပဳခဲ့ပါက ကြၽႏ္ုပ္တို႔အေနျဖင့္အာမခံ ထားေငြ၏ ၁၀%ကို ထုတ္ေပးမည္ျဖစ္ၿပီး အမ်ားဆုံး ၅ သိန္းအထိ အက်ိဳးခံစားခြင့္ရွိသည္။
အာမခံထားသူသည္ COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးခဲ့ပါက ကြၽႏ္ုပ္တို႔အေနျဖင့္ အာမခံထားေငြ၏ ထပ္ေဆာင္း ၁၀၀% ကိုထုတ္ေပးမည္ျဖစ္ၿပီး အမ်ားဆုံး သိန္း ၅၀ အထိ အက်ိဳးခံစားခြင့္ ရွိသည္။
 “ကမာၻတစ္ဝန္း COVID-19 ကူးစက္ေရာဂါ အဆက္မျပတ္ ျဖစ္ပြားေနမႈေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ ျပည္သူေတြရဲ႕ အသက္ေမြးဝမ္းေၾကာင္း ရပ္တည္မႈ ေတြမွာ ႀကီးမားတဲ့ထိခိုက္မႈေတြ ရွိခဲ့ပါတယ္။ က်န္းမာေရးကာကြယ္ေစာင့္
ေရွာက္မႈ အေရးေပၚလိုအပ္ေနတဲ့ အေျခအေနမွာ ကြၽန္ေတာ္တို႔ရဲ႕ အာမခံဝန္ေဆာင္မႈ ရယူသူေတြနဲ႔ သူတို႔ရဲ႕ မိသားစုဝင္ေတြကို က်န္းမာေရးနဲ႔ ေငြေရးေၾကးေရးအတြက္ စိတ္ခ်ႏိုင္ေအာင္ ထိန္းသိမ္းကာကြယ္ေပးသြားဖို႔ ဆက္ၿပီး အေလးထားေဆာင္႐ြက္ သြားမယ္ဆိုတာကို စိတ္ခ်ထားေစခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အခမဲ့ COVID-19 အာမခံအကာအကြယ္က အခုလို ကူးစက္
ေရာဂါႀကီးကို အတူတကြ ရင္ဆိုင္တြန္းလွန္ေနရတဲ့ အခ်ိန္မွာ စိတ္ခ်လုံၿခဳံမႈ ေပးစြမ္းႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။”Prudential Myanmar ၏ CEO ျဖစ္သူ Mr. Asit Rath ကေျပာသည္။
Prudential သည္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ျမန္မာႏိုင္ငံ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ ေပးအပ္ေသာ ႏိုင္ငံျခားသား ရာႏႈန္းျပည့္ပိုင္ဆိုင္သည့္ အသက္အာမခံလုပ္ငန္းမ်ား လုပ္ကိုင္ႏိုင္မည့္ လုပ္ငန္းလိုင္စင္ကို လက္ခံရရွိခဲ့ပါသည္။ Prudential Myanmar အေနျဖင့္ လြယ္ကူ႐ိုးရွင္းသည့္ အာမခံအကာအကြယ္ အမ်ိဳးအစားမ်ားကို ေပးအပ္မည္ျဖစ္ၿပီး အာမခံဝယ္ယူထားသူမ်ား၏ ေငြေၾကးဆိုင္ရာ ရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေစရန္ ကူညီေဆာင္႐ြက္ေပးသြားမည္ ျဖစ္ပါသည္။
Unicode Version
------------------
အာရှထိပ်တန်း အသက်အာမခံလုပ်ငန်း ကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar Life Insurance Limited မှ လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-19 ကူးစက်ရောဂါ အခြေအနေအရ ၎င်း၏ အာမခံဝန်ဆောင်မှု ရယူထားသူများအားလုံးကို ဗိုင်းရပ်စ်မှတစ်ဆင့် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန် COVID-19 ဆိုင်ရာ အပိုဆောင်း အာမခံအကာအကွယ်ကို အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။
COVID-19 အခမဲ့ အာမခံအကာအကွယ် အစီအစဉ်တွင် Prudential Myanmar ၏ အသက်အာမခံဝန်ဆောင်မှု ရယူထားသူ မည်သူမဆို COVID-19 မတော်တဆကူးစက်ခံရသည် ဖြစ်စေ၊ ကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးသည်ဖြစ်စေ Prudential Myanmar မှ ထပ်ဆောင်းအကျိုးခံစားခွင့် ကို တစ်ပေါင်းတည်း ပေးအပ်သွားမည် ဖြစ်ပါသည်။
ဤ အပိုဆောင်း အာမခံ အကာအကွယ် အစီအစဉ်ကို အသက်အာမခံရယူထားသူ မည်သူမဆို အလိုအလျောက် ရရှိမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မတိုင်မီ (သို့မဟုတ်) နောက်ဆုံးထား၍ အသက်အာမခံ အတည်ပြု ရယူထားသူဖြစ်ရမည်။ ယခု COVID-19 အာမခံကာကွယ်မှု အထူးအစီအစဉ်ကို အာမခံစတင် အသက်ဝင်သည့်နေ့မှ ရက်ပေါင်း ၉၀ အကျိုးခံစား ရရှိမည် ဖြစ်ပါသည်။
အာမခံထားသူသည် COVID-19 ၏ ရောဂါလက္ခဏာကို တွေ့ရှိကြောင်းကို စစ်ဆေးအတည်ပြုခဲ့ပါက ကျွန်ုပ်တို့အနေဖြင့်အာမခံ ထားငွေ၏ ၁၀%ကို ထုတ်ပေးမည်ဖြစ်ပြီး အများဆုံး ၅ သိန်းအထိ အကျိုးခံစားခွင့်ရှိသည်။
အာမခံထားသူသည် COVID-19 ကပ်ရောဂါကြောင့် သေဆုံးခဲ့ပါက ကျွန်ုပ်တို့အနေဖြင့် အာမခံထားငွေ၏ ထပ်ဆောင်း ၁၀၀% ကိုထုတ်ပေးမည်ဖြစ်ပြီး အများဆုံး သိန်း ၅၀ အထိ အကျိုးခံစားခွင့် ရှိသည်။
 “ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ရောဂါ အဆက်မပြတ် ဖြစ်ပွားနေမှုကြောင့် မြန်မာနိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်း ရပ်တည်မှု တွေမှာ ကြီးမားတဲ့ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ကျန်းမာရေးကာကွယ်စောင့်
ရှောက်မှု အရေးပေါ်လိုအပ်နေတဲ့ အခြေအနေမှာ ကျွန်တော်တို့ရဲ့ အာမခံဝန်ဆောင်မှု ရယူသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကျန်းမာရေးနဲ့ ငွေရေးကြေးရေးအတွက် စိတ်ချနိုင်အောင် ထိန်းသိမ်းကာကွယ်ပေးသွားဖို့ ဆက်ပြီး အလေးထားဆောင်ရွက် သွားမယ်ဆိုတာကို စိတ်ချထားစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခမဲ့ COVID-19 အာမခံအကာအကွယ်က အခုလို ကူးစက်
ရောဂါကြီးကို အတူတကွ ရင်ဆိုင်တွန်းလှန်နေရတဲ့ အချိန်မှာ စိတ်ချလုံခြုံမှု ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။”Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath ကပြောသည်။
Prudential သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လုပ်ငန်းလိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။ Prudential Myanmar အနေဖြင့် လွယ်ကူရိုးရှင်းသည့် အာမခံအကာအကွယ် အမျိုးအစားများကို ပေးအပ်မည်ဖြစ်ပြီး အာမခံဝယ်ယူထားသူများ၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မြောက်စေရန် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

