အထွေထွေအာမခံလုပ်ငန်းများကို သီလဝါစက်မှုဇုန်တွင် လုပ်ကိုင်ခွင့်ပြုထားသည့် အာမခံအမျိုးအစားသုံးမျိုးကို တစ်နိုင်ငံလုံးတွင် တိုးချဲ့ လုပ်ကိုင်ခွင့်ပြုလုပ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည။
Industrial All Risk ၊ Construction All Risk/ Erection All Risk နှင့် Bailee’s Liability Insurance စသည့် အာမခံသုံးမျိုးကို မူလက သီလဝါစက်မှုဇုန်တွင်သာ လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်သည်။
အဆိုပါ အာမခံလုပ်ငန်းအမျိုးအစားသုံးမျိုးကို ယခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် အလုပ်လက်ခံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က မေလ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Industrial All Risk စက်မှုလုပ်ငန်းများတွင် ကျရောက်တတ်သမျှသော ဘေးအန္တရာယ်များအတွက် အာမခံမှာ မီးနှင့် ဘေးအန္တရာယ် ဆိုင်ရာအာမခံများထက် ပိုမိုကျယ်ပြန့်ပြီး မီးအာမခံ၊ သဘာဝဘေးအန္တရာယ်များသာမက၊ လူလုပ်ဘေးအန္တရာယ်များဖြစ်သည့် ဖောက်ထွင်းခိုးယူခြင်း၊ မတော် တဆထိခိုက်ပျက်ဆီးမှုများ၊ စီးပွားရေးဆိုင်ရာ ထိခိုက်ပျက်ဆီးမှုအမျိုးမျိုးကို အကာအကွယ် ပေးသည့် အာမခံအမျိုးအစား တစ်ခုဖြစ်သည်။
Erection All Risk – EAR အာမခံသည် စက်ယန္တရားများ၊ စက်ရုံများ၊ Steel Structure များအပါအဝင် တည်ဆောက်ရေးလုပ်ငန်းအမျိုးမျိုးအတွက် ကျရောက်တတ် သမျှသော ဘေးအန္တရာယ်များမှ အကာကွယ်ပေး သည့် အာမခံအမျိုးအစားဖြစ်သည်။ အဆိုပါ အာမခံသည် ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးမှု အမျိုးမျိုးအပြင် အာမခံသူ၏ ထိခိုက်ပျက်ဆီးမှုကြောင့် အခြားသူတစ်ဦး (TP) ၏ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိမှုအမျိုးမျိုးနှင့် ပိုင်ဆိုင်မှုပျက်ဆီးခြင်းများကိုပါ အကာအကွယ်ပေးသည်လည်း ရှိသည်။
Bailee’s Liability Insurance - သည် သူတစ်ပါးပစ္စည်းကို သိုလှောင်ထိန်းသိမ်းပေးရသော၊ သယ်ယူပို့ဆောင် ပေးရသော၊ စောင့်ကြပ်ကြည့်ရှူပေးရသော လုပ်ငန်းများအတွက်ထားရှိသည့် အာမခံအမျိုးအစားဖြစ်သည်။ ဖောက်ထွင်းမှု၊ လုယက်မှု၊ လေပြင်းမုန်တိုင်း၊ ပေါက်ကွဲမှု၊ တိုက်မိခြင်း၊ တိုက်မိခြင်း၊ ရေဖျန်းခြင်း၊ မြေ ငလျင်လှုပ်ခြင်း၊ သပိတ်မှောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးတွင် ပျက်စီးခြင်းများအပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် မိမိတို့ လုပ်ငန်းသို့ ယုံကြည်စွာ အပ်နှံထားသော ဖောက်သည်များ၏ ပိုင်ဆိုင်ပစ္စည်းများ မဆုံးရလေရန် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်သည်။
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းဆောင်ရွက်ရန် အသက်အာမခံနှင့် အထွေထွေအာမခံအမျိုးစားနှစ်မျိုးကို ခွဲခြားသတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာ့အာမခံလုပ်ငန်းက အာမခံအမျိုးအစား ၃၆ ခု၊ ပုဂ္ဂလိကအာမခံကုမ္ပဏီများက အာမခံအမျိုးအစား ၁၄ ခု လုပ်ကိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် နိုင်ငံပိုင် အာမခံလုပ်ငန်းအပြင် ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ ၈ ခု၊ အသက်အာမခံကုမ္ပဏီ ၁၁ ခုနှင့် နိုင်ငံတကာအသက်အာမခံကုမ္ပဏီ ၅ ခု၊ အသက်နှင့် အထွေထွေအာမခံဖက်စပ်ကုမ္ပဏီ ၆ ခုကို အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားသည်။
Zawgyi Version
အေထြေထြအာမခံလုပ္ငန္းမ်ားကုိ အာမခံအမ်ဳိးအစား သုံးမ်ဳိး တစ္ႏိုင္ငံလုံးတြင္ တိုးခ်ဲ႕လုပ္ကုိင္ခြင့္ျပဳ
ရန္ကုန္၊ ေမ ၁၅
အေထြေထြအာမခံလုပ္ငနး္မ်ားကုိ သီလဝါစက္မႈဇုန္တြင္ လုပ္ကုိင္ခြင့္ျပဳထားသည့္ အာမခံအမ်ဳိးအစားသုံးမ်ဳိးကုိ တစ္ႏိုင္ငံလုံးတြင္ တိုးခ်ဲ႕ လုပ္ကုိင္ခြင့္ျပဳလုပ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန အာမခံလုပ္ငန္းႀကီးၾကပ္ေရးဌာနခြဲမွ တာဝန္ရွိသူတစ္ဦးက ေျပာသည။
Industrial All Risk ၊ Construction All Risk/ Erection All Risk ႏွင့္ Bailee’s Liability Insurance စသည့္ အာမခံသုံးမ်ဳိးကုိ မူလက သီလဝါစက္မႈဇုန္တြင္သာ လုပ္ကုိင္ခြင့္ျပဳထားျခင္းျဖစ္သည္။
အဆိုပါ အာမခံလုပ္ငန္းအမ်ိဳးအစားသုံးမ်ိဳးကို ယခုႏွစ္ ေအာက္တိုဘာလ ၁ ရက္မွစတင္ၿပီး တစ္ႏိုင္ငံလုံးတြင္ အလုပ္လက္ခံေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕က ေမလ ၁၂ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
