ရန္ကုန္၊ ဧၿပီ ၂၃
Coronavirus Disease 2019 (COVID-19) ေရာဂါေဝဒနာခံစားေနရေသာလူနာမ်ားကို အနီးကပ္ထိေတြ႕ ေနရေသာ ေဝဘာဂီကူးစက္ေရာဂါအထူးကုေဆး႐ုံရွိ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ အေထြေထြ လုပ္သားမ်ားအားလုံးအတြက္ တစ္ႏွစ္စာ က်န္းမာေရးအာမခံ အကာကြယ္ ေထာက္ပံ့လွဴဒါန္းခဲ့ေၾကာင္း First National Insurance မွ သိရသည္။
အဆိုပါ က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ (COVID-19) မေတာ္တဆေရာဂါကူးစက္ခံရပါက က်န္းမာေရး အေထာက္အပံ့အက်ိဳးခံစားခြင့္ရရွိေစရန္ ရည္႐ြယ္၍ ပထမအမ်ိဳးသားအာမခံ FIRST NATIONAL INSURANCE (Life) ႏွင့္ FIRST NATIONAL INSURANCE (General) Company တို႔မွ တစ္ႏွစ္စာက်န္းမာေရးအာမခံ လႉဒါန္းထားရွိေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
(COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ ကုသေရးဆိုင္ရာလုပ္ငန္းမ်ားကို ေရွ႕တန္းမွ သက္စြန႔္ႀကိဳးပမ္း ေဆာင္႐ြက္ေနေသာ ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေဝဘာဂီကူးစက္ေရာဂါအထူးကုေဆး႐ုံရွိ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ အေထြေထြဝန္ထမ္းမ်ားအားလုံးအတြက္ စုစုေပါင္းအကာအကြယ္အာမခံေၾကးႏွင့္ အကာအကြယ္အားျဖင့္ တစ္ဦးလွ်င္ ၁၀ သိန္းႏႈန္းျဖင့္ ဝန္ထမ္းစုစုေပါင္း (၁၁၁) ဦးအတြက္ တစ္ႏွစ္စာက်န္းမာေရးအာမခံအကာအကြယ္ကို ေပးအပ္လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ က်န္းမာေရးအာမခံေပၚလစီမွာ အေရးေပၚအေျခအေနတြင္ COVID-19 ေရာဂါကူးစက္ခံရျခင္းေၾကာင့္ ေဆး႐ုံတက္ေရာက္ကုသရျခင္းႏွင့္ ေသဆုံးျခင္းတို႔ကို အကာအကြယ္ေပးသြားမည့္ က်န္းမာေရးအာမခံအမ်ိဳးအစား ျဖစ္သည္။
ကမာၻ႔ က်န္းမာေရး အဖြဲ႕ (WHO) က ကူးစက္ကပ္ ေရာဂါ (Pandemic) အျဖစ္ သတ္မွတ္ထားသည့္ COVID -19 သည္ တကမာၻလုံး အတိုင္းအတာျဖင့္ ဧၿပီ ၂၁ ရက္အထိ ေသဆုံးသူ ၁ သိန္း ၆ ေသာင္းေက်ာ္ (၁၆၃,၀၉၇ ဦး) ရွိၿပီ ျဖစ္ၿပီး COVID-19 ပိုးေတြ႕လူဦးေရ ၂ ဒသမ ၄ သန္းေက်ာ္ ရွိၿပီ ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္လည္း မတ္လ ၂၃ ရက္ေန႔မွ ဧၿပီလ ၂၁ ရက္ေန႔အထိတြင္ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ ၁၂၃ ဦး ရွိေနၿပီျဖစ္ၿပီး ေသဆုံးသူ ၅ ဦးရွိကာ ပိုးေတြ႕ၿပီးျပန္လည္ သက္သာလာသူ ၇ ဦး ရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
Unicode Version
---------------
ဝေဘာဂီဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် FNI က ကျန်းမာရေးအာမခံထားပေး
--------------------------------------------
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMLizx13CSfm5CLa5w1kMfrp8WUQf05NQigStnsEgKD3V0HiBbKesk6qZKxSonrzf8XkZ12lYp_XXl9xIiWh7pfabOaayj5k8lTHsit6c8STLF79SbKx7E-Ylskv-zGPPEnjTLTEEhL5bA/s320/94179166_1546089518889634_1350088807327727616_o.jpg)
အဆိုပါ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် (COVID-19) မတော်တဆရောဂါကူးစက်ခံရပါက ကျန်းမာရေး အထောက်အပံ့အကျိုးခံစားခွင့်ရရှိစေရန် ရည်ရွယ်၍ ပထမအမျိုးသားအာမခံ FIRST NATIONAL INSURANCE (Life) နှင့် FIRST NATIONAL INSURANCE (General) Company တို့မှ တစ်နှစ်စာကျန်းမာရေးအာမခံ လှူဒါန်းထားရှိပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေသော ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေဝန်ထမ်းများအားလုံးအတွက် စုစုပေါင်းအကာအကွယ်အာမခံကြေးနှင့် အကာအကွယ်အားဖြင့် တစ်ဦးလျှင် ၁၀ သိန်းနှုန်းဖြင့် ဝန်ထမ်းစုစုပေါင်း (၁၁၁) ဦးအတွက် တစ်နှစ်စာကျန်းမာရေးအာမခံအကာအကွယ်ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအာမခံပေါ်လစီမှာ အရေးပေါ်အခြေအနေတွင် COVID-19 ရောဂါကူးစက်ခံရခြင်းကြောင့် ဆေးရုံတက်ရောက်ကုသရခြင်းနှင့် သေဆုံးခြင်းတို့ကို အကာအကွယ်ပေးသွားမည့် ကျန်းမာရေးအာမခံအမျိုးအစား ဖြစ်သည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ် ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID -19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၂၁ ရက်အထိ သေဆုံးသူ ၁ သိန်း ၆ သောင်းကျော် (၁၆၃,၀၉၇ ဦး) ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၂ ဒသမ ၄ သန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၂၃ ဦး ရှိနေပြီဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိကာ ပိုးတွေ့ပြီးပြန်လည် သက်သာလာသူ ၇ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
No comments:
Post a Comment