Showing posts with label Article. Show all posts
Showing posts with label Article. Show all posts
Tuesday, May 26, 2020
သြစတြေးလျ စီးပွားရေးအကျိူးဆောင်တွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ အာရှ
သြစတြေးလျ စီးပွားရေးအကျိူးဆောင်တွေအနေနဲ့ လုပ်ငန်းနယ်ပယ်တူဖြစ်တဲ့ အာရှနိုင်ငံသားတွေအပေါ် စိတ်ဝင်စားမှုဟာလွန်ခဲ့တဲ့ ၁နှစ်ကျော်၊ အတိအကျဆိုရင် ၁၈ လဝန်းကျင်ကနေစပြီးတော့ တဖြည်းဖြည်း တိုးပွား လို့လာနေပါတယ်။
 အံ့ဩဖို့ကောင်းတာတစ်ခုကတော့ ခရီးသွားအချိန်တွေရယ်၊ ခက်ခဲနက်နဲတဲ့ ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းမှုတွေနဲ့ အကျိူးအမြတ်များလွန်းတဲ့ အချိန်ကွာခြားမှုတွေကို ပေါင်းပြီး စဉ်းစားလိုက်တဲ့အခါမှာ သြစတြေးလျ နိုင်ငံသား တွေက အမေရိကန်နဲ့ ဗြိတိန်ရှိ စီးပွါးရေးလုပ်ငန်း အကျိူးဆောင်တွေထက် တစ်ပန်းသာတယ်ဆိုတာကိုလည်း နှစ်တော်တော်ကြာတိုင်တဲ့အထိ ပေါ်လွင်ထင်ရှားမှုမရှိပါဘူး။ ဒါ့ကြောင့်လည်း အမေရိကန်နဲ့ ဗြိတိန်ကုမ္ပဏီများက ယခုထိတိုင်အောင်လွှမ်းမိုးထားတာပါ။
PSC အာမခံအုပ်စု
သြစတြေးလျနိုင်ငံ၏ PSC အာမခံလုပ်ငန်းအနေဖြင့် ဒီနှစ်မှာတင် ဟောင်ကောင်အခြေစိုက်တွေဖြစ်တဲ့ စီးပွားရေးအကျိူးဆောင် Charter Gilman နှင့် Globe Insurance တို့ကို ဝယ်ယူပြီး အာရှဈေးကွက်ကို စတင်ချဲ့ထွင်လာခဲ့ပါပြီ။ နှစ်ခုလုံးက ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးအကျိူးဆောင်တွေဖြစ်ကြပြီး ဟောင်ကောင်ကျွန်းရဲ့ အရှေ့ပိုင်းခရိုင်ဒေသမှာရှိပြီး မြို့ပြဧရိယာတစ်ခုဖြစ်တဲ့ North Point မှာ အခြေစိုက်ပါတယ်။
 “PSC အနေနဲ့ အာရှဈေးကွက်ဟာ ကုမ္ပဏီအတွက်ထူးခြားတဲ့ရေရှည်အခွင့်အလမ်း တစ်ခုဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်” လို့ PSC အာမခံအုပ်စုရဲ့ Brian Austin ကပြောပါတယ်။
စုစုပေါင်း အရောင်းအဝယ်တန်ဖိုးမှာ သြစတြေးလျဒေါ်လာ ၃သန်း(အမေရိကန် ဒေါ်လာ၂သန်း) ဖြစ်ပြီး PSC အုပ်စုအနေနဲ့ ၂၀၁၉ခုနှစ်တွင်ဝယ်ယူခဲ့သော အစုရှယ်ယာတန်ဖိုးတွေအရ သြစတြေးလျဒေါ်လာ ၁ဒသမ၀၁သန်း (အမေရိကန် ဒေါ်လာ ၆၇၀,၀၀၀) အပါအဝင် Charter Gilman၏ ရှယ်ယာ ၅၀ရာခိုင်နှုန်းကို ပါ ပိုင်ဆိုင်ထားပါတယ်။ Charter Gilman ကိုတဆင့်မှီနေရတဲ့ Globe အနေနဲ့လည်း  ၁၀၀ ရာခိုင်နှုန်းအပြည့် သဘောတူညီချက်တွေကိုရဖို့ နောက်သတင်းပတ် အနည်းငယ်အတွင်းမှာဆက်လက် လုပ်ဆောင်သွားသင့်ပါတယ်။
Charter Gilman မှာ ဝန်ထမ်း ၂၀ကျော်ခန့်အပ်ထားပြီး Globe မှာတော့ ၅ယောက်ကနေ ၁၀ယောက်ကြားသာ ရှိပါတယ်။
အာရှကနေရနိုင်မယ့် အခွင့်အလမ်းတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ရန်အတွက် ကုမ္ပဏီအနေနဲ့ ကနဦး လုပ်ငန်းစဉ်ဖြင့် ဟောင်ကောင်သို့စတင်အခြေခြခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်စီးပွားရေး အကျိူးဆောင်တွေ အနေနဲ့လည်း ဆန္ဒပြပွဲများနှင့် Covid-19 ရဲ့ဒဏ်ကို ကံမကောင်းစွာနဲ့ ၂ဆခံစားနေရတုန်းပါ။
ဘယ်လိုပဲဖြစ်ဖြစ် မဟာဗျူဟာကျကျ ရေရှည်စီမံကိန်းတွေရှိတဲ့ဟောင်ကောင်ကတော့ အင်အားအကောင်းဆုံး စီးပွားရေးနယ်ပယ်ဖြစ်နေဆဲဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးစီးပွားရေးဇုန် (၁၀) ခုမှာပါ ပါဝင်နိုင်ဖို့ ရာခိုင်နှုန်းတော်တော်များပါတယ်။
ပြောချင်တာကတော့ ဟောင်ကောင်ဟာ ဒီနှစ်နွေရာသီလောက်မှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်နိုင်ချေများတာ တောင် ရေရှည်အကျိူးအမြတ်တွေကို မျှော်ကိုးပြီးလာတဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စည်ကား တုန်းပါပဲ။
ဒါ့အပြင် အာမခံပိုင်းဆိုင်ရာ အာဏာပိုင်တွေမှတစ်ဆင့် စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးကျစ်ကျစ်လစ်လစ်ရှိ အောင် သတ်မှတ်ပြဋ္ဌာန်းပေးသင့်ပါတယ်။