Wednesday, April 22, 2020

ေဝဘာဂီ အထူးကု ေဆး႐ုံႀကီးရွိ က်န္းမာေရး ဝန္ထမ္းမ်ားကို ဧရာဝတီေဖာင္ေဒးရွင္းက လစာ တစ္လစာ ပံ့ပုိး

ရန္ကုန္၊ ဧၿပီ ၂၃
ကမၻာလုံးဆိုင္ရာ ကူးစက္ျမန္ေရာဂါ COVID-19 ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ႏိုင္ေရး ေရွ႕တန္းမွ ႐ြပ္႐ြပ္ခြၽံခြၽံ တာဝန္ထမ္းေဆာင္ လ်က္ရွိေသာ ေဝဘာဂီ အထူးကု ေဆး႐ုံႀကီးမွ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ားကို ဂုဏ္ျပဳေသာအားျဖင့္ ဧရာဝတီ ေဖာင္ေဒးရွင္းမွ ဧၿပီလအတြက္ လုပ္ခလစာ တစ္လစာ ခ်ီးျမႇင့္လႉဒါန္း ခဲ့ေၾကာင္း သိရသည္။
အဆိုပါ က်န္းမာေရး ဝန္ထမ္းမ်ားသည္ အနီးကပ္ ၾကပ္မတ္ကုသ ခံေနရသူ (၂)ဦး အပါအဝင္ COVID-19 လူနာ စုစုေပါင္း (၇၅)ဦးကို ေရာဂါ သက္သာ ေပ်ာက္ကင္းေစရန္ႏွင့္ ထပ္မံကူးစက္ ျပန႔္ပြားျခင္း မရွိေစရန္ ကိုယ္က်ိဳးမငဲ့ဘဲ မရပ္မနား ႀကိဳးပမ္း ေဆာင္႐ြက္ ေနၾကျခင္းျဖစ္သည္။
အထူးကု ဆရာဝန္ႀကီးမ်ား၊ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ အျခား က်န္းမာေရး ဝန္ထမ္းမ်ား၊ အေထြေထြ ဝန္ထမ္း (၁၂၀)ဦးႏွင့္ Volunteer အျဖစ္ လာေရာက္ တာဝန္ ထမ္းေဆာင္ေနၾကေသာ အထူးကု ဆရာဝန္ႀကီးမ်ား၊ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရး ဝန္ထမ္း (၁၅၇)ဦး၊ စုစုေပါင္း (၂၂၇) ဦးအတြက္ ေငြက်ပ္ (၃၇၅)သိန္းကို လွဴဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း ဧရာဝတီေဖာင္ေဒးရွင္းမွ သိရသည္။
ဧရာဝတီ ေဖာင္‌ေဒးရွင္း အေနျဖင့္ ေဝဘာဂီ အထူးကု ေဆး႐ုံႀကီး၏ ကာကြယ္၊ ကုသေရးဆိုင္ရာ အေထာက္အကူျပဳ ပစၥည္းမ်ား ဝယ္ယူႏိုင္ရန္ အတြက္ မတ္လ (၁၈)ရက္ေန႔တြင္ ေငြက်ပ္ သိန္း(၅၀၀)၊ ဧၿပီလ (၁၈)ရက္ေန႔တြင္ ေငြက်ပ္ သိန္း(၂၀၀) အပါအဝင္ စုစုေပါင္း ေငြက်ပ္ (၁၀၇၅)သိန္း ပံ့ပိုးလႉဒါန္းခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ တစ္ႏိုင္ငံလုံးမွ COVID-19 အေရး ေဆာင္႐ြက္ေနၾကေသာ ဆရာဝန္၊ သူနာျပဳမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ား အားလုံးအတြက္ က်န္းမာေရး အာမခံရန္ပုံေငြ အျဖစ္ ေငြက်ပ္ သိန္း(၅၀၀၀)တိတိကို ဗဟိုက်န္းမာေရး ေကာ္မတီသို႔ လႉဒါန္းထားရွိၿပီးျဖစ္သည္။
COVID – 19 ကူးစက္ခံရသူမ်ား၏ သုံးပုံႏွစ္ပုံခန္႔မွာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ လူဦးေရ အသိပ္သည္း ဆုံးျဖစ္သည့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ျဖစ္ၿပီး အတည္ျပဳလူနာအားလုံးကုိ ေဝဘာဂီေဆး႐ုံႀကီးတြင္ တစ္စုတစည္းထားကုသေနျခင္းျဖစ္သည္။
Unicode Version
------------------

ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ရောဂါ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် လျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဧပြီလအတွက် လုပ်ခလစာ တစ်လစာ ချီးမြှင့်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေး ဝန်ထမ်းများသည် အနီးကပ် ကြပ်မတ်ကုသ ခံနေရသူ (၂)ဦး အပါအဝင် COVID-19 လူနာ စုစုပေါင်း (၇၅)ဦးကို ရောဂါ သက်သာ ပျောက်ကင်းစေရန်နှင့် ထပ်မံကူးစက် ပြန့်ပွားခြင်း မရှိစေရန် ကိုယ်ကျိုးမငဲ့ဘဲ မရပ်မနား ကြိုးပမ်း ဆောင်ရွက် နေကြခြင်းဖြစ်သည်။
အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ အခြား ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေ ဝန်ထမ်း (၁၂၀)ဦးနှင့် Volunteer အဖြစ် လာရောက် တာဝန် ထမ်းဆောင်နေကြသော အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်း (၁၅၇)ဦး၊ စုစုပေါင်း (၂၂၇) ဦးအတွက် ငွေကျပ် (၃၇၅)သိန်းကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ သိရသည်။
ဧရာဝတီ ဖောင်‌ဒေးရှင်း အနေဖြင့် ဝေဘာဂီ အထူးကု ဆေးရုံကြီး၏ ကာကွယ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ဝယ်ယူနိုင်ရန် အတွက် မတ်လ (၁၈)ရက်နေ့တွင် ငွေကျပ် သိန်း(၅၀၀)၊ ဧပြီလ (၁၈)ရက်နေ့တွင် ငွေကျပ် သိန်း(၂၀၀) အပါအဝင် စုစုပေါင်း ငွေကျပ် (၁၀၇၅)သိန်း ပံ့ပိုးလှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တစ်နိုင်ငံလုံးမှ COVID-19 အရေး ဆောင်ရွက်နေကြသော ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ အားလုံးအတွက် ကျန်းမာရေး အာမခံရန်ပုံငွေ အဖြစ် ငွေကျပ် သိန်း(၅၀၀၀)တိတိကို ဗဟိုကျန်းမာရေး ကော်မတီသို့ လှူဒါန်းထားရှိပြီးဖြစ်သည်။
COVID – 19 ကူးစက်ခံရသူများ၏ သုံးပုံနှစ်ပုံခန့်မှာ မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ အသိပ်သည်း ဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပြီး အတည်ပြုလူနာအားလုံးကို ဝေဘာဂီဆေးရုံကြီးတွင် တစ်စုတစည်းထားကုသနေခြင်းဖြစ်သည်။


ေဝဘာဂီေဆး႐ုံရွိ က်န္းမာေရး ဝန္ထမ္းမ်ားအတြက္ FNI က က်န္းမာေရးအာမခံထားေပး


ရန္ကုန္၊ ဧၿပီ ၂၃
Coronavirus Disease 2019 (COVID-19) ေရာဂါေဝဒနာခံစားေနရေသာလူနာမ်ားကို အနီးကပ္ထိေတြ႕ ေနရေသာ ေဝဘာဂီကူးစက္ေရာဂါအထူးကုေဆး႐ုံရွိ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ အေထြေထြ လုပ္သားမ်ားအားလုံးအတြက္ တစ္ႏွစ္စာ က်န္းမာေရးအာမခံ အကာကြယ္ ေထာက္ပံ့လွဴဒါန္းခဲ့ေၾကာင္း First National Insurance မွ သိရသည္။
အဆိုပါ က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ (COVID-19) မေတာ္တဆေရာဂါကူးစက္ခံရပါက က်န္းမာေရး အေထာက္အပံ့အက်ိဳးခံစားခြင့္ရရွိေစရန္ ရည္႐ြယ္၍ ပထမအမ်ိဳးသားအာမခံ FIRST NATIONAL INSURANCE (Life) ႏွင့္ FIRST NATIONAL INSURANCE (General) Company တို႔မွ တစ္ႏွစ္စာက်န္းမာေရးအာမခံ လႉဒါန္းထားရွိေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
(COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ ကုသေရးဆိုင္ရာလုပ္ငန္းမ်ားကို ေရွ႕တန္းမွ သက္စြန႔္ႀကိဳးပမ္း ေဆာင္႐ြက္ေနေသာ ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေဝဘာဂီကူးစက္ေရာဂါအထူးကုေဆး႐ုံရွိ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ အေထြေထြဝန္ထမ္းမ်ားအားလုံးအတြက္ စုစုေပါင္းအကာအကြယ္အာမခံေၾကးႏွင့္ အကာအကြယ္အားျဖင့္ တစ္ဦးလွ်င္ ၁၀ သိန္းႏႈန္းျဖင့္ ဝန္ထမ္းစုစုေပါင္း (၁၁၁) ဦးအတြက္ တစ္ႏွစ္စာက်န္းမာေရးအာမခံအကာအကြယ္ကို ေပးအပ္လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ က်န္းမာေရးအာမခံေပၚလစီမွာ အေရးေပၚအေျခအေနတြင္ COVID-19 ေရာဂါကူးစက္ခံရျခင္းေၾကာင့္ ေဆး႐ုံတက္ေရာက္ကုသရျခင္းႏွင့္ ေသဆုံးျခင္းတို႔ကို အကာအကြယ္ေပးသြားမည့္ က်န္းမာေရးအာမခံအမ်ိဳးအစား ျဖစ္သည္။
ကမာၻ႔ က်န္းမာေရး အဖြဲ႕ (WHO) က ကူးစက္ကပ္ ေရာဂါ (Pandemic) အျဖစ္ သတ္မွတ္ထားသည့္ COVID -19 သည္ တကမာၻလုံး အတိုင္းအတာျဖင့္ ဧၿပီ ၂၁ ရက္အထိ ေသဆုံးသူ ၁ သိန္း ၆ ေသာင္းေက်ာ္ (၁၆၃,၀၉၇ ဦး) ရွိၿပီ ျဖစ္ၿပီး COVID-19 ပိုးေတြ႕လူဦးေရ ၂ ဒသမ ၄ သန္းေက်ာ္ ရွိၿပီ ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္လည္း မတ္လ ၂၃ ရက္ေန႔မွ ဧၿပီလ ၂၁ ရက္ေန႔အထိတြင္ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ ၁၂၃ ဦး ရွိေနၿပီျဖစ္ၿပီး ေသဆုံးသူ ၅ ဦးရွိကာ ပိုးေတြ႕ၿပီးျပန္လည္ သက္သာလာသူ ၇ ဦး ရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
Unicode Version
---------------
ဝေဘာဂီဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် FNI က ကျန်းမာရေးအာမခံထားပေး
--------------------------------------------
Coronavirus Disease 2019 (COVID-19) ရောဂါဝေဒနာခံစားနေရသောလူနာများကို အနီးကပ်ထိတွေ့ နေရသော ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေ လုပ်သားများအားလုံးအတွက် တစ်နှစ်စာ ကျန်းမာရေးအာမခံ အကာကွယ် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း First National Insurance မှ သိရသည်။
အဆိုပါ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် (COVID-19) မတော်တဆရောဂါကူးစက်ခံရပါက ကျန်းမာရေး အထောက်အပံ့အကျိုးခံစားခွင့်ရရှိစေရန် ရည်ရွယ်၍ ပထမအမျိုးသားအာမခံ FIRST NATIONAL INSURANCE (Life) နှင့် FIRST NATIONAL INSURANCE (General) Company တို့မှ တစ်နှစ်စာကျန်းမာရေးအာမခံ လှူဒါန်းထားရှိပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေသော ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေဝန်ထမ်းများအားလုံးအတွက် စုစုပေါင်းအကာအကွယ်အာမခံကြေးနှင့် အကာအကွယ်အားဖြင့် တစ်ဦးလျှင် ၁၀ သိန်းနှုန်းဖြင့် ဝန်ထမ်းစုစုပေါင်း (၁၁၁) ဦးအတွက် တစ်နှစ်စာကျန်းမာရေးအာမခံအကာအကွယ်ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအာမခံပေါ်လစီမှာ အရေးပေါ်အခြေအနေတွင် COVID-19 ရောဂါကူးစက်ခံရခြင်းကြောင့် ဆေးရုံတက်ရောက်ကုသရခြင်းနှင့် သေဆုံးခြင်းတို့ကို အကာအကွယ်ပေးသွားမည့် ကျန်းမာရေးအာမခံအမျိုးအစား ဖြစ်သည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ် ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID -19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၂၁ ရက်အထိ သေဆုံးသူ ၁ သိန်း ၆ သောင်းကျော် (၁၆၃,၀၉၇ ဦး) ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၂ ဒသမ ၄ သန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၂၃ ဦး ရှိနေပြီဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိကာ ပိုးတွေ့ပြီးပြန်လည် သက်သာလာသူ ၇ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


