Labels

Showing posts with label International. Show all posts
Showing posts with label International. Show all posts

Tuesday, May 26, 2020

တရုတ်အာမခံလုပ်ငန်းများ လုပ်သားသစ်များ ထောင်ချီခေါ်ယူ

အက်စ်ဂျူလီမိုး ဘာသာပြန်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးနှင့်ပတ်သက်၍ တရုတ်တစ်မျိုးသားလုံး သတိဝီရိယနိုးကြားစွာရှိနေကြစဉ်တွင် နိုင်ငံအတွင်းရှိ များစွာသော အာမခံလုပ်ငန်းများမှ လုပ်သားသစ်ခေါ်ယူမှုကို တိုးချ့ဲသည့် အစီအစဉ်များကို မကြာသေးခင်က စတင်ခဲ့ကြသည်။
ပင်းအမ်(Ping An) အာမခံကုမ္ပဏီသည် ၎င်း၏ Cloud စနစ်မှတစ်ဆင့် အလုပ်သမားနေရာ နှစ်သောင်း ကျော်ကို ခေါ်ယူခဲ့သည်။
ထို့ပြင် China Life အာမခံကုမ္ပဏီသည်လည်း စီမံခန့်ခွဲမှုကျွမ်းကျင်သူအမြောက်အမြားနှင့် ဘွဲ့ရပြီးစ အယောက် ၂၀၀၀ ကျော်ကို အလုပ်ခန့်အပ်ရန်အတွက် အစီအစဉ် စတင်နေပြီဖြစ်သည်။
ယင်းတို့နှင့် တပြိုင်နက်တည်းပင် မကြာသေးခင်ကမှ ပြန်လည်ဖွဲ့စည်းခဲ့သော Dajia အာမခံအဖွဲ့မှ အလုပ်သမား ၂၀၀၀ နီးပါးခေါ်ယူခန့်အပ်ခဲ့ပြီး Water Drop အာမခံကုမ္ပဏီမှလည်း အလုပ်အသစ်နေရာ ၁၀၀၀ အတွက် ခေါ်ယူခဲ့သေးသည်။
တရုတ်သတင်းမီဒီယာတစ်ခုက ယင်းကဲ့သို့သော လုပ်သားများစွာခေါ်ယူခြင်းသည် တရုတ်နှစ်သစ်ကူးကာလက ဆုံးရံှုးသွားသော အလုပ်သမားများနေရာတွင် အစားထိုးရန်အတွက်ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။
တရုတ်နှစ်သစ်ကူးကာလသည် အာမခံလုပ်ငန်းများအတွက် ရောင်းအားအမြင့်ဆုံးကာလဟု သတ်မှတ်ထားကြ သော်လည်း ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးကြောင့် များစွာသော အာမခံလုပ်ငန်းရှင်များသည် အလုပ်သမားပိုလျှံခြင်းကဲ့သို့သော ပြဿနာများစွာကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းလည်ပတ်ရေးကော်မတီ၏ စစ်တမ်းအရ တရုတ်အာမခံလုပ်ငန်းများမှ ရရှိမည့်အမြတ်ငွေသည် ၂၀၂၀နှစ်စပိုင်းတွင် ခန့်မှန်းခြေ တရုတ်ယွမ် ၁၇သန်း(ဒေါ်လာ သန်း၂၄၀)အထိ ထိုးဆင်းသွားလိမ့်မည်ဟု မျှော်မှန်းထားကြကြောင်း သိရပါသည်။
တရုတ်အာမခံကုမ္ပဏီများက ရောဂါကပ်ဆိုးကြီးသည် အာမခံလုပ်ငန်းများမှရရှိသည့်အမြတ်ငွေအပေါ်သာမက အသက်အာမခံလုပ်ငန်းများကြီးထွားမှုအပေါ်ကိုလည်း များစွာအကျိုးသက်ရောက်လျက်ရှိကြောင်း ယုံကြည်နေ ကြပါသည်။
ထိုစဉ်အတောအတွင်း ကျန်းမာရေးအာမခံလုပ်ငန်းရှင်များသည်လည်း ကပ်ဆိုးကာလအတွင်း သိသာထင်ရှား စွာ လုပ်ငန်းကြီးပွားလာကြောင်း ၊ အာမခံငွေပေးချေခြင်း ၊ ITကျွမ်းကျင်သူများတိုးများလာခြင်းတို့ကြောင့် သူတို့၏အစီအစဉ်ကို အလျှင်အမြန်ပြောင်းလဲဖို့လိုနေပြီဖြစ်ကြောင်း ဖော်ပြသွားခဲ့ကြသည်။
