Wednesday, May 6, 2020

အသက္အာမခံဆိုတာဘာလဲ.....

အသက္အာမခံဆိုအေၾကာင္းကို အေျခခံက်က် သိေစႏိုင္ဖို႔အတြက္ အင္တာဗ်ဴးပုံစံ ေဖာ္ျပထားတာျဖစ္ၿပီး အေျဖနဲ႔ ေမးခြန္းမ်ားကုိ AIA Myanmar ထံမွ ရယူမွီျငမ္းထားတာ ျဖစ္ပါတယ္။
ေမး။ အသက္အာမခံဆိုတာဘာလဲ။
ေျဖ။ အသက္အႏၲရာယ္ထိခိုက္လာႏိုင္တဲ့ အေျခအေနတစ္ရပ္ရပ္အတြက္ ထားရွိတဲ့အာမခံ အမ်ိဳးအစားလည္းျဖစ္သလို က်န္းမာေရးအတြက္တစ္စိတ္တစ္ပိုင္းအာမခံထားတာဆိုလည္း မမွားပါဘူး။ အာမခံထားသူ ေသဆုံးခ်ိန္မွာ အာမခံကုမၸဏီက က်န္ရစ္ခဲ့တဲ့ မိသားစုကို အာမခံေၾကးထုတ္ေပးမွာျဖစ္ပါ တယ္။
ေမး။ ။ အသက္အာမခံဘယ္ႏွစ္မ်ိဳးရွိလဲ။
ေျဖ။ ။ အသက္အာမခံက အၾကမ္းဖ်င္းအားျဖင့္ Whole life Assurance(ႏွစ္ရွည္ အသက္အာမခံ) နဲ႔Term Life Assurance(ကာလတိုအသက္အာမခံ) ဆိုၿပီး ၂ မ်ိဳးရွိပါတယ္။
ေမး။ အသက္အာမခံကုိ အရြယ္မေရြးထားလို႔ရလား။
အသက္အာမခံထားမယ့္သူဟာ အနိမ့္ဆုံးအေနနဲ႔ အသက္ ၁၈ ႏွစ္ျပည့္ရပါမယ္။ ၁၈ ႏွစ္ေအာက္အ႐ြယ္ေတြက အသက္အာမခံထားလို႔မရေသးပါဘူး။
အသက္အာမခံထားမယ္ဆိုရင္ အနိမ့္ဆုံး အသက္ သတ္မွတ္ခ်က္က ၁၈ ႏွစ္ျဖစ္ၿပီး အျမင့္ဆုံး အသက္သတ္မွတ္ခ်က္က ၆၅ ႏွစ္ပါ။
ေမး။ ။ အသက္အာမခံကုိ ဘာေၾကာင့္ထားသင့္တာလဲ။
ေျဖ။ ။ မိသားစုအတြက္ ေငြေၾကးအေထာက္အပံ့ရေစဖို႔ပါ။ အသက္အာမခံဆိုတာက အသက္အႏၲရာယ္ထိခိုက္လာႏိုင္တဲ့ အေျခအေနတစ္ရပ္ရပ္အတြက္ ထားရွိတဲ့အာမခံ အမ်ိဳးအစားပါ။ အာမခံထားသူ ေသဆုံးခ်ိန္မွာ အာမခံကုမၸဏီက က်န္ရစ္ခဲ့တဲ့ မိသားစုကို အာမခံေၾကးထုတ္ေပးမွာျဖစ္ပါတယ္။ အသက္အာမခံကို တစ္လုံးတစ္ခဲတည္းထုတ္ေပးႏိုင္သလို ႏွစ္စဥ္ေၾကးအေနနဲ႔ ထုတ္ေပးတာမ်ိဳးလည္းရွိပါတယ္။
ေမး။ ။ တစ္သက္တာအာမခံရဲ႕ ကာလသက္တမ္းက ဘယ္ေလာက္လဲ။
ေျဖ။ ။ Whole life Assurance(တစ္သက္တာ အသက္အာမခံ) အမ်ိဳးအစားက တစ္သက္လုံးစာထားရွိတဲ့ အာမခံအမ်ိဳးအစားပါ။ အာမခံထားသူ ေသဆုံးခ်ိန္မွာ က်န္ရစ္သူမိသားစုကထုတ္ယူႏိုင္မွာျဖစ္ပါတယ္။
Unicode Version
အသက်အာမခံဆိုအကြောင်းကို အခြေခံကျကျ သိစေနိုင်ဖို့အတွက် အင်တာဗျူးပုံစံ ဖော်ပြထားတာဖြစ်ပြီး အဖြေနဲ့ မေးခွန်းများကို AIA Myanmar ထံမှ ရယူမှီငြမ်းထားတာ ဖြစ်ပါတယ်။
မေး။ အသက်အာမခံဆိုတာဘာလဲ။
ဖြေ။ အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားလည်းဖြစ်သလို ကျန်းမာရေးအတွက်တစ်စိတ်တစ်ပိုင်းအာမခံထားတာဆိုလည်း မမှားပါဘူး။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါ တယ်။
မေး။ ။ အသက်အာမခံဘယ်နှစ်မျိုးရှိလဲ။
ဖြေ။ ။ အသက်အာမခံက အကြမ်းဖျင်းအားဖြင့် Whole life Assurance(နှစ်ရှည် အသက်အာမခံ) နဲ့Term Life Assurance(ကာလတိုအသက်အာမခံ) ဆိုပြီး ၂ မျိုးရှိပါတယ်။
မေး။ အသက်အာမခံကို အရွယ်မရွေးထားလို့ရလား။
အသက်အာမခံထားမယ့်သူဟာ အနိမ့်ဆုံးအနေနဲ့ အသက် ၁၈ နှစ်ပြည့်ရပါမယ်။ ၁၈ နှစ်အောက်အရွယ်တွေက အသက်အာမခံထားလို့မရသေးပါဘူး။
အသက်အာမခံထားမယ်ဆိုရင် အနိမ့်ဆုံး အသက် သတ်မှတ်ချက်က ၁၈ နှစ်ဖြစ်ပြီး အမြင့်ဆုံး အသက်သတ်မှတ်ချက်က ၆၅ နှစ်ပါ။
မေး။ ။ အသက်အာမခံကို ဘာကြောင့်ထားသင့်တာလဲ။
ဖြေ။ ။ မိသားစုအတွက် ငွေကြေးအထောက်အပံ့ရစေဖို့ပါ။ အသက်အာမခံဆိုတာက အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အသက်အာမခံကို တစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။
မေး။ ။ တစ်သက်တာအာမခံရဲ့ ကာလသက်တမ်းက ဘယ်လောက်လဲ။
ဖြေ။ ။ Whole life Assurance(တစ်သက်တာ အသက်အာမခံ) အမျိုးအစားက တစ်သက်လုံးစာထားရှိတဲ့ အာမခံအမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ ကျန်ရစ်သူမိသားစုကထုတ်ယူနိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment