![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9rgiPGgHd6G0xiecwX45JuXlX7vAg1bejPlPJLVfYXA8Tug_U9j0v0JdtJ82YerAlggR6MNXXklr_QQkMaN84WQ9XQkP4Dje_XmP0gKwVd08bAVrCFh0JAa4_zE1g8XWdaMFIaeKyYoAL/s400/close-up-shot-insurance-broker-is-introducing-health-insurance-program-with-his-tablet_36897-666.jpg)
နိုင်ငံအများစုက ယာယီပိတ်ဆို့ထားမှုတွေကို ပြန်လည်ဖွင့်ပေးလိုက်ချိန်မှာ ကမ္ဘာ့စီးပွားရေးတံခါးတွေက လွန်ခဲ့တဲ့ နှစ်လတုန်းကနဲ့ လုံးဝမတူတော့ပါဘူး။ ဥပမာ အိမ်နီးချင်းနို
င်ငံမှာရှိတဲ့ စီးပွားရေးတွေက နောက်ထပ်တစ်ကြိမ် ပြန်လည်ပါတ်ချင်မှ လည်ပါတ်နိုင်ပါတော့မယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ် (၅၀) အနက် (၂၂) ပြည်နယ်က အသေးစားစီးပွားရေးလုပ်ငန်းတွေဟာ COVID-19 ကြောင့် ဆုံးရှုံးမှုများနိုင်တဲ့ အန္တရာယ်မှာရှိနေတယ်လို့ McKinsey & Company အဖွဲ့က ခန့်မှန်းထားပါတယ်။ ဒီအခြေအနေဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေအတွက်လည်း ကောင်းမွန်တဲ့ အနေအထားတစ်ခုမဟုတ်ပါဘူး။
မတ်လတုန်းက ကနေဒါနိုင်ငံမှာရှိတဲ့ Canadian Federation of Independent Businesses (CFIB) အဖွဲ့ဝင် (၉၆၇၈) ယောက်ကို စစ်တမ်းတစ်ခုကောက်ယူခဲ့ပါတယ်။ ထိုစစ်တမ်းအရ ပိတ်ထားရတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးပုံတစ်ပုံခန့်က ပြန်ဖွင့်နိုင်ဖို့ မသေချာကြဘူးလို့ ဖော်ပြထားပါတယ်။ တစ်ချိန်ထဲမှာပဲ ဩစတြေးလျနိုင်ငံမှာရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေ ထုတ်ပြန်ပေးတဲ့ အဖွဲ့အစည်းတွေက ကဏ္ဍအသီးသီးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ကပ်ရောဂါကြီးကြောင့် ငွေစီးဆင်းမှုနဲ့ ဝင်ငွေတွေမှာ ထိခိုက်မှုတွေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဥရောပတစ်ဝှမ်းမှာရှိတဲ့ စီးပွားရေးတွေကလည်း အလားတူစွာပါပဲ။ အာရှနိုင်ငံတွေမှာလည်း ကားလမ်းပိတ်တာတွေ လနဲ့ချီ လျော့နည်းသွားရခြင်းက ခရီးသွားတွေအကုန်လုံး နွေရာသီအားလပ်ရက်မှာ အိမ်မှာပဲ နေနေကြရလို့ဖြစ်ကြောင်း ပြောထားပါတယ်။