Zawgyi Version
တ႐ုတ္အာမခံလုပ္ငန္းမ်ား လုပ္သားသစ္မ်ား ေထာင္ခ်ီေခၚယူ
*****************
အက္စ္ဂ်ဴလီမိုး ဘာသာျပန္သည္။
ကိုရိုနာဗိုင္းရပ္စ္ေရာဂါဆိုးႏွင့္ပတ္သက္၍ တရုတ္တစ္မ်ိဳးသားလံုး သတိဝီရိယႏိုးၾကားစြာရိွေနၾကစဥ္တြင္ ႏိုင္ငံအတြင္းရိွ မ်ားစြာေသာ အာမခံလုပ္ငန္းမ်ားမွ လုပ္သားသစ္ေခၚယူမႈကို တိုးခ်႕ဲသည့္ အစီအစဥ္မ်ားကုိ မၾကာေသးခင္က စတင္ခ့ဲၾကသည္။
ပင္းအမ္(Ping An) အာမခံကုမၸဏီသည္ ၎၏ Cloud စနစ္မွတစ္ဆင့္ အလုပ္သမားေနရာ ႏွစ္ေသာင္း ေက်ာ္ကို ေခၚယူခ့ဲသည္။
ထို႔ျပင္ China Life အာမခံကုမၸဏီသည္လည္း စီမံခန္႔ခြဲမႈကြ်မ္းက်င္သူအေျမာက္အျမားႏွင့္ ဘြဲ႕ရၿပီးစ အေယာက္ ၂၀၀၀ ေက်ာ္ကို အလုပ္ခန္႔အပ္ရန္အတြက္ အစီအစဥ္ စတင္ေနၿပီျဖစ္သည္။
ယင္းတို႔ႏွင့္ တၿပိဳင္နက္တည္းပင္ မၾကာေသးခင္ကမွ ျပန္လည္ဖြဲ႕စည္းခ့ဲေသာ Dajia အာမခံအဖြဲ႕မွ အလုပ္သမား ၂၀၀၀ နီးပါးေခၚယူခန္႔အပ္ခ့ဲၿပီး Water Drop အာမခံကုမၸဏီမွလည္း အလုပ္အသစ္ေနရာ ၁၀၀၀ အတြက္ ေခၚယူခ့ဲေသးသည္။
တရုတ္သတင္းမီဒီယာတစ္ခုက ယင္းက့ဲသို႔ေသာ လုပ္သားမ်ားစြာေခၚယူျခင္းသည္ တရုတ္ႏွစ္သစ္ကူးကာလက ဆံုးရံွဳးသြားေသာ အလုပ္သမားမ်ားေနရာတြင္ အစားထိုးရန္အတြက္ျဖစ္ႏိုင္ေၾကာင္း ေဖာ္ျပခဲ့သည္။
တရုတ္ႏွစ္သစ္ကူးကာလသည္ အာမခံလုပ္ငန္းမ်ားအတြက္ ေရာင္းအားအျမင့္ဆံုးကာလဟု သတ္မွတ္ထားၾက ေသာ္လည္း ကိုဗစ္-၁၉ ေရာဂါကပ္ဆိုးႀကီးေၾကာင့္ မ်ားစြာေသာ အာမခံလုပ္ငန္းရွင္မ်ားသည္ အလုပ္သမားပိုလွ်ံျခင္းက့ဲသို႔ေသာ ျပႆနာမ်ားစြာကို ရင္ဆိုင္ခဲ့ရျခင္းျဖစ္သည္။
တရုတ္ဘဏ္လုပ္ငန္းႏွင့္ အာမခံလုပ္ငန္းလည္ပတ္ေရးေကာ္မတီ၏ စစ္တမ္းအရ တရုတ္အာမခံလုပ္ငန္းမ်ားမွ ရရိွမည့္အျမတ္ေငြသည္ ၂၀၂၀ႏွစ္စပိုင္းတြင္ ခန္႔မွန္းေျခ တရုတ္ယြမ္ ၁၇သန္း(ေဒၚလာ သန္း၂၄၀)အထိ ထိုးဆင္းသြားလိမ့္မည္ဟု ေမွ်ာ္မွန္းထားၾကေၾကာင္း သိရပါသည္။
တရုတ္အာမခံကုမၸဏီမ်ားက ေရာဂါကပ္ဆိုးႀကီးသည္ အာမခံလုပ္ငန္းမ်ားမွရရိွသည့္အျမတ္ေငြအေပၚသာမက အသက္အာမခံလုပ္ငန္းမ်ားႀကီးထြားမႈအေပၚကိုလည္း မ်ားစြာအက်ိဳးသက္ေရာက္လ်က္ရိွေၾကာင္း ယံုၾကည္ေန ၾကပါသည္။
ထိုစဥ္အေတာအတြင္း က်န္းမာေရးအာမခံလုပ္ငန္းရွင္မ်ားသည္လည္း ကပ္ဆိုးကာလအတြင္း သိသာထင္ရွား စြာ လုပ္ငန္းႀကီးပြားလာေၾကာင္း ၊ အာမခံေငြေပးေခ်ျခင္း ၊ ITကြ်မ္းက်င္သူမ်ားတိုးမ်ားလာျခင္းတို႔ေၾကာင့္ သူတို႔၏အစီအစဥ္ကို အလွ်င္အျမန္ေျပာင္းလဲဖို႔လိုေနၿပီျဖစ္ေၾကာင္း ေဖာ္ျပသြားခ့ဲၾကသည္။
Ref: Asia Insurance Review
Myanmar Insurance News Editorial Team မွ Translator ရာထူးအတြက္ ေလ်ာက္ထားသူမ်ားအနက္ အႀကိဳ ေရြးခ်ယ္ထားသူ မအက္စ္ဂ်ဴလီမိုး၏ ဘာသာျပန္ေဆာင္းပါးျဖစ္သည္။

