
COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလတွင် ကားတစ်စီးဝင်ယူလျှင် ကျပ်သိန်း ၅၀ ဖိုး လက်ဆောင်ပြန်ပေးသည့် အစီအစဉ်ဖြင့် အရောင်းမြှင့်တင်လျက်ရှိကြောင်း Hyundai Motor Myanmar ထံမှ သိရသည်။
ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သော ဟွန်ဒေးကားအမျိုးအစားအများအနက် Tucson မော်ဒယ်လ်အတွက် ရွှေနှစ်ကျပ်သား၊ Samsung Galaxy S20 ဖုန်းတစ်လုံး၊ ကျပ် ဆယ်သိန်း တန် ဆီဖြည့်ကတ်တစ်ကတ်နှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲလှယ်ခွင့်ကတ် စသည့်ကျပ်သိန်း ၅၀ တန်ဖိုး လက်ဆောင်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Accent နှင့် Creta ကားအမျိုးအစားများ ဝယ်ယူသူများအတွက် ၂၆ သိန်း တန်ဖိုးရှိ ရွှေနှစ်ကျပ်သားနှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲလှယ်ခွင့်ကတ် တို့ကို ပေးမည်ဖြစ်ပြီး Grand i10 ကားအမျိုးအစားအတွက်ကို ကျပ် ၁၄ သိန်း တန်ဖိုးရှိ ရွှေတစ်ကျပ်သားနှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲလှယ်ခွင့်ကတ်တို့ကို ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
“COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဥမှာ ဝယ်ယူအားပေးလိုသူ customer တွေ လုံခြုံ၊ အဆင်ပြေလွယ်ကူဖို့အတွက့် Online Registration စနစ်နဲ့ ဝယ်ယူနိုင်အောင်လည်း စီစဉ်ထားပါတယ်။ Showroom ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလိုတဲ့ customer တွေအတွက်လည်း ဘေးကင်းစေနိုင်မယ့် ကျန်းမာရေးကာကွယ်မှုများကို စနစ်တကျ လုပ်ဆောင်ထားပါတယ်။ ကားအပ်နှံချိန်မှာလည်း ကားအတွင်းအပြင် ပိုးသတ် ပေးသွားမှာပါ” ဟု Hyundai Motor Myanmar မှ Marketing Manager ဦးမျိုးဝင်းက ပြောသည်။
Hyundai ထုတ် SKD ကားအမျိုးအစားများကို အရစ်ကျငွေပေးချေစနစ်ဖြင့် ဝယ်ယူမည် ဆိုလျှင် UAB, AYA နှင့် CB ဘဏ်တို့ဖြင့် ချိတ်ဆက်ပြီး ကနဦးငွေပေးချေမှု ၂၀ ရာခိုင်နှုန်းမှစကာ အရစ်ကျလစဉ်ငွေပေးချေမှုဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မော်တော်ယာဉ် မူဝါဒအရ SKD ကားအမျိုးအစားအားလုံးသည် ရန်ကုန်လိုင်စင် အမည်ပေါက် ရရှိမည်ဖြစ်သည်။
Zawgyi Version
COVID ကာလတြင္ ကားတစ္စီးကို သိန္း ၅၀ ဖိုး ျပန္ေပးအပ္သည့္ အစီအစဥ္ျဖင့္ Hyundai အေရာင္းျမႇင့္
ရန္ကုန္၊ ဇြန္ ၁၆
COVID-19 ကပ္ေရာဂါျဖစ္ပြားေနသည့္ ကာလတြင္ ကားတစ္စီးဝင္ယူလွ်င္ က်ပ္သိန္း ၅၀ ဖိုး လက္ေဆာင္ျပန္ေပးသည့္ အစီအစဥ္ျဖင့္ အေရာင္းျမႇင့္တင္လ်က္ရွိေၾကာင္း Hyundai Motor Myanmar ထံမွ သိရသည္။
ျပည္တြင္းတြင္ တပ္ဆင္ထုတ္လုပ္ေသာ ဟြန္ေဒးကားအမ်ိဳးအစားအမ်ားအနက္ Tucson ေမာ္ဒယ္လ္အတြက္ ေ႐ႊႏွစ္က်ပ္သား၊ Samsung Galaxy S20 ဖုန္းတစ္လုံး၊ က်ပ္ ဆယ္သိန္း တန္ ဆီျဖည့္ကတ္တစ္ကတ္ႏွင့္ တစ္ႏွစ္စာ အင္ဂ်င္ဝိုင္ ႏွစ္ႀကိမ္လဲလွယ္ခြင့္ကတ္ စသည့္က်ပ္သိန္း ၅၀ တန္ဖိုး လက္ေဆာင္ျပန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ Accent ႏွင့္ Creta ကားအမ်ိဳးအစားမ်ား ဝယ္ယူသူမ်ားအတြက္ ၂၆ သိန္း တန္ဖိုးရွိ ေ႐ႊႏွစ္က်ပ္သားႏွင့္ တစ္ႏွစ္စာ အင္ဂ်င္ဝိုင္ ႏွစ္ႀကိမ္လဲလွယ္ခြင့္ကတ္ တို႔ကို ေပးမည္ျဖစ္ၿပီး Grand i10 ကားအမ်ိဳးအစားအတြက္ကို က်ပ္ ၁၄ သိန္း တန္ဖိုးရွိ ေ႐ႊတစ္က်ပ္သားႏွင့္ တစ္ႏွစ္စာ အင္ဂ်င္ဝိုင္ ႏွစ္ႀကိမ္လဲလွယ္ခြင့္ကတ္တို႔ကို ျပန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
“COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနစဥမွာ ဝယ္ယူအားေပးလိုသူ customer ေတြ လုံၿခဳံ၊ အဆင္ေျပလြယ္ကူဖို႔အတြက့္ Online Registration စနစ္နဲ႔ ဝယ္ယူႏိုင္ေအာင္လည္း စီစဥ္ထားပါတယ္။ Showroom ကို ကိုယ္တိုင္ကိုယ္က် လာေရာက္ၾကည့္ရႈလိုတဲ့ customer ေတြအတြက္လည္း ေဘးကင္းေစႏိုင္မယ့္ က်န္းမာေရးကာကြယ္မႈမ်ားကို စနစ္တက် လုပ္ေဆာင္ထားပါတယ္။ ကားအပ္ႏွံခ်ိန္မွာလည္း ကားအတြင္းအျပင္ ပိုးသတ္ ေပးသြားမွာပါ” ဟု Hyundai Motor Myanmar မွ Marketing Manager ဦးမ်ိဳးဝင္းက ေျပာသည္။
Hyundai ထုတ္ SKD ကားအမ်ိဳးအစားမ်ားကို အရစ္က်ေငြေပးေခ်စနစ္ျဖင့္ ဝယ္ယူမည္ ဆိုလွ်င္ UAB, AYA ႏွင့္ CB ဘဏ္တို႔ျဖင့္ ခ်ိတ္ဆက္ၿပီး ကနဦးေငြေပးေခ်မႈ ၂၀ ရာခိုင္ႏႈန္းမွစကာ အရစ္က်လစဥ္ေငြေပးေခ်မႈျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိ ေမာ္ေတာ္ယာဥ္ မူဝါဒအရ SKD ကားအမ်ိဳးအစားအားလုံးသည္ ရန္ကုန္လိုင္စင္ အမည္ေပါက္ ရရွိမည္ျဖစ္သည္။
No comments:
Post a Comment