ကပ်ကြီးအတွင်း ပေါ်ပေါက်လာတဲ့ စစချင်းအခက်အခဲတွေမှာ အသေးစားလုပ်ငန်းတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ Agent တွေ၊ Broker တွေအတွက် တော်တော်အရေးကြီးပါတယ်။ Agent တွေ၊ Broker တွေနဲ့ အလုပ်လုပ်ကိုင်သူအများစုက SMBs လို့ခေါ်တဲ့ အသေးစားလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တာကြောင့် အလွန်အရေးပါနေတာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို (၉၀) ရာခိုင်နှုန်းနဲ့ အထက်က အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ဖွဲ့စည်းထားတာကလည်း တစ်ကြောင်းဖြစ်ပါတယ်။
SMBs တွေအနေနဲ့ ပြီးခဲ့တဲ့ ကာလရှည် လော့ခ်ဒေါင်းမှာ ခံနိုင်ခဲ့တယ်ဆိုရင်တောင်မှ ရေရှည်အောင်မြင်ဖို့အတွက် စဉ်းစားထားဖို့လိုပါတယ်။ ရေရှည်အောင်မြင်မှုက နောက်ထပ်ပိတ်ဆို့မှုတွေ ထပ်ဖြစ်လာတဲ့အခါ ဘယ်လို စွမ်းဆောင်သွားနိုင်မလဲဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က ဒုတိယလှိုင်းအနေနဲ့ နွေဦးရာသီမှာ ပြန်လည်ရိုက်ခတ်နိုင်ကြောင်း ပညာရှင်တွေက သတိပေးထားတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
ဒီလိုအခက်အခဲတွေကြောင့် ကပ်ကြီးအတွင်းမှာရော၊ ကပ်ကြီးပြီးတဲ့အချိန်မှာပါ Agent တွေနဲ့ Broker တွေက စီးပွားရေးလုပ်ငန်းတွေကို အကူအညီပေးနိုင်တဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာကျရောက်လာကြပါတယ်။ အခုအချိန်မှာအာမခံထားသူ အများစုဟာ သူတို့ရဲ့ အာမခံနဲ့ပါတ်သတ်ပြီး အာမခံအကြံပေးတွေဆီမှာ မေးခွန်းတွေအများကြီးမေးနေကြပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုအာမခံတွေက ရုံးခန်းတွေ ဆိုင်တွေကို အချိန်အကြာကြီး ပိတ်ထားရတဲ့အချိန်မှာ ဖောက်ထွင်းခိုးယူမှုတွေဖြစ်ခဲ့ရင် ဖြေရှင်းပေးသလိုမျိုး စီးပွားရေးလုပ်ငန်းတုံ့ဆိုင်းမှုတွေနဲ့ COVID-19 ကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုပါ အာမခံပေးလားဆိုတာ အများစုက သိချင်လာကြပါတယ်။