 PSC ရဲ့ Chairman ဖြစ်သူ Brian Austin ကတော့ ရှယ်ယာရှင်များကို ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့မှာ ပြောကြားခဲ့တာကတော့- “ PSC အနေနဲ့ အာရှဈေးကွက်ဟာ ကုမ္ပဏီအတွက် ထူးခြားတဲ့ ရေရှည်အခွင့်အလမ်းတစ်ရပ်ဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒီဝယ်ယူမှုတွေတွေဟာ ဟောင်ကောင်ကနေတစ်ဆင့် လက်ရှိ ရှိပြီးသား၊သိပြီးသား ဈေးကွက်တွေကိုဖြတ်ပြီးဝင်လာမယ့် အရာတွေကိုပါ အခွင့်လမ်းတစ်ရပ်အဖြစ် ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။”
Austin ရဲ့ဆက်လက်ပြောချက်အရ  “ PSC အနေဖြင့်စီးပွားရေးလုပ်ငန်းတွေကို ရနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုဟာ ခန့်မှန်းခြေအားဖြင့် သြစတြေးလျဒေါ်လာ ၃သန်း(ကန်ဒေါ်လာ ၂သန်း)မျှရှိသော်လည်း ရေတိုနှင့် အလယ်အလတ်ကာလအတွင်း စီမံကိန်းအနေဖြင့် အလားတူတန်ဖိုးအတိုင်း ရင်းနှီးမြှုပ်နှံမှုပြန်ရနိုင်လိမ့်မယ်လို့မျှော်မှန်းချက်တွေအပြင် ဒီလိုစီးပွားရေးအခြေခံအုတ်မြစ်တွေဟာ ကောင်းမွန်တဲ့ရလဒ်တွေကို ထောက်ပံ့ပေးနိုင်မယ်လို့လည်း ကုမ္ပဏီအနေနဲ့ယုံကြည်ကြောင်း ဖြည့်စွတ်ပြောသွားခဲ့ပါတယ်။
ဧပြီလ ရှယ်ယာရှင်အစည်းအဝေးမှာတော့ Globe Insurance က PSC လက်အောက်တွင်ရှိသည်ဆိုတာကိုပါ အတည်ပြုခဲ့ပြီး လိုအပ်သည်မှန်သမျှကို Charter Gilman ကသာ စီမံခန့်ခွဲမည်ဖြစ်သည်။
PSC သည် ယူကေ ဈေးကွက်တွင်လည်း အကြီးအကျယ်တိုးချဲ့လျက်ရှိပြီး Paragon နှင့်အခြားဝယ်ယူမှုတွေအပေါ် သုံးစွဲဖို့အတွက် နောက်ထပ်ငွေသားထုတ်ချေးမှုဟာ အနည်းဆုံး အနေနဲ့ သြစတြေးလျဒေါ်လာ ၃၅သန်း(ကန်ဒေါ်လာ ၂၃သန်း) ရှိပါတယ်။
Honan နှင့် သဘောတူညီမှု
ဟောင်ကောင်မှရုံးခန်းဖွင့်လှစ်ထားသည့်ကမ္ဘာ့ပုဂ္ဂလိကရှယ်ယာပိုင်ဆိုင်သူ TA Associates ကတော့ အာရှနိုင်ငံတွေအပါ်ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားကာ အခြား သြစတြေးလျကိုယ်စားလှယ်တစ်ယောက်ဆီ ရင်းနှီးမြုုပ်နှံထားပါတယ်။
မဲလ်ဘုန်းမြို့ အခြေစိုက် Honan ဟာ အာရှမှာ ၅နှစ်ကျော်ကြာခဲ့ပြီး စင်ကာပူရုံးဖြစ်တဲ့ One Raffles Place မှာ ဝန်ထမ်းပေါင်း ၂၁ယောက်ရှိပြီး မလေးရှားမှာတော့ ရုံးဝန်ထမ်း ၂၁ယောက်နဲ့ အတူလုပ်ကိုင်ခဲ့ပါတယ်။
စင်္ကာပူအခြေစိုက်ရုံးသည် ၂၀၁၅ ခုနှစ်တွင် MACS အာမခံပွဲစားများနှင့်ပူးပေါင်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် NGA အကျိုးခံစားခွင့်များဝယ်ယူခဲ့ပါတယ်။
Honan ၏အာရှစစ်ဆင်ရေးကို ပြီးခဲ့သည့်နှစ်က Starr Insurance မှဝင်ရောက်ခဲ့သူဖြစ်တဲ့ Eliza White မှစီမံခန့်ခွဲပြီး - မူလ အာရှစစ်ဆင်ရေးဒါရိုက်တာအသစ်နေရာတွင်ဖြစ်ပါတယ်။
 ဒီဇင်ဘာလတွင် ၎င်းရဲ့ ဒေသဆိုင်ရာရည်မှန်းချက်ကိုပြသခဲ့ပြီး Honan နှင့်မလေးရှားနိုင်ငံမှ MP Insurance Brokers တို့ဟာ ဖက်စပ်လုပ်ငန်းသစ် (JV) MP Honan Insurance Brokers ကိုဖွဲ့စည်းရန်ပူးပေါင်းခဲ့ကြပါတယ်။
JV တွင် MP Insurance Brokers သည် ၅၁ ရာခိုင်နှုန်း အစုရှယ်ယာနှင့် Honan Insurance သည် ၄၉ရာခိုင်နှုန်း အစုရှယ်ယာပိုင်ဆိုင်ထားပြီး ကွာလာလမ်ပူအခြေစိုက် MP Insurance Brokers ရဲ့ အမှုဆောင်အရာရှိချုပ် Saw Kheng Lay က JVတွင် အမှုဆောင်အရာရှိချုပ်အဖြစ် ဦးဆောင်နေပါတယ်။
ထုတ်ဖော်ပြောကြားချက်မရှိခဲ့တဲ့ TA နှင့်သဘောတူညီချက်သည် ပုံမှန်အဆင့်တွင်သာရှိခဲ့ပြီး Honan နှင့် TA နှစ်ဖက်စလုံးသည် အနာဂတ်အစီအစဉ်များနှင့်ပတ်သတ်၍ နောက်ထပ်မှတ်ချက်တွေလည်း ပေးဖို့ငြင်းဆန်နေကြပါတယ်။ ဒါပေမယ့် အာရှဘက်ကတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် စီးပွားရေးမဟာဗျူဟာချဲ့ထွင်မှု ၏အစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မည်ဆိုတာ  ရှင်းနေပြီးဖြစ်ပါတယ်။
US နဲ့ UK ရဲ့ ယှဉ်ပြိုင်မှု
JLT ဟာ အာရှပွဲစားများနေရာတွင်ပုံမှန်ဝယ်ယူနေတာကြောင့် JLT ကိုဝယ်ယူတဲ့ Marsh မှတဆင့် သြစတြေးလျ ကုမ္ပဏီတွေဟာ ပိုမိုအကျိူးဖြစ်ထွန်းနိုင်ပါတယ်။ ဒီလိုအချိန်မှာ ပွဲစားတွေအနေနဲ့ အဓိကအာရုံစိုက်မှုမှာ ဝယ်ယူမှုထက် အာရှတွင်ပိုမို ပေါင်းစည်းနိုင်ရေးသာဖြစ်ပါတယ်။