Monday, May 25, 2020

လော့ခ်ဒေါင်းတွေ ပြန်ဖွင့်ပေးလိုက်ချိန်မှာ Agent တွေနဲ့ Broker တွေ ပိုပြီး နေရာရလာနိုင်

ခင်ထက်ထက်ခိုင် ဘာသာပြန်သည်
နိုင်ငံအများစုက ယာယီပိတ်ဆို့ထားမှုတွေကို ပြန်လည်ဖွင့်ပေးလိုက်ချိန်မှာ  ကမ္ဘာ့စီးပွားရေးတံခါးတွေက လွန်ခဲ့တဲ့ နှစ်လတုန်းကနဲ့ လုံးဝမတူတော့ပါဘူး။ ဥပမာ အိမ်နီးချင်းနို
င်ငံမှာရှိတဲ့ စီးပွားရေးတွေက နောက်ထပ်တစ်ကြိမ် ပြန်လည်ပါတ်ချင်မှ လည်ပါတ်နိုင်ပါတော့မယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ် (၅၀) အနက် (၂၂) ပြည်နယ်က အသေးစားစီးပွားရေးလုပ်ငန်းတွေဟာ COVID-19 ကြောင့် ဆုံးရှုံးမှုများနိုင်တဲ့ အန္တရာယ်မှာရှိနေတယ်လို့ McKinsey & Company အဖွဲ့က ခန့်မှန်းထားပါတယ်။ ဒီအခြေအနေဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေအတွက်လည်း ကောင်းမွန်တဲ့ အနေအထားတစ်ခုမဟုတ်ပါဘူး။
မတ်လတုန်းက ကနေဒါနိုင်ငံမှာရှိတဲ့ Canadian Federation of Independent Businesses (CFIB) အဖွဲ့ဝင် (၉၆၇၈) ယောက်ကို  စစ်တမ်းတစ်ခုကောက်ယူခဲ့ပါတယ်။ ထိုစစ်တမ်းအရ ပိတ်ထားရတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးပုံတစ်ပုံခန့်က ပြန်ဖွင့်နိုင်ဖို့ မသေချာကြဘူးလို့ ဖော်ပြထားပါတယ်။ တစ်ချိန်ထဲမှာပဲ ဩစတြေးလျနိုင်ငံမှာရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေ ထုတ်ပြန်ပေးတဲ့ အဖွဲ့အစည်းတွေက ကဏ္ဍအသီးသီးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ကပ်ရောဂါကြီးကြောင့် ငွေစီးဆင်းမှုနဲ့ ဝင်ငွေတွေမှာ ထိခိုက်မှုတွေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဥရောပတစ်ဝှမ်းမှာရှိတဲ့ စီးပွားရေးတွေကလည်း အလားတူစွာပါပဲ။ အာရှနိုင်ငံတွေမှာလည်း ကားလမ်းပိတ်တာတွေ လနဲ့ချီ လျော့နည်းသွားရခြင်းက ခရီးသွားတွေအကုန်လုံး နွေရာသီအားလပ်ရက်မှာ အိမ်မှာပဲ နေနေကြရလို့ဖြစ်ကြောင်း ပြောထားပါတယ်။
ကပ်ကြီးအတွင်း ပေါ်ပေါက်လာတဲ့ စစချင်းအခက်အခဲတွေမှာ အသေးစားလုပ်ငန်းတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ Agent တွေ၊ Broker တွေအတွက် တော်တော်အရေးကြီးပါတယ်။ Agent တွေ၊ Broker တွေနဲ့ အလုပ်လုပ်ကိုင်သူအများစုက SMBs လို့ခေါ်တဲ့ အသေးစားလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တာကြောင့် အလွန်အရေးပါနေတာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို (၉၀) ရာခိုင်နှုန်းနဲ့ အထက်က အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ဖွဲ့စည်းထားတာကလည်း တစ်ကြောင်းဖြစ်ပါတယ်။
SMBs တွေအနေနဲ့ ပြီးခဲ့တဲ့ ကာလရှည် လော့ခ်ဒေါင်းမှာ ခံနိုင်ခဲ့တယ်ဆိုရင်တောင်မှ ရေရှည်အောင်မြင်ဖို့အတွက် စဉ်းစားထားဖို့လိုပါတယ်။ ရေရှည်အောင်မြင်မှုက နောက်ထပ်ပိတ်ဆို့မှုတွေ ထပ်ဖြစ်လာတဲ့အခါ ဘယ်လို စွမ်းဆောင်သွားနိုင်မလဲဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က ဒုတိယလှိုင်းအနေနဲ့ နွေဦးရာသီမှာ ပြန်လည်ရိုက်ခတ်နိုင်ကြောင်း ပညာရှင်တွေက သတိပေးထားတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
ဒီလိုအခက်အခဲတွေကြောင့်  ကပ်ကြီးအတွင်းမှာရော၊ ကပ်ကြီးပြီးတဲ့အချိန်မှာပါ Agent တွေနဲ့ Broker တွေက စီးပွားရေးလုပ်ငန်းတွေကို အကူအညီပေးနိုင်တဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာကျရောက်လာကြပါတယ်။ အခုအချိန်မှာအာမခံထားသူ အများစုဟာ သူတို့ရဲ့ အာမခံနဲ့ပါတ်သတ်ပြီး အာမခံအကြံပေးတွေဆီမှာ  မေးခွန်းတွေအများကြီးမေးနေကြပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုအာမခံတွေက  ရုံးခန်းတွေ ဆိုင်တွေကို အချိန်အကြာကြီး ပိတ်ထားရတဲ့အချိန်မှာ ဖောက်ထွင်းခိုးယူမှုတွေဖြစ်ခဲ့ရင် ဖြေရှင်းပေးသလိုမျိုး  စီးပွားရေးလုပ်ငန်းတုံ့ဆိုင်းမှုတွေနဲ့ COVID-19 ကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုပါ အာမခံပေးလားဆိုတာ အများစုက သိချင်လာကြပါတယ်။
