Saturday, May 16, 2020

တဆင့်ခံ အာမခံ လုပ်ငန်း ခွင့်ပြုလိုက်သဖြင့် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများ ပိုမိုစွဲဆောင်နိုင်မည်

ရန်ကုန် ၊ မေ၁၅
စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှနေ၍ တစ်ဆင့်အာမခံလုပ်ငန်းကို ခွင့်ပြုပေး လိုက်သဖြင့် မြန်မာ့အာမခံလုပ်ငန်းမှာ ပိုမိုဖွံဖြိုးတိုးတက်ကာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ်ဦးဇော်နိုင်ကပြောသည်။

ဓကျွန်တော်တို့ရဲ့ခန့်မှန်းချက်ကတော့ မကြာခင် မှာတဆင့်အာမခံလုပ်ငန်းကတဆင့် အာမခံလုပ်ငန်းက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းက ပိုဆွဲဆောင်နိုင်မယ်လို့ မျှော်မှန်းပါတယ်” ဟု ညွန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ကပြောသည်။
တစ်ဆင့်အာမခံလုပ်ငန်းများ ခွင့်ပြုလိုက်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ လိုင်စင်ရ အာမခံလုပ်ငန်းများအနေဖြင့် ၎င်းတို့ တာဝန်ယူရမည့် ဆုံးရှုံးနိုင်ခြေပမာဏကို လျော့ချနိုင်မည်ဖြစ်သဖြင့် ပမာဏကြီးမားသော အာမခံများကို လက်ခံနိုင်မည်ဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်းကြီး ကြပ်ရေးဌာနခွဲက တစ်ဆင့်အာမခံလုပ်ငန်းများကို နိုင်ငံသားပိုင်ရော၊ ဖက်စပ်နှင့် နိုင်ငံသားပိုင် အာမခံကုမ္ပဏီများကိုပါ လုပ်ကိုင်ခွင့် ပြုကြောင်း ညွှန်ကြားချက်တစ်ရပ်ကို မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပြင် ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ ၈ ခု၊ အသက်အာမခံကုမ္ပဏီ ၁၁ ခုနှင့် နိုင်ငံတကာအသက်အာမခံကုမ္ပဏီ ၅ ခု၊ အသက်နှင့် အထွေထွေ အာမခံဖက်စပ်ကုမ္ပဏီ ၆ ခုကို အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားသည်။

Zawgyi Version
တဆင့္ခံ အာမခံ လုပ္ငန္း ခြင့္ျပဳလိုက္သျဖင့္ ႏိုင္ငံျခားရင္းႏွီးျမွဳတ္ႏွံမႈမ်ား ပုိမိုစြဲေဆာင္ႏိုင္မည္
ရန္ကုန္ ၊ ေမ၁၅
စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕မွေန၍ တစ္ဆင့္အာမခံလုပ္ငန္းကို ခြင့္ျပဳေပး လိုက္သျဖင့္ ျမန္မာ့အာမခံလုပ္ငန္းမွာ ပိုမိုဖြံၿဖိဳးတိုးတက္ကာ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈမ်ား ပိုမိုဝင္ေရာက္လာႏိုင္ေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ ၫြန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ႏိုင္ကေျပာသည္။
ဓကြၽန္ေတာ္တို႔ရဲ႕ခန႔္မွန္းခ်က္ကေတာ့ မၾကာခင္ မွာတဆင့္အာမခံလုပ္ငန္းကတဆင့္ အာမခံလုပ္ငန္းက ႏိုင္ငံျခား ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္းက ပိုဆြဲေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းပါတယ္” ဟု ညြန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ႏိုင္ကေျပာသည္။ 
တစ္ဆင့္အာမခံလုပ္ငန္းမ်ား ခြင့္ျပဳလိုက္ျခင္းျဖင့္ ျမန္မာႏိုင္ငံအတြင္းရွိ လိုင္စင္ရ အာမခံလုပ္ငန္းမ်ားအေနျဖင့္ ၎တို႔ တာဝန္ယူရမည့္ ဆုံးရွဳံးႏိုင္ေျခပမာဏကုိ ေလ်ာ့ခ်ႏိုင္မည္ျဖစ္သျဖင့္ ပမာဏႀကီးမားေသာ အာမခံမ်ားကုိ လက္ခံႏိုင္မည္ျဖစ္သည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျမန္မာ့အာမခံ လုပ္ငန္းႀကီး ၾကပ္ေရးဌာနခြဲက တစ္ဆင့္အာမခံလုပ္ငန္းမ်ားကုိ ႏိုင္ငံသားပုိင္ေရာ၊ ဖက္စပ္ႏွင့္ ႏုိင္ငံသားပုိင္ အာမခံကုမၸဏီမ်ားကုိပါ လုပ္ကုိင္ခြင့္ ျပဳေၾကာင္း ညႊန္ၾကားခ်က္တစ္ရပ္ကုိ ေမလ ၁၂ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။
ျမန္မာႏိုင္ငံတြင္ ႏုိင္ငံပုိင္ ျမန္မာ့အာမခံလုပ္ငန္းအျပင္ ျပည္တြင္းပုဂၢလိက အေထြေထြအာမခံကုမၸဏီ ၈ ခု၊ အသက္အာမခံကုမၸဏီ ၁၁ ခုႏွင့္ ႏိုင္ငံတကာအသက္အာမခံကုမၸဏီ ၅ ခု၊ အသက္ႏွင့္ အေထြေထြ အာမခံဖက္စပ္ကုမၸဏီ ၆ ခုကုိ အာမခံလုပ္ငန္းမ်ား လုပ္ကုိင္ခြင့္ေပးထားသည္။ 

Friday, May 15, 2020

တဆင့်အာမခံလုပ်ငန်းများ စတင်ခွင့်ပြု


ရန်ကုန်၊ မေ ၁၅

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်းကြီး ကြပ်ရေးဌာနခွဲက တစ်ဆင့်အာမခံလုပ်ငန်းများကို နိုင်ငံသားပိုင်ရော၊ ဖက်စပ်နှင့် နိုင်ငံသားပိုင် အာမခံကုမ္ပဏီများကိုပါ လုပ်ကိုင်ခွင့် ပြုကြောင်း ညွှန်ကြားချက်တစ်ရပ်ကို မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“ဒီလိုဖွင့်ပေးလိုက်တဲ့အ တွက်ပြည်တွင်းအာမခံလုပ်ငန်းကဖွံဖြိုးလာမှာပါ။ဒါကိုဖွင့်ပေးလိုက်ခြင်းအားဖြင့် အားလုံးကို လုပ်ခွင့်ပေးလိုက်တာလေ။နိုင်ငံသားပိုင်အာမခံ ကုမ္မဏိလဲလုပ်န်ုင်တယ်။ဖက်စပ်အာမခံ ကုမ္မဏီလဲလုပ်နိုင်တယ်။ နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်တာလည်း လုပ်နိုင်တယ်။”ဟု မြန်မာ့အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ်ဦးဇော်နိုင်ကပြောသည်။
"အဓိကကတော့ ဘာလဲဆိုရင် မြန်မာနိုင်ငံမှာကတော့ တစ်ဆင့်အာမခံ လုပ်ငန်းကို မြန်မာ့ အာမခံလုပ်ငန်း ကနေ တဆင့် local ကုမ္မဏီ တွေကလုပ်ခဲ့ကြတာပေါ့။ အဲလိုမျိုးလုပ်တဲ့အခါကျတော့ ခွင့်ပြု လိုက်တဲ့ကုဏီတွေကလည်း တဆင့်အာမခံ လုပ်ဖို့လိုလာတယ်။နိုင်ငံခြားကနေလေ။အဲတာကြောင့်မို့လို့ ဒီဟာတွေကို ဖွင့်ပေးတဲ့ သဘောပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံမှ အာမခံကုမ္ပဏီများ အနေဖြင့် တန်ဖိုးကြီးမားပြီး ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အာမခံများကို တာဝန်ယူရမှု လျော့နည်းသွားခြင်းဖြင့် အာမခံလုပ်ငန်းများ၏ ဝန်ထုတ်ဝန်ပိုးလျော့နည်းပြီး အာမခံလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။ 
“တန်ဖိုးကြီးမားတဲ့ပစ္စည်းတွေကို နိုင်ငံခြားအာမခံ ၊ တဆင့်အာမခံ ထား လို့ရှိရင် မြန်မာနိုင်ငံမှာရှိတဲ့ အာမခံ ကုမ္မဏီတွေ တာဝန်ယူနိုင် တဲ့ ကဏ္ဍကလည်းလျော့သွား ၊အရမ်းကြီးမများ တော့ဘူးပေါ့နော်။ သူတို့တာဝန်ယူနိုင်တဲ့ ပမာဏကိုယူ ၊ကျန်တဲ့ဟာကိုတော့ နိုင်ငံ ခြား တဆင့်အာမခံကို လွှဲတဲ့သဘောပေါ့နော်။ ဒီလိုဟာမျိုးက နိုင်ငံတကာမှာလည်းဖွင့်ပေးပါတယ်” ဟု ဦးဇော်နိုင်က ပြောသည်။
သို့သော်လည်း ညွှန်ကြားချက်အရ မြန်မာနိုင်ငံအတွင်းရှိ လိုင်စင်ရ အာမခံလုပ်ငန်းများသည် မဖြစ်မနေ တာဝန်ယူရမည့် ဆုံးရှုံးနိုင်ခြေပမာဏကို ကြိုတင်သတ်မှတ်ထားပြီး အာမခံအမျိုးအစား တစ်ခုချင်းဆီအလိုက် တာဝန်ယူရမည့် ဆုံးရှုံးနိုင်ခြေအစီအစဉ်ကို ကြိုတင်ရေးဆွဲထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏အာမခံလုပ်ငန်း ကဏ္ဍကိုယခင်က မြန်မာ့အာမခံ တစ်ခုတည်းသာလုပ်ကိုင်ခဲ့ပြီးခဲ့ ၂၀၁၅ ခုနစ်တွင် ပုဂ္ဂလိက မြန်မာနိုင်ငံသားပိုင်အာမခံလုပ်ငန်းများ၊တတိယအဆင့်အဖြစ် မြန်မာနိုင်ငံတွင်ရှိသည့်အသက် အာမခံ လုပ်ငန်းကဏ္ဍပိုမို ဖွံဖြိုးတိုးတက်စေရန် နိုင်ငံခြားသား ရာနှုန်းပြည့် ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများကို ၂၀၁၉ခုနှစ်တွင်ခွင့်ပြုခဲ့ကြောင်းသိရသည်။
 မြန်မာနိုင်ငံတွင်ရှိသည့်အာမခံ ကုမ္မဏီများနှင့် နိုင်ငံခြား အာမခံ ကုမ္မဏီများပူးပေါင်း တည်ထောင်ခွင့်ပေးခဲ့ သည့် အသက် အာမခံကုမ္မဏီ ၃ ခု၊အထွေထွေ အာမခံမှာ ၃ ခုထပ်မံခွင့်ပြုထား သဖြင့် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် အသက်အာမခံ ၊အထွေထွေအာမခံကုမ္မဏီစုစု ပေါင်း ၂၅ ခုရှိကြောင်းသိရသည်။
တစ်ဆင့်အာမခံအမျိုးအစားများအဖြစ် မီးအာမခံ (ရေနံနှင့် သဘာဝဓာတ်ငွေ့အာမခံမပါ) ရေယာဉ်ကိုယ်ထည် နှင့် ရေ ကြောင်းပို့ကုန်အာမခံ ၊အင်ဂျင်နီယာလုပ်ငန်းအာမခံ ၊လေ ကြောင်း အာမခံအပါ အဝင် အာမခံအမျိုးအစား ၁၃ ခုထိခွင့်ပြုထား သည်။