Aon နှင့် Willis Towers Watson တို့ကတော့ ဒေသတွင်းအနှံ့အပြားရှိအဖွဲ့အစည်းများပါဝင်တဲ့ ရှုတ်ထွေးသောပေါင်းစည်းမှုတွေနဲ့အတူ ခေါင်းမဖော်နိုင်ဘဲဖြစ်နေပါလိမ့်မယ်။
 အမေရိကန်ပုဂ္ဂလိက ကုမ္ပဏီကြီး Gallagher ကတော့ သြစတြေးလျဈေးကွက်မှာ သိသိသာသာထိုးဖောက်နိုင်ပေမယ့် အာရှနိုင်ငံတွေပေါ်မှာတော့ စိတ်ဝင်စားမှုအလွန်နည်းပါတယ်၊ လန်ဒန်အခြေစိုက်ဖြစ်တဲ့ ED Broking အနေနဲ့ ဟောင်ကောင်မှထွက်လာခဲ့တဲ့ ဒေသခံ Grandwood Insurance အကျိူးဆောင်တွေထံသို့ လွှဲပြောင်းပေးလိုက်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ED Broking ဟာ စင်ကာပူမှာလည်း ရုံးခန်းငယ်လေးတွေနဲ့အတူ အင်အားတောင့်တင်းမှုရှိပြီးသားဖြစ်ပြီး ဘေကျင်းနဲ့ရှန်ဟိုင်းမှာလည်း ရုံးခန်းတွေဆက်လက်တည်ရှိနေပါတယ်။
Charismatic အဖွဲ့၏အမှုဆောင်အရာရှိချုပ်နှင့်တည်ထောင်သူ David Howden ဦးဆောင်တဲ့ UK’s Hyperion အဖွဲ့ဟာ ဒေသအတွင်းမှာ အတက်ကြွဆုံးဖြစ်ပြီး မကြာသေးခင်အချိန်ကပင် တော်တော်များများ ရောင်းချထားပြီးပါပြီ။ ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ ခိုင်မာစွာခြေကုပ်ယူထားပြီး ငွေကြေးအပိုင်းမှာလည်းတော်တော်အင်အားတောင့်တင်းနေပါတယ်။
P&C အာမခံသည်ဒေသတစ်ခုလုံးတွင်ပိုမိုပျံ့နှံ့သည်နှင့်အမျှလာမည့် ၁၈ လအတွင်း သြစတြေးလျအကျိူးဆောင်များမှ အာရှပိုင်းဆိုင်ရာဝယ်ယူမှု ပိုမိုလုပ်ဆောင်နိုင်ရန်ကို မျှော်မှန်းထားပါတယ်။
Zawgyi Version
ၾသစေၾတးလ် စီးပွားရေးအကျိုးဆောင်တွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ အာရှ
သြစတြေးလျ စီးပွားရေးအကျိုးဆောင်တွေအနေနဲ့ လုပ်ငန်းနယ်ပယ်တူဖြစ်တဲ့ အာရှနိုင်ငံသားတွေအပေါ် စိတ်ဝင်စားမှုဟာလွန်ခဲ့တဲ့ ၁နှစ်ကျော်၊ အတိအကျဆိုရင် ၁၈ လဝန်းကျင်ကနေစပြီးတော့ တဖြည်းဖြည်း တိုးပွား လို့လာနေပါတယ်။
 PSC အာမခံအုပ်စု
သြစတြေးလျနိုင်ငံ၏ PSC အာမခံလုပ်ငန်းအနေဖြင့် ဒီနှစ်မှာတင် ဟောင်ကောင်အခြေစိုက်တွေဖြစ်တဲ့ စီးပွားရေးအကျိုးဆောင် Charter Gilman နှင့် Globe Insurance တို့ကို ဝယ်ယူပြီး အာရှဈေးကွက်ကို စတင်ချဲ့ထွင်လာခဲ့ပါပြီ။ နှစ်ခုလုံးက ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးအကျိုးဆောင်တွေဖြစ်ကြပြီး ဟောင်ကောင်ကျွန်းရဲ့ အရှေ့ပိုင်းခရိုင်ဒေသမှာရှိပြီး မြို့ပြဧရိယာတစ်ခုဖြစ်တဲ့ North Point မှာ အခြေစိုက်ပါတယ်။
အာရှကနေရနိုင်မယ့် အခွင့်အလမ်းတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ရန်အတွက် ကုမ္ပဏီအနေနဲ့ ကနဦး လုပ်ငန်းစဉ်ဖြင့် ဟောင်ကောင်သို့စတင်အခြေခြခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်စီးပွားရေး အကျိုးဆောင်တွေ အနေနဲ့လည်း ဆန္ဒပြပွဲများနှင့် Covid-19 ရဲ့ဒဏ်ကို ကံမကောင်းစွာနဲ့ ၂ဆခံစားနေရတုန်းပါ။
ပြောချင်တာကတော့ ဟောင်ကောင်ဟာ ဒီနှစ်နွေရာသီလောက်မှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်နိုင်ချေများတာ တောင် ရေရှည်အကျိုးအမြတ်တွေကို မျှော်ကိုးပြီးလာတဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စည်ကား တုန်းပါပဲ။
ဟောင်ကောင်မှရုံးခန်းဖွင့်လှစ်ထားသည့်ကမ္ဘာ့ပုဂ္ဂလိကရှယ်ယာပိုင်ဆိုင်သူ TA Associates ကတော့ အာရှနိုင်ငံတွေအပ်ါရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားကာ အခြား သြစတြေးလျကိုယ်စားလှယ်တစ်ယောက်ဆီ ရင်းနှီးမြုပ်နှံထားပါတယ်။
P&C အာမခံသည်ဒေသတစ်ခုလုံးတွင်ပိုမိုပျံ့နှံ့သည်နှင့်အမျှလာမည့် ၁၈ လအတွင်း သြစတြေးလျအကျိုးဆောင်များမှ အာရှပိုင်းဆိုင်ရာဝယ်ယူမှု ပိုမိုလုပ်ဆောင်နိုင်ရန်ကို မျှော်မှန်းထားပါတယ်။
Ref: Asia Insurance News
Tuesday, May 12, 2020
အာမခံဝယ်ယူခြင်း သို့မဟုတ် ဆုံးရှုံးမှုနှစ်ခုကို ဖလှယ်ခြင်း
ဆက်လက်ဖော်ပြပါမည် ….
