Saturday, June 13, 2020

ချေးငွေဖြင့် အိမ်ရာဝယ်ယူသူတိုင်း ထားရှိရမယ့် အိမ်ရာချေးငွေ အာမခံ

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ဝန်ဆောင်မှု နယ်ပယ်တွင် ယခုနှစ်ပိုင်း အတွင်း တဖြည်း ဖြည်း တိုးတက်လာသည့် လုပ်ငန်းတစ်ခုမှာ အိမ်ရာ ချေးငွေ ဖြစ်သည်။
ဘဏ်ချေးငွေဖြင့် နေအိမ်ဝယ်ယူရာတွင်ကျန်းမာရေးအခြေအ နေကြောင့် နေအိမ်တန်ဖိုး ပေးသွင်းနိုင်ခြင်း မရှိသည့်အခါ ဝယ်ယူ သူမှာ နေအိမ်ကို လက်လွတ်ဆုံးရှုံးရမည့် အခြေအနေကို ကြုံတွေ့ရ တတ်သည်။ ကြုံ တောင့်ကြုံခဲ အခြေအနေဖြစ်သော်လည်း မကြုံနိုင် ဟုကား ကံသေကံမ မပြောနိုင်ချေ။
ထို့ပြင် ချေးငွေပေးဆပ်နေဆဲကာလတွင် ဝယ်ယူထားသော နေအိမ်ပျက်ဆီးဆုံးရှုံးရပါ ကလည်း အလားတူပင် ကြုံတွေ့ရပေသည်။
ယခုအခါ အဆိုပါ အခြေအနေဆိုးများကို ကျော်လွှားနိုင်ရန် အတွက် မြန်မာ့အာမခံလုပ်ငန်းက အာမခံအမျိုးအစားသစ်တစ်ခုကို မိတ်ဆက် ခဲ့သည်။
အာမခံထားရှိသူသည် ဘဏ်ချေးငွေဖြင့် အဆောက်အဦး ဝယ်ယူ ပြီး အာမခံသက်တမ်းအတွင်း သေဆုံးခြင်း သို့မဟုတ် ထာဝစဉ် မသန်စွမ်း ဖြစ်သွားပါက ပေးရန်ကျန်ရှိနေသော အဆောက်အဦး တန်ဖိုးကို မြန်မာ့အာမခံလုပ်ငန်းမှ ပေးချေပေးသွားမည်ဖြစ်ခြင်း ကြောင့် ကျန်ရစ်သူ မိသားစုအနေဖြင့် ပေးချေရန် ကျန်ရှိနေသော ချေးငွေအတွက် စိတ်ပူစရာမလိုဘဲ ချေးငွေဖြင့် ဝယ်ယူထားသည့် အဆောက်အဦးကို ပိုင်ဆိုင် နိုင်မည်ဖြစ်ပြီး အ‌ဆောက်အဦး တန်ဖိုး ပေးချေပြီးသည့်အချိန်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။
အဆိုပါအာမခံကို မြန်မာ့အာမခံလုပ်ငန်းတွင်လည်းကောင်း မြန်မာ့အာမခံလုပ်ငန်းနှင့် ချိတ်ဆက်ထားသည့် ကုမ္ပဏီအချို့တွင် လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်သည်။
မြန်မာ့အာမခံလုပ်ငန်းနှင့် Shin Ye Htut Group of Co mpany တိူ့ ပူးပေါင်းဆောင်ရွက်သည့် အိမ်ရာချေးငွေတဆင့်အာမခံ (Housing Insurance Package) အာမခံအမျိုးအစား ကိုစတင်ထားရှိနိုင်ပြီ ဖြစ်ကြောင်းShin Ye Htut Group of Company ၏ ဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောသည်။
"လောလောဆယ်ကတော့တန်ဖိုးနည်းအိမ်ရာတွေ အိမ်ရာမ ပိုင်ဆိုင်ရသေးတဲ့ ပြည်သူတွေဝန်ထမ်းတွေ အငြိမ်းစားတွေကို အဓိက ထားပြီးတော့ ဆောင်ရွက်တာဖြစ်ပါ တယ်။ ဒါမှသာ အိမ်ရာဝယ်ယူ တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘဏ်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ချ ယုံကြည်စွာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကို အောင်မြင်သွားပြီဆိုရင် နောက်ပိုင်းမှာတော့ ကျွန်တော်တို့တွေ တန်ဖိုးသင့်၊ တန်ဖိုးလတ်၊ တန်ဖိုးကြီးတွေအတွက် မြန်မာ့ အာမခံလုပ်ငန်းနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။ တပြိုင်နက်တည်း လုပ်ဆောင်ဖို့က ကျယ်
