![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnZdUFA8hF1_Zj7WbFlKsP9Gcg4np4lJ39Igb-4yHv4L0XNXEsouE6dhKnkzxtlYeMZwD8QKN8qRt70lHcac4XHA-Lbw5G8-3BNqJQqDID-j8pcmeArh6V8T9g9fGOjdeONwTM6AwQ_qV8/s320/94228611_558485761754892_5287431231904940032_n.jpg)
အာရွထိပ္တန္း အသက္အာမခံလုပ္ငန္း ႀကီးျဖစ္သည့္ Prudential Corporation Asia လက္ေအာက္ရွိ အပိုင္လုပ္ငန္းခြဲျဖစ္ေသာ Prudential Myanmar Life Insurance Limited မွ လက္ရွိျဖစ္ပြားလ်က္ရွိသည့္ COVID-19 ကူးစက္ေရာဂါ အေျခအေနအရ ၎၏ အာမခံဝန္ေဆာင္မႈ ရယူထားသူမ်ားအားလုံးကို ဗိုင္းရပ္စ္မွတစ္ဆင့္ ျဖစ္ပြားႏိုင္သည့္ ေဘးအႏၲရာယ္မ်ားကို ရင္ဆိုင္ႏိုင္ရန္ COVID-19 ဆိုင္ရာ အပိုေဆာင္း အာမခံအကာအကြယ္ကို အခမဲ့ ေထာက္ပံ့ေပးအပ္သြားမည္ျဖစ္သည္။
COVID-19 အခမဲ့ အာမခံအကာအကြယ္ အစီအစဥ္တြင္ Prudential Myanmar ၏ အသက္အာမခံဝန္ေဆာင္မႈ ရယူထားသူ မည္သူမဆို COVID-19 မေတာ္တဆကူးစက္ခံရသည္ ျဖစ္ေစ၊ ကူးစက္ခံရမႈေၾကာင့္ အသက္ဆုံးရႈံးသည္ျဖစ္ေစ Prudential Myanmar မွ ထပ္ေဆာင္းအက်ိဳးခံစားခြင့္ ကို တစ္ေပါင္းတည္း ေပးအပ္သြားမည္ ျဖစ္ပါသည္။
ဤ အပိုေဆာင္း အာမခံ အကာအကြယ္ အစီအစဥ္ကို အသက္အာမခံရယူထားသူ မည္သူမဆို အလိုအေလ်ာက္ ရရွိမည္ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၁၁ ရက္မတိုင္မီ (သို႔မဟုတ္) ေနာက္ဆုံးထား၍ အသက္အာမခံ အတည္ျပဳ ရယူထားသူျဖစ္ရမည္။ ယခု COVID-19 အာမခံကာကြယ္မႈ အထူးအစီအစဥ္ကို အာမခံစတင္ အသက္ဝင္သည့္ေန႔မွ ရက္ေပါင္း ၉၀ အက်ိဳးခံစား ရရွိမည္ ျဖစ္ပါသည္။
အာမခံထားသူသည္ COVID-19 ၏ ေရာဂါလကၡဏာကို ေတြ႕ရွိေၾကာင္းကို စစ္ေဆးအတည္ျပဳခဲ့ပါက ကြၽႏ္ုပ္တို႔အေနျဖင့္အာမခံ ထားေငြ၏ ၁၀%ကို ထုတ္ေပးမည္ျဖစ္ၿပီး အမ်ားဆုံး ၅ သိန္းအထိ အက်ိဳးခံစားခြင့္ရွိသည္။
အာမခံထားသူသည္ COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးခဲ့ပါက ကြၽႏ္ုပ္တို႔အေနျဖင့္ အာမခံထားေငြ၏ ထပ္ေဆာင္း ၁၀၀% ကိုထုတ္ေပးမည္ျဖစ္ၿပီး အမ်ားဆုံး သိန္း ၅၀ အထိ အက်ိဳးခံစားခြင့္ ရွိသည္။
“ကမာၻတစ္ဝန္း COVID-19 ကူးစက္ေရာဂါ အဆက္မျပတ္ ျဖစ္ပြားေနမႈေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ ျပည္သူေတြရဲ႕ အသက္ေမြးဝမ္းေၾကာင္း ရပ္တည္မႈ ေတြမွာ ႀကီးမားတဲ့ထိခိုက္မႈေတြ ရွိခဲ့ပါတယ္။ က်န္းမာေရးကာကြယ္ေစာင့္
ေရွာက္မႈ အေရးေပၚလိုအပ္ေနတဲ့ အေျခအေနမွာ ကြၽန္ေတာ္တို႔ရဲ႕ အာမခံဝန္ေဆာင္မႈ ရယူသူေတြနဲ႔ သူတို႔ရဲ႕ မိသားစုဝင္ေတြကို က်န္းမာေရးနဲ႔ ေငြေရးေၾကးေရးအတြက္ စိတ္ခ်ႏိုင္ေအာင္ ထိန္းသိမ္းကာကြယ္ေပးသြားဖို႔ ဆက္ၿပီး အေလးထားေဆာင္႐ြက္ သြားမယ္ဆိုတာကို စိတ္ခ်ထားေစခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အခမဲ့ COVID-19 အာမခံအကာအကြယ္က အခုလို ကူးစက္
ေရာဂါႀကီးကို အတူတကြ ရင္ဆိုင္တြန္းလွန္ေနရတဲ့ အခ်ိန္မွာ စိတ္ခ်လုံၿခဳံမႈ ေပးစြမ္းႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။”Prudential Myanmar ၏ CEO ျဖစ္သူ Mr. Asit Rath ကေျပာသည္။
Prudential သည္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ျမန္မာႏိုင္ငံ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ ေပးအပ္ေသာ ႏိုင္ငံျခားသား ရာႏႈန္းျပည့္ပိုင္ဆိုင္သည့္ အသက္အာမခံလုပ္ငန္းမ်ား လုပ္ကိုင္ႏိုင္မည့္ လုပ္ငန္းလိုင္စင္ကို လက္ခံရရွိခဲ့ပါသည္။ Prudential Myanmar အေနျဖင့္ လြယ္ကူ႐ိုးရွင္းသည့္ အာမခံအကာအကြယ္ အမ်ိဳးအစားမ်ားကို ေပးအပ္မည္ျဖစ္ၿပီး အာမခံဝယ္ယူထားသူမ်ား၏ ေငြေၾကးဆိုင္ရာ ရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေစရန္ ကူညီေဆာင္႐ြက္ေပးသြားမည္ ျဖစ္ပါသည္။