ကမ္ဘာတစ်ဝှမ်းဖြစ်ပွားခဲ့တဲ့ ကျန်းမာရေးကပ်ဘေးကြောင့် တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ရော လုပ်ငန်းတိုင်းပါ ထိခိုက်ဆုံးရှုံးမှုတွေ ရှိခဲ့ကြပါတယ်။ ဒီလိုအချိန်မှာ အာမခံ Agent တွေနဲ့ Broker တွေက စီးပွားရေးလုပ်ငန်းတွေအတွက် အယုံကြည်ရဆုံး အကြံပေးတွေဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ အာမခံထားရှိသူတွေနဲ့ ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ပြီး Agent တွေနဲ့ Broker တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါတယ်ဆိုတာ ပြန်လည်သိသာလာအောင် ပြုလုပ်ရပါမယ်။ အာမခံကုမ္မဏီတွေက ကပ်ရောဂါနဲ့ပါတ်သတ်ပြီး ထုတ်ပြန်ကြေညာထားတဲ့ အမျိုးအစားအကြောင်းအရာတွေကို အွန်လိုင်းကပဲဖြစ်ဖြစ်ရှာဖွေပြီး ပိုနားလည်အောင်လုပ်ထားမယ်ဆိုရင် ကိုယ့်ဖောက်သည်တွေကို အကျိုးအမြတ်ရနိုင်အောင် ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။
Agent တွေနဲ့ Broker တွေ ကူညီပေးနိုင်တဲ့နောက်တစ်ချက်ကတော့ လော့ခ်ဒေါင်းတွေဖြေလျော့လိုက်တဲ့အခါ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ လုပ်ငန်းတွေ ပြန်လည်ပါတ်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဘယ်လုပ်ငန်းအမျိုးအစားတွေကို အစိုးရက ငွေကြေးထောက်ပံ့ကူညီပေးနေတယ်၊ ပစ္စည်းပျက်စီးခြင်းနှင့် လုပ်ငန်းရပ်ဆိုင်းဆုံးရှုံးမှုအာမခံတွေက ဘယ်လိုအနေအထားနဲ့ တုံ့ပြန်နိုင်တယ်၊ ဘယ်လို အဆင့်တွေနဲ့သွားရင် အာမခံလျော်ကြေးရနိုင်တယ် စသဖြင့်ကို ကူညီလမ်းညွှန်ပေးနိုင်ရပါမယ်။
 ဒါ့အပြင် Agent တွေ၊ Broker တွေ အနေနဲ့ တက်ကျွမ်းတဲ့ စီမံခန့်ခွဲမှုစွမ်းရည်တွေကို အသုံးချပြီး လုပ်ငန်းတစ်ခု ကျရောက်နိုင်တဲ့ အန္တရာယ်ကို ကြိုတင်တွေးဆထားရပါမယ်။ အာမခံထားရှိသူတွေရဲ့ လုပ်ငန်းကို အာမခံဖြေရှင်းချက်ပေးဖို့တစ်ခုထဲနဲ့ ကူညီဖို့မလုံလောက်တော့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုက နှစ်တော်တော်ကြာအောင် ရှိနေဦးမှာ ဖြစ်တဲ့အတွက် လုပ်ငန်းတွေအနေနဲ့ ရှေ့နှစ်တွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုအန္တရာယ်ကို ကြိုတင်တွက်ဆထားဖို့လိုလာပါပြီ။ နောက်ထပ် COVID-19 ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတွေ ဖြစ်လာပြီး ပိတ်ဆို့မှုတွေ ထပ်ဖြစ်ခဲ့ရင် စီးပွားရေးလုပ်ငန်းတွေနေနဲ့ မိမိဝန်ထမ်းတွေနဲ့ ဝယ်ယူအားပေးသူတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း သိဖို့လိုလာပါပြီ။ Agent တွေနဲ့ Broker တွေဆီမှာ စုဆောင်းထားတဲ့ အချက်အလက်တွေ အများကြီးရှိတာကြောင့် အာမခံထားရှိသူတွေကို လိုအပ်တဲ့ အချက်အလက်တွေ ပြောပြပေးလို့ရပါတယ်။
အာမခံထားရှိသူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းအမျိုးမျိုးကိုလည်း သိရှိထားဖို့ကလည်း အရေးကြီးပါတယ်။ အွန်လိုင်းပေါ်မှာ မိတ်ဆွေအဖြစ် ရှိနေမယ်ဆိုရင် Agent တွေ၊ Broker တွေက ပိုရှာရလွယ်ပြီး client တွေ သဘောကျတဲ့ ဘယ်ဆက်သွယ်မှုလမ်းကြောင်းကနေမဆို ထိထိရောက်ရောက်လည်း တုန့်ပြန်နိုင်ပါတယ်။
အာမခံလုပ်ငန်းနယ်ပါယ်မှာ ကျွမ်းကျင်သူတွေက အပေါ်ကနည်းလမ်းအချို့ (သို့) အကုန်လုံးကို အသုံးပြုနေကြပါပြီ။ ဒါပေမယ့် ကပ်ကြီးက ပြီးဆုံးယောင်မမြင်သေးဘူးဆိုပြီး သူတို့ရဲ့ အားတွေကိုတော့ မလျှော့လိုက်ကြပါဘူး။ အခုလိုအချိန်မှာ Agent တွေ Broker တွေက client တွေကို အမြဲ သတင်းအချက်အလက်တွေပေးနေပြီး သူတို့အတွက် အမြဲရှိအသင့်ရှိနေတာကို သိရတဲ့အခါ အာမခံထားရှိသူတွေအနေနဲ့ သဘောကျကြပါတယ်။ ဒါပေမယ့် ထိုလုပ်ရပ်တွေဟာ အာမခံလုပ်ငန်း ရေရှည်ခိုင်မြဲတည်တံဖို့အတွက်လည်း အရေးကြီးတဲ့ စွမ်းဆောင်ချက်တွေဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အာမခံအေဂျင်စီလုပ်ငန်းတွေကလည်း အသေးစားလုပ်ငန်းတွေပဲဖြစ်တဲ့အတွက် အခုချိန်မှာ စတင်မလုပ်ဆောင်ဘူးဆိုရင် ကိုယ့်ရဲ့ကိုယ်ပိုင်တံခါးတွေလည်း မကြာခင်မှာ ပိတ်သွားနိုင်ပါတယ်။