Zawgyi Version
တဆင့္အာမခံလုပ္ငန္းမ်ား စတင္ခြင့္ျပဳ
ရန္ကုန္၊ ေမ ၁၅
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျမန္မာ့အာမခံ လုပ္ငန္းႀကီး ၾကပ္ေရးဌာနခြဲက တစ္ဆင့္အာမခံလုပ္ငန္းမ်ားကုိ ႏိုင္ငံသားပုိင္ေရာ၊ ဖက္စပ္ႏွင့္ ႏုိင္ငံသားပုိင္ အာမခံကုမၸဏီမ်ားကုိပါ လုပ္ကုိင္ခြင့္ ျပဳေၾကာင္း ညႊန္ၾကားခ်က္တစ္ရပ္ကုိ ေမလ ၁၂ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။
“ဒီလိုဖြင့္ေပးလိုက္တဲ့အ တြက္ျပည္တြင္းအာမခံလုပ္ငန္းကဖြံၿဖိဳးလာမွာပါ။ဒါကိုဖြင့္ေပးလိုက္ျခင္းအားျဖင့္ အားလုံးကို လုပ္ခြင့္ေပးလိုက္တာေလ။ႏိုင္ငံသားပိုင္အာမခံ ကုမၼဏိလဲလုပ္ႏ္ုင္တယ္။ဖက္စပ္အာမခံ ကုမၼဏီလဲလုပ္ႏိုင္တယ္။ ႏိုင္ငံျခားသား ရာႏႈန္းျပည့္ပိုင္တာလည္း လုပ္ႏိုင္တယ္။”ဟု ျမန္မာ့အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ ၫြန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ႏိုင္ကေျပာသည္။
"အဓိကကေတာ့ ဘာလဲဆိုရင္ ျမန္မာႏိုင္ငံမွာကေတာ့ တစ္ဆင့္အာမခံ လုပ္ငန္းကို ျမန္မာ့ အာမခံလုပ္ငန္း ကေန တဆင့္ local ကုမၼဏီ ေတြကလုပ္ခဲ့ၾကတာေပါ့။ အဲလိုမ်ိဳးလုပ္တဲ့အခါက်ေတာ့ ခြင့္ျပဳ လိုက္တဲ့ကုဏီေတြကလည္း တဆင့္အာမခံ လုပ္ဖို႔လိုလာတယ္။ႏိုင္ငံျခားကေနေလ။အဲတာေၾကာင့္မို႔လို႔ ဒီဟာေတြကို ဖြင့္ေပးတဲ့ သေဘာပါပဲ” ဟု ၎က ဆက္ေျပာသည္။
ျမန္မာႏိုင္ငံမွ အာမခံကုမၸဏီမ်ား အေနျဖင့္ တန္ဖိုးႀကီးမားၿပီး ဆုံးရွဳံးႏိုင္ေျချမင့္မားသည့္ အာမခံမ်ားကုိ တာဝန္ယူရမႈ ေလ်ာ့နည္းသြားျခင္းျဖင့္ အာမခံလုပ္ငန္းမ်ား၏ ဝန္ထုတ္ဝန္ပုိးေလ်ာ့နည္းၿပီး အာမခံလုပ္ငန္းမ်ား ပုိမိုဖြံ႕ၿဖိဳးလာမည္ျဖစ္ေၾကာင္း သိရသည္။
“တန္ဖိုးႀကီးမားတဲ့ပစၥည္းေတြကို ႏိုင္ငံျခားအာမခံ ၊ တဆင့္အာမခံ ထား လို႔ရွိရင္ ျမန္မာႏိုင္ငံမွာရွိတဲ့ အာမခံ ကုမၼဏီေတြ တာဝန္ယူႏိုင္ တဲ့ က႑ကလည္းေလ်ာ့သြား ၊အရမ္းႀကီးမမ်ား ေတာ့ဘူးေပါ့ေနာ္။ သူတို႔တာဝန္ယူႏိုင္တဲ့ ပမာဏကိုယူ ၊က်န္တဲ့ဟာကိုေတာ့ ႏိုင္ငံ ျခား တဆင့္အာမခံကို လႊဲတဲ့သေဘာေပါ့ေနာ္။ ဒီလိုဟာမ်ိဳးက ႏိုင္ငံတကာမွာလည္းဖြင့္ေပးပါတယ္” ဟု ဦးေဇာ္ႏိုင္က ေျပာသည္။
သုိ႔ေသာ္လည္း ညႊန္ၾကားခ်က္အရ ျမန္မာႏိုင္ငံအတြင္းရွိ လိုင္စင္ရ အာမခံလုပ္ငန္းမ်ားသည္ မျဖစ္မေန တာဝန္ယူရမည့္ ဆုံးရွဳံးႏိုင္ေျခပမာဏကုိ ႀကိဳတင္သတ္မွတ္ထားၿပီး အာမခံအမ်ဳိးအစား တစ္ခုခ်င္းဆီအလိုက္ တာဝန္ယူရမည့္ ဆုံးရွဳံးႏိုင္ေျခအစီအစဥ္ကုိ ႀကိဳတင္ေရးဆြဲထားရမည္ျဖစ္သည္။
ျမန္မာႏိုင္ငံ၏အာမခံလုပ္ငန္း က႑ကိုယခင္က ျမန္မာ့အာမခံ တစ္ခုတည္းသာလုပ္ကိုင္ခဲ့ၿပီးခဲ့ ၂၀၁၅ ခုနစ္တြင္ ပုဂၢလိက ျမန္မာႏိုင္ငံသားပိုင္အာမခံလုပ္ငန္းမ်ား၊တတိယအဆင့္အျဖစ္ ျမန္မာႏိုင္ငံတြင္ရွိသည့္အသက္ အာမခံ လုပ္ငန္းက႑ပိုမို ဖြံၿဖိဳးတိုးတက္ေစရန္ ႏိုင္ငံျခားသား ရာႏႈန္းျပည့္ ပိုင္ဆိုင္သည့္ အသက္အာမခံလုပ္ငန္းမ်ားကို ၂၀၁၉ခုႏွစ္တြင္ခြင့္ျပဳခဲ့ေၾကာင္းသိရသည္။
 ျမန္မာႏိုင္ငံတြင္ရွိသည့္အာမခံ ကုမၼဏီမ်ားႏွင့္ ႏိုင္ငံျခား အာမခံ ကုမၼဏီမ်ားပူးေပါင္း တည္ေထာင္ခြင့္ေပးခဲ့ သည့္ အသက္ အာမခံကုမၼဏီ ၃ ခု၊အေထြေထြ အာမခံမွာ ၃ ခုထပ္မံခြင့္ျပဳထား သျဖင့္ ျမန္မာ့အာမခံလုပ္ငန္း အပါအဝင္ အသက္အာမခံ ၊အေထြေထြအာမခံကုမၼဏီစုစု ေပါင္း ၂၅ ခုရွိေၾကာင္းသိရသည္။
တစ္ဆင့္အာမခံအမ်ိဳးအစားမ်ားအျဖစ္ မီးအာမခံ (ေရနံႏွင့္ သဘာဝဓာတ္ေငြ႕အာမခံမပါ) ေရယာဥ္ကိုယ္ထည္ ႏွင့္ ေရ ေၾကာင္းပို႔ကုန္အာမခံ ၊အင္ဂ်င္နီယာလုပ္ငန္းအာမခံ ၊ေလ ေၾကာင္း အာမခံအပါ အဝင္ အာမခံအမ်ိဳးအစား ၁၃ ခုထိခြင့္ျပဳထား သည္။

