![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizuFe2I_8Jd1G55EdsYgjVrqaP-0fYpoH-IMaOjwSNwxX0HVe8lizzInwBYxBODgFBMKWkyta1R7h4EsCd3DUGlLfD9qgnSDz2MtsqAi0CoBaDG5-J5DE91PDuIv3j4P2vvyHaz0atNoR9/s400/insurance-keyboard-04-may-2017.jpeg.jpg)
ရန္ကုန္ ေမ ၅
COVID-19 ကာလတြင္ ဖြင့္လွစ္ႏိုင္သည့္ လုပ္ငန္းမ်ားကုိ ထုတ္ျပန္ေၾကညာရာတြင္ အာမခံလုပ္ငန္းမ်ား အပါအဝင္ လုပ္ငန္း ၂၁ မ်ဳိးကုိ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ေမလ ၃ ရက္ေန႔တြင္ ထည့္သြင္းထုတ္ျပန္ခဲ့သည္။
အာမခံ ကုမၸဏီႏွင့္ ထုတ္လုပ္မႈမရွိသည့္ ကုမၸဏီလုပ္ငန္း၊ သယ္ယူပို႔ေဆာင္ေရး၊ သိုေလွာင္႐ုံႏွင့္ ပြဲ႐ုံလုပ္ငန္း၊ ဆိပ္ကမ္းလုပ္ငန္း၊ ကုန္ပစၥည္း ပို႔ေဆာင္ေရးႏွင့္ ကုန္တင္ကုန္ခ်လုပ္ငန္း၊ ပို႔ကုန္သြင္းကုန္လုပ္ငန္းမ်ားႏွင့္ ကုန္သြယ္မႈလုပ္ငန္း၊ စည္ပင္သာယာေရး ဆိုင္ရာလုပ္ငန္း၊ ဘဏ္ႏွင့္ ေငြေၾကးဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္း၊ အလုပ္အကိုင္ရွာေဖြေရးလုပ္ငန္း၊ ျပန္ၾကားေရး လုပ္ငန္း၊ ၿမိဳ႕ဝင္ေၾကး၊ လမ္းအသုံးျပဳခ၊ တံတားျဖတ္သန္းခ ေကာက္ခံသည့္ လုပ္ငန္း၊ ဟိုတယ္၊ မိုတယ္ႏွင့္ တည္းခိုခန္း လုပ္ငန္းမ်ားကုိ အမ်ားျပည္သူဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအျဖစ္ ဖြင့္လွစ္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ ႏိုင္ငံေတာ္ပိုင္ စက္႐ုံ၊ အလုပ္႐ုံနဲ႔ လုပ္ငန္း၊ ေရေပးေဝေရးလုပ္ငန္း၊ လွ်ပ္စစ္ဓာတ္အားႏွင့္ ေလာင္စာစြမ္းအင္ ထုတ္လုပ္ပို႔လႊတ္ ျဖန႔္ျဖဴးသည့္ လုပ္ငန္း၊ မီးသတ္လုပ္ငန္း၊ ပုဂၢလိက ေဆး႐ုံ၊ ေဆးခန္းႏွင့္ က်န္းမာေရးဝန္ေဆာင္မႈလုပ္ငန္း၊ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္ႏွင့္ နည္းပညာဆိုင္ရာလုပ္ငန္း တို႔ကို မရွိမျဖစ္လိုအပ္သည့္ လုပ္ငန္းမ်ား အျဖစ္ ဖြင့္လွစ္လုပ္ကုိင္ခြင့္ျပဳထားသည္။
အလားတူ အမ်ားျပည္သူအတြက္ လိုအပ္သည့္ လုပ္ငန္းမ်ားအျဖစ္ ပုံႏွိပ္ထုတ္ေဝေရးလုပ္ငန္း၊ သတၱဳႏွင့္ သယံဇာတလုပ္ငန္း၊ ဓာတုေဗဒဆိုင္ရာ လုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ ငါးပုဇြန္ေမြးျမဴေရး ဖမ္းဆီးေရးႏွင့္ အေအးခန္းလုပ္ငန္းတို႔ကိုလည္း လုပ္ကုိင္ခြင့္ျပဳခဲ့သည္။
သုိ႔ေသာ္လည္း အဆိုပါလုပ္ငန္းမ်ားသည္ က်န္းမာေရးဌာန သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ၿပီးစီးေၾကာင္း အေထာက္အထားမ်ားကုိ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔ကုိ တင္ျပစစ္ေဆးခံရန္လုိအပ္ေၾကာင္း ထုတ္ျပန္ထားသည္။
Unicode Version
COVID-19 ကာလတွင် ဖွင့်လှစ်နိုင်သည့် လုပ်ငန်းများကို ထုတ်ပြန်ကြေညာရာတွင် အာမခံလုပ်ငန်းများ အပါအဝင် လုပ်ငန်း ၂၁ မျိုးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေလ ၃ ရက်နေ့တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။
အာမခံ ကုမ္ပဏီနှင့် ထုတ်လုပ်မှုမရှိသည့် ကုမ္ပဏီလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံနှင့် ပွဲရုံလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ကုန်ပစ္စည်း ပို့ဆောင်ရေးနှင့် ကုန်တင်ကုန်ချလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်း၊ စည်ပင်သာယာရေး ဆိုင်ရာလုပ်ငန်း၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း၊ ပြန်ကြားရေး လုပ်ငန်း၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တံတားဖြတ်သန်းခ ကောက်ခံသည့် လုပ်ငန်း၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းများကို အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားနှင့် လောင်စာစွမ်းအင် ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးသည့် လုပ်ငန်း၊ မီးသတ်လုပ်ငန်း၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်း တို့ကို မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းများ အဖြစ် ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုထားသည်။
အလားတူ အများပြည်သူအတွက် လိုအပ်သည့် လုပ်ငန်းများအဖြစ် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း၊ သတ္တုနှင့် သယံဇာတလုပ်ငန်း၊ ဓာတုဗေဒဆိုင်ရာ လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေး ဖမ်းဆီးရေးနှင့် အအေးခန်းလုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ခွင့်ပြုခဲ့သည်။
သို့သော်လည်း အဆိုပါလုပ်ငန်းများသည် ကျန်းမာရေးဌာန သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးကြောင်း အထောက်အထားများကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ကို တင်ပြစစ်ဆေးခံရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
No comments:
Post a Comment