Saturday, April 25, 2020

၂၀၂၀ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္ ငလ်င္ ၅၆ ႀကိမ္လႈပ္

ရန္ကုန္၊ ဧၿပီ ၂၅
၂၀၂၀ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္းတြင္ ငလ်င္ ၅၆ ႀကိမ္လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။
ယခု ဧၿပီလအတြင္းတြင္ပင္ ငလ်င္လႈပ္ခတ္မႈမွာ ၁၆ ႀကိမ္ရွိခဲ့ၿပီး ဧၿပီလ ၁၅ ရက္ေန႔မွ ဧၿပီလ ၂၄ ရက္အထိအတြင္း ဆက္တိုက္လႈပ္ခတ္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန ေျမငလ်င္ဌာနခြဲမွ စုံစမ္းရရွိသည့္ စာရင္းမ်ားအရ  ၂၀၁၆ ခုႏွစ္တြင္ ေျမငလ်င္ လႈပ္ခတ္မႈ ၄၂ ႀကိမ္ႏွင့္ ၂၀၁၇ ခုႏွစ္တြင္ အႀကိမ္ ၇၀၊ ၂၀၁၈ ခုႏွစ္တြင္ အႀကိမ္ေရ ၁၅၀ ေက်ာ္ ရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္လည္း အႀကိမ္ေရ ၁၆၀ ဝန္းက်င္လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။
၂၀၁၆ ခုႏွစ္ ေခ်ာက္ငလ်င္ေနာက္ပုိင္းမွ စတင္ၿပီး ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ ေျမငလ်င္ အႀကိမ္ေရ ရာႏွင့္ခ်ီ လႈပ္ခတ္ေနခဲ့ေၾကာင္း ျမန္မာႏိုင္ငံေျမငလ်င္ေကာ္မတီ နာယက ေဒၚလွလွဝင္းက ေျပာသည္။
“အမွန္ေတာ့ ၂၀၁၆ ေခ်ာက္က ထုိးစုိက္ဇုန္မွာ လႈပ္သြားတဲ့ ေနာက္ပုိင္း ျမန္မာႏိုင္ငံတစ္ဝွမ္းမွာ ငလ်င္ေတြဟာ ဟုိတုန္းကထက္ ပုိၿပီး လႈပ္လာတာေတြ႕ရတယ္”ဟု ၎က ေျပာသည္။
ဧၿပီလ ၁၆ ရက္ေန႔တြင္ ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ကုိ ဗဟုိျပဳလႈပ္ခတ္ခဲ့သည့္ အင္အား ၆ဒသမ၁ ရစ္ခ်က္တာစေကး ရွိေသာ ငလ်င္သည္ ၂၀၂၀ ခုႏွစ္အတြင္း အင္အားအျပင္းဆုံး ျဖစ္ေသာ္လည္း လူေနက်ဲပါးၿပီး တိုက္တာအေဆာက္အဦးနည္းပါးသျဖင့္ ထိခိုက္ပ်က္ဆီး ရွဳံးမႈနည္းပါးခဲ့သည္။
ျမန္မာႏိုင္ငံသည္ ငလ်င္အႏၱရာယ္ျမင့္မားသည့္ ႏိုင္ငံမ်ားတြင္ အပါအဝင္ျဖစ္ၿပီး အဓိကၿမိဳ႕ႀကီးမ်ားျဖစ္သည့္ ရန္ကုန္ၿမိဳ႕၊ မႏၱေလးၿမိဳ႕ႏွင့္ ေနျပည္ေတာ္တို႔မွာ ငလ်င္ဇုန္မ်ားတြင္ တည့္တည့္မတ္မတ္က်ေရာက္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ငလ်င္အႏၱရာယ္ ႀကိဳတင္ျပင္ဆင္ေရးႏွင့္ တုန္႔ျပန္ေရးစီမံခ်က္တြင္ ေဖာ္ျပထားသည္။
အထပ္ျမင့္တိုက္ခန္းမ်ားျပားသည့္ ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕တို႔တြင္ ေနထိုင္သူမ်ားအေနျဖင့္ ငလ်င္အႏၱရာယ္မွ ပ်က္ဆီးဆုံးရွဳံးမႈမ်ားကုိ ကာကြယ္ရန္အတြက္ ငလ်င္ဆိုင္ရာ အာမခံအကာအကြယ္ကုိ ရယူထားသင့္ေၾကာင္း အာမခံကုိယ္စားလွယ္ တစ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ငလ်င္ဆိုင္ရာအာမခံကုိ သီးသန္႔ေရာင္းခ်ျခင္းထက္ မီးအာမခံ၏ ထပ္ေဆာင္းအကာအကြယ္ အျဖစ္ ရယူႏိုင္သည့္ အာမခံအမ်ဳိးအစားျဖစ္ေၾကာင္း ၎က ေျပာသည္။