Thursday, May 14, 2020

အထွေထွေအာမခံလုပ်ငန်းများကို အာမခံအမျိုးအစား သုံးမျိုး တစ်နိုင်ငံလုံးတွင် တိုးချဲ့လုပ်ကိုင်ခွင့်ပြု


ရန်ကုန်၊ မေ ၁၅

အထွေထွေအာမခံလုပ်ငန်းများကို သီလဝါစက်မှုဇုန်တွင် လုပ်ကိုင်ခွင့်ပြုထားသည့် အာမခံအမျိုးအစားသုံးမျိုးကို တစ်နိုင်ငံလုံးတွင် တိုးချဲ့ လုပ်ကိုင်ခွင့်ပြုလုပ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည။
Industrial All Risk ၊ Construction All Risk/ Erection All Risk နှင့် Bailee’s Liability Insurance စသည့် အာမခံသုံးမျိုးကို မူလက သီလဝါစက်မှုဇုန်တွင်သာ လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်သည်။
အဆိုပါ အာမခံလုပ်ငန်းအမျိုးအစားသုံးမျိုးကို ယခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် အလုပ်လက်ခံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က မေလ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Industrial All Risk စက်မှုလုပ်ငန်းများတွင် ကျရောက်တတ်သမျှသော ဘေးအန္တရာယ်များအတွက် အာမခံမှာ မီးနှင့် ဘေးအန္တရာယ် ဆိုင်ရာအာမခံများထက် ပိုမိုကျယ်ပြန့်ပြီး မီးအာမခံ၊ သဘာဝဘေးအန္တရာယ်များသာမက၊ လူလုပ်ဘေးအန္တရာယ်များဖြစ်သည့် ဖောက်ထွင်းခိုးယူခြင်း၊ မတော် တဆထိခိုက်ပျက်ဆီးမှုများ၊ စီးပွားရေးဆိုင်ရာ ထိခိုက်ပျက်ဆီးမှုအမျိုးမျိုးကို အကာအကွယ် ပေးသည့် အာမခံအမျိုးအစား တစ်ခုဖြစ်သည်။
Erection All Risk – EAR အာမခံသည် စက်ယန္တရားများ၊ စက်ရုံများ၊ Steel Structure များအပါအဝင် တည်ဆောက်ရေးလုပ်ငန်းအမျိုးမျိုးအတွက် ကျရောက်တတ် သမျှသော ဘေးအန္တရာယ်များမှ အကာကွယ်ပေး သည့် အာမခံအမျိုးအစားဖြစ်သည်။ အဆိုပါ အာမခံသည် ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးမှု အမျိုးမျိုးအပြင် အာမခံသူ၏ ထိခိုက်ပျက်ဆီးမှုကြောင့် အခြားသူတစ်ဦး (TP) ၏ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိမှုအမျိုးမျိုးနှင့် ပိုင်ဆိုင်မှုပျက်ဆီးခြင်းများကိုပါ အကာအကွယ်ပေးသည်လည်း ရှိသည်။
 Bailee’s Liability Insurance - သည် သူတစ်ပါးပစ္စည်းကို သိုလှောင်ထိန်းသိမ်းပေးရသော၊ သယ်ယူပို့ဆောင် ပေးရသော၊ စောင့်ကြပ်ကြည့်ရှူပေးရသော လုပ်ငန်းများအတွက်ထားရှိသည့် အာမခံအမျိုးအစားဖြစ်သည်။ ဖောက်ထွင်းမှု၊ လုယက်မှု၊ လေပြင်းမုန်တိုင်း၊ ပေါက်ကွဲမှု၊ တိုက်မိခြင်း၊ တိုက်မိခြင်း၊ ရေဖျန်းခြင်း၊ မြေ ငလျင်လှုပ်ခြင်း၊ သပိတ်မှောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးတွင် ပျက်စီးခြင်းများအပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် မိမိတို့ လုပ်ငန်းသို့ ယုံကြည်စွာ အပ်နှံထားသော ဖောက်သည်များ၏ ပိုင်ဆိုင်ပစ္စည်းများ မဆုံးရလေရန် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်သည်။
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းဆောင်ရွက်ရန် အသက်အာမခံနှင့် အထွေထွေအာမခံအမျိုးစားနှစ်မျိုးကို ခွဲခြားသတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာ့အာမခံလုပ်ငန်းက အာမခံအမျိုးအစား ၃၆ ခု၊ ပုဂ္ဂလိကအာမခံကုမ္ပဏီများက အာမခံအမျိုးအစား ၁၄ ခု လုပ်ကိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် နိုင်ငံပိုင် အာမခံလုပ်ငန်းအပြင် ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ ၈ ခု၊ အသက်အာမခံကုမ္ပဏီ ၁၁ ခုနှင့် နိုင်ငံတကာအသက်အာမခံကုမ္ပဏီ ၅ ခု၊ အသက်နှင့် အထွေထွေအာမခံဖက်စပ်ကုမ္ပဏီ ၆ ခုကို အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားသည်။
Zawgyi Version
အေထြေထြအာမခံလုပ္ငန္းမ်ားကုိ အာမခံအမ်ဳိးအစား သုံးမ်ဳိး တစ္ႏိုင္ငံလုံးတြင္ တိုးခ်ဲ႕လုပ္ကုိင္ခြင့္ျပဳ
ရန္ကုန္၊ ေမ ၁၅
အေထြေထြအာမခံလုပ္ငနး္မ်ားကုိ သီလဝါစက္မႈဇုန္တြင္ လုပ္ကုိင္ခြင့္ျပဳထားသည့္ အာမခံအမ်ဳိးအစားသုံးမ်ဳိးကုိ တစ္ႏိုင္ငံလုံးတြင္ တိုးခ်ဲ႕ လုပ္ကုိင္ခြင့္ျပဳလုပ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန အာမခံလုပ္ငန္းႀကီးၾကပ္ေရးဌာနခြဲမွ တာဝန္ရွိသူတစ္ဦးက ေျပာသည။
Industrial All Risk ၊ Construction All Risk/ Erection All Risk ႏွင့္ Bailee’s Liability Insurance စသည့္ အာမခံသုံးမ်ဳိးကုိ မူလက သီလဝါစက္မႈဇုန္တြင္သာ လုပ္ကုိင္ခြင့္ျပဳထားျခင္းျဖစ္သည္။
အဆိုပါ အာမခံလုပ္ငန္းအမ်ိဳးအစားသုံးမ်ိဳးကို ယခုႏွစ္ ေအာက္တိုဘာလ ၁ ရက္မွစတင္ၿပီး တစ္ႏိုင္ငံလုံးတြင္ အလုပ္လက္ခံေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕က ေမလ ၁၂ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
Industrial All Risk စက္မႈလုပ္ငန္းမ်ားတြင္ က်ေရာက္တတ္သမွ်ေသာ ေဘးအႏၱရာယ္မ်ားအတြက္ အာမခံမွာ မီးႏွင့္ ေဘးအႏၱရာယ္ ဆိုင္ရာအာမခံမ်ားထက္ ပုိမိုက်ယ္ျပန္႔ၿပီး မီးအာမခံ၊ သဘာဝေဘးအႏၱရာယ္မ်ားသာမက၊ လူလုပ္ေဘးအႏၱရာယ္မ်ားျဖစ္သည့္ ေဖာက္ထြင္းခုိးယူျခင္း၊ မေတာ္ တဆထိခိုက္ပ်က္ဆီးမႈမ်ား၊ စီးပြားေရးဆိုင္ရာ ထိခိုက္ပ်က္ဆီးမႈအမ်ဳိဳးမ်ဳိးကုိ အကာအကြယ္ ေပးသည့္ အာမခံအမ်ဳိးအစား တစ္ခုျဖစ္သည္။
Erection All Risk – EAR အာမခံသည္ စက္ယႏၱရားမ်ား၊ စက္႐ုံမ်ား၊ Steel Structure မ်ားအပါအဝင္ တည္ေဆာက္ေရးလုပ္ငန္းအမ်ဳိးမ်ဳိးအတြက္ က်ေရာက္တတ္ သမွ်ေသာ ေဘးအႏၱရာယ္မ်ားမွ အကာကြယ္ေပး သည့္ အာမခံအမ်ဳိးအစားျဖစ္သည္။ အဆုိပါ အာမခံသည္ ႐ုပ္ပုိင္းဆိုင္ရာ ပ်က္ဆီးမႈ အမ်ဳိးမ်ဳိးအျပင္ အာမခံသူ၏ ထိခိုက္ပ်က္ဆီးမႈေၾကာင့္ အျခားသူတစ္ဦး (TP) ၏ ခႏၶာကုိယ္ ထိခိုက္ဒဏ္ရာရရွိမႈအမ်ဳိးမ်ဳိးႏွင့္ ပုိင္ဆိုင္မႈပ်က္ဆီးျခင္းမ်ားကုိပါ အကာအကြယ္ေပးသည္လည္း ရွိသည္။
 Bailee’s Liability Insurance - သည္ သူတစ္ပါးပစၥည္းကုိ သုိေလွာင္ထိန္းသိမ္းေပးရေသာ၊ သယ္ယူပုိ႔ေဆာင္ ေပးရေသာ၊ ေစာင့္ၾကပ္ၾကည့္ရွဴေပးရေသာ လုပ္ငန္းမ်ားအတြက္ထားရွိသည့္ အာမခံအမ်ဳိးအစားျဖစ္သည္။ ေဖာက္ထြင္းမႈ၊ လုယက္မႈ၊ ေလျပင္းမုန္တိုင္း၊ ေပါက္ကြဲမႈ၊ တိုက္မိျခင္း၊ တိုက္မိျခင္း၊ ေရဖ်န္းျခင္း၊ ေျမ ငလ်င္လႈပ္ျခင္း၊ သပိတ္ေမွာက္ျခင္းႏွင့္ သယ္ယူပို႔ေဆာင္ေရးတြင္ ပ်က္စီးျခင္းမ်ားအပါအဝင္ ေဘးအႏၱရာယ္အမ်ဳိးမ်ဳိးေၾကာင့္ မိမိတို႔ လုပ္ငန္းသုိ႔ ယုံၾကည္စြာ အပ္ႏွံထားေသာ ေဖာက္သည္မ်ား၏ ပိုင္ဆိုင္ပစၥည္းမ်ား မဆုံးရေလရန္ အကာအကြယ္ေပးေသာ အာမခံအမ်ဳိးအစားျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ အာမခံလုပ္ငန္းေဆာင္႐ြက္ရန္ အသက္အာမခံႏွင့္ အေထြေထြအာမခံအမ်ိဳးစားႏွစ္မ်ိဳးကို ခြဲျခားသတ္မွတ္ထားၿပီး ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ ျမန္မာ့အာမခံလုပ္ငန္းက အာမခံအမ်ိဳးအစား ၃၆ ခု၊ ပုဂၢလိကအာမခံကုမၸဏီမ်ားက အာမခံအမ်ိဳးအစား ၁၄ ခု လုပ္ကိုင္လ်က္ရွိသည္။
ျမန္မာႏိုင္ငံတြင္ ႏုိင္ငံပုိင္ အာမခံလုပ္ငန္းအျပင္ ျပည္တြင္းပုဂၢလိက အေထြေထြအာမခံကုမၸဏီ ၈ ခု၊ အသက္အာမခံကုမၸဏီ ၁၁ ခုႏွင့္ ႏိုင္ငံတကာအသက္အာမခံကုမၸဏီ ၅ ခု၊ အသက္ႏွင့္ အေထြေထြအာမခံဖက္စပ္ကုမၸဏီ ၆ ခုကုိ အာမခံလုပ္ငန္းမ်ား လုပ္ကုိင္ခြင့္ေပးထားသည္။