Tuesday, April 21, 2020

COVID-19 ကူးစက္ျမန္ကပ္ေရာဂါ ျဖစ္ပြားမႈအကာအကြယ္ေပးႏိုင္ရန္ Dai-ichi Life သိန္း ၅၀၀ မတည္ထား

ရန္ကုန္ၿမိဳ႕ရွိ Child Development Center တစ္ခုျဖစ္တဲ့ Dream Train ကို Dai-ichi Life Insurance Myanmar က လက္သန႔္ေဆးရည္ဗူးမ်ား သြားေရာက္လွဴဒါန္းစဥ္
ရန္ကုန္ ၊ ဧၿပီ ၂၂ Dai-ichi Life Insurance Myanmar မွအသက္အာမခံ အမ်ိဳးအစားကိုဝယ္ယူထားသည့္လက္ရွိCustomer မ်ားႏွင့္ Customer အသစ္မ်ားအတြက္COVID-19 ကူးစက္ျမန္ေရာဂါ ျဖစ္ပြားေနမႈ အေျခအေနေပၚမူတည္ကာ အကာအကြယ္ေပးႏိုင္ရန္ အတြက္ ေငြက်ပ္သိန္း ၅၀၀ ကိုမတည္ထားေၾကာင္း Dai-ichi Life Insurance Myanmar မွသိရသည္။
အဆိုပါရန္ပုံေငြ မွ Customer မ်ား အကယ္၍ COVID-19 ေရာဂါေၾကာင့္ ေဆး႐ုံတက္ခဲ့ရသည္ရွိေသာ္ ေန႔စဥ္ ေငြက်ပ္ ၁၅၀,၀၀၀* ကိုေထာက္ပံ့သြားမည္ ျဖစ္သည္။ ထို႔အျပင္ မေမွ်ာ္လင့္ပဲ COVID-19 ေရာဂါကူးစက္မႈေၾကာင့္ ဆုံးပါးသြားခဲ့ပါက ထပ္မံၿပီး ေငြက်ပ္ သိန္း ၃၀ ကို ရန္ပုံေငြထဲမွ စည္းမ်ဥ္းစည္းကမ္းသတ္မွတ္ခ်က္အတိုင္းက်န္ရစ္သည့္အက်ိဳးခံစားခြင့္ရွိသူထံေပးအပ္မည္ျဖစ္သည္။
Dai-ichi Life Insurance Myanmar မွမည္သည့္အသက္အာမခံ အမ်ိဳးအစားကိုဝယ္ယူထားသည္ျဖစ္ေစ COVID-19 ကူးစက္မႈေၾကာင့္ဆုံးပါးသြားမႈ အေပၚတြင္ ပုံမွန္အတိုင္း အာမခံအက်ိဳးခံစားခြင့္ရရွိမည္ျဖစ္သည္။
အပိုေဆာင္းအက်ိဳးခံစားခြင့္မွာ COVID-19 ေရာဂါကူးစက္ျဖစ္ပြားမႈ/ဆုံးပါးမႈအေပၚတြင္ ထပ္ေဆာင္းရရွိမယ့္ အက်ိဳးခံစားခြင့္ျဖစ္ၿပီး Customer မ်ားကိုပိုမိုကာကြယ္ေပးလိုသျဖင့္ မတည္ထားသည့္ ရန္ပုံေငြမွ ေထာက္ပံ့ေပးမည္ျဖစ္သည္။
++++++
Unicode Version
Dai-ichi Life Insurance Myanmar မှCOVID-19 ကူးစက်မြန်ရောဂါ ဖြစ်ပွားမှုအကာအကွယ်ပေးနိုင်ရန်သိန်း
၅၀၀  မတည်ထား
Dai-ichi Life Insurance Myanmar မှအသက်အာမခံ အမျိုးအစားကိုဝယ်ယူထားသည့်လက်ရှိCustomer
များနှင့် Customerအသစ်များအတွက်COVID-19 ကူးစက်မြန်ရောဂါ ဖြစ်ပွားနေမှု အခြေအနေပေါ်မူတည်ကာ အကာအကွယ်ပေးနိုင်ရန် အတွက် ငွေကျပ်သိန်း ၅၀၀ ကိုမတည်ထားကြောင်း Dai-ichi Life Insurance Myanmar မှသိရသည်။
အဆိုပါရန်ပုံငွေ မှ Customer များ အကယ်၍ COVID-19 ရောဂါကြောင့် ဆေးရုံတက်ခဲ့ရသည်ရှိသော် နေ့စဉ် ငွေကျပ် ၁၅၀,၀၀၀* ကိုထောက်ပံ့သွားမည် ဖြစ်သည်။ ထို့အပြင် မမျှော်လင့်ပဲ COVID-19 ရောဂါကူးစက်မှုကြောင့် ဆုံးပါးသွားခဲ့ပါက ထပ်မံပြီး ငွေကျပ် သိန်း ၃၀ ကို ရန်ပုံငွေထဲမှ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်အတိုင်းကျန်ရစ်သည့်အကျိုးခံစားခွင့်ရှိသူ ထံပေးအပ်မည်ဖြစ်သည်။
Dai-ichi Life Insurance Myanmar မှ မည်သည့်အသက်အာမခံ အမျိုးအစားကိုဝယ်ယူထားသည်ဖြစ်စေ COVID-19 ကူးစက်မှုကြောင့်ဆုံးပါးသွားမှု အပေါ်တွင် ပုံမှန်အတိုင်း အာမခံအကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။ အပိုဆောင်းအကျိုးခံစားခွင့်မှာ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု/ဆုံးပါးမှုအပေါ်တွင် ထပ်ဆောင်းရရှိမယ့် အကျိုးခံစားခွင့်ဖြစ်ပြီး Customer များကိုပိုမိုကာကွယ်ပေးလိုသဖြင့် မတည်ထားသည့် ရန်ပုံငွေမှ ထောက်ပံ့ပေးမည်ဖြစ်သည်။