ကမ္ဘာတစ်ဝှမ်းဖြစ်ပွားခဲ့တဲ့ ကျန်းမာရေးကပ်ဘေးကြောင့် တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ရော လုပ်ငန်းတိုင်းပါ ထိခိုက်ဆုံးရှုံးမှုတွေ ရှိခဲ့ကြပါတယ်။ ဒီလိုအချိန်မှာ အာမခံ Agent တွေနဲ့ Broker တွေက စီးပွားရေးလုပ်ငန်းတွေအတွက် အယုံကြည်ရဆုံး အကြံပေးတွေဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ အာမခံထားရှိသူတွေနဲ့ ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ပြီး Agent တွေနဲ့ Broker တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါတယ်ဆိုတာ ပြန်လည်သိသာလာအောင် ပြုလုပ်ရပါမယ်။ အာမခံကုမ္မဏီတွေက ကပ်ရောဂါနဲ့ပါတ်သတ်ပြီး ထုတ်ပြန်ကြေညာထားတဲ့ အမျိုးအစားအကြောင်းအရာတွေကို အွန်လိုင်းကပဲဖြစ်ဖြစ်ရှာဖွေပြီး ပိုနားလည်အောင်လုပ်ထားမယ်ဆိုရင် ကိုယ့်ဖောက်သည်တွေကို အကျိုးအမြတ်ရနိုင်အောင် ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။
Agent တွေနဲ့ Broker တွေ ကူညီပေးနိုင်တဲ့နောက်တစ်ချက်ကတော့ လော့ခ်ဒေါင်းတွေဖြေလျော့လိုက်တဲ့အခါ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ လုပ်ငန်းတွေ ပြန်လည်ပါတ်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဘယ်လုပ်ငန်းအမျိုးအစားတွေကို အစိုးရက ငွေကြေးထောက်ပံ့ကူညီပေးနေတယ်၊ ပစ္စည်းပျက်စီးခြင်းနှင့် လုပ်ငန်းရပ်ဆိုင်းဆုံးရှုံးမှုအာမခံတွေက ဘယ်လိုအနေအထားနဲ့ တုံ့ပြန်နိုင်တယ်၊ ဘယ်လို အဆင့်တွေနဲ့သွားရင် အာမခံလျော်ကြေးရနိုင်တယ် စသဖြင့်ကို ကူညီလမ်းညွှန်ပေးနိုင်ရပါမယ်။
ဒါ့အပြင် Agent တွေ၊ Broker တွေ အနေနဲ့ တက်ကျွမ်းတဲ့ စီမံခန့်ခွဲမှုစွမ်းရည်တွေကို အသုံးချပြီး လုပ်ငန်းတစ်ခု ကျရောက်နိုင်တဲ့ အန္တရာယ်ကို ကြိုတင်တွေးဆထားရပါမယ်။ အာမခံထားရှိသူတွေရဲ့ လုပ်ငန်းကို အာမခံဖြေရှင်းချက်ပေးဖို့တစ်ခုထဲနဲ့ ကူညီဖို့မလုံလောက်တော့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုက နှစ်တော်တော်ကြာအောင် ရှိနေဦးမှာ ဖြစ်တဲ့အတွက် လုပ်ငန်းတွေအနေနဲ့ ရှေ့နှစ်တွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုအန္တရာယ်ကို ကြိုတင်တွက်ဆထားဖို့လိုလာပါပြီ။ နောက်ထပ် COVID-19 ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတွေ ဖြစ်လာပြီး ပိတ်ဆို့မှုတွေ ထပ်ဖြစ်ခဲ့ရင် စီးပွားရေးလုပ်ငန်းတွေနေနဲ့ မိမိဝန်ထမ်းတွေနဲ့ ဝယ်ယူအားပေးသူတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း သိဖို့လိုလာပါပြီ။ Agent တွေနဲ့ Broker တွေဆီမှာ စုဆောင်းထားတဲ့ အချက်အလက်တွေ အများကြီးရှိတာကြောင့် အာမခံထားရှိသူတွေကို လိုအပ်တဲ့ အချက်အလက်တွေ ပြောပြပေးလို့ရပါတယ်။
အာမခံထားရှိသူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းအမျိုးမျိုးကိုလည်း သိရှိထားဖို့ကလည်း အရေးကြီးပါတယ်။ အွန်လိုင်းပေါ်မှာ မိတ်ဆွေအဖြစ် ရှိနေမယ်ဆိုရင် Agent တွေ၊ Broker တွေက ပိုရှာရလွယ်ပြီး client တွေ သဘောကျတဲ့ ဘယ်ဆက်သွယ်မှုလမ်းကြောင်းကနေမဆို ထိထိရောက်ရောက်လည်း တုန့်ပြန်နိုင်ပါတယ်။
အာမခံလုပ်ငန်းနယ်ပါယ်မှာ ကျွမ်းကျင်သူတွေက အပေါ်ကနည်းလမ်းအချို့ (သို့) အကုန်လုံးကို အသုံးပြုနေကြပါပြီ။ ဒါပေမယ့် ကပ်ကြီးက ပြီးဆုံးယောင်မမြင်သေးဘူးဆိုပြီး သူတို့ရဲ့ အားတွေကိုတော့ မလျှော့လိုက်ကြပါဘူး။ အခုလိုအချိန်မှာ Agent တွေ Broker တွေက client တွေကို အမြဲ သတင်းအချက်အလက်တွေပေးနေပြီး သူတို့အတွက် အမြဲရှိအသင့်ရှိနေတာကို သိရတဲ့အခါ အာမခံထားရှိသူတွေအနေနဲ့ သဘောကျကြပါတယ်။ ဒါပေမယ့် ထိုလုပ်ရပ်တွေဟာ အာမခံလုပ်ငန်း ရေရှည်ခိုင်မြဲတည်တံဖို့အတွက်လည်း အရေးကြီးတဲ့ စွမ်းဆောင်ချက်တွေဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အာမခံအေဂျင်စီလုပ်ငန်းတွေကလည်း အသေးစားလုပ်ငန်းတွေပဲဖြစ်တဲ့အတွက် အခုချိန်မှာ စတင်မလုပ်ဆောင်ဘူးဆိုရင် ကိုယ့်ရဲ့ကိုယ်ပိုင်တံခါးတွေလည်း မကြာခင်မှာ ပိတ်သွားနိုင်ပါတယ်။
ေလာ့ခ္ေဒါင္းေတြ ျပန္ဖြင့္ေပးလိုက္ခ်ိန္မွာ Agent ေတြနဲ႔ Broker ေတြ ပိုၿပီး ေနရာရလာႏိုင္
************
ႏိုင္ငံအမ်ားစုက ယာယီပိတ္ဆို႔ထားမႈေတြကို ျပန္လည္ဖြင့္ေပးလိုက္ခ်ိန္မွာ ကမာၻ႔စီးပြားေရးတံခါးေတြက လြန္ခဲ့တဲ့ ႏွစ္လတုန္းကနဲ႔ လုံးဝမတူေတာ့ပါဘူး။ ဥပမာ အိမ္နီးခ်င္းႏိုင္ငံမွာရွိတဲ့ စီးပြားေရးေတြက ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ပါတ္ခ်င္မွ လည္ပါတ္ႏိုင္ပါေတာ့မယ္။ အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ျပည္နယ္ (၅၀) အနက္ (၂၂) ျပည္နယ္က အေသးစားစီးပြားေရးလုပ္ငန္းေတြဟာ COVID-19 ေၾကာင့္ ဆုံးရႈံးမႈမ်ားႏိုင္တဲ့ အႏၲရာယ္မွာရွိေနတယ္လို႔ McKinsey & Company အဖြဲ႕က ခန႔္မွန္းထားပါတယ္။ ဒီအေျခအေနဟာ ကမာၻေပၚက တျခားႏိုင္ငံေတြအတြက္လည္း ေကာင္းမြန္တဲ့ အေနအထားတစ္ခုမဟုတ္ပါဘူး။
မတ္လတုန္းက ကေနဒါႏိုင္ငံမွာရွိတဲ့ Canadian Federation of Independent Businesses (CFIB) အဖြဲ႕ဝင္ (၉၆၇၈) ေယာက္ကို စစ္တမ္းတစ္ခုေကာက္ယူခဲ့ပါတယ္။ ထိုစစ္တမ္းအရ ပိတ္ထားရတဲ့ စီးပြားေရးလုပ္ငန္းေတြရဲ႕ သုံးပုံတစ္ပုံခန႔္က ျပန္ဖြင့္ႏိုင္ဖို႔ မေသခ်ာၾကဘူးလို႔ ေဖာ္ျပထားပါတယ္။ တစ္ခ်ိန္ထဲမွာပဲ ဩစေၾတးလ်ႏိုင္ငံမွာရွိတဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြ ထုတ္ျပန္ေပးတဲ့ အဖြဲ႕အစည္းေတြက က႑အသီးသီးမွာရွိတဲ့ စီးပြားေရးလုပ္ငန္းေတြရဲ႕ သုံးပုံႏွစ္ပုံခန႔္ဟာ ကပ္ေရာဂါႀကီးေၾကာင့္ ေငြစီးဆင္းမႈနဲ႔ ဝင္ေငြေတြမွာ ထိခိုက္မႈေတြရွိေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဥေရာပတစ္ဝွမ္းမွာရွိတဲ့ စီးပြားေရးေတြကလည္း အလားတူစြာပါပဲ။ အာရွႏိုင္ငံေတြမွာလည္း ကားလမ္းပိတ္တာေတြ လနဲ႔ခ်ီ ေလ်ာ့နည္းသြားရျခင္းက ခရီးသြားေတြအကုန္လုံး ေႏြရာသီအားလပ္ရက္မွာ အိမ္မွာပဲ ေနေနၾကရလို႔ျဖစ္ေၾကာင္း ေျပာထားပါတယ္။
ကပ္ႀကီးအတြင္း ေပၚေပါက္လာတဲ့ စစခ်င္းအခက္အခဲေတြမွာ အေသးစားလုပ္ငန္းေတြအေနနဲ႔ ဘယ္လိုရင္ဆိုင္ေျဖရွင္းမလဲဆိုတာ Agent ေတြ၊ Broker ေတြအတြက္ ေတာ္ေတာ္အေရးႀကီးပါတယ္။ Agent ေတြ၊ Broker ေတြနဲ႔ အလုပ္လုပ္ကိုင္သူအမ်ားစုက SMBs လို႔ေခၚတဲ့ အေသးစားလုပ္ငန္းလုပ္ကိုင္သူေတြျဖစ္တာေၾကာင့္ အလြန္အေရးပါေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ စီးပြားေရးကို (၉၀) ရာခိုင္ႏႈန္းနဲ႔ အထက္က အေသးစားစီးပြားေရးလုပ္ငန္းေတြနဲ႔ ဖြဲ႕စည္းထားတာကလည္း တစ္ေၾကာင္းျဖစ္ပါတယ္။
SMBs ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ကာလရွည္ ေလာ့ခ္ေဒါင္းမွာ ခံႏိုင္ခဲ့တယ္ဆိုရင္ေတာင္မွ ေရရွည္ေအာင္ျမင္ဖို႔အတြက္ စဥ္းစားထားဖို႔လိုပါတယ္။ ေရရွည္ေအာင္ျမင္မႈက ေနာက္ထပ္ပိတ္ဆို႔မႈေတြ ထပ္ျဖစ္လာတဲ့အခါ ဘယ္လို စြမ္းေဆာင္သြားႏိုင္မလဲဆိုတဲ့ အေပၚမွာမူတည္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္က ဒုတိယလႈိင္းအေနနဲ႔ ေႏြဦးရာသီမွာ ျပန္လည္႐ိုက္ခတ္ႏိုင္ေၾကာင္း ပညာရွင္ေတြက သတိေပးထားတဲ့အတြက္ေၾကာင့္လည္း ျဖစ္ပါတယ္။
