![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQL-v8_s95H-fdPLONFMjH_NL-GWFb24FNzZUvKXc7pPXOefdyqbCr6BBnFyBsjdrRVtMV4dJUqSil_ALE0gSR6VZ2s7tEM_V3_OEP2cr8TS9Hesca7mIUXDyVNY7yWCy1zKuExYfKdKkD/s640/life-plannertm-2020-kickoff-3.jpg)
အိမ်နီးချင်းနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက်မြင့်မားလာပြီး မြန်မာ နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန် တွင် KBZ MS က ၎င်း၏ ကျန်းမာရေးအာမခံ အာရောဂျံ၏အကာအကွယ်တွင် Covid-19 ကြောင့်ဖြစ်ပွားသည့် ကျန်းမာရေးပြဿနာ များကိုပါ တာဝန်ယူပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
KBZ MS က ရောင်းချသည့် ကျန်းမာရေး အာမခံ အာရောဂျံဝန်ဆောင်မှုရယူထားသူများအတွက် အာမခံတွင် အကျုံးဝင်မည့် အကာအကွယ်များတွင် Covid-19 ကိုပါ သုံးလတာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါဝန်ဆောင်မှုရယူထားသူများအနေဖြင့် မတ်လ ၁၀ ရက်နေ့မှ လာမည့်ဇွန်လ ၁၉ ရက်နေ့အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်ပလူနာအဖြစ်ကုသခံရခြင်း၊ ဆေးရုံတက်ရ ခြင်းနှင့် သေဆုံးခြင်း ဖြစ်ရပ်များဖြစ်ပွားခဲ့ပါက အာမခံပမာဏ၏ အခမဲ့ထပ်ဆောင်း ၅၀ ရာခိုင်နှုန်းကို အကျိုးခံစားခွင့်ရှိမည် ဖြစ်ကြောင်း KBZ MS မှ အမှုဆောင်အရာရှိချုပ် Mr.Anil Mancham က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ဒီနေ့အချိန်အထိ Covid-19 အတည်ပြုဖြစ်ပွားမှုမတွေ့ရသေးပါဘူး။ ဒီအတွက်လည်း ဝမ်းမြောက်ဝမ်းသာ ပါတယ်။ ဒါပေမဲ့လည်း ဒီလိုအချိန်မှာ အဆိုးဆုံး အခြေအနေတွေ ဖြစ်လာမယ်ဆိုရင်တောင် အဲဒီလိုရင်ဆိုင်နေရသူတွေဘက်မှာ KBZ MS ရှိနေတယ်ဆိုတဲ့ လုံခြုံမှုတစ်ခုကိုပေးချင်တာပါ ” ဟု ၎င်းက ပြောသည်။
KBZ MS က အာရောဂျံ ကျန်းမာရေးအလုံးစုံ အာမခံကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် စတင် မိတ်ဆက်ပေးခဲ့ကာ မြန်မာနိုင်ငံတစ်ဝှမ်း လုံးတွင် ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။
အဆိုပါအာမခံ အကာအကွယ် ရယူထား သူသည် ပြင်ပလူနာအဖြစ်ကုသခံရခြင်း၊ ဆေးရုံတက်ရခြင်းနှင့် ခွဲစိတ်ကုသခံရခြင်း၊ ကုသမှုအပြီး ပြန်လည်ထူထောင်ရေး၊ ပြင်းထန် သည့်ရောဂါခံစားရခြင်းနှင့် သေဆုံးခြင်း အခြေအနေများအတွက် ထိုက်သင့်သော ပေးလျော်မှုကို ရရှိမည်ဖြစ်သည်။
IKBZ အာမခံကုမ္ပဏီလီမိတက်အနေဖြင့် ကမ္ဘောဇကုမ္ပဏီအုပ်စု၏ တစ်စိတ်တစ်ပိုင်း အဖြစ် ၂၀၁၂ ခုနှစ်၊
စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၄ သန်းနှင့် တန်ဖိုးညီမျှသည့် ၄၀ ဘီလီယံကျပ်ဖြင့် စတင် တည်ထောင်ခဲ့ကာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တွင် IKBZ အာမခံသည် ဂျပန်အာမခံလုပ်ငန်း ဖြစ်သည့် MSI နှင့်အတူ အကျိုးတူလုပ်ငန်းပူးပေါင်းခဲ့ပြီး KBZ MS အထွေထွေအာမခံဟူ သည့် နာမည်အသစ်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment