Labels

Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Wednesday, May 6, 2020

အသက္အာမခံဆိုတာဘာလဲ.....

အသက္အာမခံဆိုအေၾကာင္းကို အေျခခံက်က် သိေစႏိုင္ဖို႔အတြက္ အင္တာဗ်ဴးပုံစံ ေဖာ္ျပထားတာျဖစ္ၿပီး အေျဖနဲ႔ ေမးခြန္းမ်ားကုိ AIA Myanmar ထံမွ ရယူမွီျငမ္းထားတာ ျဖစ္ပါတယ္။
ေမး။ အသက္အာမခံဆိုတာဘာလဲ။
ေျဖ။ အသက္အႏၲရာယ္ထိခိုက္လာႏိုင္တဲ့ အေျခအေနတစ္ရပ္ရပ္အတြက္ ထားရွိတဲ့အာမခံ အမ်ိဳးအစားလည္းျဖစ္သလို က်န္းမာေရးအတြက္တစ္စိတ္တစ္ပိုင္းအာမခံထားတာဆိုလည္း မမွားပါဘူး။ အာမခံထားသူ ေသဆုံးခ်ိန္မွာ အာမခံကုမၸဏီက က်န္ရစ္ခဲ့တဲ့ မိသားစုကို အာမခံေၾကးထုတ္ေပးမွာျဖစ္ပါ တယ္။
ေမး။ ။ အသက္အာမခံဘယ္ႏွစ္မ်ိဳးရွိလဲ။
ေျဖ။ ။ အသက္အာမခံက အၾကမ္းဖ်င္းအားျဖင့္ Whole life Assurance(ႏွစ္ရွည္ အသက္အာမခံ) နဲ႔Term Life Assurance(ကာလတိုအသက္အာမခံ) ဆိုၿပီး ၂ မ်ိဳးရွိပါတယ္။
ေမး။ အသက္အာမခံကုိ အရြယ္မေရြးထားလို႔ရလား။
အသက္အာမခံထားမယ့္သူဟာ အနိမ့္ဆုံးအေနနဲ႔ အသက္ ၁၈ ႏွစ္ျပည့္ရပါမယ္။ ၁၈ ႏွစ္ေအာက္အ႐ြယ္ေတြက အသက္အာမခံထားလို႔မရေသးပါဘူး။
အသက္အာမခံထားမယ္ဆိုရင္ အနိမ့္ဆုံး အသက္ သတ္မွတ္ခ်က္က ၁၈ ႏွစ္ျဖစ္ၿပီး အျမင့္ဆုံး အသက္သတ္မွတ္ခ်က္က ၆၅ ႏွစ္ပါ။
ေမး။ ။ အသက္အာမခံကုိ ဘာေၾကာင့္ထားသင့္တာလဲ။
ေျဖ။ ။ မိသားစုအတြက္ ေငြေၾကးအေထာက္အပံ့ရေစဖို႔ပါ။ အသက္အာမခံဆိုတာက အသက္အႏၲရာယ္ထိခိုက္လာႏိုင္တဲ့ အေျခအေနတစ္ရပ္ရပ္အတြက္ ထားရွိတဲ့အာမခံ အမ်ိဳးအစားပါ။ အာမခံထားသူ ေသဆုံးခ်ိန္မွာ အာမခံကုမၸဏီက က်န္ရစ္ခဲ့တဲ့ မိသားစုကို အာမခံေၾကးထုတ္ေပးမွာျဖစ္ပါတယ္။ အသက္အာမခံကို တစ္လုံးတစ္ခဲတည္းထုတ္ေပးႏိုင္သလို ႏွစ္စဥ္ေၾကးအေနနဲ႔ ထုတ္ေပးတာမ်ိဳးလည္းရွိပါတယ္။
ေမး။ ။ တစ္သက္တာအာမခံရဲ႕ ကာလသက္တမ္းက ဘယ္ေလာက္လဲ။
ေျဖ။ ။ Whole life Assurance(တစ္သက္တာ အသက္အာမခံ) အမ်ိဳးအစားက တစ္သက္လုံးစာထားရွိတဲ့ အာမခံအမ်ိဳးအစားပါ။ အာမခံထားသူ ေသဆုံးခ်ိန္မွာ က်န္ရစ္သူမိသားစုကထုတ္ယူႏိုင္မွာျဖစ္ပါတယ္။
Unicode Version
အသက်အာမခံဆိုအကြောင်းကို အခြေခံကျကျ သိစေနိုင်ဖို့အတွက် အင်တာဗျူးပုံစံ ဖော်ပြထားတာဖြစ်ပြီး အဖြေနဲ့ မေးခွန်းများကို AIA Myanmar ထံမှ ရယူမှီငြမ်းထားတာ ဖြစ်ပါတယ်။
မေး။ အသက်အာမခံဆိုတာဘာလဲ။
ဖြေ။ အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားလည်းဖြစ်သလို ကျန်းမာရေးအတွက်တစ်စိတ်တစ်ပိုင်းအာမခံထားတာဆိုလည်း မမှားပါဘူး။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါ တယ်။
မေး။ ။ အသက်အာမခံဘယ်နှစ်မျိုးရှိလဲ။
ဖြေ။ ။ အသက်အာမခံက အကြမ်းဖျင်းအားဖြင့် Whole life Assurance(နှစ်ရှည် အသက်အာမခံ) နဲ့Term Life Assurance(ကာလတိုအသက်အာမခံ) ဆိုပြီး ၂ မျိုးရှိပါတယ်။
မေး။ အသက်အာမခံကို အရွယ်မရွေးထားလို့ရလား။
အသက်အာမခံထားမယ့်သူဟာ အနိမ့်ဆုံးအနေနဲ့ အသက် ၁၈ နှစ်ပြည့်ရပါမယ်။ ၁၈ နှစ်အောက်အရွယ်တွေက အသက်အာမခံထားလို့မရသေးပါဘူး။
အသက်အာမခံထားမယ်ဆိုရင် အနိမ့်ဆုံး အသက် သတ်မှတ်ချက်က ၁၈ နှစ်ဖြစ်ပြီး အမြင့်ဆုံး အသက်သတ်မှတ်ချက်က ၆၅ နှစ်ပါ။
မေး။ ။ အသက်အာမခံကို ဘာကြောင့်ထားသင့်တာလဲ။
ဖြေ။ ။ မိသားစုအတွက် ငွေကြေးအထောက်အပံ့ရစေဖို့ပါ။ အသက်အာမခံဆိုတာက အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အသက်အာမခံကို တစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။
မေး။ ။ တစ်သက်တာအာမခံရဲ့ ကာလသက်တမ်းက ဘယ်လောက်လဲ။
ဖြေ။ ။ Whole life Assurance(တစ်သက်တာ အသက်အာမခံ) အမျိုးအစားက တစ်သက်လုံးစာထားရှိတဲ့ အာမခံအမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ ကျန်ရစ်သူမိသားစုကထုတ်ယူနိုင်မှာဖြစ်ပါတယ်။

Sunday, May 3, 2020

အာမခံထားတဲ့ သင့္ကား မေတာ္တဆျဖစ္ခဲ့ရင္ ...........

အာမခံထားတဲ့ ကားတစ္စီး မေတာ္တဆမႈျဖစ္ရင္ အေရးေပၚလုပ္သင့္တဲ့ အခ်က္ေလးခ်က္ခ်က္ရွိပါတယ္။
(၁) သက္ေသနဲ႔အခ်က္အလက္မ်ား မွတ္သားပါ
ဒီအခ်က္က အလြန္အေရးႀကီးပါတယ္။ ကုိယ္ကပဲတိုက္တာျဖစ္ျဖစ္၊ ကုိယ့္ကုိ တိုက္တာပဲ ျဖစ္ျဖစ္ တိုက္မိတဲ့ ယာဥ္ရဲ႕ နံပါတ္၊ အမ်ဳိးအစား၊ ေမာင္းသူရဲ႕ နာမည္၊ လိပ္စာ၊ ဖုန္းနံပါတ္၊ ယာဥ္ေမာင္းလိုင္စင္၊ ကားဝွိတက္ စတာေတြကုိ ေတာင္းခံမွတ္သားထားပါ။ ဒါမွသာ အာမခံကုမၸဏီကုိ သက္ေသခံအေထာက္အထားေတြ ခိုင္ခိုင္မာမာ ေဖာ္ျပႏိုင္ပါလိမ့္မယ္။
၂။ ။ ဓာတ္ပုံ႐ုိက္ထားပါ။
က်ေနာ္တို႔ ႏိုင္ငံမွာ CCTV ေတြဟာ အၿမဲတမ္း အနီးအနားမွာ ရွိေနမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မေတာ္တဆမႈ ျဖစ္တာနဲ႔ တၿပိဳင္နက္ ဓာတ္ပုံ႐ုိက္ထားပါ။ ျဖစ္ပြားမႈကုိ ေပၚလြင္ေအာင္ ရွဴေထာင့္အမ်ဳိးမ်ဳိးကေန ႐ုိက္ပါ။ ယာဥ္တိုက္မႈမွာ ပါတဲ့ကား၊ အပ်က္အစီးေတြ၊ ကားနံပါတ္ျပားေတြအျပင္ တစ္ဖက္လူရဲ႕ လိုင္စင္၊ မွတ္ပုံတင္ကအစ ႐ုိက္ထားပါ။ ဒီမွတ္တမ္းေတြ ရွိထားမယ္ဆိုရင္ အာမခံကုမၸဏီမွာ ေလ်ာ္ေၾကးေတာင္းတဲ့အခါ ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြကုိ ေရွာင္ႏိုင္ပါလိမ့္မယ္။
၃။ ။ အနီးဆံုးမွာရွိတဲ့ယာဥ္ထိန္းရဲ ဒါမွမဟုတ္ ရဲစခန္းနဲ႔ သက္ဆုိင္ရာအုပ္ခ်ဳပ္ေရးမႉးရံုး တစ္ခုခုကို ဆက္သြယ္ၿပီး မွတ္တမ္း တစ္ေစာင္ေရးေပးဖို႔ေတာင္းဆိုပါ။ အဲဒီ မွတ္တမ္းအစီရင္ခံစာမိတၱဴကိုလည္း ရယူထားပါ။ အစီရင္ခံစာ ေရးေပးတဲ့ တာဝန္ရွိသူကို တရားဝင္စာျဖစ္ေၾကာင္း တံဆိပ္တံုးထု၊ နံပါတ္ေရးထိုးေပးဖို႔ ေတာင္းဆိုပါ။
၃။ အာမခံကုမၸဏီကုိ အျမန္ဆုံးဆက္သြယ္ပါ။
အေစာပိုင္းက ေျပာခဲ့သလိုပဲ လိုအပ္တဲ့ သက္ေသအေထာက္အထားနဲ႔ မွတ္တမ္းေတြ ယူၿပီးၿပီ ဆိုတာနဲ႔ သင့္ကား အာမခံထားထားတဲ့ အာမခံကုမၸဏီကုိ အျမန္ဆုံးသာ ဆက္သြယ္ပါ။ မေတာ္တဆမႈျဖစ္စဥ္နဲ႔ အပ်က္အဆီးအေၾကာင္းကုိ အေသးစိတ္ တင္ျပပါ။
Unicode Version
အာမခံထားတဲ့ ကားတစ်စီး မတော်တဆမှုဖြစ်ရင် အရေးပေါ်လုပ်သင့်တဲ့ အချက်လေးချက်ချက်ရှိပါတယ်။
၁။ သက်သေအချက်အလက်များ မှတ်သားပါ
ဒီအချက်က အလွန်အရေးကြီးပါတယ်။ ကိုယ်ကပဲတိုက်တာဖြစ်ဖြစ်၊ ကိုယ့်ကို တိုက်တာပဲ ဖြစ်ဖြစ် တိုက်မိတဲ့ ယာဉ်ရဲ့ နံပါတ်၊ အမျိုးအစား၊ မောင်းသူရဲ့ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်မောင်းလိုင်စင်၊ ကားဝှိတက် စတာတွေကို တောင်းခံမှတ်သားထားပါ။ ဒါမှသာ အာမခံကုမ္ပဏီကို သက်သေခံအထောက်အထားတွေ ခိုင်ခိုင်မာမာ ဖော်ပြနိုင်ပါလိမ့်မယ်။
၂။ ။ ဓာတ်ပုံရိုက်ထားပါ။
ကျနော်တို့ နိုင်ငံမှာ CCTV တွေဟာ အမြဲတမ်း အနီးအနားမှာ ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် မတော်တဆမှု ဖြစ်တာနဲ့ တပြိုင်နက် ဓာတ်ပုံရိုက်ထားပါ။ ဖြစ်ပွားမှုကို ပေါ်လွင်အောင် ရှူထောင့်အမျိုးမျိုးကနေ ရိုက်ပါ။ ယာဉ်တိုက်မှုမှာ ပါတဲ့ကား၊ အပျက်အစီးတွေ၊ ကားနံပါတ်ပြားတွေအပြင် တစ်ဖက်လူရဲ့ လိုင်စင်၊ မှတ်ပုံတင်ကအစ ရိုက်ထားပါ။ ဒီမှတ်တမ်းတွေ ရှိထားမယ်ဆိုရင် အာမခံကုမ္ပဏီမှာ လျော်ကြေးတောင်းတဲ့အခါ နှောင့်နှေးကြန့်ကြာမှုတွေကို ရှောင်နိုင်ပါလိမ့်မယ်။
၃။ ။ အနီးဆုံးမှာရှိတဲ့ယာဉ်ထိန်းရဲ ဒါမှမဟုတ် ရဲစခန်းနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံး တစ်ခုခုကို ဆက်သွယ်ပြီး မှတ်တမ်း တစ်စောင်ရေးပေးဖို့တောင်းဆိုပါ။ အဲဒီ မှတ်တမ်းအစီရင်ခံစာမိတ္တူကိုလည်း ရယူထားပါ။ အစီရင်ခံစာ ရေးပေးတဲ့ တာဝန်ရှိသူကို တရားဝင်စာဖြစ်ကြောင်း တံဆိပ်တုံးထု၊ နံပါတ်ရေးထိုးပေးဖို့ တောင်းဆိုပါ။
၃။ အာမခံကုမ္ပဏီကို အမြန်ဆုံးဆက်သွယ်ပါ။
အစောပိုင်းက ပြောခဲ့သလိုပဲ လိုအပ်တဲ့ သက်သေအထောက်အထားနဲ့ မှတ်တမ်းတွေ ယူပြီးပြီ ဆိုတာနဲ့ သင့်ကား အာမခံထားထားတဲ့ အာမခံကုမ္ပဏီကို အမြန်ဆုံးသာ ဆက်သွယ်ပါ။ မတော်တဆမှုဖြစ်စဉ်နဲ့ အပျက်အဆီးအကြောင်းကို အသေးစိတ် တင်ပြပါ။