Industrial All Risk စက္မႈလုပ္ငန္းမ်ားတြင္ က်ေရာက္တတ္သမွ်ေသာ ေဘးအႏၱရာယ္မ်ားအတြက္ အာမခံမွာ မီးႏွင့္ ေဘးအႏၱရာယ္ ဆိုင္ရာအာမခံမ်ားထက္ ပုိမိုက်ယ္ျပန္႔ၿပီး မီးအာမခံ၊ သဘာဝေဘးအႏၱရာယ္မ်ားသာမက၊ လူလုပ္ေဘးအႏၱရာယ္မ်ားျဖစ္သည့္ ေဖာက္ထြင္းခုိးယူျခင္း၊ မေတာ္ တဆထိခိုက္ပ်က္ဆီးမႈမ်ား၊ စီးပြားေရးဆိုင္ရာ ထိခိုက္ပ်က္ဆီးမႈအမ်ဳိဳးမ်ဳိးကုိ အကာအကြယ္ ေပးသည့္ အာမခံအမ်ဳိးအစား တစ္ခုျဖစ္သည္။
Erection All Risk – EAR အာမခံသည္ စက္ယႏၱရားမ်ား၊ စက္႐ုံမ်ား၊ Steel Structure မ်ားအပါအဝင္ တည္ေဆာက္ေရးလုပ္ငန္းအမ်ဳိးမ်ဳိးအတြက္ က်ေရာက္တတ္ သမွ်ေသာ ေဘးအႏၱရာယ္မ်ားမွ အကာကြယ္ေပး သည့္ အာမခံအမ်ဳိးအစားျဖစ္သည္။ အဆုိပါ အာမခံသည္ ႐ုပ္ပုိင္းဆိုင္ရာ ပ်က္ဆီးမႈ အမ်ဳိးမ်ဳိးအျပင္ အာမခံသူ၏ ထိခိုက္ပ်က္ဆီးမႈေၾကာင့္ အျခားသူတစ္ဦး (TP) ၏ ခႏၶာကုိယ္ ထိခိုက္ဒဏ္ရာရရွိမႈအမ်ဳိးမ်ဳိးႏွင့္ ပုိင္ဆိုင္မႈပ်က္ဆီးျခင္းမ်ားကုိပါ အကာအကြယ္ေပးသည္လည္း ရွိသည္။
Bailee’s Liability Insurance - သည္ သူတစ္ပါးပစၥည္းကုိ သုိေလွာင္ထိန္းသိမ္းေပးရေသာ၊ သယ္ယူပုိ႔ေဆာင္ ေပးရေသာ၊ ေစာင့္ၾကပ္ၾကည့္ရွဴေပးရေသာ လုပ္ငန္းမ်ားအတြက္ထားရွိသည့္ အာမခံအမ်ဳိးအစားျဖစ္သည္။ ေဖာက္ထြင္းမႈ၊ လုယက္မႈ၊ ေလျပင္းမုန္တိုင္း၊ ေပါက္ကြဲမႈ၊ တိုက္မိျခင္း၊ တိုက္မိျခင္း၊ ေရဖ်န္းျခင္း၊ ေျမ ငလ်င္လႈပ္ျခင္း၊ သပိတ္ေမွာက္ျခင္းႏွင့္ သယ္ယူပို႔ေဆာင္ေရးတြင္ ပ်က္စီးျခင္းမ်ားအပါအဝင္ ေဘးအႏၱရာယ္အမ်ဳိးမ်ဳိးေၾကာင့္ မိမိတို႔ လုပ္ငန္းသုိ႔ ယုံၾကည္စြာ အပ္ႏွံထားေသာ ေဖာက္သည္မ်ား၏ ပိုင္ဆိုင္ပစၥည္းမ်ား မဆုံးရေလရန္ အကာအကြယ္ေပးေသာ အာမခံအမ်ဳိးအစားျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ အာမခံလုပ္ငန္းေဆာင္႐ြက္ရန္ အသက္အာမခံႏွင့္ အေထြေထြအာမခံအမ်ိဳးစားႏွစ္မ်ိဳးကို ခြဲျခားသတ္မွတ္ထားၿပီး ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ ျမန္မာ့အာမခံလုပ္ငန္းက အာမခံအမ်ိဳးအစား ၃၆ ခု၊ ပုဂၢလိကအာမခံကုမၸဏီမ်ားက အာမခံအမ်ိဳးအစား ၁၄ ခု လုပ္ကိုင္လ်က္ရွိသည္။
ျမန္မာႏိုင္ငံတြင္ ႏုိင္ငံပုိင္ အာမခံလုပ္ငန္းအျပင္ ျပည္တြင္းပုဂၢလိက အေထြေထြအာမခံကုမၸဏီ ၈ ခု၊ အသက္အာမခံကုမၸဏီ ၁၁ ခုႏွင့္ ႏိုင္ငံတကာအသက္အာမခံကုမၸဏီ ၅ ခု၊ အသက္ႏွင့္ အေထြေထြအာမခံဖက္စပ္ကုမၸဏီ ၆ ခုကုိ အာမခံလုပ္ငန္းမ်ား လုပ္ကုိင္ခြင့္ေပးထားသည္။
No comments:
Post a Comment