Tuesday, May 12, 2020

အာမခံဝယ္ယူျခင္း သို႔မဟုတ္ ဆုံးရွဳံးမႈႏွစ္ခုကုိ ဖလွယ္ျခင္း


• ႀကီးမားတဲ့ ဆုံးရွဳံးမႈမ်ား ျဖစ္လာႏိုင္ေျခကုိ ေသးငယ္ေသာဆုံးရွဳံးမႈတစ္ခုျဖင့္ ႀကိဳတင္အစားထုိးျခင္း
ၿမိဳ႕ ျပဆိုင္ရာ အာမခံလုပ္ငန္းေတြကို တစ္ခုခ်င္းအေသးစိတ္ မေျပာခင္မွာ “ အာမခံလုပ္ငန္းဆိုတာဘာလဲ” က စလိုက္ရေအာင္လား။ ပညာရွင္ အမ်ဳးိမ်ဳးိ က အဓိပၸယ္အမ်ဳးိ မ်ဳးိ ဖြင့္ဆိုခဲ့ၾကပါတယ္။ပါေမာကၡေဒါက္တာႏူမင္း ( Professor Dr.NumanA.Williams) ကေတာ့ အာမခံလုပ္ငန္းဆိုတာဟာပူးေပါင္းေဆာင္ရြက္ရတဲ့ ဘ႑ာေရး၊ စီးပြားေရးစနစျ္ဖစၿ္ပးီ ဒစီ နစက္ အာမခံေပၚလစီပုိင္ရွင္ ေတြကုိႀကီးမားၿပီး ျဖစ္ႏိုင္ေျခရိွတဲ့ ဆုံး႐ႈးံမႈကို ေသးငယ္ၿပီးေသခ်ာတဲ့ ဆုံး႐ႈံးမႈနဲ႔ အစားထိုး ႏိုင္ေစတယ္လို႔အဓိပၸါယ္ဖြင့္ခဲ့ပါတယ္။
ပူးေပါင္းေဆာင္ရြက္ရတဲ့စနစ္ ဆိုတာကလည္းမွန္ပါတယ္၊ ဘ႑ာေရးစီးပြားေရးစနစ္ ဆိုတာလည္း မွန္ပါတယ္၊ ဒါေပမဲ့ ႀကီးမားၿပီး ျဖစ္ႏုိင္ေျခရွိတဲ့ ဆုံး႐ွဳံးမႈကို ေသးငယ္ၿပီး ေသခ်ာတဲ့ ဆုံး႐ွဳံးမႈနဲ႕အစားထိုးတယ္ဆိုတာက ဘာႀကီးလဲ မရွင္းပါလားလို႔ေမးႏုိင္ ပါတယ္။
အာမခံထားတယ္ဆိုရင္ ပရီမီယံေၾကးေပးသြင္းရပါတယ္။ ဒါဟာ ေပးသြင္းသူအတြက္ ေသးငယ္ၿပီး ေသခ်ာတဲ့ဆုံး႐ႈးံမႈပဲ မဟုတ္ပါလား။ ႀကီးမာၿပီးျဖစ္ႏုိင္ေျခရိွတဲ့ ဆုံး႐ႈံးမႈဆိုတာ ကေတာ့ အာမခံထားတဲ့ပစၥည္း ဥပမာ-အိမ္ဆိုပါေတာ့ဗ်ာ။ မီးေလာင္ၿပီဆိုရင္ ဒါဟာ ပရီမီယံေၾကးေပးရတာနဲ႔စာရင္ ႀကီးမားတဲ့ ဆုံး႐ႈးံမႈေပပဲ မဟုတ္လား။ သို႔ေသာ္ ေလာင္မယ္၊ မေလာင္ဘူးဆိုတာကမေသခ်ာဘူး။ ဒါေပမဲ့ ျဖစ္ႏိုင္ေျခကေတာ့ ရိွေနတာပဲ။ ဒါမ်ိဳးကို ျဖစ္ႏိုင္ေျခရွိတဲ့ ႀကီးမားတဲ့ ဆုံးရွဳံးမႈလို႔ ေခၚဆိုျခင္းျဖစ္ပါတယ္။
အာမခံထားရင္ ပရီမီယံေပးရတယ္။ အဲဒီလိုပရီမီယံေပးတဲ့အတြက္လည္း အာမခံထားတဲ့ပစၥည္းဆုံးရွဳံး ပ်က္စီးရင္ အာမခံကုမၸဏီက ေလ်ာ္တယ္။ ဒါေၾကာင့္ ပရီမီယံေပးျခင္း ဆိုတဲ့ ဆုံးရွဳံးမွ ေသခ်ာေပမယ့္ ေသးငယ္တဲ့ ဆုံးရွဳံးမႈေလးကုိ မီးေလာင္ရင္ျဖစ္ေစ၊ ငလ်င္လႈပ္ရင္ျဖစ္ေစ ေပၚေပါက္္ႏိုင္တဲ့ ႀကီးမားတဲ့ ဆုံး႐ွဳံးမႈကို အစားထုိုးျခင္းလို႔ဆိုတာ မွန္တယ္ခင္ဗ်၊ အဲ…. နည္းနည္းေတာ့ ႐ႈပ္တာေပါေ့နာ္။
ဆက္လက္ေဖာ္ျပပါမည္ ….
ေဒါက္တာေမာင္ေမာင္သိမ္း
Unicode Version
• ကြီးမားတဲ့ ဆုံးရှုံးမှုများ ဖြစ်လာနိုင်ခြေကို သေးငယ်သောဆုံးရှုံးမှုတစ်ခုဖြင့် ကြိုတင်အစားထိုးခြင်း
မြို့ ပြဆိုင်ရာ အာမခံလုပ်ငန်းတွေကို တစ်ခုချင်းအသေးစိတ် မပြောခင်မှာ “ အာမခံလုပ်ငန်းဆိုတာဘာလဲ” က စလိုက်ရအောင်လား။ ပညာရှင် အမျုးိမျုးိ က အဓိပ္ပယ်အမျုးိ မျုးိ ဖွင့်ဆိုခဲ့ကြပါတယ်။ပါမောက္ခဒေါက်တာနူမင်း ( Professor Dr.NumanA.Williams) ကတော့ အာမခံလုပ်ငန်းဆိုတာဟာပူးပေါင်းဆောင်ရွက်ရတဲ့ ဘဏ္ဍာရေး၊ စီးပွားရေးစနြစ်ဖြစ်ပးီ ဒစီ နစက် အာမခံပေါ်လစီပိုင်ရှင် တွေကိုကြီးမားပြီး ဖြစ်နိုင်ခြေရှိတဲ့ ဆုံးရှုးံမှုကို သေးငယ်ပြီးသေချာတဲ့ ဆုံးရှုံးမှုနဲ့ အစားထိုး နိုင်စေတယ်လို့အဓိပ္ပါယ်ဖွင့်ခဲ့ပါတယ်။
ပူးပေါင်းဆောင်ရွက်ရတဲ့စနစ် ဆိုတာကလည်းမှန်ပါတယ်၊ ဘဏ္ဍာရေးစီးပွားရေးစနစ် ဆိုတာလည်း မှန်ပါတယ်၊ ဒါပေမဲ့ ကြီးမားပြီး ဖြစ်နိုင်ခြေရှိတဲ့ ဆုံးရှုံးမှုကို သေးငယ်ပြီး သေချာတဲ့ ဆုံးရှုံးမှုနဲ့အစားထိုးတယ်ဆိုတာက ဘာကြီးလဲ မရှင်းပါလားလို့မေးနိုင် ပါတယ်။ 
အာမခံထားတယ်ဆိုရင် ပရီမီယံကြေးပေးသွင်းရပါတယ်။ ဒါဟာ ပေးသွင်းသူအတွက် သေးငယ်ပြီး သေချာတဲ့ဆုံးရှုးံမှုပဲ မဟုတ်ပါလား။ ကြီးမာပြီးဖြစ်နိုင်ခြေရှိတဲ့ ဆုံးရှုံးမှုဆိုတာ ကတော့ အာမခံထားတဲ့ပစ္စည်း ဥပမာ-အိမ်ဆိုပါတော့ဗျာ။ မီးလောင်ပြီဆိုရင် ဒါဟာ ပရီမီယံကြေးပေးရတာနဲ့စာရင် ကြီးမားတဲ့ ဆုံးရှုးံမှုပေပဲ မဟုတ်လား။ သို့သော် လောင်မယ်၊ မလောင်ဘူးဆိုတာကမသေချာဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ ရှိနေတာပဲ။ ဒါမျိုးကို ဖြစ်နိုင်ခြေရှိတဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။
အာမခံထားရင် ပရီမီယံပေးရတယ်။ အဲဒီလိုပရီမီယံပေးတဲ့အတွက်လည်း အာမခံထားတဲ့ပစ္စည်းဆုံးရှုံး ပျက်စီးရင် အာမခံကုမ္ပဏီက လျော်တယ်။ ဒါကြောင့် ပရီမီယံပေးခြင်း ဆိုတဲ့ ဆုံးရှုံးမှ သေချာပေမယ့် သေးငယ်တဲ့ ဆုံးရှုံးမှုလေးကို မီးလောင်ရင်ဖြစ်စေ၊ ငလျင်လှုပ်ရင်ဖြစ်စေ ပေါ်ပေါက်နိုင်တဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုကို အစားထိုးခြင်းလို့ဆိုတာ မှန်တယ်ခင်ဗျ၊ အဲ…. နည်းနည်းတော့ ရှုပ်တာပေါေ့နာ်။ 
ဆက်လက်ဖော်ပြပါမည် ….
ဒေါက်တာမောင်မောင်သိမ်း