COVID 19 အထူးသတိျပဳရန္


ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါ COVID-19 ကူးစက်မှု အခြေအနေဟာ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ကိန် းဂဏန်းတွေအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်းက မြို့နယ်အတော်များများကို ပြန့်နှံ့ရောက်ရှိနေပါပြီ။ တစ်မြို့နယ်ချင်းတွင် ကူးစက်သူဦးရေ နည်းပါးသေးသော်လည်း မြို့နယ် အသီးသီးသို့ ပြန့်နှံ့နေသည့် အခြေအနေသည် စိုးရိမ်စရာ ကောင်း သော အခြေအနေဖြစ်ပါသည်။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် မိသားစု ပတ်ဝန်းကျင်အကျိုးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အရေးပေါ် ထုတ်ပြန်ထားသော ညွှန်ကြားချက်တိုင်းကို သတိပြုလိုက်နာပါရန် Myanmar Insurance News Journal မှ စိုးရိမ်ပူပန်စွာဖြင့် တိုက်တွန်းလိုက်ပါသည်။
- - - - - - - - -- - - -
Zawgyi Version
ကမာၻ႕ကူးစက္ျမန္ ကပ္ေရာဂါ COVID-19 ကူးစက္မႈ အေျခအေနဟာ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြအရ ရန္ကုန္တိုင္း ေဒသႀကီးအတြင္းက ၿမိဳ႕နယ္အေတာ္မ်ားမ်ားကုိ ျပန္႔ႏွံ႕ေရာက္ရွိေနပါၿပီ။ တစ္ၿမိဳ႕နယ္ခ်င္းတြင္ ကူးစက္သူဦးေရ နည္းပါးေသးေသာ္လည္း ၿမိဳ႕နယ္ အသီးသီးသုိ႔ ျပန္႔ႏွံ႕ေနသည့္ အေျခအေနသည္ စုိးရိမ္စရာ ေကာင္းေသာ အေျခအေနျဖစ္ပါသည္။ ထုိ႔ေၾကာင့္ မိမိကုိယ္တိုင္ႏွင့္ မိသားစု ဝန္းက်င္အက်ဳိးအတြက္ က်န္းမာေရးဝန္ႀကီးဌာနမွ အေရးေပၚ ထုတ္ျပန္ထားေသာ ညႊန္ၾကားခ်က္တိုင္းကို သတိျပဳလိုက္နာပါရန္ Myanmar Insurance News Journal မွ ေလးစားစြာတိုက္တြန္းလိုပါသည္။



Monday, April 20, 2020

Prudential and Yoma Sign MOU for Life Insurance

March 10, 2020


Prudential Myanmar Life Insurance Limited, and Yoma Bank, have signed a memorandum of understanding to establish an exclusive partnership to distribute life insurance solutions to customers in Myanmar.

Under the proposed partnership, it is envisaged that customers of Yoma Bank will have access to PrudentialMyanmar’s savings and protection products via the bank’s extensive branch network.

With Prudential Myanmar’s significant investments in cutting-edge technology, combined with the nation-wide reach and market expertise of Yoma Bank, the partnership has the potential to create a truly digital, inclusive financial ecosystem through which Prudential
Myanmar’s suite of solutions will click. We look forward to a successful.

Sunday, April 19, 2020

Prudential Myanmar နှင့် ရိုးမဘဏ် တို့ အသက်အာမခံ ဝန်ဆောင်မှု ပေးအပ်ရန်နားလည်မှုစာချွန်လွှာလက်မှတ်ထိုး