ဒီလိုအခက္အခဲေတြေၾကာင့္ ကပ္ႀကီးအတြင္းမွာေရာ၊ ကပ္ႀကီးၿပီးတဲ့အခ်ိန္မွာပါ Agent ေတြနဲ႔ Broker ေတြက စီးပြားေရးလုပ္ငန္းေတြကို အကူအညီေပးႏိုင္တဲ့ အေရးႀကီးတဲ့အခန္းက႑မွာက်ေရာက္လာၾကပါတယ္။ အခုအခ်ိန္မွာအာမခံထားသူ အမ်ားစုဟာ သူတို႔ရဲ႕ အာမခံနဲ႔ပါတ္သတ္ၿပီး အာမခံအႀကံေပးေတြဆီမွာ ေမးခြန္းေတြအမ်ားႀကီးေမးေနၾကပါတယ္။ သူတို႔ရဲ႕ ပိုင္ဆိုင္မႈအာမခံေတြက ႐ုံးခန္းေတြ ဆိုင္ေတြကို အခ်ိန္အၾကာႀကီး ပိတ္ထားရတဲ့အခ်ိန္မွာ ေဖာက္ထြင္းခိုးယူမႈေတြျဖစ္ခဲ့ရင္ ေျဖရွင္းေပးသလိုမ်ိဳး စီးပြားေရးလုပ္ငန္းတုံ႔ဆိုင္းမႈေတြနဲ႔ COVID-19 ေၾကာင့္ျဖစ္ေပၚလာတဲ့ ျပႆနာေတြကိုပါ အာမခံေပးလားဆိုတာ အမ်ားစုက သိခ်င္လာၾကပါတယ္။
ကမာၻတစ္ဝွမ္းျဖစ္ပြားခဲ့တဲ့ က်န္းမာေရးကပ္ေဘးေၾကာင့္ တစ္ဦးတစ္ေယာက္ခ်င္းစီအေနနဲ႔ေရာ လုပ္ငန္းတိုင္းပါ ထိခိုက္ဆုံးရႈံးမႈေတြ ရွိခဲ့ၾကပါတယ္။ ဒီလိုအခ်ိန္မွာ အာမခံ Agent ေတြနဲ႔ Broker ေတြက စီးပြားေရးလုပ္ငန္းေတြအတြက္ အယုံၾကည္ရဆုံး အႀကံေပးေတြျဖစ္လာပါတယ္။ ဒီလိုအခ်ိန္မွာ အာမခံထားရွိသူေတြနဲ႔ ဆက္ဆံေရးေတြ ျပန္လည္တည္ေဆာက္ၿပီး Agent ေတြနဲ႔ Broker ေတြရဲ႕ အခန္းက႑က ဘယ္ေလာက္အေရးပါတယ္ဆိုတာ ျပန္လည္သိသာလာေအာင္ ျပဳလုပ္ရပါမယ္။ အာမခံကုမၼဏီေတြက ကပ္ေရာဂါနဲ႔ပါတ္သတ္ၿပီး ထုတ္ျပန္ေၾကညာထားတဲ့ အမ်ိဳးအစားအေၾကာင္းအရာေတြကို အြန္လိုင္းကပဲျဖစ္ျဖစ္ရွာေဖြၿပီး ပိုနားလည္ေအာင္လုပ္ထားမယ္ဆိုရင္ ကိုယ့္ေဖာက္သည္ေတြကို အက်ိဳးအျမတ္ရႏိုင္ေအာင္ ကူညီေပးႏိုင္မွာပဲျဖစ္ပါတယ္။
Agent ေတြနဲ႔ Broker ေတြ ကူညီေပးႏိုင္တဲ့ေနာက္တစ္ခ်က္ကေတာ့ ေလာ့ခ္ေဒါင္းေတြေျဖေလ်ာ့လိုက္တဲ့အခါ ေဘးအႏၲရာယ္ကင္းရွင္းစြာနဲ႔ လုပ္ငန္းေတြ ျပန္လည္ပါတ္ႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ဘယ္လုပ္ငန္းအမ်ိဳးအစားေတြကို အစိုးရက ေငြေၾကးေထာက္ပံ့ကူညီေပးေနတယ္၊ ပစၥည္းပ်က္စီးျခင္းႏွင့္ လုပ္ငန္းရပ္ဆိုင္းဆုံးရႈံးမႈအာမခံေတြက ဘယ္လိုအေနအထားနဲ႔ တုံ႔ျပန္ႏိုင္တယ္၊ ဘယ္လို အဆင့္ေတြနဲ႔သြားရင္ အာမခံေလ်ာ္ေၾကးရႏိုင္တယ္ စသျဖင့္ကို ကူညီလမ္းၫႊန္ေပးႏိုင္ရပါမယ္။
