Sunday, May 3, 2020

အာမခံထားတဲ့ သင့္ကား မေတာ္တဆျဖစ္ခဲ့ရင္ ...........

အာမခံထားတဲ့ ကားတစ္စီး မေတာ္တဆမႈျဖစ္ရင္ အေရးေပၚလုပ္သင့္တဲ့ အခ်က္ေလးခ်က္ခ်က္ရွိပါတယ္။
(၁) သက္ေသနဲ႔အခ်က္အလက္မ်ား မွတ္သားပါ
ဒီအခ်က္က အလြန္အေရးႀကီးပါတယ္။ ကုိယ္ကပဲတိုက္တာျဖစ္ျဖစ္၊ ကုိယ့္ကုိ တိုက္တာပဲ ျဖစ္ျဖစ္ တိုက္မိတဲ့ ယာဥ္ရဲ႕ နံပါတ္၊ အမ်ဳိးအစား၊ ေမာင္းသူရဲ႕ နာမည္၊ လိပ္စာ၊ ဖုန္းနံပါတ္၊ ယာဥ္ေမာင္းလိုင္စင္၊ ကားဝွိတက္ စတာေတြကုိ ေတာင္းခံမွတ္သားထားပါ။ ဒါမွသာ အာမခံကုမၸဏီကုိ သက္ေသခံအေထာက္အထားေတြ ခိုင္ခိုင္မာမာ ေဖာ္ျပႏိုင္ပါလိမ့္မယ္။
၂။ ။ ဓာတ္ပုံ႐ုိက္ထားပါ။
က်ေနာ္တို႔ ႏိုင္ငံမွာ CCTV ေတြဟာ အၿမဲတမ္း အနီးအနားမွာ ရွိေနမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မေတာ္တဆမႈ ျဖစ္တာနဲ႔ တၿပိဳင္နက္ ဓာတ္ပုံ႐ုိက္ထားပါ။ ျဖစ္ပြားမႈကုိ ေပၚလြင္ေအာင္ ရွဴေထာင့္အမ်ဳိးမ်ဳိးကေန ႐ုိက္ပါ။ ယာဥ္တိုက္မႈမွာ ပါတဲ့ကား၊ အပ်က္အစီးေတြ၊ ကားနံပါတ္ျပားေတြအျပင္ တစ္ဖက္လူရဲ႕ လိုင္စင္၊ မွတ္ပုံတင္ကအစ ႐ုိက္ထားပါ။ ဒီမွတ္တမ္းေတြ ရွိထားမယ္ဆိုရင္ အာမခံကုမၸဏီမွာ ေလ်ာ္ေၾကးေတာင္းတဲ့အခါ ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြကုိ ေရွာင္ႏိုင္ပါလိမ့္မယ္။
၃။ ။ အနီးဆံုးမွာရွိတဲ့ယာဥ္ထိန္းရဲ ဒါမွမဟုတ္ ရဲစခန္းနဲ႔ သက္ဆုိင္ရာအုပ္ခ်ဳပ္ေရးမႉးရံုး တစ္ခုခုကို ဆက္သြယ္ၿပီး မွတ္တမ္း တစ္ေစာင္ေရးေပးဖို႔ေတာင္းဆိုပါ။ အဲဒီ မွတ္တမ္းအစီရင္ခံစာမိတၱဴကိုလည္း ရယူထားပါ။ အစီရင္ခံစာ ေရးေပးတဲ့ တာဝန္ရွိသူကို တရားဝင္စာျဖစ္ေၾကာင္း တံဆိပ္တံုးထု၊ နံပါတ္ေရးထိုးေပးဖို႔ ေတာင္းဆိုပါ။
၃။ အာမခံကုမၸဏီကုိ အျမန္ဆုံးဆက္သြယ္ပါ။
အေစာပိုင္းက ေျပာခဲ့သလိုပဲ လိုအပ္တဲ့ သက္ေသအေထာက္အထားနဲ႔ မွတ္တမ္းေတြ ယူၿပီးၿပီ ဆိုတာနဲ႔ သင့္ကား အာမခံထားထားတဲ့ အာမခံကုမၸဏီကုိ အျမန္ဆုံးသာ ဆက္သြယ္ပါ။ မေတာ္တဆမႈျဖစ္စဥ္နဲ႔ အပ်က္အဆီးအေၾကာင္းကုိ အေသးစိတ္ တင္ျပပါ။