Sunday, April 26, 2020

က်န္းမာေရးအာမခံရဲ႕ အားသာခ်က္နဲ႔ အားနည္းခ်က္

(က) အားသာခ်က္
ပုိမိုက်န္းမာေပ်ာ္ရႊင္ႏိုင္ျခင္း - အေသးအမႊား ေရာဂါျဖစ္ပြားသည္ ျဖစ္ေစ၊ ေရာဂါႀကီးမ်ား ျဖစ္ပြားသည္ျဖစ္ေစ ကုန္က်စရိတ္ကုိ မပူမပင္ မေၾကာင့္ၾကရဘဲ အျမန္ ေဆးဝါးကုသႏိုင္မွာ ျဖစ္တာေၾကာင့္ က်န္းမာေရးကုိ ပုိမိုဂ႐ုစုိက္ႏုိင္လာၿပီး ပုိမိုေပ်ာ္ရႊင္က်န္းမာေသာ ဘဝကုိ ရရွိရန္ အခြင့္အလမ္းမ်ားပါတယ္။
စည္းစိမ္ဥစၥာမ်ားကုိ ကာကြယ္ေစာင့္ေရွာက္ႏိုင္ျခင္း - က်န္းမာေရးကုန္က်စရိတ္ဟာ အလြန္မ်ားျပားတဲ့ ကုန္က်စရိတ္အမ်ဳိးအစားျဖစ္တာေၾကာင့္ ဒီကုန္က်စရိတ္ကုိ ေရွာင္လႊဲႏိုင္ျခင္းျဖင့္ အေရးေပၚေငြေၾကးကုန္က်မႈကုိ ေရွာင္လႊဲႏိုင္တာေၾကာင့္ စုေဆာင္းထားတဲ့ စည္းစိမ္ဥစၥာေတြကုိလည္း အလိုအေလ်ာက္ ကာကြယ္ၿပီး ျဖစ္ပါတယ္။ ဥပမာ အေရးေပၚျဖစ္ပြားတဲ့ က်န္းမာေရးျပႆနာေတြေၾကာင့္ ေရႊ၊ ေငြ၊ အိမ္ၿခံေျမတို႔ကုိ ထုခြဲေရာင္းခ် ေဆးဝါးကုသ ရတဲ့ အျဖစ္မ်ဳိးကုိ ေသခ်ာေပါက္ ေရွာင္လႊဲႏိုင္မွာလည္း ျဖစ္ပါတယ္။
(ခ)အားနည္းခ်က္
လစဥ္ေငြကုန္ေၾကးက်ပုိမိုျခင္း - က်န္းမာေရးအာမခံရဲ႕ အဓိကဆိုးက်ဳိးကေတာ့ ေပးသြင္းေငြကုိ လစဥ္ သုိ႔မဟုတ္ သတ္မွတ္ထားသည့္အတုိင္း ေပးေဆာင္ရျခင္းေၾကာင့္ လစဥ္ေငြကုန္ေၾကးက် ပုိမိုလာမွာျဖစ္ပါတယ္။ ပုိမိုျပည့္စုံ လုံေလာက္သည့္ က်န္းမာေရး အာမခံ အကာအကြယ္ကုိ ရယူေလေလ ေငြေၾကးကုန္က်မႈ ပုိမိုမ်ားျပားေလေလ ျဖစ္ရာ ဝင္ေငြနည္း မိသားစုမ်ားအေနျဖင့္ မိသားစုအားလုံး သုိ႔မဟုတ္ တစ္ဦးခ်င္းဆီအတြက္ပင္ ေငြေၾကးကုန္က် ခံႏိုင္ရန္ခက္ခဲသျဖင့္ အာမခံအကာအကြယ္ကုိ အလုံအေလာက္ရရွိႏိုင္မည္ မဟုတ္ေပ။
မည္သုိ႔ပင္ျဖစ္ေစ COVID-19 လို ကမၻာ့ကပ္ေရာဂါျဖစ္ပြားေနခ်ိန္တြင္မူ က်န္းမာေရးအာမခံ၏ ကုန္က်စရိတ္မွာ မေမွ်ာ္မွန္းႏိုင္တဲ့ အႏၱရာယ္အတြက္ ကုန္က်စရိတ္နဲ႔ ႏႈိင္းစာလ်င္ မေျပာပေလာက္ေပ။ အာမခံကုမၸဏီအသီးသီး ကလည္း က်န္းမာေရးအာမခံနဲ႔ အသက္အာမခံေတြမွာ COVID-19 အကာအကြယ္ကုိ ထည့္သြင္းေပးထားတာ ေၾကာင့္ က်န္းမာေရးအာမခံဟာ လက္တေလာအေျခအေနမွာ ဦးစားေပးဝယ္ယူထားသင့္တဲ့ အကာအကြယ္ တစ္ခုလည္း ျဖစ္ပါတယ္။
Unicode Version
+++++
(က) အားသာချက်