Unicode Version
၂၀၁၂ ခုႏွစ္ မတ္လက တာခ်ီလိတ္ၿမိဳ႕နယ္၊
တာေလၿမိဳ႕နယ္ခြဲတြင္ ငလ်င္လႈပ္ခတ္ခဲ့စဥ္ကျမင္ကြင္း
၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်းတွင် ငလျင် ၅၆ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ယခု ဧပြီလအတွင်းတွင်ပင် ငလျင်လှုပ်ခတ်မှုမှာ ၁၆ ကြိမ်ရှိခဲ့ပြီး ဧပြီလ ၁၅ ရက်နေ့မှ ဧပြီလ ၂၄ ရက်အထိအတွင်း ဆက်တိုက်လှုပ်ခတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ စုံစမ်းရရှိသည့် စာရင်းများအရ  ၂၀၁၆ ခုနှစ်တွင် မြေငလျင် လှုပ်ခတ်မှု ၄၂ ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင် အကြိမ် ၇၀၊ ၂၀၁၈ ခုနှစ်တွင် အကြိမ်ရေ ၁၅၀ ကျော် ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း အကြိမ်ရေ ၁၆၀ ဝန်းကျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ချောက်ငလျင်နောက်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံတွင် နှစ်စဉ် မြေငလျင် အကြိမ်ရေ ရာနှင့်ချီ လှုပ်ခတ်နေခဲ့ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီ နာယက ဒေါ်လှလှဝင်းက ပြောသည်။
“အမှန်တော့ ၂၀၁၆ ချောက်က ထိုးစိုက်ဇုန်မှာ လှုပ်သွားတဲ့ နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ ငလျင်တွေဟာ ဟိုတုန်းကထက် ပိုပြီး လှုပ်လာတာတွေ့ရတယ်”ဟု ၎င်းက ပြောသည်။
ဧပြီလ ၁၆ ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ၆ဒသမ၁ ရစ်ချက်တာစကေး ရှိသော ငလျင်သည် ၂၀၂၀ ခုနှစ်အတွင်း အင်အားအပြင်းဆုံး ဖြစ်သော်လည်း လူနေကျဲပါးပြီး တိုက်တာအဆောက်အဦးနည်းပါးသဖြင့် ထိခိုက်ပျက်ဆီး ရှုံးမှုနည်းပါးခဲ့သည်။
မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်မြင့်မားသည့် နိုင်ငံများတွင် အပါအဝင်ဖြစ်ပြီး အဓိကမြို့ကြီးများဖြစ်သည့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့မှာ ငလျင်ဇုန်များတွင် တည့်တည့်မတ်မတ်ကျရောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုန့်ပြန်ရေးစီမံချက်တွင် ဖော်ပြထားသည်။
အထပ်မြင့်တိုက်ခန်းများပြားသည့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် နေထိုင်သူများအနေဖြင့် ငလျင်အန္တရာယ်မှ ပျက်ဆီးဆုံးရှုံးမှုများကို ကာကွယ်ရန်အတွက် ငလျင်ဆိုင်ရာ အာမခံအကာအကွယ်ကို ရယူထားသင့်ကြောင်း အာမခံကိုယ်စားလှယ် တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ငလျင်ဆိုင်ရာအာမခံကို သီးသန့်ရောင်းချခြင်းထက် မီးအာမခံ၏ ထပ်ဆောင်းအကာအကွယ် အဖြစ် ရယူနိုင်သည့် အာမခံအမျိုးအစားဖြစ်ကြောင်း ၎င်းက ပြောသည်။


No comments:

Post a Comment