Zawgyi Version
ေလာ့ခ္ေဒါင္းေတြ ျပန္ဖြင့္ေပးလိုက္ခ်ိန္မွာ Agent ေတြနဲ႔ Broker ေတြ ပိုၿပီး ေနရာရလာႏိုင္
************
ႏိုင္ငံအမ်ားစုက ယာယီပိတ္ဆို႔ထားမႈေတြကို ျပန္လည္ဖြင့္ေပးလိုက္ခ်ိန္မွာ  ကမာၻ႔စီးပြားေရးတံခါးေတြက လြန္ခဲ့တဲ့ ႏွစ္လတုန္းကနဲ႔ လုံးဝမတူေတာ့ပါဘူး။ ဥပမာ အိမ္နီးခ်င္းႏိုင္ငံမွာရွိတဲ့ စီးပြားေရးေတြက ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ပါတ္ခ်င္မွ လည္ပါတ္ႏိုင္ပါေတာ့မယ္။ အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ျပည္နယ္ (၅၀) အနက္ (၂၂) ျပည္နယ္က အေသးစားစီးပြားေရးလုပ္ငန္းေတြဟာ COVID-19 ေၾကာင့္ ဆုံးရႈံးမႈမ်ားႏိုင္တဲ့ အႏၲရာယ္မွာရွိေနတယ္လို႔ McKinsey & Company အဖြဲ႕က ခန႔္မွန္းထားပါတယ္။ ဒီအေျခအေနဟာ ကမာၻေပၚက တျခားႏိုင္ငံေတြအတြက္လည္း ေကာင္းမြန္တဲ့ အေနအထားတစ္ခုမဟုတ္ပါဘူး။
မတ္လတုန္းက ကေနဒါႏိုင္ငံမွာရွိတဲ့ Canadian Federation of Independent Businesses (CFIB) အဖြဲ႕ဝင္ (၉၆၇၈) ေယာက္ကို  စစ္တမ္းတစ္ခုေကာက္ယူခဲ့ပါတယ္။ ထိုစစ္တမ္းအရ ပိတ္ထားရတဲ့ စီးပြားေရးလုပ္ငန္းေတြရဲ႕ သုံးပုံတစ္ပုံခန႔္က ျပန္ဖြင့္ႏိုင္ဖို႔ မေသခ်ာၾကဘူးလို႔ ေဖာ္ျပထားပါတယ္။ တစ္ခ်ိန္ထဲမွာပဲ ဩစေၾတးလ်ႏိုင္ငံမွာရွိတဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြ ထုတ္ျပန္ေပးတဲ့ အဖြဲ႕အစည္းေတြက က႑အသီးသီးမွာရွိတဲ့ စီးပြားေရးလုပ္ငန္းေတြရဲ႕ သုံးပုံႏွစ္ပုံခန႔္ဟာ ကပ္ေရာဂါႀကီးေၾကာင့္ ေငြစီးဆင္းမႈနဲ႔ ဝင္ေငြေတြမွာ ထိခိုက္မႈေတြရွိေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဥေရာပတစ္ဝွမ္းမွာရွိတဲ့ စီးပြားေရးေတြကလည္း အလားတူစြာပါပဲ။ အာရွႏိုင္ငံေတြမွာလည္း ကားလမ္းပိတ္တာေတြ လနဲ႔ခ်ီ ေလ်ာ့နည္းသြားရျခင္းက ခရီးသြားေတြအကုန္လုံး ေႏြရာသီအားလပ္ရက္မွာ အိမ္မွာပဲ ေနေနၾကရလို႔ျဖစ္ေၾကာင္း ေျပာထားပါတယ္။
ကပ္ႀကီးအတြင္း ေပၚေပါက္လာတဲ့ စစခ်င္းအခက္အခဲေတြမွာ အေသးစားလုပ္ငန္းေတြအေနနဲ႔ ဘယ္လိုရင္ဆိုင္ေျဖရွင္းမလဲဆိုတာ Agent ေတြ၊ Broker ေတြအတြက္ ေတာ္ေတာ္အေရးႀကီးပါတယ္။ Agent ေတြ၊ Broker ေတြနဲ႔ အလုပ္လုပ္ကိုင္သူအမ်ားစုက SMBs လို႔ေခၚတဲ့ အေသးစားလုပ္ငန္းလုပ္ကိုင္သူေတြျဖစ္တာေၾကာင့္ အလြန္အေရးပါေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ စီးပြားေရးကို (၉၀) ရာခိုင္ႏႈန္းနဲ႔ အထက္က အေသးစားစီးပြားေရးလုပ္ငန္းေတြနဲ႔ ဖြဲ႕စည္းထားတာကလည္း တစ္ေၾကာင္းျဖစ္ပါတယ္။
SMBs ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ကာလရွည္ ေလာ့ခ္ေဒါင္းမွာ ခံႏိုင္ခဲ့တယ္ဆိုရင္ေတာင္မွ ေရရွည္ေအာင္ျမင္ဖို႔အတြက္ စဥ္းစားထားဖို႔လိုပါတယ္။ ေရရွည္ေအာင္ျမင္မႈက ေနာက္ထပ္ပိတ္ဆို႔မႈေတြ ထပ္ျဖစ္လာတဲ့အခါ ဘယ္လို စြမ္းေဆာင္သြားႏိုင္မလဲဆိုတဲ့ အေပၚမွာမူတည္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္က ဒုတိယလႈိင္းအေနနဲ႔ ေႏြဦးရာသီမွာ ျပန္လည္႐ိုက္ခတ္ႏိုင္ေၾကာင္း ပညာရွင္ေတြက သတိေပးထားတဲ့အတြက္ေၾကာင့္လည္း ျဖစ္ပါတယ္။
ဒီလိုအခက္အခဲေတြေၾကာင့္  ကပ္ႀကီးအတြင္းမွာေရာ၊ ကပ္ႀကီးၿပီးတဲ့အခ်ိန္မွာပါ Agent ေတြနဲ႔ Broker ေတြက စီးပြားေရးလုပ္ငန္းေတြကို အကူအညီေပးႏိုင္တဲ့ အေရးႀကီးတဲ့အခန္းက႑မွာက်ေရာက္လာၾကပါတယ္။ အခုအခ်ိန္မွာအာမခံထားသူ အမ်ားစုဟာ သူတို႔ရဲ႕ အာမခံနဲ႔ပါတ္သတ္ၿပီး အာမခံအႀကံေပးေတြဆီမွာ  ေမးခြန္းေတြအမ်ားႀကီးေမးေနၾကပါတယ္။ သူတို႔ရဲ႕ ပိုင္ဆိုင္မႈအာမခံေတြက  ႐ုံးခန္းေတြ ဆိုင္ေတြကို အခ်ိန္အၾကာႀကီး ပိတ္ထားရတဲ့အခ်ိန္မွာ ေဖာက္ထြင္းခိုးယူမႈေတြျဖစ္ခဲ့ရင္ ေျဖရွင္းေပးသလိုမ်ိဳး  စီးပြားေရးလုပ္ငန္းတုံ႔ဆိုင္းမႈေတြနဲ႔ COVID-19 ေၾကာင့္ျဖစ္ေပၚလာတဲ့ ျပႆနာေတြကိုပါ အာမခံေပးလားဆိုတာ အမ်ားစုက သိခ်င္လာၾကပါတယ္။
ကမာၻတစ္ဝွမ္းျဖစ္ပြားခဲ့တဲ့ က်န္းမာေရးကပ္ေဘးေၾကာင့္ တစ္ဦးတစ္ေယာက္ခ်င္းစီအေနနဲ႔ေရာ လုပ္ငန္းတိုင္းပါ ထိခိုက္ဆုံးရႈံးမႈေတြ ရွိခဲ့ၾကပါတယ္။ ဒီလိုအခ်ိန္မွာ အာမခံ Agent ေတြနဲ႔ Broker ေတြက စီးပြားေရးလုပ္ငန္းေတြအတြက္ အယုံၾကည္ရဆုံး အႀကံေပးေတြျဖစ္လာပါတယ္။ ဒီလိုအခ်ိန္မွာ အာမခံထားရွိသူေတြနဲ႔ ဆက္ဆံေရးေတြ ျပန္လည္တည္ေဆာက္ၿပီး Agent ေတြနဲ႔ Broker ေတြရဲ႕ အခန္းက႑က ဘယ္ေလာက္အေရးပါတယ္ဆိုတာ ျပန္လည္သိသာလာေအာင္ ျပဳလုပ္ရပါမယ္။ အာမခံကုမၼဏီေတြက ကပ္ေရာဂါနဲ႔ပါတ္သတ္ၿပီး ထုတ္ျပန္ေၾကညာထားတဲ့ အမ်ိဳးအစားအေၾကာင္းအရာေတြကို အြန္လိုင္းကပဲျဖစ္ျဖစ္ရွာေဖြၿပီး ပိုနားလည္ေအာင္လုပ္ထားမယ္ဆိုရင္ ကိုယ့္ေဖာက္သည္ေတြကို အက်ိဳးအျမတ္ရႏိုင္ေအာင္ ကူညီေပးႏိုင္မွာပဲျဖစ္ပါတယ္။
Agent ေတြနဲ႔ Broker ေတြ ကူညီေပးႏိုင္တဲ့ေနာက္တစ္ခ်က္ကေတာ့ ေလာ့ခ္ေဒါင္းေတြေျဖေလ်ာ့လိုက္တဲ့အခါ ေဘးအႏၲရာယ္ကင္းရွင္းစြာနဲ႔ လုပ္ငန္းေတြ ျပန္လည္ပါတ္ႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ဘယ္လုပ္ငန္းအမ်ိဳးအစားေတြကို အစိုးရက ေငြေၾကးေထာက္ပံ့ကူညီေပးေနတယ္၊ ပစၥည္းပ်က္စီးျခင္းႏွင့္ လုပ္ငန္းရပ္ဆိုင္းဆုံးရႈံးမႈအာမခံေတြက ဘယ္လိုအေနအထားနဲ႔ တုံ႔ျပန္ႏိုင္တယ္၊ ဘယ္လို အဆင့္ေတြနဲ႔သြားရင္ အာမခံေလ်ာ္ေၾကးရႏိုင္တယ္ စသျဖင့္ကို ကူညီလမ္းၫႊန္ေပးႏိုင္ရပါမယ္။
 ဒါ့အျပင္ Agent ေတြ၊ Broker ေတြ အေနနဲ႔ တက္ကြၽမ္းတဲ့ စီမံခန႔္ခြဲမႈစြမ္းရည္ေတြကို အသုံးခ်ၿပီး လုပ္ငန္းတစ္ခု က်ေရာက္ႏိုင္တဲ့ အႏၲရာယ္ကို ႀကိဳတင္ေတြးဆထားရပါမယ္။ အာမခံထားရွိသူေတြရဲ႕ လုပ္ငန္းကို အာမခံေျဖရွင္းခ်က္ေပးဖို႔တစ္ခုထဲနဲ႔ ကူညီဖို႔မလုံေလာက္ေတာ့ပါဘူး။ စီးပြားေရးလုပ္ငန္းေတြမွာ ကို႐ိုနာဗိုင္းရပ္စ္႐ိုက္ခတ္မႈက ႏွစ္ေတာ္ေတာ္ၾကာေအာင္ ရွိေနဦးမွာ ျဖစ္တဲ့အတြက္ လုပ္ငန္းေတြအေနနဲ႔ ေရွ႕ႏွစ္ေတြမွာ ျဖစ္ေပၚလာႏိုင္တဲ့ ဆုံးရႈံးမႈအႏၲရာယ္ကို ႀကိဳတင္တြက္ဆထားဖို႔လိုလာပါၿပီ။ ေနာက္ထပ္ COVID-19 ဒုတိယလႈိင္းနဲ႔ တတိယလႈိင္းေတြ ျဖစ္လာၿပီး ပိတ္ဆို႔မႈေတြ ထပ္ျဖစ္ခဲ့ရင္ စီးပြားေရးလုပ္ငန္းေတြေနနဲ႔ မိမိဝန္ထမ္းေတြနဲ႔ ဝယ္ယူအားေပးသူေတြကို ဘယ္လိုကာကြယ္ရမလဲဆိုတာလည္း သိဖို႔လိုလာပါၿပီ။ Agent ေတြနဲ႔ Broker ေတြဆီမွာ စုေဆာင္းထားတဲ့ အခ်က္အလက္ေတြ အမ်ားႀကီးရွိတာေၾကာင့္ အာမခံထားရွိသူေတြကို လိုအပ္တဲ့ အခ်က္အလက္ေတြ ေျပာျပေပးလို႔ရပါတယ္။

အာမခံထားရွိသူေတြနဲ႔ ဆက္သြယ္ႏိုင္မယ့္ နည္းလမ္းအမ်ိဳးမ်ိဳးကိုလည္း သိရွိထားဖို႔ကလည္း အေရးႀကီးပါတယ္။ အြန္လိုင္းေပၚမွာ မိတ္ေဆြအျဖစ္ ရွိေနမယ္ဆိုရင္ Agent ေတြ၊ Broker ေတြက ပိုရွာရလြယ္ၿပီး client ေတြ သေဘာက်တဲ့ ဘယ္ဆက္သြယ္မႈလမ္းေၾကာင္းကေနမဆို ထိထိေရာက္ေရာက္လည္း တုန႔္ျပန္ႏိုင္ပါတယ္။
အာမခံလုပ္ငန္းနယ္ပါယ္မွာ ကြၽမ္းက်င္သူေတြက အေပၚကနည္းလမ္းအခ်ိဳ႕ (သို႔) အကုန္လုံးကို အသုံးျပဳေနၾကပါၿပီ။ ဒါေပမယ့္ ကပ္ႀကီးက ၿပီးဆုံးေယာင္မျမင္ေသးဘူးဆိုၿပီး သူတို႔ရဲ႕ အားေတြကိုေတာ့ မေလွ်ာ့လိုက္ၾကပါဘူး။ အခုလိုအခ်ိန္မွာ Agent ေတြ Broker ေတြက client ေတြကို အၿမဲ သတင္းအခ်က္အလက္ေတြေပးေနၿပီး သူတို႔အတြက္ အၿမဲရွိအသင့္ရွိေနတာကို သိရတဲ့အခါ အာမခံထားရွိသူေတြအေနနဲ႔ သေဘာက်ၾကပါတယ္။ ဒါေပမယ့္ ထိုလုပ္ရပ္ေတြဟာ အာမခံလုပ္ငန္း ေရရွည္ခိုင္ၿမဲတည္တံဖို႔အတြက္လည္း အေရးႀကီးတဲ့ စြမ္းေဆာင္ခ်က္ေတြျဖစ္ပါတယ္။ မည္သို႔ပင္ဆိုေစကာမူ အာမခံေအဂ်င္စီလုပ္ငန္းေတြကလည္း အေသးစားလုပ္ငန္းေတြပဲျဖစ္တဲ့အတြက္ အခုခ်ိန္မွာ စတင္မလုပ္ေဆာင္ဘူးဆိုရင္ ကိုယ့္ရဲ႕ကိုယ္ပိုင္တံခါးေတြလည္း မၾကာခင္မွာ ပိတ္သြားႏိုင္ပါတယ္။
Ref: Insurance Business Magazine