ပိုမိုကျန်းမာပျော်ရွှင်နိုင်ခြင်း - အသေးအမွှား ရောဂါဖြစ်ပွားသည် ဖြစ်စေ၊ ရောဂါကြီးများ ဖြစ်ပွားသည်ဖြစ်စေ ကုန်ကျစရိတ်ကို မပူမပင် မကြောင့်ကြရဘဲ အမြန် ဆေးဝါးကုသနိုင်မှာ ဖြစ်တာကြောင့် ကျန်းမာရေးကို ပိုမိုဂရုစိုက်နိုင်လာပြီး ပိုမိုပျော်ရွှင်ကျန်းမာသော ဘဝကို ရရှိရန် အခွင့်အလမ်းများပါတယ်။
စည်းစိမ်ဥစ္စာများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း - ကျန်းမာရေးကုန်ကျစရိတ်ဟာ အလွန်များပြားတဲ့ ကုန်ကျစရိတ်အမျိုးအစားဖြစ်တာကြောင့် ဒီကုန်ကျစရိတ်ကို ရှောင်လွှဲနိုင်ခြင်းဖြင့် အရေးပေါ်ငွေကြေးကုန်ကျမှုကို ရှောင်လွှဲနိုင်တာကြောင့် စုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေကိုလည်း အလိုအလျောက် ကာကွယ်ပြီး ဖြစ်ပါတယ်။ ဥပမာ အရေးပေါ်ဖြစ်ပွားတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ရွှေ၊ ငွေ၊ အိမ်ခြံမြေတို့ကို ထုခွဲရောင်းချ ဆေးဝါးကုသ ရတဲ့ အဖြစ်မျိုးကို သေချာပေါက် ရှောင်လွှဲနိုင်မှာလည်း ဖြစ်ပါတယ်။
(ခ)အားနည်းချက်
လစဉ်ငွေကုန်ကြေးကျပိုမိုခြင်း - ကျန်းမာရေးအာမခံရဲ့ အဓိကဆိုးကျိုးကတော့ ပေးသွင်းငွေကို လစဉ် သို့မဟုတ် သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရခြင်းကြောင့် လစဉ်ငွေကုန်ကြေးကျ ပိုမိုလာမှာဖြစ်ပါတယ်။ ပိုမိုပြည့်စုံ လုံလောက်သည့် ကျန်းမာရေး အာမခံ အကာအကွယ်ကို ရယူလေလေ ငွေကြေးကုန်ကျမှု ပိုမိုများပြားလေလေ ဖြစ်ရာ ဝင်ငွေနည်း မိသားစုများအနေဖြင့် မိသားစုအားလုံး သို့မဟုတ် တစ်ဦးချင်းဆီအတွက်ပင် ငွေကြေးကုန်ကျ ခံနိုင်ရန်ခက်ခဲသဖြင့် အာမခံအကာအကွယ်ကို အလုံအလောက်ရရှိနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ COVID-19 လို ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်တွင်မူ ကျန်းမာရေးအာမခံ၏ ကုန်ကျစရိတ်မှာ မမျှော်မှန်းနိုင်တဲ့ အန္တရာယ်အတွက် ကုန်ကျစရိတ်နဲ့ နှိုင်းစာလျင် မပြောပလောက်ပေ။ အာမခံကုမ္ပဏီအသီးသီး ကလည်း ကျန်းမာရေးအာမခံနဲ့ အသက်အာမခံတွေမှာ COVID-19 အကာအကွယ်ကို ထည့်သွင်းပေးထားတာ ကြောင့် ကျန်းမာရေးအာမခံဟာ လက်တလောအခြေအနေမှာ ဦးစားပေးဝယ်ယူထားသင့်တဲ့ အကာအကွယ် တစ်ခုလည်း ဖြစ်ပါတယ်။