ရန်ကုန်၊ မတ် ၅
အာရှထိပ်တန်း အသက်အာမခံလုပ်ငန်းကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar Life Insurance Limited နှင့် မြန်မာနိုင်ငံရှိ အကြီးဆုံးပုဂ္ဂလိကဘဏ်များအနက်မှ တစ်ခုဖြစ်သည့် ရိုးမဘဏ်တို့သည် မြန်မာ
နိုင်ငံသားများအတွက် ယုံကြည်စိတ်ချရပြီး ရှေရှည်ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သည့် အသက်အာမခံ ဝန်ဆောင်မှုများလိုအပ်နေမှုကို ဖြည့်ဆည်းပေးနိုင်ရန် သီးသန့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အရ ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူများမှာ နေရာဒေသ အနှံ့အပြားရှိ ကြီးမားကျယ်ပြန့်သော ဘဏ်ခွဲကွန်ရက်များမှ တစ်ဆင့် Prudential Myanmar ၏ ရေရှည်အာမခံ စုဆောင်းငွေနှင့် အာမခံအကာအကွယ်များကို ချိတ်ဆက်ရယူနိုင်မည် ဖြစ်ပါသည်။
ယခု ပူးပေါင်းဆောင်ရွက်မှု သည် Prudential Myanmar ၏ အထူးဦးစားပေး ရင်းနှီးမြုပ်နှံထားသည့် နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများအား ရိုးမဘဏ်၏ တစ်နိုင်ငံလုံး အတိုင်း အတာအထိ ပျံ့နှံ့ရောက်ရှိနိုင်သည့် ဈေးကွက်ကျွမ်းကျင်မှု တို့ဖြင့်ပေါင်းစပ်ပြီး Prudential Myanmar မှ ဖြန့်ချိသွားမည့် အာမခံဝန်ဆောင်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာ ဂေဟစနစ်တစ်ခုကို အမှန်တကယ် ပုံဖော် ဖန်တီးနိုင်မည် ဖြစ်ပါသည်။
Prudential Myanmar နှင့် ရိုးမဘဏ်တို့သည် မြန်မာနိုင်ငံသားများအကြား အသက်အာမခံနှင့် ပတ်သက်၍ ပိုမို သတိပြုနားလည်လာကြစေရန်နှင့် လူတိုင်း အလွယ်တကူ ရယူနိုင်သည့် အာမခံဝန်ဆောင်မှုများ ပေးအပ်ရန် တူညီသည့် ရည်မှန်းချက် ရှိကြသည်။
မြန်မာနိုင်ငံသည် လူဦးရေ (၅၃) သန်းနီးပါးရှိ ကြီးမားသော ဈေးကွက် တစ်ခုဖြစ်ပြီး ၂၀၃၀ ခုနှစ်မတိုင်မီ အလယ်အလတ်တန်းစား လူဦးရေ (၁၉) သန်းခန့် လျင်မြန်စွာ တိုးတက်လာ မည်ဟု မျှော်မှန်းထားသောကြောင့် လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံအတွက် အသက်အာမခံဝန်ဆောင်မှုများ ရယူမှုနှုန်းသည် အဆမတန် ကြီးမားလာမည်ဟု ခန့်မှန်းနိုင်ပါသည်။
“မြန်မာနိုင်ငံက ပြည်သူတွေအတွက် လိုအပ်တဲ့ ငွေကြေး ဝန်ဆောင်မှုတွေကို အဆက်မပြတ် ဖန်တီးပေးအပ်နိုင်အောင် ကြိုးစားအားထုတ်နေတဲ့ ကျွန်တော်တို့ ရိုးမဘဏ် အတွက် ဒီ ပူးပေါင်းဆောင်ရွက်မှုက ခြေလှမ်းသစ်တစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ နိုင်ငံတစ်ဝန်း ပျံ့နှံ့ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ အားသာချက်နဲ့ ကမ္ဘာ့ထိပ်တန်း အသက်အာမခံကုမ္ပဏီကြီးရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေကို ပေါင်းစပ်အသုံးချပြီး ဘဏ်ကနေတစ်ဆင့် အာမခံ ဝန်ဆောင်မှုပေးတဲ့ (bancassurance) ပူးပေါင်းဆောင်ရွက်မှု တွေမှာ ဝန်ဆောင်မှုရယူသူတွေအတွက် အကောင်းတကာ့အကောင်းဆုံး အာမခံအစီအစဉ်နဲ့ ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland က ပြောသည်။
Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က “Prudential အနေနဲ့ မြန်မာနိုင်ငံမှာ မဟာဗျုဟာမြောက် မိတ်ဖက်အဖြစ် ရိုးမဘဏ်နဲ့ လက်တွဲလုပ်ကိုင်သွားဖို့ အများကြီး မျှော်လင့်ထားပါတယ်။ ရိုးမဘဏ်က ပြည်တွင်းမှာ ဒစ်ဂျစ်တယ်စနစ် အသုံးချပြီး ဘဏ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဆန်းသစ်တီထွင်မှု အရှိဆုံးဘဏ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တိုးတက်လာနေတဲ့ အာမခံဈေးကွက်မှာ ပြည်သူတွေဆီ ပိုပြီးပျံ့နှံ့ရောက်ရှိစေနိုင်တဲ့အတွက် သူတို့ရဲ့ ငွေကြေးဆိုင်ရာ စိတ်ကူးအိပ်မက်တွေ၊ ဘဝရည်မှန်းချက်တွေကို တစ်ကယ်ဖြစ်လာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ Prudential Myanmar ရဲ့ လူတိုင်း၊ လူတိုင်း ဘယ်နေရာကနေဖြစ်ဖြစ် click တစ်ချက်နှိပ်လိုက်တာနဲ့ အသက်အာမခံ ဝန်ဆောင်မှုရနိုင် ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ခြေလှမ်းတစ်လှမ်း နီးကပ်လာပါပြီ။ ရိုးမဘဏ်နဲ့အတူ အတွဲညီညီ လုပ်ကိုင်ဆောင်ရွက်ပြီး အောင်မြင်မှုတွေရယူနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

