![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh5241a5x0wpwrbK2A1oIZPv7GXmGKbn0-L78Yt9ERh2lXZvR6CKoC7QyDhQjkTS5Fyrh6HGBe6LWzloA3jCBajlrjLDE3E4QNel0aMcUp_J5xfGIHBiAN_lHdECollkevIIPylvLkPBNH/s400/Health+Insurance.jpg)
ပုိမိုက်န္းမာေပ်ာ္ရႊင္ႏိုင္ျခင္း - အေသးအမႊား ေရာဂါျဖစ္ပြားသည္ ျဖစ္ေစ၊ ေရာဂါႀကီးမ်ား ျဖစ္ပြားသည္ျဖစ္ေစ ကုန္က်စရိတ္ကုိ မပူမပင္ မေၾကာင့္ၾကရဘဲ အျမန္ ေဆးဝါးကုသႏိုင္မွာ ျဖစ္တာေၾကာင့္ က်န္းမာေရးကုိ ပုိမိုဂ႐ုစုိက္ႏုိင္လာၿပီး ပုိမိုေပ်ာ္ရႊင္က်န္းမာေသာ ဘဝကုိ ရရွိရန္ အခြင့္အလမ္းမ်ားပါတယ္။
စည္းစိမ္ဥစၥာမ်ားကုိ ကာကြယ္ေစာင့္ေရွာက္ႏိုင္ျခင္း - က်န္းမာေရးကုန္က်စရိတ္ဟာ အလြန္မ်ားျပားတဲ့ ကုန္က်စရိတ္အမ်ဳိးအစားျဖစ္တာေၾကာင့္ ဒီကုန္က်စရိတ္ကုိ ေရွာင္လႊဲႏိုင္ျခင္းျဖင့္ အေရးေပၚေငြေၾကးကုန္က်မႈကုိ ေရွာင္လႊဲႏိုင္တာေၾကာင့္ စုေဆာင္းထားတဲ့ စည္းစိမ္ဥစၥာေတြကုိလည္း အလိုအေလ်ာက္ ကာကြယ္ၿပီး ျဖစ္ပါတယ္။ ဥပမာ အေရးေပၚျဖစ္ပြားတဲ့ က်န္းမာေရးျပႆနာေတြေၾကာင့္ ေရႊ၊ ေငြ၊ အိမ္ၿခံေျမတို႔ကုိ ထုခြဲေရာင္းခ် ေဆးဝါးကုသ ရတဲ့ အျဖစ္မ်ဳိးကုိ ေသခ်ာေပါက္ ေရွာင္လႊဲႏိုင္မွာလည္း ျဖစ္ပါတယ္။
(ခ)အားနည္းခ်က္
လစဥ္ေငြကုန္ေၾကးက်ပုိမိုျခင္း - က်န္းမာေရးအာမခံရဲ႕ အဓိကဆိုးက်ဳိးကေတာ့ ေပးသြင္းေငြကုိ လစဥ္ သုိ႔မဟုတ္ သတ္မွတ္ထားသည့္အတုိင္း ေပးေဆာင္ရျခင္းေၾကာင့္ လစဥ္ေငြကုန္ေၾကးက် ပုိမိုလာမွာျဖစ္ပါတယ္။ ပုိမိုျပည့္စုံ လုံေလာက္သည့္ က်န္းမာေရး အာမခံ အကာအကြယ္ကုိ ရယူေလေလ ေငြေၾကးကုန္က်မႈ ပုိမိုမ်ားျပားေလေလ ျဖစ္ရာ ဝင္ေငြနည္း မိသားစုမ်ားအေနျဖင့္ မိသားစုအားလုံး သုိ႔မဟုတ္ တစ္ဦးခ်င္းဆီအတြက္ပင္ ေငြေၾကးကုန္က် ခံႏိုင္ရန္ခက္ခဲသျဖင့္ အာမခံအကာအကြယ္ကုိ အလုံအေလာက္ရရွိႏိုင္မည္ မဟုတ္ေပ။
မည္သုိ႔ပင္ျဖစ္ေစ COVID-19 လို ကမၻာ့ကပ္ေရာဂါျဖစ္ပြားေနခ်ိန္တြင္မူ က်န္းမာေရးအာမခံ၏ ကုန္က်စရိတ္မွာ မေမွ်ာ္မွန္းႏိုင္တဲ့ အႏၱရာယ္အတြက္ ကုန္က်စရိတ္နဲ႔ ႏႈိင္းစာလ်င္ မေျပာပေလာက္ေပ။ အာမခံကုမၸဏီအသီးသီး ကလည္း က်န္းမာေရးအာမခံနဲ႔ အသက္အာမခံေတြမွာ COVID-19 အကာအကြယ္ကုိ ထည့္သြင္းေပးထားတာ ေၾကာင့္ က်န္းမာေရးအာမခံဟာ လက္တေလာအေျခအေနမွာ ဦးစားေပးဝယ္ယူထားသင့္တဲ့ အကာအကြယ္ တစ္ခုလည္း ျဖစ္ပါတယ္။