Sunday, April 19, 2020

မီးအာမခံဘာေၾကာင့္ ထားဖို႔လိုသလဲ။

Photo By Pexels.com
ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီမွ ဒီဇင္ဘာလကုန္ အထိ မီးေလာင္မႈအႀကိမ္ေပါင္းက ၂၁၅၅ ႀကိမ္ ျဖစ္ခဲ့ၿပီး အိမ္ေျခအေဆာက္ အအုံ ၂၉၈၇ လုံး၊ စက္႐ုံ၊ အလုပ္႐ုံ ၂၄ ႐ုံနဲ႔ ဂိုေဒါင္ ၅၂ လုံး ဆုံးရႈံး ခဲ့ရပါတယ္။ မီးေဘးသင့္ျပည္သူ ၆၃၅၉ ဦးက အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။ ဆုံးရႈံးမႈ တန္ဖိုး က က်ပ္သန္း ၃၀၇၉ ဒသမ ၄၅ ျဖစ္ပါတယ္။ ဝမ္းနည္းစရာကေတာ့ လူ၂၂၆ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ၿပီး ၇၉ ဦး ေသ ဆုံးခဲ့ရတာပဲ ျဖစ္ပါတယ္။
၂၀၁၈ ခုႏွစ္တုန္းကလည္း မီးေလာင္မႈ ၁၇၃၉ ႀကိမ္ ျဖစ္ခဲ့ပါတယ္။ ဆုံးရႈံးမႈက် ေတာ့ ေငြက်ပ္သန္း ၅၃၂၇ ဒသမ ၈၆ ပါ။ ၂၀၁၈ နဲ႔ ၂၀၁၉ ႏႈိင္းယွဥ္ရင္ ၂၀၁၉ ခုႏွစ္မွာ မီးေလာင္ မႈအႀကိမ္ ၄၁၆ ႀကိမ္ ပိုခဲ့ပါတယ္။