Unicode Version
• ကြီးမားတဲ့ ဆုံးရှုံးမှုများ ဖြစ်လာနိုင်ခြေကို သေးငယ်သောဆုံးရှုံးမှုတစ်ခုဖြင့် ကြိုတင်အစားထိုးခြင်း
မြို့ ပြဆိုင်ရာ အာမခံလုပ်ငန်းတွေကို တစ်ခုချင်းအသေးစိတ် မပြောခင်မှာ “ အာမခံလုပ်ငန်းဆိုတာဘာလဲ” က စလိုက်ရအောင်လား။ ပညာရှင် အမျုးိမျုးိ က အဓိပ္ပယ်အမျုးိ မျုးိ ဖွင့်ဆိုခဲ့ကြပါတယ်။ပါမောက္ခဒေါက်တာနူမင်း ( Professor Dr.NumanA.Williams) ကတော့ အာမခံလုပ်ငန်းဆိုတာဟာပူးပေါင်းဆောင်ရွက်ရတဲ့ ဘဏ္ဍာရေး၊ စီးပွားရေးစနြစ်ဖြစ်ပးီ ဒစီ နစက် အာမခံပေါ်လစီပိုင်ရှင် တွေကိုကြီးမားပြီး ဖြစ်နိုင်ခြေရှိတဲ့ ဆုံးရှုးံမှုကို သေးငယ်ပြီးသေချာတဲ့ ဆုံးရှုံးမှုနဲ့ အစားထိုး နိုင်စေတယ်လို့အဓိပ္ပါယ်ဖွင့်ခဲ့ပါတယ်။
ပူးပေါင်းဆောင်ရွက်ရတဲ့စနစ် ဆိုတာကလည်းမှန်ပါတယ်၊ ဘဏ္ဍာရေးစီးပွားရေးစနစ် ဆိုတာလည်း မှန်ပါတယ်၊ ဒါပေမဲ့ ကြီးမားပြီး ဖြစ်နိုင်ခြေရှိတဲ့ ဆုံးရှုံးမှုကို သေးငယ်ပြီး သေချာတဲ့ ဆုံးရှုံးမှုနဲ့အစားထိုးတယ်ဆိုတာက ဘာကြီးလဲ မရှင်းပါလားလို့မေးနိုင် ပါတယ်။ 
အာမခံထားတယ်ဆိုရင် ပရီမီယံကြေးပေးသွင်းရပါတယ်။ ဒါဟာ ပေးသွင်းသူအတွက် သေးငယ်ပြီး သေချာတဲ့ဆုံးရှုးံမှုပဲ မဟုတ်ပါလား။ ကြီးမာပြီးဖြစ်နိုင်ခြေရှိတဲ့ ဆုံးရှုံးမှုဆိုတာ ကတော့ အာမခံထားတဲ့ပစ္စည်း ဥပမာ-အိမ်ဆိုပါတော့ဗျာ။ မီးလောင်ပြီဆိုရင် ဒါဟာ ပရီမီယံကြေးပေးရတာနဲ့စာရင် ကြီးမားတဲ့ ဆုံးရှုးံမှုပေပဲ မဟုတ်လား။ သို့သော် လောင်မယ်၊ မလောင်ဘူးဆိုတာကမသေချာဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ ရှိနေတာပဲ။ ဒါမျိုးကို ဖြစ်နိုင်ခြေရှိတဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။
အာမခံထားရင် ပရီမီယံပေးရတယ်။ အဲဒီလိုပရီမီယံပေးတဲ့အတွက်လည်း အာမခံထားတဲ့ပစ္စည်းဆုံးရှုံး ပျက်စီးရင် အာမခံကုမ္ပဏီက လျော်တယ်။ ဒါကြောင့် ပရီမီယံပေးခြင်း ဆိုတဲ့ ဆုံးရှုံးမှ သေချာပေမယ့် သေးငယ်တဲ့ ဆုံးရှုံးမှုလေးကို မီးလောင်ရင်ဖြစ်စေ၊ ငလျင်လှုပ်ရင်ဖြစ်စေ ပေါ်ပေါက်နိုင်တဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုကို အစားထိုးခြင်းလို့ဆိုတာ မှန်တယ်ခင်ဗျ၊ အဲ…. နည်းနည်းတော့ ရှုပ်တာပေါေ့နာ်။ 
ဆက်လက်ဖော်ပြပါမည် ….
ဒေါက်တာမောင်မောင်သိမ်း
Tuesday, April 14, 2020
အာမခံကိုယ်စားလှယ် ဆိုသည်မှာ
သူရိန်ကျော်
မတ်လရဲ့ အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်ဖြစ်နေတဲ့ အချိန် မွန်းလွဲ ၁ နာရီကျော် လောက်မှာ ကိုကျော်ဇေယျ တစ်ယောက် ရန်ကု
န်မြို့လယ်မှာ လမ်းလျှောက် နေရတာပါ။
စွန်ရဲက သားကောင်ကိုရှာတဲ့ပုံစံမျိုး နဲ့ မျက်လုံးကိုရှင်ရှင်ထားပြီး ဘယ်နေရာကို ဝင်ရမလဲကြည့်နေပါတယ်။
သူ့မျက်လုံးထဲမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဝင်လာပါတယ်။ ဆိုင်က သပ်သပ်ရပ်ရပ်နဲ့ နာမည်ကျော်လက်ဖက်ရည်ဆိုင်တစ်ဆိုင်လည်း ဖြစ်နေ ပါတယ်။ ဝမ်းသာအားရနဲ့ ဆိုင်ထဲကိုဝင်ဖို့ ပြင်ရပါတော့တယ်။
ဘေးလူတွေအမြင်မှာတော့ ပူပြင်းလှတဲ့ အပူချိန်ကို ကာကွယ် နိုင်ဖို့ ဆိုင်ဝင်ထိုင်တယ်လို့ယူဆနိုင်ပေမယ့် လက်တွေ့မှာတော့ မဟုတ်ပါဘူး။ အာမခံလုပ်ငန်းလုပ်နေသူ တစ်ယောက်အဖို့ အာမခံထားဖို့ မဲဆွယ်ရေးအတွက် ဆိုင်ထဲကို ခြေလှမ်းပြင် လိုက်ရတာပါ။
“အကိုကျွန်တော်က အာမခံလုပ်ငန်းလုပ်နေတဲ့ အကျိုးဆောင် တစ်ယောက်ပါ။ အကို့ဆိုင်မှာ အာမခံနဲ့ပတ်သက်ပြီး ကျွန်တော် ရှင်းပြချင်လို့ပါ ဒီဆိုင်မှာ မီးဘေးအန္တရာယ်သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီးအာမခံထားဖို့ စိတ်ဝင်စားလားလို့” ဆိုတဲ့စကားကို ကျော်ဇေယျပြောလိုက် ချိန်မှာဆိုင်ရှင်က အံ့သြ တကြီးနဲ့ ကြည့်ခြင်းကိုခံလိုက်ရပါတယ်။
ဆိုင်ရှင်က “မင်းကလဲကွာ မဦးမချွတ် ငါဆိုင်လာပြီး ဘာတွေ လာပြောနေတာလဲဆိုပြီး” အပြောခံ လိုက်ရပါတယ်။ ဒီဖြစ်ရပ် က မြန်မာနိုင်ငံမှာ ထွန်းကားလာမှုမရှိသေးတဲ့ အာမခံစနစ်ရဲ့ အကြောင်းခြင်းရာတစ်ခုကို ဖော်ပြနေတာပါ။