COVID - 19 ဆိုင္ရာ က်န္းမာေရးျပႆနာမ်ားအတြက္ အာမခံအကာအကြယ္ ရရွိမည္ဟု KBZ MS ဆို

ရန္ကုန္၊ မတ္ ၁၁

အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အေရအတြက္ျမင့္မားလာၿပီး ျမန္မာ ႏိုင္ငံအတြင္း စုိးရိမ္ပူပန္မႈမ်ား ျမင့္တက္လာခ်ိန္ တြင္ KBZ MS က ၎၏ က်န္းမာေရးအာမခံ အာေရာဂ်ံ၏အကာအကြယ္တြင္ Covid-19 ေၾကာင့္ျဖစ္ပြားသည့္ က်န္းမာေရးျပႆနာ မ်ားကုိပါ တာဝန္ယူေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္လိုက္သည္။
KBZ MS က ေရာင္းခ်သည့္ က်န္းမာေရး အာမခံ အာေရာဂ်ံဝန္ေဆာင္မႈရယူထားသူမ်ားအတြက္ အာမခံတြင္ အက်ဳံးဝင္မည့္ အကာအကြယ္မ်ားတြင္ Covid-19 ကုိပါ သုံးလတာ ထည့္သြင္းခဲ့ျခင္းျဖစ္သည္။
အဆိုပါဝန္ေဆာင္မႈရယူထားသူမ်ားအေနျဖင့္ မတ္လ ၁၀ ရက္ေန႔မွ လာမည့္ဇြန္လ ၁၉ ရက္ေန႔အတြင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျပင္ပလူနာအျဖစ္ကုသခံရျခင္း၊ ေဆး႐ုံတက္ရ ျခင္းႏွင့္ ေသဆုံးျခင္း ျဖစ္ရပ္မ်ားျဖစ္ပြားခဲ့ပါက အာမခံပမာဏ၏ အခမဲ့ထပ္ေဆာင္း ၅၀ ရာခိုင္ႏႈန္းကို အက်ိဳးခံစားခြင့္ရွိမည္ ျဖစ္ေၾကာင္း KBZ MS မွ အမႈေဆာင္အရာရွိခ်ဳပ္ Mr.Anil Mancham က ေျပာၾကားသည္။
“ျမန္မာႏိုင္ငံမွာ ဒီေန႔အခ်ိန္အထိ Covid-19 အတည္ျပဳျဖစ္ပြားမႈမေတြ႕ရေသးပါဘူး။ ဒီအတြက္လည္း ဝမ္းေျမာက္ဝမ္းသာ ပါတယ္။ ဒါေပမဲ့လည္း ဒီလိုအခ်ိန္မွာ အဆိုးဆုံး အေျခအေနေတြ ျဖစ္လာမယ္ဆိုရင္ေတာင္ အဲဒီလိုရင္ဆိုင္ေနရသူေတြဘက္မွာ KBZ MS ရွိေနတယ္ဆိုတဲ့ လုံၿခဳံမႈတစ္ခုကိုေပးခ်င္တာပါ ” ဟု ၎က ေျပာသည္။
KBZ MS က အာေရာဂ်ံ က်န္းမာေရးအလုံးစုံ အာမခံကုိ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီတြင္ စတင္ မိတ္ဆက္ေပးခဲ့ကာ ျမန္မာႏိုင္ငံတစ္ဝွမ္း လုံးတြင္ ဝန္ေဆာင္မႈရယူႏိုင္မည္ျဖစ္သည္။
အဆိုပါအာမခံ အကာအကြယ္ ရယူထား သူသည္ ျပင္ပလူနာအျဖစ္ကုသခံရျခင္း၊ ေဆး႐ုံတက္ရျခင္းႏွင့္ ခြဲစိတ္ကုသခံရျခင္း၊ ကုသမႈအၿပီး ျပန္လည္ထူေထာင္ေရး၊ ျပင္းထန္ သည့္ေရာဂါခံစားရျခင္းႏွင့္ ေသဆုံးျခင္း အေျခအေနမ်ားအတြက္ ထိုက္သင့္ေသာ ေပးေလ်ာ္မႈကုိ ရရွိမည္ျဖစ္သည္။
IKBZ အာမခံကုမၸဏီလီမိတက္အေနျဖင့္ ကေမာၻဇကုမၸဏီအုပ္စု၏ တစ္စိတ္တစ္ပိုင္း အျဖစ္ ၂၀၁၂ ခုႏွစ္၊
စက္တင္ဘာလတြင္ စတင္တည္ေထာင္ခဲ့ၿပီး ရင္းႏွီးမတည္ေငြ အေမရိကန္ေဒၚလာ ၂၆ ဒသမ ၄ သန္းႏွင့္ တန္ဖိုးညီမွ်သည့္ ၄၀ ဘီလီယံက်ပ္ျဖင့္ စတင္ တည္ေထာင္ခဲ့ကာ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ တြင္ IKBZ အာမခံသည္ ဂ်ပန္အာမခံလုပ္ငန္း ျဖစ္သည့္ MSI ႏွင့္အတူ အက်ိဳးတူလုပ္ငန္းပူးေပါင္းခဲ့ၿပီး KBZ MS အေထြေထြအာမခံဟူ သည့္ နာမည္အသစ္ျဖင့္ စတင္ခဲ့ျခင္းျဖစ္သည္။

Saturday, April 11, 2020

Prudential Myanmar ႏွင့္ ႐ိုးမဘဏ္တို႔မွ အသက္အာမခံ ဝန္ေဆာင္မႈ ေပးရန္ MOU လက္မွတ္ထိုး

ရန္ကုန္၊ မတ္ ၅
အာရွထိပ္တန္း အသက္အာမခံလုပ္ငန္းႀကီး ျဖစ္သည့္ Prudential Corporation Asia လက္ေအာက္ရွိ
လုပ္ငန္းခြဲျဖစ္ေသာ Prudential Myanmar Life Insurance Limited ႏွင့္ ျမန္မာႏိုင္ငံရွိ အႀကီးဆုံးပုဂၢလိကဘဏ္မ်ားအနက္မွတစ္ခုျဖစ္သည့္ ႐ိုးမဘဏ္တို႔သည္ ျမန္မာႏိုင္ငံသားမ်ားအတြက္ ယုံၾကည္စိတ္ခ်ရၿပီး ေရွရွည္ ကာကြယ္ ေစာင့္ေရွာက္မႈ ေပးႏိုင္သည့္ အသက္အာမခံ ဝန္ေဆာင္မႈမ်ား လိုအပ္ေနမႈကို ျဖည့္ဆည္းေပးႏိုင္ရန္သီးသန႔္မိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္႐ြက္ေရး နားလည္မႈ စာခၽြန္လႊာ တြင္ လက္မွတ္ေရးထိုးခဲ့ၾကသည္။

ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ သေဘာတူညီခ်က္အရ ႐ိုးမဘဏ္ဝန္ေဆာင္မႈ အသုံးျပဳသူမ်ားမွာ ေနရာ ေဒသ အႏွံ႔အျပားရွိ ႀကီးမားက်ယ္ျပန႔္ေသာ ဘဏ္ခြဲကြန္ရက္မ်ားမွ တစ္ဆင့္ Prudential Myanmar ၏ ေရရွည္အာမခံ စုေဆာင္းေငြႏွင့္ အာမခံအကာအကြယ္မ်ားကို ခ်ိတ္ဆက္ရယူႏိုင္မည္ ျဖစ္ပါသည္။

