Wednesday, June 17, 2020

“မြန်မာပြည်က မြန်မာလူငယ်တွေအတွက် မြန်မာအာမခံ လုပ်ငန်းတွေအတွက် ဝန်ထမ်းတွေအတွက် အများကြီး လေ့လာဖို့ လိုပါတယ်”


The Malaysian Insurance Institute Fellowship Member ဖြစ်သူ ဒေါ်လှလှမွန်နှင့် တွေ့ဆုံမေးမြန်းခြင်း

ထွန်းသစ်စ မြန်မာ့အာမခံလုပ်ငန်းနယ်ပယ်မှာ အာမခံပညာရပ်ကို စိတ်ဝင်စားသူတွေ တိုးတက်များပြား လာပါတယ်။ လူငယ်အများအပြားဟာ အာမခံလုပ်ငန်းကို စိတ်ဝင်စားလာတာနဲ့အမျှ အာမခံပညာရပ်တွေကို လေ့လာသင်ယူချင်လာကြပါတယ်။ ဒါကြောင့် လူငယ်တွေဟာ အာမခံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်း အနေနဲ့ ရွေးချယ်လာခဲ့ရင် အာမခံပညာရပ်တွေကို ဘယ်လို လေ့လာ သင်ယူသင့်သလဲဆိုတာကို The Malaysian Insurance Institute Fellowship Member ဖြစ်သူ ဒေါ်လှလှမွန်နဲ့ Myanmar Insurance News က တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

အာမခံ ပညာရပ်ကို ဘယ်အဆင့်ထိ သင်ရမလဲ ဆိုတာ Fellow Degree လို့ခေါ်တဲ့ အာမခံထဲမှာ Malaysia Insurance Institute က အမြင့်ဆုံးကို ရထားတာတောင် ဆရာမ သင်လို့မပြီးသေးပါဘူး။ ဒါဟာ စကားကို လှအောင် ပြောတာမဟုတ်ဘူး။
မြန်မာပြည်မှာ အခုလို လက်တော့တွေ ပေါ်လာတယ်၊ ဆော့ဖ်ဝဲလ်တွေ ပေါ်လာမယ်။ အဲဒီလို ဆော့ဖ်ဝဲလ်တွေ အတွက် Cyber Attack ဆိုတာရှိတယ်။ အဲဒီလို attack တွေအတွက် ဘာလိုလာမလဲ ဆိုတော့ Insurance လိုလာပြန်တယ်။
အဲဒီ Cyber Attack တွေကို အကာအကွယ်ပေးမယ့် Insurance ပေါ့။ နောက် အာကာသထဲကို ဒုံးပျံလွှတ်တင်တဲ့ ဘဝဖြစ်လာရင်လည်း အဲဒီမှာ ဘာ insurance ဘလာဦးမလဲ မသိဘူး။ နည်းပညာတစ်ခုပြီး တစ်ခုပေါ့။
 ဥပမာ အခုဆိုရင် COVID-19 ပေါ်လာတဲ့အခါ ဒီ Pandemic နဲ့ ပတ်သက်လို့ နောက်က Insurance က ဆုံးရှုံးမှုတွေ နောက်က လိုက်ရတယ်။ အဲဒီတော့ စီးပွားရေးတွေ၊ နိုင်ငံရေး၊ လူမှုရေး အခြေအနေတွေ နိုင်ငံတခုရဲ့ လိုအပ်ချက် ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေရဲ့ လိုအပ်တဲ့ အပေါ်မူတည်ပြီး အာမခံပညာရပ်ဟာ ဖြည်းဖြည်းချင်း ပြောင်းပြီးတော့ လိုက်ပြီးတော့ လိုအပ်ချက်မှန်သမျှလုပ်ပေးနေရတာပေါ့ ။
