Tuesday, April 28, 2020

ဘဏ္တိုးႏႈန္းမ်ား တတိယ အႀကိမ္ ေလွ်ာ့ခ်

ရန္ကုန္ ၊ ဧၿပီ ၂၈
COVID-19 ေၾကာင့္ ျမန္မာ့စီးပြားေရး ထိခိုက္မႈကုိ ကုစားႏိုင္ရန္ ရည္ရြယ္၍ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ တတိယအႀကိမ္အတိုးႏႈန္းထပ္မံေလွ်ာ့ခ်ေပးလိုက္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ ထုတ္ျပန္ေၾကာညာခ်က္အရ သိရသည္။
၂၀၁၃ ခုႏွစ္ ၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ ပုဒ္မ-၄၁(ဈ)အရ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အတိုးႏႈန္းကို တစ္ႏွစ္လွ်င္ ၈ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၁ ဒသမ ၅ ရာခိုင္ႏႈန္းထပ္မံေလွ်ာ့ခ်၍ ၇ ဒသမ သုည ရာခိုင္ႏႈန္းသို႔ ျပင္ဆင္သတ္မွတ္လိုက္ျခင္းျဖစ္သည္။
ထပ္မံေလွ်ာ့ခ်ခဲ့သည့္ အတိုးႏႈန္းအရ ေငြစုစာရင္း အပ္ေငြ၊ ေငြစု လက္မွတ္ႏွင့္ အခ်ိန္ေစ့မွ ေပးရမည့္ အပ္ေငြတို႔ အေပၚတြင္ ေပးရမည့္ အနည္းဆုံး အတိုးႏႈန္းသည္ ဗဟိုဘဏ္ အတိုးႏႈန္းေအာက္၂ ရာခိုင္ႏႈန္းထက္နည္းရမည္ ျဖစ္ေသာေၾကာင့္ အပ္ေငြမ်ားအေပၚ ေပးရသည့္ အနည္းဆုံး အတိုးႏႈန္းသည္ ၅ ရာခိုင္ႏႈန္း ေရာက္ရွိသြားမည္ျဖစ္သည္။
ထို႔ျပင္ ဘဏ္မ်ားမွ အာမခံပစၥည္းမ်ား ရယူၿပီး ထုတ္ေခ်းသည့္ ေခ်းေငြမ်ားအေပၚ ေတာင္းခံႏိုင္သည့္ အမ်ားဆုံး အတိုးႏႈန္းသည္ ဗဟိုဘဏ္ အတိုးႏႈန္းထက္ ၃ ရာခိုင္ႏႈန္း ေက်ာ္လြန္၍ ေကာက္ခံ ႏိုင္ခင္း မရွိသည့္အတြက္ အာမခံပစၥည္း ရယူထားသည့္ ေခ်းေငြမ်ား၏ အမ်ားဆုံး ေကာက္ခံႏိုင္ေသာ အတိုးႏႈန္းမွာ ၁၀ ရာခိုင္ႏႈန္းထိသာ ရွိမည္ျဖစ္ေၾကာင္း သိရသည္။
ယင္းအျပင္ ဘဏ္မ်ားမွ အေပါင္ပစၥည္း မရယူထားဘဲ ထုတ္ေခ်းထားသည့္ ေခ်းေငြမ်ားအေပၚ ေကာက္ခံႏိုင္ေသာ အတိုးႏႈန္းသည္လည္း အမ်ားဆုံး ၁၃ ရာခိုင္ႏႈန္းအထိသာ ရွိေတာ့မည္ျဖစ္သည္။
ၿပီးခဲ့သည့္ မတ္လအတြင္းတြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ တႏွစ္အတိုးႏႈန္း ၁၀ ရာခိုင္ႏႈန္း ကို ၈ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ ႏွစ္ႀကိမ္ခြဲကာ ေလွ်ာ့ခ်ေပးထားၿပီး ယခုအႀကိမ္သည္ တတိယအႀကိမ္ အတိုးႏႈန္း ထပ္မံေလွ်ာ့ခ်ေပးျခင္းျဖစ္ေၾကာင္း ဗဟုိဘဏ္မွ သိရသည္။
Unicode Version
ဘဏ်တိုးနှုန်းများ တတိယ အကြိမ် လျှော့ချ
ရန်ကုန် ၊ ဧပြီ ၂၈
COVID-19 ကြောင့် မြန်မာ့စီးပွားရေး ထိခိုက်မှုကို ကုစားနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တတိယအကြိမ်အတိုးနှုန်းထပ်မံလျှော့ချပေးလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ကြောညာချက်အရ သိရသည်။
၂၀၁၃ ခုနှစ် ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၄၁(ဈ)အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အတိုးနှုန်းကို တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းထပ်မံလျှော့ချ၍ ၇ ဒသမ သုည ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ထပ်မံလျှော့ချခဲ့သည့် အတိုးနှုန်းအရ ငွေစုစာရင်း အပ်ငွေ၊ ငွေစု လက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့ အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းအောက်၂ ရာခိုင်နှုန်းထက်နည်းရမည် ဖြစ်သောကြောင့် အပ်ငွေများအပေါ် ပေးရသည့် အနည်းဆုံး အတိုးနှုန်းသည် ၅ ရာခိုင်နှုန်း ရောက်ရှိသွားမည်ဖြစ်သည်။
ထို့ပြင် ဘဏ်များမှ အာမခံပစ္စည်းများ ရယူပြီး ထုတ်ချေးသည့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းထက် ၃ ရာခိုင်နှုန်း ကျော်လွန်၍ ကောက်ခံ နိုင်ခင်း မရှိသည့်အတွက် အာမခံပစ္စည်း ရယူထားသည့် ချေးငွေများ၏ အများဆုံး ကောက်ခံနိုင်သော အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းထိသာ ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဘဏ်များမှ အပေါင်ပစ္စည်း မရယူထားဘဲ ထုတ်ချေးထားသည့် ချေးငွေများအပေါ် ကောက်ခံနိုင်သော အတိုးနှုန်းသည်လည်း အများဆုံး ၁၃ ရာခိုင်နှုန်းအထိသာ ရှိတော့မည်ဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တနှစ်အတိုးနှုန်း ၁၀ ရာခိုင်နှုန်း ကို ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ နှစ်ကြိမ်ခွဲကာ လျှော့ချပေးထားပြီး ယခုအကြိမ်သည် တတိယအကြိမ် အတိုးနှုန်း ထပ်မံလျှော့ချပေးခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

No comments:

Post a Comment