ဆိုေတာ့မီးေလာင္မႈေတြမ်ားျပားေနတဲ့ အခ်ိန္မွာ ကုိယ့္ရဲ႕ အိုးအိမ္၊ စည္းစိမ္ေတြကုိ လုံးဝလက္လြတ္ဆုံးရွဳံး လိုက္ရ တာမ်ဳိး မျဖစ္ရ ေအာင္ မီးအာမခံဟာ မျဖစ္ မေနထားသင့္တဲ့ အာမခံအမ်ဳိးအစား ျဖစ္ပါ တယ္။

မီးအာမခံဆိုသည္မွာ
Photo By Pexels.com
ေနအိမ္၊အေဆာက္အအံု၊အလုပ္႐ံုစတဲ့ မိမိပိုင္ဆိုင္တဲ႔ ပစၥည္းေတြ မေတာ္တဆ မီး ေလာင္ဆံုးရံႈးမႈျဖစ္ခဲ႔ရင္ အာမခံအဖြဲ႔ အစည္းက ေငြေၾကးျပန္ေထာက္ပံ့ေပးတာကို ေျပာတာပါ။
ဥပမာ-ေစ်းႀကီးေတြမွာ မီးေလာင္မႈျဖစ္ခဲ႔ရင္ အာမခံအဖြဲ႔အစည္းေတြမွာ ႏွစ္စဥ္ေၾကးသြင္းၿပီး မီးအာမခံထားထားတဲ႔ ဆိုင္ခန္းတုိင္းက ကိုယ္႔ရဲ႔ ပိုင္ဆိုင္မႈကို ေငြေၾကး အေထာက္အပံ့ ျပန္လည္ ရယူနိုင္ပါတယ္။
မီးအာမခံထားတဲ႔အေဆာက္အအံုေတြ အတြက္ မေတာ္တဆေလာင္ကၽြမ္းတဲ႔ မီး၊ ကူးစက္ေလာင္ကၽြမ္းတဲ႔မီး၊ မိုးၾကိဳးပစ္ျခင္း ေၾကာင့္ ေလာင္ကၽြမ္းတဲ႔မီး၊အိမ္သံုးဓါတ္ေငြ႔ ေပါက္ကြဲမႈေၾကာင္႔ ေလာင္က်ြမ္းတဲ႔ မီးေတြ အတြက္ ေလ်ာ္ေၾကးရနိုင္ပါတယ္။

ပစၥည္းနဲ႔ပတ္သက္ရင္ကေတာ႔ မီးေလာင္ ကၽြမ္းခံရတဲ့ ပစၥည္းေတြသာမက မီးသတ္ရာမွာ အသံုးျပဳတဲ႔ မီးသတ္ေဆးေၾကာင္႔၊ ေရေၾကာင့္ ပစၥည္းမ်ားပ်က္ဆီးျခင္း၊ မီးေလာင္ေနတဲ့ အေဆာက္အအံုထဲက ပစၥည္းေတြေရြ႔ေျပာင္းခ်ိန္မွာျဖစ္လာတဲ့ ပ်က္ဆီးျခင္း၊ မီးေလာင္ေနတဲ႔ အခ်ိန္မွာ အေဆာက္အအံုအတြင္းက ပစၥည္း ေတြကို အျပင္မွာစုပံုထားတဲ႔အခ်ိန္ရာသီဥတု ေၾကာင့္ ပ်က္ဆီးျခင္းနဲ႔ မီးသတ္၀န္ထမ္းမ်ား တာ၀န္အရေဆာင္ရြက္ေနခ်ိန္မွာ ထိခိုက္ ပ်က္ ဆီးမႈေတြအတြက္ ေလ်ာ္ေၾကးျပန္ ေပးပါတယ္။

