Friday, May 8, 2020

က်န္းမာေရးဝန္ႀကီးဌာန၏ လုပ္ငန္းခြင္လမ္းၫႊန္ခ်က္မ်ားအား လိုက္နာျပင္ဆင္ထားရန္ အာမခံလုပ္ငနး္ႀကီးၾကပ္ေရးအဖြဲ႕ ထပ္မံညႊန္ၾကား

ရန္ကုန္၊ေမ ၉
COVID-19 ႏွင့္စပ္လ်င္း၍ ျပည္တြင္းအာမခံ ကုမၼဏီမ်ား ၊ ဖက္စပ္အာမခံ ကုမၼဏီမ်ား ၊ ႏိုင္ငံျခားအသက္အာမခံ ကုမၸဏီမ်ား အေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ စက္႐ုံမ်ား ၊အလုပ္႐ုံမ်ား ၊လုပ္ငန္းခြင္မ်ားတြင္ လုပ္ငန္းခြင္ လမ္း ၫြန္ခ်က္မ်ားအတိုင္း ျပင္ဆင္ေဆာင္႐ြက္ၿပီးပါက သက္ဆိုင္ရာ ပူးေပါင္း အဖြဲ႕၏စစ္ေဆးမႈခံႏိုင္ေရးကိုအသင့္ျပင္ေဆာင္႐ြက္ထားရန္ အာမခံလုပ္ငန္း ႀကီးၾကပ္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
ေနအိမ္မွ အလုပ္လုပ္ရန္ ျဖစ္ႏိုင္ေသာ လုပ္သားမ်ားကုိ ေနအိမ္တြင္ အလုပ္လုပ္ေစျခင္း၊ ႐ုံးတြင္ မျဖစ္မေန လုပ္ကုိင္ရမည့္ အလုပ္သမားမ်ားအတြက္ လုပ္ငန္းခြင္၊ နားေနခန္း၊ ထမင္းစားခန္းတို႔၏ သတ္မွတ္အကြာအေဝးမ်ား၊ လက္ေဆးရန္ ေနရာ၊ လက္ေဆးရည္၊ လက္အိတ္၊ ႏွာေခါင္းစည္းမ်ားစသည့္ အကာအကြယ္မ်ား ပံ့ပိုးေပးျခင္းစသည့္ COVID-19 ေရာဂါျဖစ္ပြားမႈ အေျခအေနႏွင့္ ပက္သက္၍  စက္႐ုံမ်ား ၊အလုပ္႐ုံမ်ား ၊အလုပ္ဌာနမ်ားလိုက္နာ ေဆာင္႐ြက္ရန္ အသိေပးထုတ္ျပန္ခ်က္မ်ား  က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားၿပိး ျဖစ္သည္။
ထို႔ျပင္ COVID-19 ေရာဂါျဖစ္ပြားစဥ္ကာလအ တြင္း အာမခံထားရွိသူမ်ားအတြက္ လူမႈေရးတာဝန္ယူမႈ ( CSR) ေဆာင္႐ြက္ထားရွိမႈ အ‌ေျခအေနႏွင့္ အာမံအမ်ိဳးအစားမ်ားအ လိုက္ဝယ္ယူထားေသာအာမခံထားရွိသူမ်ား အေရးေပၚအေျခအေနျဖစ္ေပၚပါက  (Emergence Responsive Action Plan) တုံျပန္ေဆာင္႐ြက္မႈ အစီအစဥ္တို႔အားလည္း အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕သို႔ ႏွစ္ပတ္တစ္ႀကိမ္ အစီရင္ခံစာ တင္ျပရန္လည္း ၿပီးခဲ့သည့္ ရက္သတၱပတ္က ထုတ္ျပန္ခဲ့ေသးသည္။
ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ ၊ တိုင္းေဒသႀကီးႏွင့္ျပည္ နယ္မ်ားတြင္ လုပ္ငန္းေဆာင္႐ြက္ေနေသာ အာမခံ ကုမၸဏီ႐ုံးခြဲမ်ားသည္လည္း အလုပ္သမား ၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဌာန၏ စက္႐ုံမ်ား ၊အလုပ္႐ုံမ်ား ၊လုပ္ငန္းခြင္မ်ားတြင္ ေဆာင္႐ြက္ထားရမည့္ အခ်က္မ်ား ၊ လိုက္နာက်င့္သုံးရမည့္ အခ်က္မ်ား တိက်စြာလိုက္နာၾကရန္ႏွင့္ သက္ဆိုင္ရာ ေဒသႏၲရ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ၾကရန္အသိေပးထားသည္။
Unicode Version
COVID-19 နှင့်စပ်လျင်း၍ ပြည်တွင်းအာမခံ ကုမ္မဏီများ ၊ ဖက်စပ်အာမခံ ကုမ္မဏီများ ၊ နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်ရုံများ ၊အလုပ်ရုံများ ၊လုပ်ငန်းခွင်များတွင် လုပ်ငန်းခွင် လမ်း ညွန်ချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့၏စစ်ဆေးမှုခံနိုင်ရေးကိုအသင့်ပြင်ဆောင်ရွက်ထားရန် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နေအိမ်မှ အလုပ်လုပ်ရန် ဖြစ်နိုင်သော လုပ်သားများကို နေအိမ်တွင် အလုပ်လုပ်စေခြင်း၊ ရုံးတွင် မဖြစ်မနေ လုပ်ကိုင်ရမည့် အလုပ်သမားများအတွက် လုပ်ငန်းခွင်၊ နားနေခန်း၊ ထမင်းစားခန်းတို့၏ သတ်မှတ်အကွာအဝေးများ၊ လက်ဆေးရန် နေရာ၊ လက်ဆေးရည်၊ လက်အိတ်၊ နှာခေါင်းစည်းများစသည့် အကာအကွယ်များ ပံ့ပိုးပေးခြင်းစသည့် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေနှင့် ပက်သက်၍  စက်ရုံများ ၊အလုပ်ရုံများ ၊အလုပ်ဌာနများလိုက်နာ ဆောင်ရွက်ရန် အသိပေးထုတ်ပြန်ချက်များ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြိး ဖြစ်သည်။
ထို့ပြင် COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအ တွင်း အာမခံထားရှိသူများအတွက် လူမှုရေးတာဝန်ယူမှု ( CSR) ဆောင်ရွက်ထားရှိမှု အ‌ခြေအနေနှင့် အာမံအမျိုးအစားများအ လိုက်ဝယ်ယူထားသောအာမခံထားရှိသူများ အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက  (Emergence Responsive Action Plan) တုံပြန်ဆောင်ရွက်မှု အစီအစဉ်တို့အားလည်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သို့ နှစ်ပတ်တစ်ကြိမ် အစီရင်ခံစာ တင်ပြရန်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သေးသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် လုပ်ငန်းဆောင်ရွက်နေသော အာမခံ ကုမ္မဏီများ သည် အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၏ စက်ရုံများ ၊အလုပ်ရုံများ ၊လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့် အချက်များ ၊ လိုက်နာကျင့်သုံးရမည့် အချက်များ တိကျစွာလိုက်နာကြရန်နှင့် သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်အသိပေးထားသည်။

No comments:

Post a Comment