Wednesday, April 22, 2020

ေဝဘာဂီ အထူးကု ေဆး႐ုံႀကီးရွိ က်န္းမာေရး ဝန္ထမ္းမ်ားကို ဧရာဝတီေဖာင္ေဒးရွင္းက လစာ တစ္လစာ ပံ့ပုိး

ရန္ကုန္၊ ဧၿပီ ၂၃
ကမၻာလုံးဆိုင္ရာ ကူးစက္ျမန္ေရာဂါ COVID-19 ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ႏိုင္ေရး ေရွ႕တန္းမွ ႐ြပ္႐ြပ္ခြၽံခြၽံ တာဝန္ထမ္းေဆာင္ လ်က္ရွိေသာ ေဝဘာဂီ အထူးကု ေဆး႐ုံႀကီးမွ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ားကို ဂုဏ္ျပဳေသာအားျဖင့္ ဧရာဝတီ ေဖာင္ေဒးရွင္းမွ ဧၿပီလအတြက္ လုပ္ခလစာ တစ္လစာ ခ်ီးျမႇင့္လႉဒါန္း ခဲ့ေၾကာင္း သိရသည္။
အဆိုပါ က်န္းမာေရး ဝန္ထမ္းမ်ားသည္ အနီးကပ္ ၾကပ္မတ္ကုသ ခံေနရသူ (၂)ဦး အပါအဝင္ COVID-19 လူနာ စုစုေပါင္း (၇၅)ဦးကို ေရာဂါ သက္သာ ေပ်ာက္ကင္းေစရန္ႏွင့္ ထပ္မံကူးစက္ ျပန႔္ပြားျခင္း မရွိေစရန္ ကိုယ္က်ိဳးမငဲ့ဘဲ မရပ္မနား ႀကိဳးပမ္း ေဆာင္႐ြက္ ေနၾကျခင္းျဖစ္သည္။
အထူးကု ဆရာဝန္ႀကီးမ်ား၊ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ အျခား က်န္းမာေရး ဝန္ထမ္းမ်ား၊ အေထြေထြ ဝန္ထမ္း (၁၂၀)ဦးႏွင့္ Volunteer အျဖစ္ လာေရာက္ တာဝန္ ထမ္းေဆာင္ေနၾကေသာ အထူးကု ဆရာဝန္ႀကီးမ်ား၊ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရး ဝန္ထမ္း (၁၅၇)ဦး၊ စုစုေပါင္း (၂၂၇) ဦးအတြက္ ေငြက်ပ္ (၃၇၅)သိန္းကို လွဴဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း ဧရာဝတီေဖာင္ေဒးရွင္းမွ သိရသည္။
ဧရာဝတီ ေဖာင္‌ေဒးရွင္း အေနျဖင့္ ေဝဘာဂီ အထူးကု ေဆး႐ုံႀကီး၏ ကာကြယ္၊ ကုသေရးဆိုင္ရာ အေထာက္အကူျပဳ ပစၥည္းမ်ား ဝယ္ယူႏိုင္ရန္ အတြက္ မတ္လ (၁၈)ရက္ေန႔တြင္ ေငြက်ပ္ သိန္း(၅၀၀)၊ ဧၿပီလ (၁၈)ရက္ေန႔တြင္ ေငြက်ပ္ သိန္း(၂၀၀) အပါအဝင္ စုစုေပါင္း ေငြက်ပ္ (၁၀၇၅)သိန္း ပံ့ပိုးလႉဒါန္းခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ တစ္ႏိုင္ငံလုံးမွ COVID-19 အေရး ေဆာင္႐ြက္ေနၾကေသာ ဆရာဝန္၊ သူနာျပဳမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ား အားလုံးအတြက္ က်န္းမာေရး အာမခံရန္ပုံေငြ အျဖစ္ ေငြက်ပ္ သိန္း(၅၀၀၀)တိတိကို ဗဟိုက်န္းမာေရး ေကာ္မတီသို႔ လႉဒါန္းထားရွိၿပီးျဖစ္သည္။
COVID – 19 ကူးစက္ခံရသူမ်ား၏ သုံးပုံႏွစ္ပုံခန္႔မွာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ လူဦးေရ အသိပ္သည္း ဆုံးျဖစ္သည့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ျဖစ္ၿပီး အတည္ျပဳလူနာအားလုံးကုိ ေဝဘာဂီေဆး႐ုံႀကီးတြင္ တစ္စုတစည္းထားကုသေနျခင္းျဖစ္သည္။
Unicode Version
------------------

ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ရောဂါ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် လျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဧပြီလအတွက် လုပ်ခလစာ တစ်လစာ ချီးမြှင့်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေး ဝန်ထမ်းများသည် အနီးကပ် ကြပ်မတ်ကုသ ခံနေရသူ (၂)ဦး အပါအဝင် COVID-19 လူနာ စုစုပေါင်း (၇၅)ဦးကို ရောဂါ သက်သာ ပျောက်ကင်းစေရန်နှင့် ထပ်မံကူးစက် ပြန့်ပွားခြင်း မရှိစေရန် ကိုယ်ကျိုးမငဲ့ဘဲ မရပ်မနား ကြိုးပမ်း ဆောင်ရွက် နေကြခြင်းဖြစ်သည်။
အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ အခြား ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေ ဝန်ထမ်း (၁၂၀)ဦးနှင့် Volunteer အဖြစ် လာရောက် တာဝန် ထမ်းဆောင်နေကြသော အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်း (၁၅၇)ဦး၊ စုစုပေါင်း (၂၂၇) ဦးအတွက် ငွေကျပ် (၃၇၅)သိန်းကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ သိရသည်။
ဧရာဝတီ ဖောင်‌ဒေးရှင်း အနေဖြင့် ဝေဘာဂီ အထူးကု ဆေးရုံကြီး၏ ကာကွယ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ဝယ်ယူနိုင်ရန် အတွက် မတ်လ (၁၈)ရက်နေ့တွင် ငွေကျပ် သိန်း(၅၀၀)၊ ဧပြီလ (၁၈)ရက်နေ့တွင် ငွေကျပ် သိန်း(၂၀၀) အပါအဝင် စုစုပေါင်း ငွေကျပ် (၁၀၇၅)သိန်း ပံ့ပိုးလှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တစ်နိုင်ငံလုံးမှ COVID-19 အရေး ဆောင်ရွက်နေကြသော ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ အားလုံးအတွက် ကျန်းမာရေး အာမခံရန်ပုံငွေ အဖြစ် ငွေကျပ် သိန်း(၅၀၀၀)တိတိကို ဗဟိုကျန်းမာရေး ကော်မတီသို့ လှူဒါန်းထားရှိပြီးဖြစ်သည်။
COVID – 19 ကူးစက်ခံရသူများ၏ သုံးပုံနှစ်ပုံခန့်မှာ မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ အသိပ်သည်း ဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပြီး အတည်ပြုလူနာအားလုံးကို ဝေဘာဂီဆေးရုံကြီးတွင် တစ်စုတစည်းထားကုသနေခြင်းဖြစ်သည်။


No comments:

Post a Comment