Unicode Version
အာမခံထားတဲ့ ကားတစ်စီး မတော်တဆမှုဖြစ်ရင် အရေးပေါ်လုပ်သင့်တဲ့ အချက်လေးချက်ချက်ရှိပါတယ်။
၁။ သက်သေအချက်အလက်များ မှတ်သားပါ
ဒီအချက်က အလွန်အရေးကြီးပါတယ်။ ကိုယ်ကပဲတိုက်တာဖြစ်ဖြစ်၊ ကိုယ့်ကို တိုက်တာပဲ ဖြစ်ဖြစ် တိုက်မိတဲ့ ယာဉ်ရဲ့ နံပါတ်၊ အမျိုးအစား၊ မောင်းသူရဲ့ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်မောင်းလိုင်စင်၊ ကားဝှိတက် စတာတွေကို တောင်းခံမှတ်သားထားပါ။ ဒါမှသာ အာမခံကုမ္ပဏီကို သက်သေခံအထောက်အထားတွေ ခိုင်ခိုင်မာမာ ဖော်ပြနိုင်ပါလိမ့်မယ်။
၂။ ။ ဓာတ်ပုံရိုက်ထားပါ။
ကျနော်တို့ နိုင်ငံမှာ CCTV တွေဟာ အမြဲတမ်း အနီးအနားမှာ ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် မတော်တဆမှု ဖြစ်တာနဲ့ တပြိုင်နက် ဓာတ်ပုံရိုက်ထားပါ။ ဖြစ်ပွားမှုကို ပေါ်လွင်အောင် ရှူထောင့်အမျိုးမျိုးကနေ ရိုက်ပါ။ ယာဉ်တိုက်မှုမှာ ပါတဲ့ကား၊ အပျက်အစီးတွေ၊ ကားနံပါတ်ပြားတွေအပြင် တစ်ဖက်လူရဲ့ လိုင်စင်၊ မှတ်ပုံတင်ကအစ ရိုက်ထားပါ။ ဒီမှတ်တမ်းတွေ ရှိထားမယ်ဆိုရင် အာမခံကုမ္ပဏီမှာ လျော်ကြေးတောင်းတဲ့အခါ နှောင့်နှေးကြန့်ကြာမှုတွေကို ရှောင်နိုင်ပါလိမ့်မယ်။
၃။ ။ အနီးဆုံးမှာရှိတဲ့ယာဉ်ထိန်းရဲ ဒါမှမဟုတ် ရဲစခန်းနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံး တစ်ခုခုကို ဆက်သွယ်ပြီး မှတ်တမ်း တစ်စောင်ရေးပေးဖို့တောင်းဆိုပါ။ အဲဒီ မှတ်တမ်းအစီရင်ခံစာမိတ္တူကိုလည်း ရယူထားပါ။ အစီရင်ခံစာ ရေးပေးတဲ့ တာဝန်ရှိသူကို တရားဝင်စာဖြစ်ကြောင်း တံဆိပ်တုံးထု၊ နံပါတ်ရေးထိုးပေးဖို့ တောင်းဆိုပါ။
၃။ အာမခံကုမ္ပဏီကို အမြန်ဆုံးဆက်သွယ်ပါ။
အစောပိုင်းက ပြောခဲ့သလိုပဲ လိုအပ်တဲ့ သက်သေအထောက်အထားနဲ့ မှတ်တမ်းတွေ ယူပြီးပြီ ဆိုတာနဲ့ သင့်ကား အာမခံထားထားတဲ့ အာမခံကုမ္ပဏီကို အမြန်ဆုံးသာ ဆက်သွယ်ပါ။ မတော်တဆမှုဖြစ်စဉ်နဲ့ အပျက်အဆီးအကြောင်းကို အသေးစိတ် တင်ပြပါ။


No comments:

Post a Comment