Friday, May 8, 2020

က်န္းမာေရးဝန္ႀကီးဌာန၏ လုပ္ငန္းခြင္လမ္းၫႊန္ခ်က္မ်ားအား လိုက္နာျပင္ဆင္ထားရန္ အာမခံလုပ္ငနး္ႀကီးၾကပ္ေရးအဖြဲ႕ ထပ္မံညႊန္ၾကား

ရန္ကုန္၊ေမ ၉
COVID-19 ႏွင့္စပ္လ်င္း၍ ျပည္တြင္းအာမခံ ကုမၼဏီမ်ား ၊ ဖက္စပ္အာမခံ ကုမၼဏီမ်ား ၊ ႏိုင္ငံျခားအသက္အာမခံ ကုမၸဏီမ်ား အေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ စက္႐ုံမ်ား ၊အလုပ္႐ုံမ်ား ၊လုပ္ငန္းခြင္မ်ားတြင္ လုပ္ငန္းခြင္ လမ္း ၫြန္ခ်က္မ်ားအတိုင္း ျပင္ဆင္ေဆာင္႐ြက္ၿပီးပါက သက္ဆိုင္ရာ ပူးေပါင္း အဖြဲ႕၏စစ္ေဆးမႈခံႏိုင္ေရးကိုအသင့္ျပင္ေဆာင္႐ြက္ထားရန္ အာမခံလုပ္ငန္း ႀကီးၾကပ္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
ေနအိမ္မွ အလုပ္လုပ္ရန္ ျဖစ္ႏိုင္ေသာ လုပ္သားမ်ားကုိ ေနအိမ္တြင္ အလုပ္လုပ္ေစျခင္း၊ ႐ုံးတြင္ မျဖစ္မေန လုပ္ကုိင္ရမည့္ အလုပ္သမားမ်ားအတြက္ လုပ္ငန္းခြင္၊ နားေနခန္း၊ ထမင္းစားခန္းတို႔၏ သတ္မွတ္အကြာအေဝးမ်ား၊ လက္ေဆးရန္ ေနရာ၊ လက္ေဆးရည္၊ လက္အိတ္၊ ႏွာေခါင္းစည္းမ်ားစသည့္ အကာအကြယ္မ်ား ပံ့ပိုးေပးျခင္းစသည့္ COVID-19 ေရာဂါျဖစ္ပြားမႈ အေျခအေနႏွင့္ ပက္သက္၍  စက္႐ုံမ်ား ၊အလုပ္႐ုံမ်ား ၊အလုပ္ဌာနမ်ားလိုက္နာ ေဆာင္႐ြက္ရန္ အသိေပးထုတ္ျပန္ခ်က္မ်ား  က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားၿပိး ျဖစ္သည္။
ထို႔ျပင္ COVID-19 ေရာဂါျဖစ္ပြားစဥ္ကာလအ တြင္း အာမခံထားရွိသူမ်ားအတြက္ လူမႈေရးတာဝန္ယူမႈ ( CSR) ေဆာင္႐ြက္ထားရွိမႈ အ‌ေျခအေနႏွင့္ အာမံအမ်ိဳးအစားမ်ားအ လိုက္ဝယ္ယူထားေသာအာမခံထားရွိသူမ်ား အေရးေပၚအေျခအေနျဖစ္ေပၚပါက  (Emergence Responsive Action Plan) တုံျပန္ေဆာင္႐ြက္မႈ အစီအစဥ္တို႔အားလည္း အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕သို႔ ႏွစ္ပတ္တစ္ႀကိမ္ အစီရင္ခံစာ တင္ျပရန္လည္း ၿပီးခဲ့သည့္ ရက္သတၱပတ္က ထုတ္ျပန္ခဲ့ေသးသည္။
ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ ၊ တိုင္းေဒသႀကီးႏွင့္ျပည္ နယ္မ်ားတြင္ လုပ္ငန္းေဆာင္႐ြက္ေနေသာ အာမခံ ကုမၸဏီ႐ုံးခြဲမ်ားသည္လည္း အလုပ္သမား ၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဌာန၏ စက္႐ုံမ်ား ၊အလုပ္႐ုံမ်ား ၊လုပ္ငန္းခြင္မ်ားတြင္ ေဆာင္႐ြက္ထားရမည့္ အခ်က္မ်ား ၊ လိုက္နာက်င့္သုံးရမည့္ အခ်က္မ်ား တိက်စြာလိုက္နာၾကရန္ႏွင့္ သက္ဆိုင္ရာ ေဒသႏၲရ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ၾကရန္အသိေပးထားသည္။
Unicode Version
COVID-19 နှင့်စပ်လျင်း၍ ပြည်တွင်းအာမခံ ကုမ္မဏီများ ၊ ဖက်စပ်အာမခံ ကုမ္မဏီများ ၊ နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်ရုံများ ၊အလုပ်ရုံများ ၊လုပ်ငန်းခွင်များတွင် လုပ်ငန်းခွင် လမ်း ညွန်ချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့၏စစ်ဆေးမှုခံနိုင်ရေးကိုအသင့်ပြင်ဆောင်ရွက်ထားရန် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နေအိမ်မှ အလုပ်လုပ်ရန် ဖြစ်နိုင်သော လုပ်သားများကို နေအိမ်တွင် အလုပ်လုပ်စေခြင်း၊ ရုံးတွင် မဖြစ်မနေ လုပ်ကိုင်ရမည့် အလုပ်သမားများအတွက် လုပ်ငန်းခွင်၊ နားနေခန်း၊ ထမင်းစားခန်းတို့၏ သတ်မှတ်အကွာအဝေးများ၊ လက်ဆေးရန် နေရာ၊ လက်ဆေးရည်၊ လက်အိတ်၊ နှာခေါင်းစည်းများစသည့် အကာအကွယ်များ ပံ့ပိုးပေးခြင်းစသည့် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေနှင့် ပက်သက်၍  စက်ရုံများ ၊အလုပ်ရုံများ ၊အလုပ်ဌာနများလိုက်နာ ဆောင်ရွက်ရန် အသိပေးထုတ်ပြန်ချက်များ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြိး ဖြစ်သည်။
ထို့ပြင် COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအ တွင်း အာမခံထားရှိသူများအတွက် လူမှုရေးတာဝန်ယူမှု ( CSR) ဆောင်ရွက်ထားရှိမှု အ‌ခြေအနေနှင့် အာမံအမျိုးအစားများအ လိုက်ဝယ်ယူထားသောအာမခံထားရှိသူများ အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက  (Emergence Responsive Action Plan) တုံပြန်ဆောင်ရွက်မှု အစီအစဉ်တို့အားလည်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သို့ နှစ်ပတ်တစ်ကြိမ် အစီရင်ခံစာ တင်ပြရန်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သေးသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် လုပ်ငန်းဆောင်ရွက်နေသော အာမခံ ကုမ္မဏီများ သည် အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၏ စက်ရုံများ ၊အလုပ်ရုံများ ၊လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့် အချက်များ ၊ လိုက်နာကျင့်သုံးရမည့် အချက်များ တိကျစွာလိုက်နာကြရန်နှင့် သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်အသိပေးထားသည်။

