![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIvTa4bc2uBcqyB47OtU3AwPzeHvrZLYOqKwiMspFhNNBaeNnl0UalztCrDtzFRSgnr656bpMz-7b7A_M05GYHEhB8MSoA-kK502_hNkFAoYFmyxxtpovLQmPywm-tRzBKICgcQVMltjdS/s640/abpwsair.jpg)
ရန္ကုန္၊ ဧၿပီ ၃၀
ဧရာဝတီတိုင္းေဒသႀကီးသုိ႔ တေက်ာ့ျပန္ ဦးတည္လာႏိုင္သည့္ ေမလအတြင္း တိုက္ခတ္ဖြယ္ရွိေသာ မုန္တိုင္း အႏၱရာယ္ကုိ ျမန္မာျပည္သူအခ်ဳိ႕ စုိးရိမ္မကင္း ရွိေနၾကသည္။ ေမလအတြင္း မုန္တိုင္း တိုက္ခတ္ႏိုင္ဖြယ္ရွိသည္ ဆိုေသာ သတင္းသည္ လြန္ခဲ့ေသာ ၁၂ ႏွစ္က ဒဏ္ရာေဟာင္းကုိ ထုိးဆြလိုက္သလိုပင္ျဖစ္ေနျခင္း ေၾကာင့္လည္း ပုိ၍ စုိးရိမ္မကင္း ျဖစ္ေနၾကျခင္းျဖစ္သည္။
ေမလအတြင္း တိုက္ခိုက္လာဖြယ္ရွိသည့္ မုန္တိုင္းႏွင့္ ပတ္သက္ၿပီး ယေန႔တိုင္ အေျဖမေရရာေသးေပ။ တိုက္ ခတ္ခဲ့လ်င္ပင္ အားအသင့္အတင့္သာရွိမည့္ မုန္တိုင္းျဖစ္မည္ဟု မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန မွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။ သို႔ေသာ္လည္း မုန္တိုင္းဦးတည္ရာလမ္းေၾကာင္းမွာ ယေန႔အထိ မေရရာ ေသးေၾကာင္း မိုးဇလက ထုတ္ျပန္ထားသည္။
ဧၿပီ ၂၈ ရက္ေန႔တြက္ခ်က္မႈမ်ားအရ ဧရာဝတီတိုင္းသို႔ ဦးတည္ထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားေသာ္လည္း ဧၿပီ ၂၉ ရက္ေန႔တြင္မူ မုန္တိုင္းအျဖစ္ပင္ေရာက္မလာဘဲ ေလဖိအားနည္း ရပ္ဝန္းအဆင့္တြင္ ေပ်ာက္ကြယ္ႏိုင္ ေၾကာင္း ျပန္လည္ ထုတ္ျပန္ခဲ့သည္။
ႏိုင္ငံတကာ မိုးေလဝသဌာနမ်ားတြင္လည္း အဆိုပါမုန္တိုင္းႏွင့္ ပတ္သက္ၿပီး ကြဲလြဲသည့္ ရွဴျမင္ခ်က္မ်ားလည္း ရွိေနသည္။
Joint Typhoon Warning Center ႏွင့္ အေမရိကန္ႏိုင္ငံ National Ocean and Atmospheric Administration (NOAA)/NWS/NCEP တို႔၏ ခန္႔မွန္းခ်က္ အရ ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္းပင္ ျဖစ္ႏိုင္ေျခမရွိေၾကာင္း ခန္႔မွန္းထားသည္။
အိႏၵိယမိုးေလဝသဌာန၊ European Center for Medium Range Weather Forecast (ECMWF)ႏွင့္ NAVGEM (Navy Global Environmental Model) စသည့္ အဖြဲ႕အစည္းမ်ား၏ ခန္႔မွန္းခ်က္အရ မုန္တိုင္း ျဖစ္ပြားႏိုင္ေသာ္လည္း ေန႔ရက္၊ အခ်ိန္ႏွင့္ ဦးတည္ရာလမ္းေၾကာင္း ကြဲလြဲခ်က္မ်ား ရွိေနသည္။
