Saturday, April 11, 2020

မြန်မာ့ရှေးအကျဆုံး အာမခံလုပ်ငန်း


မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းများနှင့် ပတ်သက်ပြီး မိတ်ဆက်မည်ဆိုလျင်  မြန်မာနိုင်ငံ၏ ရှေး အကျဆုံး အာမခံလုပ်ငန်းဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်းကို စတင် မိတ်ဆက်ရမည် ဖြစ်သည်။ မြန်မာ့အာမခံသည် နိုင်ငံပိုင်အာမခံ အဖွဲ့အစည်းဖြစ်ပြီး ၁၉၅၂ ခုနှစ် က စတင် တည်ထောင်ခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။
ဘားမားနေရှင်နယ်အာမခံကုမ္ပဏီ (Burma National Insurance Co.,) ကို ၁၉၅၁ အာမခံ ကုမ္ပဏီများကို နိုင်ငံပိုင်ပြုလုပ်ခြင်း အက်ဥပဒေအရ ပြည်သူပိုင်ပြုလုပ်၍ ၁၉၅၂ ခုနှစ် မတ်လ ၁ ရက်နေ့  တွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့ (Union of Insurance Board) အနေဖြင့် စတင်တည်ထောင်ခဲ့ ခြင်းလည်းဖြစ်သည်။
ကနဦးတွင် အသက် အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး နောင်တွင်မှ အသက်နှင့် အထွေထွေအာမခံ နှစ်မျိုးလုံး လက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ယခုလက်ရှိ ဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစား ၃၀ ကျော် ရှိသည်။
အသက်အာမခံရန်ပုံငွေ ကျပ် သန်းပေါင်း ၁၈၀၆၄ဒသမ၂၃၊ အထွေထွေအာမခံရန်ပုံငွေ ကျပ် ၁၃၂၅၅၈ ဒသမ ၈၈သန်း၊ အထွေထွေသီးသန့်ရန်ပုံငွေ ကျပ် ၁၁၃၆၈ဒသမ၂၂ သန်းစသည့် ပမာဏကြီးမားသော အရံ ရန်ပုံငွေများနှင့် တစ်ဆင့်အာမခံ အကာအကွယ်များ လည်း ရှိသည်။
မီးနှင့်ရေကြောင်းအာမခံ ပိုလွန်ဆုံးရှုံးမှု စာချုပ်များ၊ စွမ်းအင်အာ မခံစာချုပ်များ၊ မော်တော်ကား စိတ်ကြိုက်တာဝန်ယူမှုစာချုပ် များလည်း  ဝန်ဆောင်ပေးနေပြီး အဆိုပါ တစ်ဆင့်အာမခံစာချုပ် များကို ကမ္ဘာ့ထိပ်တန်း တစ်ဆင့်အာမခံကုမ္ပကြီးများနှင့် ချုပ်ဆို ဆောင်ရွက်ထားသည်ဟု ဆိုသည်။
မြန်မာ့အာမခံဥပဒေအရ မြန်မာ့အာမခံ၏ ပေးလျော်ရန်တာဝန် အားလုံးအား နိုင်ငံတော်မှ တာဝန်ယူထားသည်။ လွန်ခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်အတွင်း လျော်ကြေးစုစုပေါင်း ကျပ် ၇၆၆၈ဒသမ၁၅ သန်း ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိဝန်ဆောင်မှုပေးနေသော အာမခံများမှာ
၁။   နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို)
၂။   ပြည်သူ့ဝန်ထမ်းအသက်အာမခံ
၃။   တပ်မတော်သားအသက်အာမခံ
၎။   ပြည်သူပြည်သားအသက်အာမခံ
၅။   စုပေါင်းအသက်အာမခံ
၆။   သင်္ဘောသားအသက်အာမခံ
၇။  မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမားအသက်အာမခံ
၈။   မြွေအန္တရာယ်အသက်အာမခံ
၉။   အားကစားသမားများကိုယ်အင်္ဂါထိခိုက်မှုအသက်အာမခံ
၁၀။ ကျန်းမာရေးအာမခံ
၁၁။ တောင်သူလယ်သမားအသက်အာမခံ
၁၂။ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ
၁၃။ မီးနှင့်အပိုအန္တရာယ်အကာအကွယ်များ
၁၄။ ဖောက်ထွင်းခိုးယူမှုအာမခံ
၁၅။ သမာဓိအာမခံ
၁၆။ ငွေသားလုံခြုံမှုအာမခံ
၁၇။ ငွေပို့ငွေသယ်အာမခံ
၁၈။ ကိုယ်အင်္ဂါထိခိုက်မှုနှင့် ရောဂါဘယအာမခံ
၁၉။ အလုပ်သမားလျော်ကြေးအာမခံ
၂၀။ ပေးလျော်ရန်တာဝန်ရှိမှုအာမခံများ
၂၁။ ကန်ထရိုက်တာလုပ်ငန်းနှင့် စက်ပစ္စည်းများအာမခံ
၂၂။ အပ်ငွေအာမခံ
၂၃။ ရေကြောင်းကုန်ပစ္စည်းအာမခံ
၂၄။ ရေယာဉ်ကိုယ်ထည်အာမခံ
၂၅။ လေယာဉ်ကိုယ်ထည်အာမခံ
၂၆။ လေကြောင်းပေးလျော်ရန်တာဝန်ရှိမှုအာမခံ
၂၇။ ခရီးသွားအာမခံ
၂၈။ ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ
၂၉။ ကျားဖောင်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ
၃၀။ ရေနံနှင့်သဘာဝဓါတ်ငွေ့အာမခံ
၃၁။ သူတစ်ပါးထိခိုက်မှုအာမခံ
၃၂။ အလုံးစုံမော်တော်ယာဉ်အာမခံ တို့ဖြစ်သည်။

No comments:

Post a Comment