အာမခံပရီမီယံကိုဘယ္လို ေကာက္ခံသလဲ။
အာမခံပရီမီယံကိုေတာ့ အေဆာက္အအံုရဲ႕ အမ်ဳိးအစားႏွင့္ အသံုးျပဳပံု၊ သက္တမ္းပတ္ဝန္း က်င္ရိွ အေျခအေနေတြေပၚမူတည္ၿပီး ေကာက္ခံ ပါတယ္။
အာမခံသက္တမ္း ဘယ္ေလာက္ၾကာၾကာ ထားလို႔ရသလဲ။
အာမခံသက္တမ္းကိုေတာ့ အနည္းဆံုး (၁၀)ရက္မွ (၁)ႏွစ္အထိ ထားရိွႏိုင္မွာ ျဖစ္ပါ တယ္။
မီးေလာင္ေနသည့္ အေဆာက္အအံု အတြင္းမွ ပစၥည္းမ်ားေရႊ႕ေျပာင္းစဥ္ပ်က္စီး ျခင္း၊ မီးသတ္ဝန္ထမ္းမ်ားက တာဝန္အရ တရားဝင္ေဆာင္ရြက္ရာမွ ပ်က္စီိးဆံုးရွံုးျခင္း
မီးေလာင္မႈေၾကာင့္ အမိုး/ ၾကမ္းခင္း/ နံရံမ်ား ၿပိဳက်ရာမွ ပ်က္စီးျခင္း၊ မီးေလာင္ေနစဥ္ အေဆာက္အအံုအတြင္းမွပစၥည္းမ်ား ျပင္ပ တြင္စုပံုထားရွိစဥ္ မိုးေရေၾကာင့္ ျဖစ္ေစ၊ ရာသီ ဥတုေၾကာင့္ျဖစ္ေစ ပ်က္စီးဆံုးရွံုးျခင္းမ်ားကို ေလ်ာ္ေၾကး ျပန္ လည္ ရရွိႏိုင္ပါသည္။

ေလ်ာ္ေၾကးမဲ့ဆု(No Claim Bonus)
ပထမႏွစ္အတြင္း ေလ်ာ္ေၾကးေတာင္းခံ ျခင္းမရိွပါက ေနာင္ႏွစ္သက္တမ္းအတြက္ ေလ်ာ္ေၾကးမ့ဲဆု (NCB) အျဖစ္ က်သင့္ပရီမီယံ ၏ ၂၅% ခုႏွိမ္၍ ခံစားခြင့္ရရိွ မွာျဖစ္ပါတယ္။ (ဒါက ကုမၸဏီေပၚမူတည္ ကြဲျပားႏိုင္ပါတယ္)

မီးအာမခံမွွာဘယ္လို အပိုအကာအကြယ္ ေတြေရာ ဝယ္ယူႏိုင္ ေသးလဲ
- ေဖာက္ထြင္းခိုးယူမႈ
- အဓိကရုဏ္း ႏွင့္ မသမာဖ်က္စီးမႈ
- ေမာ္ေတာ္ယာဥ္၊ ေလယာဥ္ျဖင့္ ထိခိုက္
ပ်က္စီးျခင္္း
- ေျမျပိဳ၊ ေျမကၽြံျခင္း
- သဘာ၀ေဘး အႏၲရာယ္
- အလိုအေလ်ာက္ မီးစြဲေလာင္ျခင္း
- စစ္ေဘးအႏၲရာယ္
-မုန္တိုင္းအမ်ိဳးမ်ိဳး

အက်ဳိးခံစားခြင့္
လုံးဝ(သို႔) တစ္စိတ္တစ္ေဒသ ဆုံးရႈံးမႈျဖစ္ပါက ဆုံးရႈံးမႈအလိုက္ ရာခိုင္ႏႈန္း တြက္ခ်က္၍ ေပးေလ်ာ္ပါသည္။ ပထမႏွစ္တြင္ ေလ်ာ္ ေၾကး ေတာင္းခံျခင္းမရွိပါက၊ ေနာင္ႏွစ္တြင္ ေလ်ာ္ ေၾကးမဲ့ဆု အျဖစ္ပရီမီယံ၏၂၅% ခုႏွိမ္၍ ေပးသြင္းႏိုင္မည္ျဖစ္သည္။
အာမခံ ပရီမီယံေၾကးမ်ားႏွင့္ ဝန္ေဆာင္မႈ မ်ားမွာ ကုမၸဏီအလုိက္ အနည္းငယ္ကြဲျပားျခား
နားမႈ ရွိသည္။