သုိ႔ျဖစ္ရာ ေမလဆန္းမုန္တိုင္း အေျခအေနမွာ ယေန႔အခ်ိန္အထိ စုိးရိမ္ေလာက္စရာ တိက်သည့္ ထုတ္ျပန္ခ်က္မ်ား မေတြ႕ျမင္ရေသးေသာ္လည္း သဘာဝေဘးအႏၱရာယ္မွာ တခါတရံ ႀကိဳတင္မခန္႔မွန္းႏို္င္ ေလာက္ေအာင္ ဆန္းၾကယ္သျဖင့္ ပင္လယ္ကမ္္းနား ေနထိုင္သူမ်ား၊ ေရလုပ္ငန္းႏွင့္ ဆက္စပ္ေနသူမ်ားအေနျဖင့္မူ မိုးဇလ၏ ထုတ္ျပန္ခ်က္မ်ား၊ ညႊန္ၾကားခ်က္မ်ားကို သတိျပဳေလ့လာထားရမည့္ အခ်ိန္ကာလျဖစ္သည္။
မိုုးေလဝသသတင္းမ်ားကုိ နားစြင့္ထားျခင္းျဖင့္ မုန္တိုင္းက်ေရာက္ပါက အသက္ေဘးမွ လြတ္ေအာင္ ႀကိဳတင္ျပင္ဆင္ႏိုင္ေသာ္လည္း အိုးအိမ္စည္းစိမ္ပ်က္ဆီးမႈကုိမူ ႀကိဳတင္ကာကြယ္ရန္မွာမူ အာမခံထားျခင္းနည္းလမ္းတစ္ခုသာရွိေၾကာင္း အာမခံကုိယ္စားလွယ္တစ္ဦးက ဆုိသည္။
ေလမုန္တိုင္းအမ်ဳိးမ်ဳိးဆိုင္ရာ အာမခံသည္ မီးအာမခံႏွင့္အတူ တြဲဖက္ဝယ္ယူႏိုင္သည့္ အပုိေဆာင္း အကာအကြယ္ တစ္ခုျဖစ္ၿပီး မီးအာမခံကုိ အေဆာက္အဦး၏ သက္တမ္းႏွင့္ အတန္းအစားအရဧရိယာတစ္ယူနစ္ ခန႔္မွန္းတန္ဖိုး(PAE)ျဖင့္ လက္ခံကာ စက္ကိရိယာ၊ ကုန္ပစၥည္းႏွင့္ ပရိေဘာဂမ်ားကိုမူ ကာလေပါက္ေစ်းျဖင့္ ထားရွိႏိုင္ေၾကာင္း ၎က ေျပာသည္။
ေယဘူယ်အားျဖင့္ မီးအာမခံႏွင့္ အပိုေဆာင္းအကာအကြယ္မ်ားကုိ ၁၀ ရက္မွ ၁ ႏွစ္သက္တမ္းအထိ ထားရွိႏိုင္ၿပီး အာမခံကုမၸဏီေပၚမူတည္၍ ဝန္ေဆာင္မႈႏွင့္ ပရီမီယံေၾကးႏႈန္းထားအနည္းငယ္ ကြာျခားခ်က္ရွိႏိုင္သည္။
Unicode Version
ဧရာဝတီတိုင်းဒေသကြီးသို့ တကျော့ပြန် ဦးတည်လာနိုင်သည့် မေလအတွင်း တိုက်ခတ်ဖွယ်ရှိသော မုန်တိုင်း အန္တရာယ်ကို မြန်မာပြည်သူအချို့ စိုးရိမ်မကင်း ရှိနေကြသည်။ မေလအတွင်း မုန်တိုင်း တိုက်ခတ်နိုင်ဖွယ်ရှိသည် ဆိုသော သတင်းသည် လွန်ခဲ့သော ၁၂ နှစ်က ဒဏ်ရာဟောင်းကို ထိုးဆွလိုက်သလိုပင်ဖြစ်နေခြင်း ကြောင့်လည်း ပို၍ စိုးရိမ်မကင်း ဖြစ်နေကြခြင်းဖြစ်သည်။
မေလအတွင်း တိုက်ခိုက်လာဖွယ်ရှိသည့် မုန်တိုင်းနှင့် ပတ်သက်ပြီး ယနေ့တိုင် အဖြေမရေရာသေးပေ။ တိုက် ခတ်ခဲ့လျင်ပင် အားအသင့်အတင့်သာရှိမည့် မုန်တိုင်းဖြစ်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ သို့သော်လည်း မုန်တိုင်းဦးတည်ရာလမ်းကြောင်းမှာ ယနေ့အထိ မရေရာ သေးကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ဧပြီ ၂၈ ရက်နေ့တွက်ချက်မှုများအရ ဧရာဝတီတိုင်းသို့ ဦးတည်ထားကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း ဧပြီ ၂၉ ရက်နေ့တွင်မူ မုန်တိုင်းအဖြစ်ပင်ရောက်မလာဘဲ လေဖိအားနည်း ရပ်ဝန်းအဆင့်တွင် ပျောက်ကွယ်နိုင် ကြောင်း ပြန်လည် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာ မိုးလေဝသဌာနများတွင်လည်း အဆိုပါမုန်တိုင်းနှင့် ပတ်သက်ပြီး ကွဲလွဲသည့် ရှူမြင်ချက်များလည်း ရှိနေသည်။