နမူနာပြောရရင်တော့ ပထမဦးဆုံး အင်္ဂလန်ကနေ သဘောၤကြီးရွက်လွှင့်လာတဲ့ အခါ သဘောၤကြီး မြုပ်သွားတော့ သူ့ကို ငါတို့ ကူညီကြရအောင် ဆိုပြီး ကူညီကြတဲ့အနေအထားကနေပြီးတော့ ပိုက်ဆံတွေ စုထည့်ကြ ရန်ပုံငွေထောင်ပြီးတော့ သိမ်းမြစ်ကမ်း ဘေးနားမှာ ရှိတဲ့ အက်ဒ်ဝစ်လွိုက် ဆိုတဲ့ လူရဲ့ ကော်ဖီဆိုင်လေးမှာ စုပြီးတော့ စာရင်းသွင်းတာကနေ စပြီးတော့ ကမ္ဘာကြီးမှာ အာမခံ လုပ်ငန်းဆိုတာ ပေါ်လာတယ်။ ဟိုတုန်းကတော့ သဘောၤအာမခံတွေ၊ ပစ္စည်း သယ်တာတွေပေါ့။
အဲဒီလို စလာတာကနေ ၁၆ ရာစုရောက်လာတော့ လန်ဒန်မှာ မီးအကြီးအကျယ်လောင်တဲ့ အခါကျတော့ အဲလီဇဘက် ဘုရင်မကြီးက ငါတို့အတွက် မီးအာမခံရော မရှိဘူးလား။ ဒီမှာ ငါတို့အကုန်လုံး ဆုံးရှုံး ကုန်ပြီဆိုတော့ မီးအာမခံဆိုတာ ပေါ်လာပြန်ရော။
စပြီးပေါ်တာက ဂျာမနီမှာ ဟန်းဘက်မှာ မြူနီစီပယ်က သူ့ခြံဝင်းလေး လှပပြီးအောင် လုပ်နေတဲ့ အချိန်မှာ တစ်အိမ်က မီးလောင်သွားတယ်။ ဒီအိမ်ကို မီးလောင်သွားတာ ပြန်ပြင်ပြန်ပြင် မင်းအခုပြန်ပြင်လို့ ပြောလို့ သူ့မှာလည်း ပြန်ပြင်နိုင်တဲ့ အင်အားမရှိဘူး။ မီးဘေးဒုက္ခသည်ဆိုတော့ အားလုံးက ဝိုင်းထည့်လိုက်တော့။ နောက်တော့ မြူနီစီပယ် လူကြီးက စိတ်ဝင်စားသွားတယ် အားလုံးဆီက ပိုက်ဆံတွေစုပြီး Fund လုပ်ထားမယ်။ လုပ်ထားပြီး ပြင်ပေးမယ်။ အဲဒီ အတွေးတွေကနေ Insurance ဆိုတာ တဖြည်းဖြည်းပေါ်လာတာ။ ဘယ်ကနေ စပေါ်လာပြီး ဘယ်တော့ ဆုံးမလဲဆိုတော့ မဆုံးဘူး။
ဘယ်အချိန်အထိ သင်ရမလဲဆိုတော့ အခုလူငယ်တွေက လုပ်ကိုင်ချင်တယ်ဆိုရင် အာမခံ ပညာရပ်ကို သေချာကို သင်ရမှာပါ။ ရုံးထဲကိုလာပြီးတော့ Procedures အတိုင်း ကွန်ပြူတာမှာ ဒီစာရင်းသွင်းတယ် လူကြီးတွက်လိုက်တဲ့ အတိုင်း ဒါလေးကို ပရင့်ထုတ်လိုက်တယ် ဒါလေးကို ပေးလိုက်တယ် ဆိုတာက လွယ်တယ်။ ဘယ်ဌာနမှာမဆိုလွယ်တ်။ လုပ်ငန်းရဲ့ လုပ်ကိုင်တဲ့ အဆင့်တွေပေါ့။