Thursday, May 7, 2020

ဒီေန႔မွာပဲ က်န္းမာေရးအာမခံ မျဖစ္မေန ဝယ္ဖို႔ ဆုံးျဖတ္သင့္တဲ့ အေၾကာင္းရင္း ၃ ခ်က္

ဒီစာေလးဖတ္ၿပီးတာနဲ႔ က်န္းမာေရးအာမခံဝယ္ဖို႔အတြက္ ဆုံးျဖတ္သင့္တဲ့ အေၾကာင္းရင္း ၃ ခ်က္ရွိပါတယ္။ ဒါက အက်ဳိးခံစားခြင့္ေတြနဲ႔ မဆိုင္ပါဘူး။ နီးကပ္လာတဲ့ အႏၱရာယ္ေတြေၾကာင့္ပါ။
၁။ ။ ျမန္မာႏိုင္ငံအပါအဝင္ တကမာၻလုံးမွာ COVID-19 ကပ္ေရာဂါကုိ ရင္ဆိုင္ေနရပါတယ္။ အေၾကာင္းေၾကာင္း ေၾကာင့္ COVID – 19 ကူးစက္ခံရရင္ ရက္ေပါင္းမ်ားစြာ ေဆး႐ုံတက္ရမွာ ျဖစ္ပါတယ္။ ေဆး႐ုံတက္တဲ့ ကုန္က်စရိတ္အခ်ဳိ႕တစ္ဝက္ဟာ အစုိးရအစီအစဥ္ျဖစ္ေပမယ့္ ကုိယ့္အစီအစဥ္နဲ႔ ကုိယ္ကုန္က်ရမွာေတြလည္း ရွိပါတယ္။ မိသားစုကလည္း ကုိယ့္ေၾကာင့္ Quarantine ဝင္ရဦးမွာ ျဖစ္တဲ့အတြက္ ေငြေၾကးအခက္အခဲဆိုတာ ႀကဳံေတြ႕ေကာင္းႀကဳံေတြ႕ႏိုင္ပါတယ္။ ဒါေၾကာင့္ တတ္ႏိုင္ရင္ က်န္းမာေရး အာမခံဝယ္ထားရမွာ ျဖစ္ပါတယ္။
၂။ ။ မိုးဦးက် (ဇြန္လ) ေရာက္ၿပီဆိုတာနဲ႔ ျမန္မာႏိုင္ငံတစ္ဝွမ္း ျဖစ္ေလ့ျဖစ္ထရွိတဲ့ ေရာဂါႀကီးတစ္ခုရွိပါတယ္။ ရာသီတုပ္ေကြးလို႔ေခၚတဲ့ Seasonal Influenza ပါ။ ကူးစက္လြယ္ပါတယ္။ မိုးရာသီနဲ႔အတူ တြဲဖက္ပါလာတဲ့ ဒီရာသီတုပ္ေကြးက ေပ်ာက္လြယ္ပါ။ ကာကြယ္ေဆးလည္းရွိၿပီး ကုသဖို႔ ျမန္ပါတယ္။ ဒါေပမယ့္ အဲဓိက ျပႆနာက COVID-19 ေရာဂါ နဲ႔ ဒီရာသီတုပ္ေကြးရဲ႕ ေရာဂါလကၡဏာေတြဟာ အေတာ္ေလးဆင္တူေန တာပါ။ သင္တုပ္ေကြးျဖစ္ေနတာလား COVID-19 ျဖစ္ေနတာလား ဆိုတာ မကြဲျပားတဲ့အခါ သင္ဟာ ေဆး႐ုံေဆးခန္းေတြကုိ မျဖစ္မေန သြားေရာက္ကုသဖို႔ လိုလာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရးအာမခံ ရွိထားသင့္ပါတယ္။
၃။ ။ ကမာၻေပၚမွာ A က ေန Z အထိ ေရာဂါအမ်ဳိးအစားေပါင္း ေထာင္နဲ႔ခ်ီ ရွိပါတယ္။ သင့္က်န္းမာေရးကုိ ထိခိုက္ေလာက္စရာ ကိစၥရပ္ေတြကလည္း ေန႔စဥ္နဲ႔အမွ် ျဖစ္ပ်က္ေနပါတယ္။ ေနအရမ္းပူၿပီး အပူရွပ္ႏိုင္သလို မိုးမိၿပီး အေအးပတ္ႏိုင္ပါတယ္။ က်န္းမာေရးအာမခံ ပရီမီယံေၾကးကုိ ေပးသြင္းႏိုင္စြမ္းရွိတဲ့သူတိုင္းဟာ မိမိကုိယ္ကုိ ခ်စ္ရင္ က်န္းမာေရးအာမခံ ဝယ္ထားသင့္ပါတယ္။
Unicode Version
ဒီစာလေးဖတ်ပြီးတာနဲ့ ကျန်းမာရေးအာမခံဝယ်ဖို့အတွက် ဆုံးဖြတ်သင့်တဲ့ အကြောင်းရင်း ၃ ချက်ရှိပါတယ်။ ဒါက အကျိုးခံစားခွင့်တွေနဲ့ မဆိုင်ပါဘူး။ နီးကပ်လာတဲ့ အန္တရာယ်တွေကြောင့်ပါ။
၁။ ။ မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးမှာ COVID-19 ကပ်ရောဂါကို ရင်ဆိုင်နေရပါတယ်။ အကြောင်းကြောင်း ကြောင့် COVID – 19 ကူးစက်ခံရရင် ရက်ပေါင်းများစွာ ဆေးရုံတက်ရမှာ ဖြစ်ပါတယ်။ ဆေးရုံတက်တဲ့ ကုန်ကျစရိတ်အချို့တစ်ဝက်ဟာ အစိုးရအစီအစဉ်ဖြစ်ပေမယ့် ကိုယ့်အစီအစဉ်နဲ့ ကိုယ်ကုန်ကျရမှာတွေလည်း ရှိပါတယ်။ မိသားစုကလည်း ကိုယ့်ကြောင့် Quarantine ဝင်ရဦးမှာ ဖြစ်တဲ့အတွက် ငွေကြေးအခက်အခဲဆိုတာ ကြုံတွေ့ကောင်းကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင် ကျန်းမာရေး အာမခံဝယ်ထားရမှာ ဖြစ်ပါတယ်။
၂။ ။ မိုးဦးကျ (ဇွန်လ) ရောက်ပြီဆိုတာနဲ့ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါကြီးတစ်ခုရှိပါတယ်။ ရာသီတုပ်ကွေးလို့ခေါ်တဲ့ Seasonal Influenza ပါ။ ကူးစက်လွယ်ပါတယ်။ မိုးရာသီနဲ့အတူ တွဲဖက်ပါလာတဲ့ ဒီရာသီတုပ်ကွေးက ပျောက်လွယ်ပါ။ ကာကွယ်ဆေးလည်းရှိပြီး ကုသဖို့ မြန်ပါတယ်။ ဒါပေမယ့် အဲဓိက ပြဿနာက COVID-19 ရောဂါ နဲ့ ဒီရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေဟာ အတော်လေးဆင်တူနေ တာပါ။ သင်တုပ်ကွေးဖြစ်နေတာလား COVID-19 ဖြစ်နေတာလား ဆိုတာ မကွဲပြားတဲ့အခါ သင်ဟာ ဆေးရုံဆေးခန်းတွေကို မဖြစ်မနေ သွားရောက်ကုသဖို့ လိုလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအာမခံ ရှိထားသင့်ပါတယ်။
၃။ ။ ကမ္ဘာပေါ်မှာ A က နေ Z အထိ ရောဂါအမျိုးအစားပေါင်း ထောင်နဲ့ချီ ရှိပါတယ်။ သင့်ကျန်းမာရေးကို ထိခိုက်လောက်စရာ ကိစ္စရပ်တွေကလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေပါတယ်။ နေအရမ်းပူပြီး အပူရှပ်နိုင်သလို မိုးမိပြီး အအေးပတ်နိုင်ပါတယ်။ ကျန်းမာရေးအာမခံ ပရီမီယံကြေးကို ပေးသွင်းနိုင်စွမ်းရှိတဲ့သူတိုင်းဟာ မိမိကိုယ်ကို ချစ်ရင် ကျန်းမာရေးအာမခံ ဝယ်ထားသင့်ပါတယ်။

Wednesday, May 6, 2020

အသက္အာမခံဆိုတာဘာလဲ.....