Unicode Version
+++++
(က) အားသာချက်
ပိုမိုကျန်းမာပျော်ရွှင်နိုင်ခြင်း - အသေးအမွှား ရောဂါဖြစ်ပွားသည် ဖြစ်စေ၊ ရောဂါကြီးများ ဖြစ်ပွားသည်ဖြစ်စေ ကုန်ကျစရိတ်ကို မပူမပင် မကြောင့်ကြရဘဲ အမြန် ဆေးဝါးကုသနိုင်မှာ ဖြစ်တာကြောင့် ကျန်းမာရေးကို ပိုမိုဂရုစိုက်နိုင်လာပြီး ပိုမိုပျော်ရွှင်ကျန်းမာသော ဘဝကို ရရှိရန် အခွင့်အလမ်းများပါတယ်။
စည်းစိမ်ဥစ္စာများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း - ကျန်းမာရေးကုန်ကျစရိတ်ဟာ အလွန်များပြားတဲ့ ကုန်ကျစရိတ်အမျိုးအစားဖြစ်တာကြောင့် ဒီကုန်ကျစရိတ်ကို ရှောင်လွှဲနိုင်ခြင်းဖြင့် အရေးပေါ်ငွေကြေးကုန်ကျမှုကို ရှောင်လွှဲနိုင်တာကြောင့် စုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေကိုလည်း အလိုအလျောက် ကာကွယ်ပြီး ဖြစ်ပါတယ်။ ဥပမာ အရေးပေါ်ဖြစ်ပွားတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ရွှေ၊ ငွေ၊ အိမ်ခြံမြေတို့ကို ထုခွဲရောင်းချ ဆေးဝါးကုသ ရတဲ့ အဖြစ်မျိုးကို သေချာပေါက် ရှောင်လွှဲနိုင်မှာလည်း ဖြစ်ပါတယ်။
(ခ)အားနည်းချက်
လစဉ်ငွေကုန်ကြေးကျပိုမိုခြင်း - ကျန်းမာရေးအာမခံရဲ့ အဓိကဆိုးကျိုးကတော့ ပေးသွင်းငွေကို လစဉ် သို့မဟုတ် သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရခြင်းကြောင့် လစဉ်ငွေကုန်ကြေးကျ ပိုမိုလာမှာဖြစ်ပါတယ်။ ပိုမိုပြည့်စုံ လုံလောက်သည့် ကျန်းမာရေး အာမခံ အကာအကွယ်ကို ရယူလေလေ ငွေကြေးကုန်ကျမှု ပိုမိုများပြားလေလေ ဖြစ်ရာ ဝင်ငွေနည်း မိသားစုများအနေဖြင့် မိသားစုအားလုံး သို့မဟုတ် တစ်ဦးချင်းဆီအတွက်ပင် ငွေကြေးကုန်ကျ ခံနိုင်ရန်ခက်ခဲသဖြင့် အာမခံအကာအကွယ်ကို အလုံအလောက်ရရှိနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ COVID-19 လို ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်တွင်မူ ကျန်းမာရေးအာမခံ၏ ကုန်ကျစရိတ်မှာ မမျှော်မှန်းနိုင်တဲ့ အန္တရာယ်အတွက် ကုန်ကျစရိတ်နဲ့ နှိုင်းစာလျင် မပြောပလောက်ပေ။ အာမခံကုမ္ပဏီအသီးသီး ကလည်း ကျန်းမာရေးအာမခံနဲ့ အသက်အာမခံတွေမှာ COVID-19 အကာအကွယ်ကို ထည့်သွင်းပေးထားတာ ကြောင့် ကျန်းမာရေးအာမခံဟာ လက်တလောအခြေအနေမှာ ဦးစားပေးဝယ်ယူထားသင့်တဲ့ အကာအကွယ် တစ်ခုလည်း ဖြစ်ပါတယ်။
No comments:
Post a Comment