Joint Typhoon Warning Center နှင့် အမေရိကန်နိုင်ငံ National Ocean and Atmospheric Administration (NOAA)/NWS/NCEP တို့၏ ခန့်မှန်းချက် အရ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းပင် ဖြစ်နိုင်ခြေမရှိကြောင်း ခန့်မှန်းထားသည်။
အိန္ဒိယမိုးလေဝသဌာန၊ European Center for Medium Range Weather Forecast (ECMWF)နှင့် NAVGEM (Navy Global Environmental Model) စသည့် အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ မုန်တိုင်း ဖြစ်ပွားနိုင်သော်လည်း နေ့ရက်၊ အချိန်နှင့် ဦးတည်ရာလမ်းကြောင်း ကွဲလွဲချက်များ ရှိနေသည်။
သို့ဖြစ်ရာ မေလဆန်းမုန်တိုင်း အခြေအနေမှာ ယနေ့အချိန်အထိ စိုးရိမ်လောက်စရာ တိကျသည့် ထုတ်ပြန်ချက်များ မတွေ့မြင်ရသေးသော်လည်း သဘာဝဘေးအန္တရာယ်မှာ တခါတရံ ကြိုတင်မခန့်မှန်းနိုင် လောက်အောင် ဆန်းကြယ်သဖြင့် ပင်လယ်ကမ်းနား နေထိုင်သူများ၊ ရေလုပ်ငန်းနှင့် ဆက်စပ်နေသူများအနေဖြင့်မူ မိုးဇလ၏ ထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များကို သတိပြုလေ့လာထားရမည့် အချိန်ကာလဖြစ်သည်။
မိုးလေဝသသတင်းများကို နားစွင့်ထားခြင်းဖြင့် မုန်တိုင်းကျရောက်ပါက အသက်ဘေးမှ လွတ်အောင် ကြိုတင်ပြင်ဆင်နိုင်သော်လည်း အိုးအိမ်စည်းစိမ်ပျက်ဆီးမှုကိုမူ ကြိုတင်ကာကွယ်ရန်မှာမူ အာမခံထားခြင်းနည်းလမ်းတစ်ခုသာရှိကြောင်း အာမခံကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
လေမုန်တိုင်းအမျိုးမျိုးဆိုင်ရာ အာမခံသည် မီးအာမခံနှင့်အတူ တွဲဖက်ဝယ်ယူနိုင်သည့် အပိုဆောင်း အကာအကွယ် တစ်ခုဖြစ်ပြီး မီးအာမခံကို အဆောက်အဦး၏ သက်တမ်းနှင့် အတန်းအစားအရဧရိယာတစ်ယူနစ် ခန့်မှန်းတန်ဖိုး(PAE)ဖြင့် လက်ခံကာ စက်ကိရိယာ၊ ကုန်ပစ္စည်းနှင့် ပရိဘောဂများကိုမူ ကာလပေါက်ဈေးဖြင့် ထားရှိနိုင်ကြောင်း ၎င်းက ပြောသည်။
ယေဘူယျအားဖြင့် မီးအာမခံနှင့် အပိုဆောင်းအကာအကွယ်များကို ၁၀ ရက်မှ ၁ နှစ်သက်တမ်းအထိ ထားရှိနိုင်ပြီး အာမခံကုမ္ပဏီပေါ်မူတည်၍ ဝန်ဆောင်မှုနှင့် ပရီမီယံကြေးနှုန်းထားအနည်းငယ် ကွာခြားချက်ရှိနိုင်သည်။
No comments:
Post a Comment