အသက္အာမခံဆိုအေၾကာင္းကို အေျခခံက်က် သိေစႏိုင္ဖို႔အတြက္ အင္တာဗ်ဴးပုံစံ ေဖာ္ျပထားတာျဖစ္ၿပီး အေျဖနဲ႔ ေမးခြန္းမ်ားကုိ AIA Myanmar ထံမွ ရယူမွီျငမ္းထားတာ ျဖစ္ပါတယ္။
ေမး။ အသက္အာမခံဆိုတာဘာလဲ။
ေျဖ။ အသက္အႏၲရာယ္ထိခိုက္လာႏိုင္တဲ့ အေျခအေနတစ္ရပ္ရပ္အတြက္ ထားရွိတဲ့အာမခံ အမ်ိဳးအစားလည္းျဖစ္သလို က်န္းမာေရးအတြက္တစ္စိတ္တစ္ပိုင္းအာမခံထားတာဆိုလည္း မမွားပါဘူး။ အာမခံထားသူ ေသဆုံးခ်ိန္မွာ အာမခံကုမၸဏီက က်န္ရစ္ခဲ့တဲ့ မိသားစုကို အာမခံေၾကးထုတ္ေပးမွာျဖစ္ပါ တယ္။
ေမး။ ။ အသက္အာမခံဘယ္ႏွစ္မ်ိဳးရွိလဲ။
ေျဖ။ ။ အသက္အာမခံက အၾကမ္းဖ်င္းအားျဖင့္ Whole life Assurance(ႏွစ္ရွည္ အသက္အာမခံ) နဲ႔Term Life Assurance(ကာလတိုအသက္အာမခံ) ဆိုၿပီး ၂ မ်ိဳးရွိပါတယ္။
ေမး။ အသက္အာမခံကုိ အရြယ္မေရြးထားလို႔ရလား။
အသက္အာမခံထားမယ့္သူဟာ အနိမ့္ဆုံးအေနနဲ႔ အသက္ ၁၈ ႏွစ္ျပည့္ရပါမယ္။ ၁၈ ႏွစ္ေအာက္အ႐ြယ္ေတြက အသက္အာမခံထားလို႔မရေသးပါဘူး။
အသက္အာမခံထားမယ္ဆိုရင္ အနိမ့္ဆုံး အသက္ သတ္မွတ္ခ်က္က ၁၈ ႏွစ္ျဖစ္ၿပီး အျမင့္ဆုံး အသက္သတ္မွတ္ခ်က္က ၆၅ ႏွစ္ပါ။
ေမး။ ။ အသက္အာမခံကုိ ဘာေၾကာင့္ထားသင့္တာလဲ။
ေျဖ။ ။ မိသားစုအတြက္ ေငြေၾကးအေထာက္အပံ့ရေစဖို႔ပါ။ အသက္အာမခံဆိုတာက အသက္အႏၲရာယ္ထိခိုက္လာႏိုင္တဲ့ အေျခအေနတစ္ရပ္ရပ္အတြက္ ထားရွိတဲ့အာမခံ အမ်ိဳးအစားပါ။ အာမခံထားသူ ေသဆုံးခ်ိန္မွာ အာမခံကုမၸဏီက က်န္ရစ္ခဲ့တဲ့ မိသားစုကို အာမခံေၾကးထုတ္ေပးမွာျဖစ္ပါတယ္။ အသက္အာမခံကို တစ္လုံးတစ္ခဲတည္းထုတ္ေပးႏိုင္သလို ႏွစ္စဥ္ေၾကးအေနနဲ႔ ထုတ္ေပးတာမ်ိဳးလည္းရွိပါတယ္။
ေမး။ ။ တစ္သက္တာအာမခံရဲ႕ ကာလသက္တမ္းက ဘယ္ေလာက္လဲ။
ေျဖ။ ။ Whole life Assurance(တစ္သက္တာ အသက္အာမခံ) အမ်ိဳးအစားက တစ္သက္လုံးစာထားရွိတဲ့ အာမခံအမ်ိဳးအစားပါ။ အာမခံထားသူ ေသဆုံးခ်ိန္မွာ က်န္ရစ္သူမိသားစုကထုတ္ယူႏိုင္မွာျဖစ္ပါတယ္။
Unicode Version
အသက်အာမခံဆိုအကြောင်းကို အခြေခံကျကျ သိစေနိုင်ဖို့အတွက် အင်တာဗျူးပုံစံ ဖော်ပြထားတာဖြစ်ပြီး အဖြေနဲ့ မေးခွန်းများကို AIA Myanmar ထံမှ ရယူမှီငြမ်းထားတာ ဖြစ်ပါတယ်။
မေး။ အသက်အာမခံဆိုတာဘာလဲ။
ဖြေ။ အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားလည်းဖြစ်သလို ကျန်းမာရေးအတွက်တစ်စိတ်တစ်ပိုင်းအာမခံထားတာဆိုလည်း မမှားပါဘူး။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါ တယ်။
မေး။ ။ အသက်အာမခံဘယ်နှစ်မျိုးရှိလဲ။
ဖြေ။ ။ အသက်အာမခံက အကြမ်းဖျင်းအားဖြင့် Whole life Assurance(နှစ်ရှည် အသက်အာမခံ) နဲ့Term Life Assurance(ကာလတိုအသက်အာမခံ) ဆိုပြီး ၂ မျိုးရှိပါတယ်။
မေး။ အသက်အာမခံကို အရွယ်မရွေးထားလို့ရလား။
အသက်အာမခံထားမယ့်သူဟာ အနိမ့်ဆုံးအနေနဲ့ အသက် ၁၈ နှစ်ပြည့်ရပါမယ်။ ၁၈ နှစ်အောက်အရွယ်တွေက အသက်အာမခံထားလို့မရသေးပါဘူး။
အသက်အာမခံထားမယ်ဆိုရင် အနိမ့်ဆုံး အသက် သတ်မှတ်ချက်က ၁၈ နှစ်ဖြစ်ပြီး အမြင့်ဆုံး အသက်သတ်မှတ်ချက်က ၆၅ နှစ်ပါ။
မေး။ ။ အသက်အာမခံကို ဘာကြောင့်ထားသင့်တာလဲ။
ဖြေ။ ။ မိသားစုအတွက် ငွေကြေးအထောက်အပံ့ရစေဖို့ပါ။ အသက်အာမခံဆိုတာက အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အသက်အာမခံကို တစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။
မေး။ ။ တစ်သက်တာအာမခံရဲ့ ကာလသက်တမ်းက ဘယ်လောက်လဲ။
ဖြေ။ ။ Whole life Assurance(တစ်သက်တာ အသက်အာမခံ) အမျိုးအစားက တစ်သက်လုံးစာထားရှိတဲ့ အာမခံအမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ ကျန်ရစ်သူမိသားစုကထုတ်ယူနိုင်မှာဖြစ်ပါတယ်။