ယခင်က မြန်မာ့အာမခံလုပ်ငန်းတစ်ခုတည်းသာ ရှိနေသေးတာကနေ ၂ဝ၁၂ ခုနှစ်က စပြီးတော့ ပုဂ္ဂလိက အာမခံ လုပ်ငန်းတွေ ထွန်းကားလာပါတယ်။ ၂ဝ၁၂ ခုနှစ် ဇွန်လမှ ပုဂ္ဂလိကအာမခံလုပ်ငန်း ၁၂ ခုကိုခွင့်ပြုပေးခဲ့တာဖြစ်ပြီး တော့ အာမခံအမျိုးအစား ၂၉ မျိုးလုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။
ဒါပေမဲ့ အာမခံလုပ်ငန်းအများစုကတော့ အသက်အာမခံနဲ့ အထွေထွေအာမခံ ကိုသာ အဓိကထားပြီး လုပ်နေတယ်လို့ ဆိုပါတယ်။ အာမခံကိုယ်စားလှယ်တစ်ယောက်အတွက် အခက်ခဲဆုံး ရင်ဆိုင်ရတာက အာမခံထားရင်ပိုက်ဆံတွေအလကားပေးနေမှာပေါ့ဆိုတဲ့ သုံးစွဲသူတွေရဲ့ အတွေးတွေပါ။
အခုလဲ အားကြိုးမာန်တက်နဲ့ အာမခံမဲဆွယ်ဖို့ ဝင်သွားတဲ့ ကိုကျော်ဇေယျတစ်ယောက်တည်း ဆိုင်ရှင်ရဲ့အာမခံထားရင် ငါ့ပိုက်ဆံတွေကုန်နေမှာပေါ့ဆိုတာနဲ့ ကြုံတွေ့လိုက်ရတာပါပဲ။ေ နာက်တစ်ချက် ရင်ဆိုင်ရတဲ့ အခက်အခဲက အာမခံ ပွဲစားတွေပါ။ အာမခံကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ကြုံတွေ့ရသူတွေအဖို့ အာမခံအပြည့်အဝ ထားရှိနိုင်ပေမယ့် ပွဲစားဆိုတဲ့သူတွေနဲ့ ကြုံရင်တော့ အာမခံထားမယ့် သူတွေကို သူက ပွဲခအဖြစ်တောင်းပြီးမှ အာမခံကုမ္ပဏီမှာ အာမခံပေးတာပါ။
“ကျွန်တော်ဆို အာမခံဆိုတဲ့စကားပြော လိုက်တာနဲ့ ဟိုဘက်လူက ငါပွဲခလဲမပေးဘူး။ အာမခံလဲမထားဘူး ဆိုပြီးတန်းပြောတာ။ မနည်းရှင်းပြခဲ့ရ တဲ့ အခေါက်တွေ အများကြီးပဲ” လို့ အာမခံကိုယ်စားလှယ်အဖြစ်နဲ့လုပ်သက် ၃ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်လေးကပြောပါတယ်။
“အာမခံထားမယ့်လူတွေက အာမခံကိုယ်စားလှယ်နဲ့ အာ
မခံပွဲစားကိုမှားတာ တွေရှိတယ်။ အာမခံကိုယ်စားလှယ်က အာမခံထားဖို့လာပြောတယ်။ အာမခံထားမယ့်သူကလဲ အာ မခံထားမယ်ဆိုရင် လာပြောတဲ့သူကို ငွေကြေးတစ်စုံတစ်ရာပေးစရာမလိုဘူး။ ပွဲစားဆိုတာက အာမခံထားမယ့်သူ ကို ငွေကြေးဘယ်ရွေ့ ဘယ်မျှနဲ့ပြီးအောင်လုပ်ပေးမယ် ပိုလျှံတာသူ့အတွက်ပဲ ဆိုတဲ့လူမျိုးကိုပြောတာ၊ ကိုယ်စား လှယ် ကတော့အာမခံထားတဲ့ သူက ကိုယ်ထားမယ့်အာမခံ လုပ်ငန်း ကပေးတဲ့ ကော်မရှင်ခကိုပဲရတဲ့သူတွေ။ တချို့အာမခံထား မယ့်လူတွေက အာမခံထားမယ်ဆိုရင် ငါကမင်းကို ဘယ် လောက်ပေးရမလဲဆိုတာမေးကြတယ်” လို့  အာမခံ လုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုကျော်ဇေယျက ပြောပါသေး တယ်။
တကယ်တော့ ကိုယ်စားလှယ်ဆိုတာ အာမခံဝန်ဆောင်မှု တွေကို စားသုံးသူ (အာမခံရယူသူ)တွေကို ရောင်းချဖို့ အာမခံ ဝန်ဆောင်မှုတွေ ဖြန့်ဖြူး ရောင်းချရေး ဆိုင်ရာလမ်းကြောင်း ဒါမှမဟုတ် ကြားခံသူပုဂ္ဂိုလ်ဖြစ်ပါတယ်။ အာမခံပွဲစားဆိုတာက အာမခံသူဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ အမှုအပ်သူ ဖြစ်ပြီး ကိုယ်စားလှယ်က အာမခံကုမ္ပဏီတွေရဲ့ ကိုယ်စား ရပ်တည် ဆောင်ရွက်ပေးရသူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းလုပ်ကိုင်လာတာနှစ်ပေါင်း၆ဝ ကျော်ရှိနေပေမယ့် လက်ရှိအာမခံလုပ်ငန်းကို ပုဂ္ဂလိကကိုလုပ်ကိုင်ခွင့်ပြုခဲ့တာ ဆယ်စုနှစ်သက်တမ်း မပြည့်သေးပါဘူး။ လော ကကြီးမှာ အန္တရာယ်ဆိုတာက ဘယ်အချိန်ကြုံလာမလဲဆိုတာ ဘယ်သူမှကြိုမမြင်နိုင်ပါဘူး။ အန္တရာယ်ဖြစ် သွားပြီဆိုရင် ဘာမှ မလုပ်နိုင်တော့ပါဘူး။ အာမခံထားထားမယ်ဆိုရင်တော့ ကိုယ်ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေကိုလေးဆ
လောက်အထိပြန်ရနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့အာမခံလုပ်ငန်းမှာ အများဆုံးထားရှိတဲ့ အာမခံအမျိုးအစားက မီး အာမခံ အမျိုးအစားလို့ သိရပါတယ်။ ပုဂ္ဂလိကအာမခံ လုပ်ငန်းတွေထဲမှာ တော့ အများဆုံးထားတဲ့ အာမခံအမျိုး အစားက မော်တော်ယာဉ်အာမခံပါ။ ပုဂ္ဂလိကအာမခံလုပ်ငန်းတွေရဲ့ လျော်ကြေးပေးရမှု ၇ဝ ရာခိုင်နှုန်းအထိ ကလည်း မော်တော်ယာဉ် အာမခံ အမျိုးအစားပါ။
အာမခံလုပ်ငန်းရဲ့ နယ်ပယ်မှာ ကိုရဲကျော်ဌေးတို့လို အာမခံကိုယ်စားလှယ် ဆိုတာက လုပ်ငန်း ကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ အာမခံလုပ်ငန်းဈေးကွက် ဖွဲ့စည်းတည်ရှိမှုအရ အာမခံဈေးကွက်မှာ အာမခံ လက် ခံသူ/ရောင်းချသူ၊ အာမခံကုမ္ပဏီ၊ အာမခံထားသူ (Insured) နဲ့ Intermediaries (ကြားလူ) ဆိုတဲ့အတန်းအစား(၃)မျိုး ရှိ ပါတယ်။
အာမခံရောင်းချသူတွေမှာ အာမခံကုမ္ပဏီနဲ့ ထပ်ဆင့် အာမခံ ကုမ္ပဏီ တွေပါဝင်တယ်။ ဝယ်ယူသူတွေထဲမှာ လူတစ်ဦးချင်း၊ စီးပွားရေးလုပ်ငန်းနဲ့ အစိုးရဌာနတို့ကဝယ်ယူသူတွေ ဖြစ်ပါတယ်။ အာမခံလက်ခံသူဖြစ်တဲ့ အာမခံကုမ္ပဏီတွေ ကိုယ်တိုင်ကလည်းတစ်ဆင့် အာမခံကုမ္ပဏီတွေဆီက အာမခံ အကာအကွယ် ပြန်ဝယ်ကြတာကြောင့် သူတို့ဟာ ဝယ်ယူသူ တွေလည်း ဖြစ်ကြပြန်တယ်။
ကြားလူတွေထဲမှာအာမခံကိုယ်စားလှယ်၊ အာမခံပွဲစား၊ ထပ်ဆင့်အာမခံပွဲစား တို့ ပါဝင်ပါတယ်။ ကိုယ်စားလှယ်တွေထဲမှ (၁)တစ်ဦးချင်း အာမခံကိုယ်စား လှယ် (Individual Agent) (၂) အာမခံ ကိုယ်စားလှယ် အစု/လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ် (Corporate Agent) ဆိုပြီး ရှိပါတယ်။
တချို့နိုင်ငံတွေမှာတော့ (၃) Trade Specific Agent ကုန်သွယ်မှုဆိုင်ရာ သီးခြားကိုယ်စားလှယ် ဆိုတာမျိုးလည်း ရှိပါတယ်။ သူတို့ဟာ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အာမခံအမျိုးအစား တစ်မျိုးကိုသာ ရောင်းပါတယ်။ (ဥပမာ-ခရီးသွားအာမခံကို ရောင်းချတဲ့ ခရီးသွားကုမ္ပဏီတွေ) သူတို့ရဲ့ပင်မလုပ်ငန်းဟာ အာမခံကိုယ်စားလှယ် လုပ်ငန်း မဟုတ်ဘဲ သူတို့မှာ အခြားပင်မလုပ်ငန်းကြီးတွေရှိပြီး အာမခံ ကိုယ်စားလှယ်လုပ်ငန်းဟာ ဆက်စပ် လုပ်ငန်းတစ်ခု သက် သက်ပါပဲ။
ကိုယ်စားလှယ်ဆိုတာ ကိုယ်စားလှယ်လုပ်ငန်း သဘောတူညီ ချက် (Agency Agreement) အရတစ်စုံတစ်ဦး (Principle) ရဲ့ကိုယ်စားလုပ်ငန်း ဆောင်ရွက်ပိုင်ခွင့်ရှိသူ ဖြစ်ပါတယ်။ေ ယဘူယ် အားဖြင့်တော့ အာမခံကိုယ်စားလှယ်ရဲ့ လုပ်ငန်းက Principal လို့ခေါ်တဲ့ အာမခံကုမ္ပဏီနဲ့ Third Party လို့ခေါ်တဲ့ အာမခံထားသူ Insured ၂ ဦးကို အာမခံပဍိညာဉ်စာချုပ် ချုပ်ဆိုပြီးမြောက်နိုင်ရန် ဆောင်ရွက်ပေးသူ ဖြစ်ပါတယ်။
ဥပဒေအရ ကိုယ်စားလှယ်ဟာ အာမခံလက်ခံသူ (Principal)ကို ကိုယ်စားပြုပြီး တတိယလူနဲ့ ဆက်သွယ်အလုပ် လုပ်ပါတယ်။ ဒါကြောင့်ကိုယ်စားလှယ်ဟာ အာမခံ လက် ခံသူရဲ့အကျိုးစီးပွားအတွက် အာမခံလက်ခံသူက ပေးထား သောညွှန်ကြားချက်နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရပါ တယ်။
အာမခံကိုယ်စားလှယ်တွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတဲ့ မေးခွန်းကိုတော့ကိုရဲကျော်ဌေးက အခုလိုပြောပြ ပါတယ်။ “ကိုယ့်ကိုဆက်သွယ်လို့ရမယ့် လိပ်စာ ဖုန်းနံပါတ်တွေ ပေးခဲ့ တာကစတာပဲ လို့ဆိုပါတယ်၊ အာမခံထားချင်တဲ့သူတွေ အနေနဲ့ ကတော့ ပြန်လည်ဆက်သွယ်ကြပါတယ်။ ပြန် ဆက်သွယ်တယ်ဆိုတာကလဲအနည်းစုပါ။ အာမခံကိုယ်စားလှယ်အလုပ်ကလဲ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်
ပါဘူး။
 အာမခံလောကမှာ တချို့အလွဲလေး တွေရှိနေ သေးတာကိုလဲ တွေ့ရပါတယ်။ အဲဒါကတော့ လက်ရှိခေတ်ကာလကြောင့်လို့ဆိုရမှာပါ။ မော်တော်ယာဉ်အာမခံထား ရှိသူတွေက သူတို့ရဲ့ မော်တော်ယာဉ် လုံးဝပျက်စီးသွားတဲ့ အခါမျိုးမှာ အာမခံကရရှိတဲ့ လျော်ကြေးထက် ယာဉ်အို ယာဉ်ဟောင်း(တိုက်ကြေ)အပ် လိုက် လို့ ထွက်လာတဲ့စလစ်က ဈေးပိုရနေတဲ့အခါမှာ လျော်ကြေးမယူတော့ဘဲ ကားစလစ် လုပ်လိုက် တာတွေ ရှိတယ်လို့သိရပါတယ်။
“ဟိုတလောက တိုက်ကြေအပ်လို့ရတာရှိတယ်။ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ထားတယ် သူ့ကားကို သိန်း ၈ဝ နဲ့ အာမခံထားထာတာ။ သူ့ကားက ချောက်ထဲပြုတ် ကျထားတော့ကား တစ်စီးလုံးပျက်စီးသွားတယ်။ သူထားတဲ့ အာမခံေ ပ်ါလစီအရသူထားတဲ့အာမခံ သိန်း ၈ဝ အတိုင်း ပြန်ယူမလား သူ့ကားအမျိုးအစားအတိုင်းကို ပြန်ဝယ်ပေးရမလားဆိုတဲ့ ပုံစံ မျိုးရှိတယ်။ အာမခံကုမ္ပဏီက လျော်ပေးတယ်။