Unicode Version
------------------
အာရှထိပ်တန်း အသက်အာမခံလုပ်ငန်း ကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar Life Insurance Limited မှ လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-19 ကူးစက်ရောဂါ အခြေအနေအရ ၎င်း၏ အာမခံဝန်ဆောင်မှု ရယူထားသူများအားလုံးကို ဗိုင်းရပ်စ်မှတစ်ဆင့် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန် COVID-19 ဆိုင်ရာ အပိုဆောင်း အာမခံအကာအကွယ်ကို အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။
COVID-19 အခမဲ့ အာမခံအကာအကွယ် အစီအစဉ်တွင် Prudential Myanmar ၏ အသက်အာမခံဝန်ဆောင်မှု ရယူထားသူ မည်သူမဆို COVID-19 မတော်တဆကူးစက်ခံရသည် ဖြစ်စေ၊ ကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးသည်ဖြစ်စေ Prudential Myanmar မှ ထပ်ဆောင်းအကျိုးခံစားခွင့် ကို တစ်ပေါင်းတည်း ပေးအပ်သွားမည် ဖြစ်ပါသည်။
ဤ အပိုဆောင်း အာမခံ အကာအကွယ် အစီအစဉ်ကို အသက်အာမခံရယူထားသူ မည်သူမဆို အလိုအလျောက် ရရှိမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မတိုင်မီ (သို့မဟုတ်) နောက်ဆုံးထား၍ အသက်အာမခံ အတည်ပြု ရယူထားသူဖြစ်ရမည်။ ယခု COVID-19 အာမခံကာကွယ်မှု အထူးအစီအစဉ်ကို အာမခံစတင် အသက်ဝင်သည့်နေ့မှ ရက်ပေါင်း ၉၀ အကျိုးခံစား ရရှိမည် ဖြစ်ပါသည်။
အာမခံထားသူသည် COVID-19 ၏ ရောဂါလက္ခဏာကို တွေ့ရှိကြောင်းကို စစ်ဆေးအတည်ပြုခဲ့ပါက ကျွန်ုပ်တို့အနေဖြင့်အာမခံ ထားငွေ၏ ၁၀%ကို ထုတ်ပေးမည်ဖြစ်ပြီး အများဆုံး ၅ သိန်းအထိ အကျိုးခံစားခွင့်ရှိသည်။
အာမခံထားသူသည် COVID-19 ကပ်ရောဂါကြောင့် သေဆုံးခဲ့ပါက ကျွန်ုပ်တို့အနေဖြင့် အာမခံထားငွေ၏ ထပ်ဆောင်း ၁၀၀% ကိုထုတ်ပေးမည်ဖြစ်ပြီး အများဆုံး သိန်း ၅၀ အထိ အကျိုးခံစားခွင့် ရှိသည်။
“ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ရောဂါ အဆက်မပြတ် ဖြစ်ပွားနေမှုကြောင့် မြန်မာနိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်း ရပ်တည်မှု တွေမှာ ကြီးမားတဲ့ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ကျန်းမာရေးကာကွယ်စောင့်
ရှောက်မှု အရေးပေါ်လိုအပ်နေတဲ့ အခြေအနေမှာ ကျွန်တော်တို့ရဲ့ အာမခံဝန်ဆောင်မှု ရယူသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကျန်းမာရေးနဲ့ ငွေရေးကြေးရေးအတွက် စိတ်ချနိုင်အောင် ထိန်းသိမ်းကာကွယ်ပေးသွားဖို့ ဆက်ပြီး အလေးထားဆောင်ရွက် သွားမယ်ဆိုတာကို စိတ်ချထားစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခမဲ့ COVID-19 အာမခံအကာအကွယ်က အခုလို ကူးစက်
ရောဂါကြီးကို အတူတကွ ရင်ဆိုင်တွန်းလှန်နေရတဲ့ အချိန်မှာ စိတ်ချလုံခြုံမှု ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။”Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath ကပြောသည်။
Prudential သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လုပ်ငန်းလိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။ Prudential Myanmar အနေဖြင့် လွယ်ကူရိုးရှင်းသည့် အာမခံအကာအကွယ် အမျိုးအစားများကို ပေးအပ်မည်ဖြစ်ပြီး အာမခံဝယ်ယူထားသူများ၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မြောက်စေရန် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
No comments:
Post a Comment