ယခု ပူးေပါင္းေဆာင္႐ြက္မႈ သည္ Prudential Myanmar ၏ အထူးဦးစားေပး ရင္းႏွီးျမဳပ္ႏွံထားသည့္ ေနာက္ဆုံးေပၚ ေခတ္မီ နည္းပညာမ်ားအား ႐ိုးမဘဏ္၏ တစ္ႏိုင္ငံလုံး အတိုင္းအတာအထိ ပ်ံ႕ႏွံ႔ေရာက္ရွိႏိုင္ သည့္ ေဈးကြက္ကြၽမ္းက်င္မႈ တို႔ျဖင့္ေပါင္းစပ္ၿပီး Prudential Myanmar မွ ျဖန႔္ခ်ိသြားမည့္ အာမခံဝန္
 ေဆာင္မႈမ်ားမွတစ္ဆင့္ ဒစ္ဂ်စ္တယ္စနစ္ျဖင့္ အားလုံးပါဝင္အသုံးျပဳႏိုင္မည့္ ေငြေၾကးဆိုင္ရာ ေဂဟစနစ္တစ္ခုကို အမွန္တကယ္ ပုံေဖာ္ ဖန္တီးမည္ျဖစ္ေၾကာင္း သိရသည္။

Prudential Myanmar ႏွင့္ ႐ိုးမဘဏ္တို႔သည္ ျမန္မာႏိုင္ငံသားမ်ားအၾကား အသက္အာမခံႏွင့္ ပတ္သက္၍ ပိုမို သတိျပဳနားလည္လာၾကေစရန္ႏွင့္ လူတိုင္း အလြယ္တကူ ရယူႏိုင္သည့္ အာမခံဝန္ေဆာင္မႈမ်ား ေပးအပ္ရန္ တူညီသည့္ ရည္မွန္းခ်က္ ရွိေၾကာင္း ေျပာၾကားၾကသည္။

ျမန္မာႏိုင္ငံသည္ လူဦးေရ (၅၃) သန္းနီးပါးရွိ ႀကီးမားေသာ ေဈးကြက္ တစ္ခုျဖစ္ၿပီး ၂၀၃၀ ခုႏွစ္မတိုင္မီ အလယ္အလတ္တန္းစား လူဦးေရ (၁၉) သန္းခန႔္ လ်င္ျမန္စြာ တိုးတက္လာ မည္ဟု ေမွ်ာ္မွန္းထားေသာေၾကာင့္ လာမည့္ႏွစ္မ်ားအတြင္း ျမန္မာႏိုင္ငံအတြက္ အသက္အာမခံဝန္ေဆာင္မႈမ်ား ရယူမႈႏႈန္းသည္ အဆမတန္ ႀကီးမားလာမည္ဟု ခန႔္မွန္းထားေၾကာင္း သိရသည္/

“ျမန္မာႏိုင္ငံက ျပည္သူေတြအတြက္ လိုအပ္တဲ့ ေငြေၾကး ဝန္ေဆာင္မႈေတြကို အဆက္မျပတ္ ဖန္တီးေပးအပ္ႏိုင္ေအာင္ ႀကိဳးစားအားထုတ္ေနတဲ့ ကြၽန္ေတာ္တို႔ ႐ိုးမဘဏ္ အတြက္ ဒီ ပူးေပါင္းေဆာင္႐ြက္မႈက ေျခလွမ္းသစ္တစ္ခုပါပဲ။ ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံတစ္ဝန္း ပ်ံ႕ႏွံ႔ေရာက္ရွိေအာင္ စြမ္းေဆာင္ေပးႏိုင္တဲ့ အားသာခ်က္နဲ႔ ကမာၻ႔ထိပ္တန္း အသက္အာမခံကုမၸဏီႀကီးရဲ႕ လုပ္ငန္းကြၽမ္းက်င္မႈေတြကို ေပါင္းစပ္အသုံးခ်ၿပီး ဘဏ္ကေနတစ္ဆင့္ အာမခံ ဝန္ေဆာင္မႈေပးတဲ့ (bancassurance) ပူးေပါင္းေဆာင္႐ြက္မႈ ေတြမွာ ဝန္ေဆာင္မႈရယူသူေတြအတြက္ အေကာင္းတကာ့အေကာင္းဆုံး အာမခံအစီအစဥ္နဲ႔ ဝန္ေဆာင္မႈေတြ ေပးအပ္သြားႏိုင္မယ္လို႔ ယုံၾကည္ပါတယ္” ဟု႐ိုးမဘဏ္၏ CEO ျဖစ္သူ Mr. Dean Cleland က ေျပာသည္။

Prudential Myanmar ၏ CEO ျဖစ္သူ Mr. Asit Rath က “Prudential အေနနဲ႔ ျမန္မာႏိုင္ငံမွာ မဟာဗ်ဳဟာေျမာက္ မိတ္ဖက္အျဖစ္ ႐ိုးမဘဏ္နဲ႔ လက္တြဲလုပ္ကိုင္သြားဖို႔ အမ်ားႀကီး ေမွ်ာ္လင့္ထားပါတယ္။ ႐ိုးမဘဏ္က ျပည္တြင္းမွာ ဒစ္ဂ်စ္တယ္စနစ္ အသုံးခ်ၿပီး ဘဏ္လုပ္ငန္းလုပ္ကိုင္ေနတဲ့ ဆန္းသစ္တီထြင္မႈ အရွိဆုံးဘဏ္ေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈက တိုးတက္လာေနတဲ့ အာမခံေဈးကြက္မွာ ျပည္သူေတြဆီ ပိုၿပီးပ်ံ႕ႏွံ႔ေရာက္ရွိေစႏိုင္တဲ့အတြက္ သူတို႔ရဲ႕ ေငြေၾကးဆိုင္ရာ စိတ္ကူးအိပ္မက္ေတြ၊ ဘဝရည္မွန္းခ်က္ေတြကို တစ္ကယ္ျဖစ္လာေအာင္ ကူညီေပးႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ Prudential Myanmar ရဲ႕ လူတိုင္း၊ လူတိုင္း ဘယ္ေနရာကေနျဖစ္ျဖစ္ click တစ္ခ်က္ႏွိပ္လိုက္တာနဲ႔ အသက္အာမခံ ဝန္ေဆာင္မႈရႏိုင္ ရမယ္ဆိုတဲ့ ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ေျခလွမ္းတစ္လွမ္း နီးကပ္လာပါၿပီ။ ႐ိုးမဘဏ္နဲ႔အတူ အတြဲညီညီ လုပ္ကိုင္ေဆာင္႐ြက္ၿပီး ေအာင္ျမင္မႈေတြရယူႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေျပာသည္။