ဒါ့အျပင္ Agent ေတြ၊ Broker ေတြ အေနနဲ႔ တက္ကြၽမ္းတဲ့ စီမံခန႔္ခြဲမႈစြမ္းရည္ေတြကို အသုံးခ်ၿပီး လုပ္ငန္းတစ္ခု က်ေရာက္ႏိုင္တဲ့ အႏၲရာယ္ကို ႀကိဳတင္ေတြးဆထားရပါမယ္။ အာမခံထားရွိသူေတြရဲ႕ လုပ္ငန္းကို အာမခံေျဖရွင္းခ်က္ေပးဖို႔တစ္ခုထဲနဲ႔ ကူညီဖို႔မလုံေလာက္ေတာ့ပါဘူး။ စီးပြားေရးလုပ္ငန္းေတြမွာ ကို႐ိုနာဗိုင္းရပ္စ္႐ိုက္ခတ္မႈက ႏွစ္ေတာ္ေတာ္ၾကာေအာင္ ရွိေနဦးမွာ ျဖစ္တဲ့အတြက္ လုပ္ငန္းေတြအေနနဲ႔ ေရွ႕ႏွစ္ေတြမွာ ျဖစ္ေပၚလာႏိုင္တဲ့ ဆုံးရႈံးမႈအႏၲရာယ္ကို ႀကိဳတင္တြက္ဆထားဖို႔လိုလာပါၿပီ။ ေနာက္ထပ္ COVID-19 ဒုတိယလႈိင္းနဲ႔ တတိယလႈိင္းေတြ ျဖစ္လာၿပီး ပိတ္ဆို႔မႈေတြ ထပ္ျဖစ္ခဲ့ရင္ စီးပြားေရးလုပ္ငန္းေတြေနနဲ႔ မိမိဝန္ထမ္းေတြနဲ႔ ဝယ္ယူအားေပးသူေတြကို ဘယ္လိုကာကြယ္ရမလဲဆိုတာလည္း သိဖို႔လိုလာပါၿပီ။ Agent ေတြနဲ႔ Broker ေတြဆီမွာ စုေဆာင္းထားတဲ့ အခ်က္အလက္ေတြ အမ်ားႀကီးရွိတာေၾကာင့္ အာမခံထားရွိသူေတြကို လိုအပ္တဲ့ အခ်က္အလက္ေတြ ေျပာျပေပးလို႔ရပါတယ္။
အာမခံထားရွိသူေတြနဲ႔ ဆက္သြယ္ႏိုင္မယ့္ နည္းလမ္းအမ်ိဳးမ်ိဳးကိုလည္း သိရွိထားဖို႔ကလည္း အေရးႀကီးပါတယ္။ အြန္လိုင္းေပၚမွာ မိတ္ေဆြအျဖစ္ ရွိေနမယ္ဆိုရင္ Agent ေတြ၊ Broker ေတြက ပိုရွာရလြယ္ၿပီး client ေတြ သေဘာက်တဲ့ ဘယ္ဆက္သြယ္မႈလမ္းေၾကာင္းကေနမဆို ထိထိေရာက္ေရာက္လည္း တုန႔္ျပန္ႏိုင္ပါတယ္။
အာမခံလုပ္ငန္းနယ္ပါယ္မွာ ကြၽမ္းက်င္သူေတြက အေပၚကနည္းလမ္းအခ်ိဳ႕ (သို႔) အကုန္လုံးကို အသုံးျပဳေနၾကပါၿပီ။ ဒါေပမယ့္ ကပ္ႀကီးက ၿပီးဆုံးေယာင္မျမင္ေသးဘူးဆိုၿပီး သူတို႔ရဲ႕ အားေတြကိုေတာ့ မေလွ်ာ့လိုက္ၾကပါဘူး။ အခုလိုအခ်ိန္မွာ Agent ေတြ Broker ေတြက client ေတြကို အၿမဲ သတင္းအခ်က္အလက္ေတြေပးေနၿပီး သူတို႔အတြက္ အၿမဲရွိအသင့္ရွိေနတာကို သိရတဲ့အခါ အာမခံထားရွိသူေတြအေနနဲ႔ သေဘာက်ၾကပါတယ္။ ဒါေပမယ့္ ထိုလုပ္ရပ္ေတြဟာ အာမခံလုပ္ငန္း ေရရွည္ခိုင္ၿမဲတည္တံဖို႔အတြက္လည္း အေရးႀကီးတဲ့ စြမ္းေဆာင္ခ်က္ေတြျဖစ္ပါတယ္။ မည္သို႔ပင္ဆိုေစကာမူ အာမခံေအဂ်င္စီလုပ္ငန္းေတြကလည္း အေသးစားလုပ္ငန္းေတြပဲျဖစ္တဲ့အတြက္ အခုခ်ိန္မွာ စတင္မလုပ္ေဆာင္ဘူးဆိုရင္ ကိုယ့္ရဲ႕ကိုယ္ပိုင္တံခါးေတြလည္း မၾကာခင္မွာ ပိတ္သြားႏိုင္ပါတယ္။
Ref: Insurance Business Magazine
No comments:
Post a Comment