Friday, April 24, 2020

ဂ်ပန္ႏိုင္ငံတြင္ အမ်ိဳးသားက်န္းမာေရးအာမခံ၌ ကိုဗစ္-၁၉ ေရာဂါစစ္ေဆးမႈကို ထည့္သြင္း

ဧၿပီ ၂၄
ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ COVID-19 ကို ရပ္တန႔္ႏိုင္ေစရန္ ႀကိဳးစားမႈအေနျဖင့္ COVID-19 စစ္ေဆးမႈကို အမ်ိဳးသားက်န္မာေရးအာမခံစနစ္တြင္ ထည့္သြင္းသြားမည္ ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံ က်န္မာေရးဝန္ႀကီးဌာန မွ တရားဝန္ထုတ္ျပန္ေၾကျငာခဲ့သည္။
 COVID-19 စစ္ေဆးဆာင္႐ြက္ရန္ ျပည္သူ႔က်န္းမာေရးစင္တာမွ ေထာက္ခံခ်က္ျဖင့္ စစ္ေဆးေဆာင္႐ြက္ခဲ့သူမ်ားအတြက္ အဆိုပါ စနစ္တြင္ အက်ဳံးဝင္မည္ ျဖစ္ေၾကာင္း က်ိဳတိုသတင္းဌာနတြင္ ေဖာ္ျပပါရွိသည္။
အမ်ိဳးသားက်န္းမာေရးအာမခံ၏ ကနဦးစမ္းသပ္လုပ္ေဆာင္မႈျဖင့္ ျပည္သူက်န္းမာေရးဌာန၏ေထာက္ခံခ်က္မလိုအပ္ေတာ့ပဲ ျပည္သူ႔ေဆး႐ုံ သို႔မဟုတ္ ပုဂၢလိကေဆး႐ုံတြင္လည္းေကာင္း COVID-19 ကိုစစ္ေဆးေဆာင္႐ြက္ရန္ တစ္ဦးခ်င္း စစ္ေဆးႏိုင္ရန္လည္း စီစဥ္ေနသည္။
ဂ်ပန္ႏိုင္ငံက်န္းမာေရးဆိုင္ရာ တာဝန္ရွိသူမ်ားက ထပ္မံ၍ COVID-19 ေရာဂါပိုးကို လက္ရွိစစ္ေဆးေနသည့္ စက္ကိရိယာမ်ားထက္ ပိုမိုျမန္ဆန္စြာစစ္ေဆးႏိုင္ရန္ အသုံးျပဳပစၥည္းမ်ားကိုလည္း ထပ္မံပံ့ပိုးေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။
လက္ရွိဂ်ပန္ႏိုင္ငံတြင္ COVID-19 ေရာဂါပိုးကူးစက္ခံေနရသူ တျဖည္းျဖည္းပိုမိုတိုးပြားလာလွ်က္ရွိေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္လွ်က္ရွိၿပီး ယိုကိုဟားမားပင္လယ္ေအာ္တြင္ ေက်ာက္ခ်ရပ္နားထားသည့္ Diamond Princess အေပ်ာ္စီးသေဘၤာတြင္ Quarantine လုပ္ေဆာင္ေနမႈအေပၚတြင္လည္း ျပည္တြင္းျပည္ပမွ ေဝဖန္မႈမ်ားလည္း ရွိေနသည္။
ေတာင္ကိုရီးယား ႏွင့္တ႐ုတ္ႏိုင္ငံမွ လာေရာက္သူမ်ားအေနျဖင့္ Quarantine ႏွစ္ပါတ္ေနထိုင္ရမည္ျဖစ္ၿပီး ဗီဇာအရ ဆိုင္းငံ့ခံထားရသည့္ ခရီးသြားရာဇဝင္သံသယရွိသူမ်ားပါ ပါဝင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ရွင္ဆိုအာေဘးမွ ေၾကျငာခ်က္ထုတ္ျပန္ထားသည္။
Unicode Version
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကို ရပ်တန့်နိုင်စေရန် ကြိုးစားမှုအနေဖြင့် COVID-19 စစ်ဆေးမှုကို အမျိုးသားကျန်မာရေးအာမခံစနစ်တွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကျန်မာရေးဝန်ကြီးဌာန မှ တရားဝန်ထုတ်ပြန်ကြေငြာခဲ့သည်။
 COVID-19 စစ်ဆေးဆာင်ရွက်ရန် ပြည်သူ့ကျန်းမာရေးစင်တာမှ ထောက်ခံချက်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့သူများအတွက် အဆိုပါ စနစ်တွင် အကျုံးဝင်မည် ဖြစ်ကြောင်း ကျိုတိုသတင်းဌာနတွင် ဖော်ပြပါရှိသည်။
အမျိုးသားကျန်းမာရေးအာမခံ၏ ကနဦးစမ်းသပ်လုပ်ဆောင်မှုဖြင့် ပြည်သူကျန်းမာရေးဌာန၏ထောက်ခံချက်မလိုအပ်တော့ပဲ ပြည်သူ့ဆေးရုံ သို့မဟုတ် ပုဂ္ဂလိကဆေးရုံတွင်လည်းကောင်း COVID-19 ကိုစစ်ဆေးဆောင်ရွက်ရန် တစ်ဦးချင်း စစ်ဆေးနိုင်ရန်လည်း စီစဉ်နေသည်။
ဂျပန်နိုင်ငံကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ထပ်မံ၍ COVID-19 ရောဂါပိုးကို လက်ရှိစစ်ဆေးနေသည့် စက်ကိရိယာများထက် ပိုမိုမြန်ဆန်စွာစစ်ဆေးနိုင်ရန် အသုံးပြုပစ္စည်းများကိုလည်း ထပ်မံပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိဂျပန်နိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက်ခံနေရသူ တဖြည်းဖြည်းပိုမိုတိုးပွားလာလျှက်ရှိသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်လျှက်ရှိပြီး ယိုကိုဟားမားပင်လယ်အော်တွင် ကျောက်ချရပ်နားထားသည့် Diamond Princess အပျော်စီးသင်္ဘောတွင် Quarantine လုပ်ဆောင်နေမှုအပေါ်တွင်လည်း ပြည်တွင်းပြည်ပမှ ဝေဖန်မှုများလည်း ရှိနေသည်။
တောင်ကိုရီးယား နှင့်တရုတ်နိုင်ငံမှ လာရောက်သူများအနေဖြင့် Quarantine နှစ်ပါတ်နေထိုင်ရမည်ဖြစ်ပြီး ဗီဇာအရ ဆိုင်းငံ့ခံထားရသည့် ခရီးသွားရာဇဝင်သံသယရှိသူများပါ ပါဝင်ကြောင်း ဝန်ကြီးချုပ် ရှင်ဆိုအာဘေးမှ ကြေငြာချက်ထုတ်ပြန်ထားသည်။

No comments:

Post a Comment