ဒါပေမယ့်သူက စီပွားရေးသမားဆိုတော့ပြန်စဉ်းစားတာက အပြင်မှာ တိုက်ကြေအပ်လိုက်ရင် သိန်း ၁ဝဝ ကျော်နေပြီ၊ အဲဒီတော့ ငါဘာလုပ်ရမလဲ ဆိုပြီး မေးတယ်၊ သူကစီးပွားရေး သမားဆိုတော့တွက်ပြတယ် သူကားအဟောင်းမပေးဘဲနဲ့ လျော်ကြေးတောင်းလို့မရဘူးလားတဲ့။ လျော်ကြေး လိုချင်ရင်တော့ မင်းကားနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း တွေ ပါအပ်လိုက်ရမယ်လို့ပြောတော့ သူကလျော်ကြေး မတောင်း
တော့ဘဲနဲ့ တိုက်ကြေကား ကို အပ်လိုက်ရင် အာမခံကုမ္ပဏီက လျော်တာထက် သိန်း ၂ဝ လောက်ပိုရမယ်ဆိုပြီးလျော်ကြေးမတောင်းတာတွေရှိတယ် အမှန်တော့ ဒါက ခေတ် ကာလပေါ်လစီအရ ဒါမျိုးတွေလဲကြုံတွေ့ရတယ်” လို့ကိုရဲကျော်ဌေး ကပြောပါတယ်။
 လူတချို့ရဲ့ အယူအဆ ကအာမခံထားရှိတယ်ဆိုတာ ပိုက်ဆံရှိတဲ့လူတန်းစား အတွက်သာ ဖြစ်တယ်ဆိုတဲ့ အတွေးမျိုးတွေလဲရှိ တယ်လို့ အာမခံလုပ်တဲ့ သူတွေက ပြောပါတယ်။ဒါ့အပြင် အစွဲအလမ်းကြီးတတ်တဲ့ လူမျိုးတွေဖြစ်လို့ ကြိုတင်ပြီး မကောင်းတဲ့ နမိတ်လာဖတ်တာလားဆိုတဲ့ အယူ သီးမှုတွေကြောင့် အာမခံလုပ်ငန်း မတွင်ကျယ်နိုင်သေး တာပါ။ ဒါပေမဲ့လည်း အာမခံကိုယ်စားလှယ်တွေကတော့ အာမခံစနစ်ထွန်းကားလာမယ့်အချိန်အတွက် ကြိုးစားနေကြဆဲပါ။
အချို့ အာမခံလုပ်နေတဲ့သူတွေကတော့ လက်တွေ့ သူတို့ အာမခံလုပ်နေကြတယ်ဆိုတာ ဝင်ငွေဆိုတာထက် ဝါသနာအရလုပ်နေတဲ့ သူတို့တွေ ဖြေဆိုထားတာ တွေ့ရ ပါတယ်။ အာမခံကိုယ်စားလှယ် တချို့ကတော့ အလှူမလုပ်တတ်ရင် အာမခံထားဆိုတဲ့ လက်သုံးစကား ရှိတယ်လို့ပြောပါတယ်။
“တကယ်တော့ အာမခံထားတယ် ဆိုတာကလဲ ကုသိုလ်တစ်မျိုးပဲဆိုတာ အာမခံထားကြည့်ရင်သိမှာပါ၊ ဘာကြောင့်လဲ ဆိုတော့ကိုယ်က ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုမဆုံးရှုံးစေချင်လို့ အာမခံထားတာပါ။ ဒါပေမဲ့ ကိုယ်အာမခံထားတဲ့သက်တမ်းမှာ ကိုယ်ကဘာမှ ထိခိုက်မှုမရှိပေမယ့် အခြားအာမခံထားတဲ့ သူတစ်ဦးတစ်ယောက်က ထိခိုက်လို့ လျော်ပေးခဲ့ရရင် ကိုယ်ကလည်းသူတို့အတွက်အလှူပြုတယ်လို့ သတ်မှတ်လိုက်
ရင်တော့ ကိုယ်ကအာမခံလဲထားခွင့်ရသလို အခြားလူတစ်ယောက်အတွက်လည်း ကုသိုလ်ပြုခွင့်ရ  တယ် ဆိုရင်တော့ အာမခံကမဖြစ်မနေ ထားသင့်ပါတယ်လို့ထင်မိပါတယ်”လို့ အာမခံကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ကိုမျိုးထက်ကျော် ကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေအချိုးအစားနဲ့ တွက်ကြည့်မယ်ဆိုရင် အာမခံထားရှိမှုနှုန်းအလွန် နည်းပါးနေသေးတယ်လို့လည်း မြန်မာ့အာမခံ လုပ်ငန်းက သိရပါတယ်။ နောက်တစ်ချက် ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာ အာမခံထားတဲ့သူတွေ အများစုက ပြည်ပကလာရောက် ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်တယ်လို့လဲ ဆိုထားပါတယ်။
ယခုအချိန်ထိတော့ အာမခံဆိုတဲ့ သဘောသဘာဝကို နားမလည်သေးတဲ့ မြန်မာနိုင်ငံမှာတော့ အာမခံထားမယ့်သူ ရှာရတာဟာ အာမခံကိုယ်စားလှယ်တွေအတွက်တော့ အခက်ခဲဆုံး အပိုင်းဖြစ်နေပါသေးတယ်။
Saturday, April 11, 2020
ဘဏ်ချေးငွေဖြင့် အိမ်ရာဝယ်ယူသူတိုင်း ထားရှိသင့်တဲ့ အိမ်ရာချေးငွေအာမခံ
မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ဝန်ဆောင်မှု နယ်ပယ်တွင် ယခုနှစ်ပိုင်း အတွင်း တဖြည်း ဖြည်း တိုးတက်လာသည့် လုပ်ငန်းတစ်ခုမှာ အိမ်ရာ ချေးငွေ ဖြစ်သည်။
ဘဏ်ချေးငွေဖြင့် နေအိမ်ဝယ်ယူရာတွင်ကျန်းမာရေးအခြေအ နေကြောင့် နေအိမ်တန်ဖိုး ပေးသွင်းနိုင်ခြင်း မရှိသည့်အခါ ဝယ်ယူ သူမှာ နေအိမ်ကို လက်လွတ်ဆုံးရှုံးရမည့် အခြေအနေကို ကြုံတွေ့ရ တတ်သည်။ ကြုံ တောင့်ကြုံခဲ အခြေအနေဖြစ်သော်လည်း မကြုံနိုင် ဟုကား ကံသေကံမ မပြောနိုင်ချေ။
ထို့ပြင် ချေးငွေပေးဆပ်နေဆဲကာလတွင် ဝယ်ယူထားသော နေအိမ်ပျက်ဆီးဆုံးရှုံးရပါ ကလည်း အလားတူပင် ကြုံတွေ့ရပေသည်။
ယခုအခါ အဆိုပါ အခြေအနေဆိုးများကို ကျော်လွှားနိုင်ရန် အတွက် မြန်မာ့အာမခံလုပ်ငန်းက အာမခံအမျိုးအစားသစ်တစ်ခုကို မိတ်ဆက် ခဲ့သည်။