Friday, April 24, 2020

ဂ်ပန္ႏိုင္ငံတြင္ အမ်ိဳးသားက်န္းမာေရးအာမခံ၌ ကိုဗစ္-၁၉ ေရာဂါစစ္ေဆးမႈကို ထည့္သြင္း

ဧၿပီ ၂၄
ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ COVID-19 ကို ရပ္တန႔္ႏိုင္ေစရန္ ႀကိဳးစားမႈအေနျဖင့္ COVID-19 စစ္ေဆးမႈကို အမ်ိဳးသားက်န္မာေရးအာမခံစနစ္တြင္ ထည့္သြင္းသြားမည္ ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံ က်န္မာေရးဝန္ႀကီးဌာန မွ တရားဝန္ထုတ္ျပန္ေၾကျငာခဲ့သည္။
 COVID-19 စစ္ေဆးဆာင္႐ြက္ရန္ ျပည္သူ႔က်န္းမာေရးစင္တာမွ ေထာက္ခံခ်က္ျဖင့္ စစ္ေဆးေဆာင္႐ြက္ခဲ့သူမ်ားအတြက္ အဆိုပါ စနစ္တြင္ အက်ဳံးဝင္မည္ ျဖစ္ေၾကာင္း က်ိဳတိုသတင္းဌာနတြင္ ေဖာ္ျပပါရွိသည္။
အမ်ိဳးသားက်န္းမာေရးအာမခံ၏ ကနဦးစမ္းသပ္လုပ္ေဆာင္မႈျဖင့္ ျပည္သူက်န္းမာေရးဌာန၏ေထာက္ခံခ်က္မလိုအပ္ေတာ့ပဲ ျပည္သူ႔ေဆး႐ုံ သို႔မဟုတ္ ပုဂၢလိကေဆး႐ုံတြင္လည္းေကာင္း COVID-19 ကိုစစ္ေဆးေဆာင္႐ြက္ရန္ တစ္ဦးခ်င္း စစ္ေဆးႏိုင္ရန္လည္း စီစဥ္ေနသည္။
ဂ်ပန္ႏိုင္ငံက်န္းမာေရးဆိုင္ရာ တာဝန္ရွိသူမ်ားက ထပ္မံ၍ COVID-19 ေရာဂါပိုးကို လက္ရွိစစ္ေဆးေနသည့္ စက္ကိရိယာမ်ားထက္ ပိုမိုျမန္ဆန္စြာစစ္ေဆးႏိုင္ရန္ အသုံးျပဳပစၥည္းမ်ားကိုလည္း ထပ္မံပံ့ပိုးေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။
လက္ရွိဂ်ပန္ႏိုင္ငံတြင္ COVID-19 ေရာဂါပိုးကူးစက္ခံေနရသူ တျဖည္းျဖည္းပိုမိုတိုးပြားလာလွ်က္ရွိေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္လွ်က္ရွိၿပီး ယိုကိုဟားမားပင္လယ္ေအာ္တြင္ ေက်ာက္ခ်ရပ္နားထားသည့္ Diamond Princess အေပ်ာ္စီးသေဘၤာတြင္ Quarantine လုပ္ေဆာင္ေနမႈအေပၚတြင္လည္း ျပည္တြင္းျပည္ပမွ ေဝဖန္မႈမ်ားလည္း ရွိေနသည္။
ေတာင္ကိုရီးယား ႏွင့္တ႐ုတ္ႏိုင္ငံမွ လာေရာက္သူမ်ားအေနျဖင့္ Quarantine ႏွစ္ပါတ္ေနထိုင္ရမည္ျဖစ္ၿပီး ဗီဇာအရ ဆိုင္းငံ့ခံထားရသည့္ ခရီးသြားရာဇဝင္သံသယရွိသူမ်ားပါ ပါဝင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ရွင္ဆိုအာေဘးမွ ေၾကျငာခ်က္ထုတ္ျပန္ထားသည္။
Unicode Version
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကို ရပ်တန့်နိုင်စေရန် ကြိုးစားမှုအနေဖြင့် COVID-19 စစ်ဆေးမှုကို အမျိုးသားကျန်မာရေးအာမခံစနစ်တွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကျန်မာရေးဝန်ကြီးဌာန မှ တရားဝန်ထုတ်ပြန်ကြေငြာခဲ့သည်။
 COVID-19 စစ်ဆေးဆာင်ရွက်ရန် ပြည်သူ့ကျန်းမာရေးစင်တာမှ ထောက်ခံချက်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့သူများအတွက် အဆိုပါ စနစ်တွင် အကျုံးဝင်မည် ဖြစ်ကြောင်း ကျိုတိုသတင်းဌာနတွင် ဖော်ပြပါရှိသည်။
အမျိုးသားကျန်းမာရေးအာမခံ၏ ကနဦးစမ်းသပ်လုပ်ဆောင်မှုဖြင့် ပြည်သူကျန်းမာရေးဌာန၏ထောက်ခံချက်မလိုအပ်တော့ပဲ ပြည်သူ့ဆေးရုံ သို့မဟုတ် ပုဂ္ဂလိကဆေးရုံတွင်လည်းကောင်း COVID-19 ကိုစစ်ဆေးဆောင်ရွက်ရန် တစ်ဦးချင်း စစ်ဆေးနိုင်ရန်လည်း စီစဉ်နေသည်။
ဂျပန်နိုင်ငံကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ထပ်မံ၍ COVID-19 ရောဂါပိုးကို လက်ရှိစစ်ဆေးနေသည့် စက်ကိရိယာများထက် ပိုမိုမြန်ဆန်စွာစစ်ဆေးနိုင်ရန် အသုံးပြုပစ္စည်းများကိုလည်း ထပ်မံပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိဂျပန်နိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက်ခံနေရသူ တဖြည်းဖြည်းပိုမိုတိုးပွားလာလျှက်ရှိသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်လျှက်ရှိပြီး ယိုကိုဟားမားပင်လယ်အော်တွင် ကျောက်ချရပ်နားထားသည့် Diamond Princess အပျော်စီးသင်္ဘောတွင် Quarantine လုပ်ဆောင်နေမှုအပေါ်တွင်လည်း ပြည်တွင်းပြည်ပမှ ဝေဖန်မှုများလည်း ရှိနေသည်။
တောင်ကိုရီးယား နှင့်တရုတ်နိုင်ငံမှ လာရောက်သူများအနေဖြင့် Quarantine နှစ်ပါတ်နေထိုင်ရမည်ဖြစ်ပြီး ဗီဇာအရ ဆိုင်းငံ့ခံထားရသည့် ခရီးသွားရာဇဝင်သံသယရှိသူများပါ ပါဝင်ကြောင်း ဝန်ကြီးချုပ် ရှင်ဆိုအာဘေးမှ ကြေငြာချက်ထုတ်ပြန်ထားသည်။

Monday, April 20, 2020

Prudential Singapore commits $1.5m COVID-19 relief package

Affected SME clients can defer their premium payments for up to three months. Prudential Singapore has committed a $1.5m relief package to SMEs and individuals hit by the coronavirus, according to a news release.

Existing SME clients will have the option to defer their premium payments for up to three months to manage their cash flow and ensure there is no disruption to employee coverage. It will be available until the end of June 2020.

Individual customers and their family members served with quarantine orders will get a one-time $500 cash benefit, whilst those hospitalized will receive a daily $200 allowance
for up to three months of hospitalization. These are applicable to cases that emerge from 23 January to 30 June.