ပြန့်တဲ့အတွက် တဆင့်ချင်း လုပ်ဆောင်တာဖြစ်ပါတယ်" ဟု Shin Ye Htut Group of Company ၏ ဥက္ကဌ ဦးရဲထွဋ်က ပြောသည်။
လက်ရှိရောင်းချသည့် Housing Insurance Package အာမခံ အမျိုးအစားသည် အာမခံထားရှိသူ၏ သေဆုံးမှု၊ ထာဝစဉ် မသန် စွမ်းဖြစ်မှုနှင့် ချေးငွေရယူထားသည့် အဆောက် အဦး ပျက်စီးမှုတို့ကြောင့် အာမခံထားရှိသူ သို့မဟုတ် ကျန်ရစ်သူ မိသားစုအပြင် ချေးငွေ
ထုတ်ချေးသည့် အဖွဲ့အစည်းများအတွက်ပါ အကျိုးရှိသော အာမခံ အမျိုးအစား တစ်ခုဖြစ်သည်။
ထို့ပြင် အာမခံထားရှိသည့် အဆောက်အဦး ထိခိုက်ပျက်စီးမှု ဖြစ်ပွားက ချေးငွေရယူထား သည့် ဘဏ်ကိုသာ ပထမဦးစားပေးအဖြစ် လျော်ကြေးပေးပြီး‌နောက်ပိုလျံသည့်ငွေကို အာမခံထားရှိသူက ရရှိ မည်ဖြစ်သည်။ အိမ်ရာချေး‌ငွေတဆင့်အာမခံကို အသက် ၁၈ နှစ်မှ အသ က် ၆၀ နှစ်အထိ ဝယ်ယူခွင့်ရှိကြောင်း သိရ သည်။
ချေးငွေဖြင့် ဝယ်ယူထားသည့် အဆောက် အဦးသည် မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ ငလျင် လှုပ်ခြင်း၊ ရေကြီးခြင်း ၊ မုန်တိုင်းဒဏ်၊ ထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ ရေလှောင်ကန်၊ ရေပိုက်များ ရေလျှံပျက်စီးခြင်း၊ မီးကူး စက်လောင် ကျွမ်းခြင်း၊ သစ်ပင်လဲကျပျက်စီးခြင်း ၊ မီးခိုးကြောင့် ပျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခံရခြင်း၊ ကာရံထားသည့်မှန်များ ပြုတ်ကျ ပျက်စီးခြင်း အစရှိသည့် အကာအကွယ် ၁၄ မျိုးအား Housing Insurance Package အာမခံ ဝယ်ယူထားခြင်းဖြင့် ပရီမီယံကြေး ထပ်မံပေးသွင်းရန် မလိုဘဲ အကာအကွယ် ရရှိမည်ဖြစ်ကြောင်းသိရသည်။
ပရီမီယံကြေး ပေးသွင်းရာတွင်လည်း အာမခံ ထားသူ အနေဖြင့် Budget Premium (ပရီမီယံ ကို လစဉ်အရစ်ကျ ပေးသွင်းသည့်ပုံစံ) နှင့် Non-Budget Premium (တစ်နှစ်စာကို တစ် ကြိမ်တည်း ပေးသွင်းခြင်းပုံစံ) တို့ ကို ရွေးချယ် ဝယ်ယူထားနိုင်သော အာမခံ အ မျိုးအစား ဖြစ် ကြောင်း သိရသည်။
Housing Insurance Package တွင် ထည့်သွင်းထား‌ သော အကာအကွယ် ၁၄ မျိုးအနက် ရေပိုက်များ ရေ လျှံပျက်စီးခြင်းနှင့် ကာရံထားသည့်မှန်များ ပြုတ်ကျပျက်စီးပါက လျှော်ကြေးငွေ တစ် သိန်းကျပ်သာ ပေး သွား မည်ဖြစ်ပြီး ကျန်အကာအကွယ်များအတွက် သ တ်မှတ်တန်ဖိုးအတိုင်းပေး‌‌လျော်သွားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version
ေခ်းေငြျဖင့္ အိမ္ရာဝယ္ယူသူတိုင္း ထားရွိရမယ့္ အိမ္ရာေခ်းေငြ အာမခံ
******************************
ျမန္မာႏိုင္ငံ၏ ေငြေရးေၾကးေရး ဝန္ေဆာင္မႈ နယ္ပယ္တြင္ ယခုႏွစ္ပုိင္း အတြင္း တျဖည္း ျဖည္း တုိးတက္လာသည့္ လုပ္ငန္းတစ္ခုမွာ အိမ္ရာ ေခ်းေငြ ျဖစ္သည္။
 ဘဏ္ေခ်းေငြျဖင့္ ေနအိမ္ဝယ္ယူရာတြင္က်န္းမာေရးအေျခအ ေနေၾကာင့္ ေနအိမ္တန္ဖိုး ေပးသြင္းႏိုင္ျခင္း မရွိသည့္အခါ ဝယ္ယူ သူမွာ ေနအိမ္ကုိ လက္လြတ္ဆုံးရွဳံးရမည့္ အေျခအေနကုိ ႀကဳံေတြ႕ရ တတ္သည္။ ႀကဳံ ေတာင့္ႀကဳံခဲ အေျခအေနျဖစ္ေသာ္လည္း မႀကဳံႏိုင္ ဟုကား ကံေသကံမ မေျပာႏိုင္ေခ်။
 ထို႔ျပင္ ေခ်းေငြေပးဆပ္ေနဆဲကာလတြင္ ဝယ္ယူထားေသာ ေနအိမ္ပ်က္ဆီးဆုံးရွဳံးရပါ ကလည္း အလားတူပင္ ႀကဳံေတြ႕ရေပသည္။
 ယခုအခါ အဆိုပါ အေျခအေနဆိုးမ်ားကုိ ေက်ာ္လႊားႏိုင္ရန္ အတြက္ ျမန္မာ့အာမခံလုပ္ငန္းက အာမခံအမ်ဳိးအစားသစ္တစ္ခုကုိ မိတ္ဆက္ ခဲ့သည္။
 အာမခံထားရွိသူသည္ ဘဏ္ေခ်းေငြျဖင့္ အေဆာက္အဦး ဝယ္ယူ ၿပီး အာမခံသက္တမ္းအတြင္း ေသဆုံးျခင္း သို႔မဟုတ္ ထာဝစဥ္ မသန္စြမ္း ျဖစ္သြားပါက ေပးရန္က်န္ရွိေနေသာ အေဆာက္အဦး တန္ဖိုးကို ျမန္မာ့အာမခံလုပ္ငန္းမွ ေပးေခ်ေပးသြားမည္ျဖစ္ျခင္း ေၾကာင့္ က်န္ရစ္သူ မိသားစုအေနျဖင့္ ေပးေခ်ရန္ က်န္ရွိေနေသာ ေခ်းေငြအတြက္ စိတ္ပူစရာမလိုဘဲ ေခ်းေငြျဖင့္ ဝယ္ယူထားသည့္ အေဆာက္အဦးကို ပိုင္ဆိုင္ ႏိုင္မည္ျဖစ္ၿပီး အ‌ေဆာက္အဦး တန္ဖိုး ေပးေခ်ၿပီးသည့္အခ်ိန္တြင္ သက္တမ္း ကုန္ဆုံးမည္ျဖစ္ေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းထံမွ သိရသည္။
 အဆိုပါအာမခံကုိ ျမန္မာ့အာမခံလုပ္ငန္းတြင္လည္းေကာင္း ျမန္မာ့အာမခံလုပ္ငန္းႏွင့္ ခ်ိတ္ဆက္ထားသည့္ ကုမၸဏီအခ်ဳိ႕တြင္ လည္းေကာင္း ဝယ္ယူႏိုင္မည္ျဖစ္သည္။
 ျမန္မာ့အာမခံလုပ္ငန္းႏွင့္ Shin Ye Htut Group of Co mpany တိူ႔ ပူးေပါင္းေဆာင္႐ြက္သည့္ အိမ္ရာေခ်းေငြတဆင့္အာမခံ (Housing Insurance Package) အာမခံအမ်ိဳးအစား ကိုစတင္ထားရွိႏိုင္ၿပီ ျဖစ္ေၾကာင္းShin Ye Htut Group of Company ၏ ဥကၠ႒ ဦးရဲထြဋ္က ေျပာသည္။
 "ေလာေလာဆယ္ကေတာ့တန္ဖိုးနည္းအိမ္ရာေတြ အိမ္ရာမ ပိုင္ဆိုင္ရေသးတဲ့ ျပည္သူေတြဝန္ထမ္းေတြ အၿငိမ္းစားေတြကို အဓိက ထားၿပီးေတာ့ ေဆာင္႐ြက္တာျဖစ္ပါ တယ္။ ဒါမွသာ အိမ္ရာဝယ္ယူ တဲ့ ပုဂၢိဳလ္ေတြနဲ႔ ဘဏ္ၾကားမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ခ် ယုံၾကည္စြာ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ဒါကို ေအာင္ျမင္သြားၿပီဆိုရင္ ေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ္တို႔ေတြ တန္ဖိုးသင့္၊ တန္ဖိုးလတ္၊ တန္ဖိုးႀကီးေတြအတြက္ ျမန္မာ့ အာမခံလုပ္ငန္းနဲ႔ ညႇိႏႈိင္းလုပ္ေဆာင္ဖို႔ အစီအစဥ္ရွိပါတယ္။ တၿပိဳင္နက္တည္း လုပ္ေဆာင္ဖို႔က က်ယ္
ျပန႔္တဲ့အတြက္ တဆင့္ခ်င္း လုပ္ေဆာင္တာျဖစ္ပါတယ္" ဟု Shin Ye Htut Group of Company ၏ ဥကၠဌ ဦးရဲထြဋ္က ေျပာသည္။
 လက္ရွိေရာင္းခ်သည့္ Housing Insurance Package အာမခံ အမ်ိဳးအစားသည္ အာမခံထားရွိသူ၏ ေသဆုံးမႈ၊ ထာဝစဥ္ မသန္ စြမ္းျဖစ္မႈႏွင့္ ေခ်းေငြရယူထားသည့္ အေဆာက္ အဦး ပ်က္စီးမႈတို႔ေၾကာင့္ အာမခံထားရွိသူ သို႔မဟုတ္ က်န္ရစ္သူ မိသားစုအျပင္ ေခ်းေငြ
ထုတ္ေခ်းသည့္ အဖြဲ႕အစည္းမ်ားအတြက္ပါ အက်ိဳးရွိေသာ အာမခံ အမ်ိဳးအစား တစ္ခုျဖစ္သည္။
 ထို႔ျပင္ အာမခံထားရွိသည့္ အေဆာက္အဦး ထိခိုက္ပ်က္စီးမႈ ျဖစ္ပြားက ေခ်းေငြရယူထား သည့္ ဘဏ္ကိုသာ ပထမဦးစားေပးအျဖစ္ ေလ်ာ္ေၾကးေပးၿပီး‌ေနာက္ပိုလ်ံသည့္ေငြကို အာမခံထားရွိသူက ရရွိ မည္ျဖစ္သည္။ အိမ္ရာေခ်း‌ေငြတဆင့္အာမခံကို အသက္ ၁၈ ႏွစ္မွ အသ က္ ၆၀ ႏွစ္အထိ ဝယ္ယူခြင့္ရွိေၾကာင္း သိရ သည္။
 ေခ်းေငြျဖင့္ ဝယ္ယူထားသည့္ အေဆာက္ အဦးသည္ မီးေလာင္ျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ ေပါက္ကြဲမႈျဖစ္ျခင္း၊ ေလယာဥ္ပ်က္က်ျခင္း၊ ငလ်င္ လႈပ္ျခင္း၊ ေရႀကီးျခင္း ၊ မုန္တိုင္းဒဏ္၊ ထိခိုက္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးျခင္း၊ ေရေလွာင္ကန္၊ ေရပိုက္မ်ား ေရလွ်ံပ်က္စီးျခင္း၊ မီးကူး စက္ေလာင္ ကြၽမ္းျခင္း၊ သစ္ပင္လဲက်ပ်က္စီးျခင္း ၊ မီးခိုးေၾကာင့္ ပ်က္စီးျခင္း၊ ေဖာက္ထြင္းခိုးယူခံရျခင္း၊ ကာရံထားသည့္မွန္မ်ား ျပဳတ္က် ပ်က္စီးျခင္း အစရွိသည့္ အကာအကြယ္ ၁၄ မ်ိဳးအား Housing Insurance Package အာမခံ ဝယ္ယူထားျခင္းျဖင့္ ပရီမီယံေၾကး ထပ္မံေပးသြင္းရန္ မလိုဘဲ အကာအကြယ္ ရရွိမည္ျဖစ္ေၾကာင္းသိရသည္။
 ပရီမီယံေၾကး ေပးသြင္းရာတြင္လည္း အာမခံ ထားသူ အေနျဖင့္ Budget Premium (ပရီမီယံ ကို လစဥ္အရစ္က် ေပးသြင္းသည့္ပုံစံ) ႏွင့္ Non-Budget Premium (တစ္ႏွစ္စာကုိ တစ္ ႀကိမ္တည္း ေပးသြင္းျခင္းပုံစံ) တို႔ ကို ေ႐ြးခ်ယ္ ဝယ္ယူထားႏိုင္ေသာ အာမခံ အ မ်ိဳးအစား ျဖစ္ ေၾကာင္း သိရသည္။
Housing Insurance Package တြင္ ထည့္သြင္းထား‌ ေသာ အကာအကြယ္ ၁၄ မ်ိဳးအနက္ ေရပိုက္မ်ား ေရ လွ်ံပ်က္စီးျခင္းႏွင့္ ကာရံထားသည့္မွန္မ်ား ျပဳတ္က်ပ်က္စီးပါက ေလွ်ာ္ေၾကးေငြ တစ္ သိန္းက်ပ္သာ ေပး သြား မည္ျဖစ္ၿပီး က်န္အကာအကြယ္မ်ားအတြက္ သ တ္မွတ္တန္ဖိုးအတိုင္းေပး‌‌ေလ်ာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။


No comments:

Post a Comment