အာမခံထားရှိသူသည် ဘဏ်ချေးငွေဖြင့် အဆောက်အဦး ဝယ်ယူ ပြီး အာမခံသက်တမ်းအတွင်း သေဆုံးခြင်း သို့မဟုတ် ထာဝစဉ် မသန်စွမ်း ဖြစ်သွားပါက ပေးရန်ကျန်ရှိနေသော အဆောက်အဦး တန်ဖိုးကို မြန်မာ့အာမခံလုပ်ငန်းမှ ပေးချေပေးသွားမည်ဖြစ်ခြင်း ကြောင့် ကျန်ရစ်သူ မိသားစုအနေဖြင့် ပေးချေရန် ကျန်ရှိနေသော ချေးငွေအတွက် စိတ်ပူစရာမလိုဘဲ ချေးငွေဖြင့် ဝယ်ယူထားသည့် အဆောက်အဦးကို ပိုင်ဆိုင် နိုင်မည်ဖြစ်ပြီး အ‌ဆောက်အဦး တန်ဖိုး ပေးချေပြီးသည့်အချိန်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။
အဆိုပါအာမခံကို မြန်မာ့အာမခံလုပ်ငန်းတွင်လည်းကောင်း မြန်မာ့အာမခံလုပ်ငန်းနှင့် ချိတ်ဆက်ထားသည့် ကုမ္ပဏီအချို့တွင် လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်သည်။
မြန်မာ့အာမခံလုပ်ငန်းနှင့် Shin Ye Htut Group of Co mpany တို့ ပူးပေါင်းဆောင်ရွက်သည့် အိမ်ရာချေးငွေတဆင့်အာမခံ (Housing Insurance Package) အာမခံအမျိုးအစား ကိုစတင်ထားရှိနိုင်ပြီ ဖြစ်ကြောင်းShin Ye Htut Group of Company ၏ ဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောသည်။
"လောလောဆယ်ကတော့တန်ဖိုးနည်းအိမ်ရာတွေ အိမ်ရာမ ပိုင်ဆိုင်ရသေးတဲ့ ပြည်သူတွေဝန်ထမ်းတွေ အငြိမ်းစားတွေကို အဓိက ထားပြီးတော့ ဆောင်ရွက်တာဖြစ်ပါ တယ်။ ဒါမှသာ အိမ်ရာဝယ်ယူ တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘဏ်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ချ ယုံကြည်စွာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကို အောင်မြင်သွားပြီဆိုရင် နောက်ပိုင်းမှာတော့ ကျွန်တော်တို့တွေ တန်ဖိုးသင့်၊ တန်ဖိုးလတ်၊ တန်ဖိုးကြီးတွေအတွက် မြန်မာ့ အာမခံလုပ်ငန်းနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။ တပြိုင်နက်တည်း လုပ်ဆောင်ဖို့က ကျယ်
ပြန့်တဲ့အတွက် တဆင့်ချင်း လုပ်ဆောင်တာဖြစ်ပါတယ်" ဟု Shin Ye Htut Group of Company ၏ ဥက္ကဌ ဦးရဲထွဋ်က ပြောသည်။
လက်ရှိရောင်းချသည့် Housing Insurance Package အာမခံ အမျိုးအစားသည် အာမခံထားရှိသူ၏ သေဆုံးမှု၊ ထာဝစဉ် မသန် စွမ်းဖြစ်မှုနှင့် ချေးငွေရယူထားသည့် အဆောက် အဦး ပျက်စီးမှုတို့ကြောင့် အာမခံထားရှိသူ သို့မဟုတ် ကျန်ရစ်သူ မိသားစုအပြင် ချေးငွေ
ထုတ်ချေးသည့် အဖွဲ့အစည်းများအတွက်ပါ အကျိုးရှိသော အာမခံ အမျိုးအစား တစ်ခုဖြစ်သည်။
ထို့ပြင် အာမခံထားရှိသည့် အဆောက်အဦး ထိခိုက်ပျက်စီးမှု ဖြစ်ပွားက ချေးငွေရယူထား သည့် ဘဏ်ကိုသာ ပထမဦးစားပေးအဖြစ် လျော်ကြေးပေးပြီး‌နောက်ပိုလျံသည့်ငွေကို အာမခံထားရှိသူက ရရှိ မည်ဖြစ်သည်။ အိမ်ရာချေး‌ငွေတဆင့်အာမခံကို အသက် ၁၈ နှစ်မှ အသ က် ၆၀ နှစ်အထိ ဝယ်ယူခွင့်ရှိကြောင်း သိရ သည်။
ချေးငွေဖြင့် ဝယ်ယူထားသည့် အဆောက် အဦးသည် မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ ငလျင် လှုပ်ခြင်း၊ ရေကြီးခြင်း ၊ မုန်တိုင်းဒဏ်၊ ထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ ရေလှောင်ကန်၊ ရေပိုက်များ ရေလျှံပျက်စီးခြင်း၊ မီးကူး စက်လောင် ကျွမ်းခြင်း၊ သစ်ပင်လဲကျပျက်စီးခြင်း ၊ မီးခိုးကြောင့် ပျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခံရခြင်း၊ ကာရံထားသည့်မှန်များ ပြုတ်ကျ ပျက်စီးခြင်း အစရှိသည့် အကာအကွယ် ၁၄ မျိုးအား Housing Insurance Package အာမခံ ဝယ်ယူထားခြင်းဖြင့် ပရီမီယံကြေး ထပ်မံပေးသွင်းရန် မလိုဘဲ အကာအကွယ် ရရှိမည်ဖြစ်ကြောင်းသိရသည်။
ပရီမီယံကြေး ပေးသွင်းရာတွင်လည်း အာမခံ ထားသူ အနေဖြင့် Budget Premium (ပရီမီယံ ကို လစဉ်အရစ်ကျ ပေးသွင်းသည့်ပုံစံ) နှင့် Non-Budget Premium (တစ်နှစ်စာကို တစ် ကြိမ်တည်း ပေးသွင်းခြင်းပုံစံ) တို့ ကို ရွေးချယ် ဝယ်ယူထားနိုင်သော အာမခံ အ မျိုးအစား ဖြစ် ကြောင်း သိရသည်။
Housing Insurance Package တွင် ထည့်သွင်းထား‌ သော အကာအကွယ် ၁၄ မျိုးအနက် ရေပိုက်များ ရေ လျှံပျက်စီးခြင်းနှင့် ကာရံထားသည့်မှန်များ ပြုတ်ကျပျက်စီးပါက လျှော်ကြေးငွေ တစ် သိန်းကျပ်သာ ပေး သွား မည်ဖြစ်ပြီး ကျန်အကာအကွယ်များအတွက် သ တ်မှတ်တန်ဖိုးအတိုင်းပေး‌‌လျော်သွားမည်ဖြစ်ကြောင်း သိရသည်။