ဒါပေမယ့် အဲဒီနောက်မှာ လိုက်လာတဲ့ အာမခံ ပညာရပ်က မလွယ်ဘူး။ ဘာမှမသိသေးတဲ့ လူတစ်ယောက်က အာမခံထားချင်တယ်ဆိုရင် သူ့အတွက် သင့်တော်တဲ့ အာမခံပေါ့။ ဥပမာကောလိပ်တစ်ခုမှာဆိုရင် ကျောင်းသားတွေလာမယ်။ Personal Accident လိုမယ်။ ကိုယ်အင်္ဂါထိခိုက်မှုပေါ့။ ကျောင်းသားတွေက လိုမယ်လေ ကျောင်းသားတွေဆိုတော့ တွန်းလိုက်တိုက်လိုက် ခုန်လိုက် စားပွဲပေါ်က ပြုတ်ကျလိုက်ပေါ့။ အဲဒီအခါ ကျောင်းအုပ်ကြီးက ဖြစ်ဖြစ် သင်တန်းဆရာမက ဖြစ်ဖြစ် ဒီကလေးအတွက် ဒဏ်ရာရသွားရင် သူ့မှာတာဝန်ရှိတယ်။ အဲဒီတော့ ထပ်လာတယ်။ Labiality Insurance တာဝန်ရှိမှု အာမခံပေါ့။
အဲဒီတော့  သူ့စီးပွားရေးနဲ့သူ လိုအပ်ချက်တွေ လိုက်ပြောင်းနေတဲ့ အတွက်ကြောင့် လက်ရှိ အာမခံ လုပ်ငန်း ဆိုတာ စီးပွားရေး လုပ်ငန်းရှင်တွေက မသိသေးတာပေါ့။ အာမခံလုပ်ငန်းရဲ့ အကျိုးရှိမှုကို မြန်မာပြည်က စီးပွားရေး လုပ်ငန်းရှင်တွေက မသိသေးတာ။  မသိသေးတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို အာမခံလောကထဲက လူတွေရဲ့ တာဝန်။ ဆရာမတို့ မပြောပြနိုင်ခဲ့ဘူး။ ဆရာမတို့ မပြောပြခဲ့ဘူး။
နှစ်ပေါင်းများစွာ နိုင်ငံပိုင် အစိုးရပိုင် ဖြစ်ခဲ့တဲ့ အခါကျတော့ ဝန်ထမ်းတွေလိုပဲ နေခဲ့ကြတယ်ပေါ့။ ၁၉၉၄ ကျမှ ကိုယ်စားလှယ်တွေ ပေါ်လာပြီး ကိုယ်စားလှယ်တွေ ခန့်ထားတာပေါ့။  ဒါပေမယ့် ကိုယ်စားလှယ်တွေကလည်း Knowledge full ဖြစ်ပြီလားဆိုတော့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာမတို့ဆီမှာ ဘာသာရပ်တစ်ခု တည်းကိုပဲ အလေးထားပြီးတော့ သင်နေတဲ့ သီးခြားကျောင်းဆိုတာ မရှိဘူး။
ဘယ်လိုအတိုင်းအတာ အန္တရာယ်တွေကို ခွဲခြားမလဲ။ ဘယ်လိုအတိုင်းအတာ ပရီမီယံကောက်မလဲဆိုတာကို အဆင့်ဆင့် တတ်မြောက်သွားဖို့လိုတယ်။ လေ့လာဖို့လိုတယ်။ အဲဒီလိုလေ့လာဖို့လိုတဲ့အတွက် အာမခံပညာရပ်ကို သေသေချာချာ လေ့လာရမယ်။ ကျန်းမာရေး အာမခံဆိုရင် ဘယ်လိုဆေးစစ်မယ် ဘယ်လိုနှုန်းနဲ့ ကောက်မယ် ဘယ်လိုအကာအကွယ်တွေ ပေးမယ်။ အာမခံဝယ်လိုက်တယ်ဆိုရင် သိန်း ၁၀၀ တန်ကားကို ဝယ်လိုက်ရင် သိန်း ၁၀၀ လုံးပေးထားရတာ မဟုတ်ဘူး ၁ သိန်းလောက် ယူထားတာ။ ၁ သိန်း ၁သိန်းနဲ့ လူ ၁၀၀ ဆီက ပိုက်ဆံကို ယူပြီးတော့ Fund လို ရန်ပုံငွေလို ထည့်ထားပြီးတော့ အဲဒီရန်ပုံငွေ သိန်း ၁၀၀ ထဲကမှ တစ်စီးဖြစ်ရင်၊ နှစ်စီးဖြစ်ရင် ပေးရမှာ အဲဒီတော့ ဒီလို စုထားတဲ့ ရန်ပုံငွေထဲမှာ လာထည့်တဲ့ အချိန်မှာ ကားတွေ အများကြီး ရမှ ရန်ပုံငွေက ရမှာ။
အဲဒါကို အများအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အများ ဆိုပြီးတော့ ငယ်ငယ်တုန်းက အာမခံမှာ ဆောင်ပုဒ်တခုနဲ့ လုပ်လာတာ။ အများထည့်လိုက်တဲ့ ပိုက်ဆံထဲကနေပြီးတော့ ဆုံးရှုံးတဲ့သူဆီ ပြန်ကုစားပေး တာပေါ့။ တစ်ယောက်ချင်း တစ်ယောက်ချင်းက အများကြီးကို စုပေးတဲ့ စနစ်ပေါ့။
ဒါကို အာမခံ ပညာရပ်မှာတော့ Large Number of Similar Risk လို့ ခေါ်တယ်။ ဆင်တူ အန္တရာယ်တွေ အများကြီးလာဖို့ လိုတယ်။  စည်းရုံးရေး ဆင်းရမယ် Marketing သွားရမယ် ကိုယ်စားလှယ်တွေဆီ သွားရမယ်။ ကိုယ်စားလှယ်တွေကို နည်းပညာတွေ ပြန်ပြီးပို့ချပေးရမယ်။
အဲဒီတော့ အာမခံပညာရပ်က အများကြီးကျယ်ပြန့်တယ်။ ဘယ်အဆင့်ထိရှိလဲ ဆိုတာ သူရောင်းနေတဲ့ မော်တော် ကားအာမခံ၊ မီးအာမခံ၊ အသက်အာမခံ အဲဒီလို Property တွေရဲ့ နာမည်မျိုးစုံရှိတယ်။ ထပ်ပြီးတော့ နိုင်ငံတော်က ခွင့်ပြုလိုက်တဲ့ အင်ဂျင်နီယာ အာမခံတွေ၊ အဲဒီလို အာမခံတွေအားလုံးကို ဘယ်လိုဖြစ်ရင် လျော်မယ် ဘယ်လိုဖြစ်ရင် မလျော်ဘူး ဘယ်လိုအတိုင်းအတာ အန္တရာယ်တွေကို ပိုင်းခြားခွဲခြားမလဲ ဘယ်လိုပရီမီယံတွေ ကောက်မလဲ အဆင့်ဆင့် လေ့လာဖို့ လိုတယ်။
အဲဒီလို လေ့လာဖို့ လိုတဲ့အတွက်ကြောင့် ပညာရပ်ကို သင်ကြားပေးဖို့ ကျောင်းတို့ သင်တန်းတို့ မရှိလို့ ဆရာမ အခုလိုမျိုး သင်နေတာ။ မပြီးဆုံးသေးဘူး။ ဆရာမကြီးကိုယ်တိုင်ကိုယ်က မပြီးသေးဘူး။ ဥပမာ Property တွေနဲ့ ပတ်သက်ရင် risk တွေနဲ့ ပတ်သက်ရင် Define လုပ်တတ်တယ်။ ဒါပေမယ့် သေသေချာချာ ကျွမ်းကျင်တဲ့ သူတွေ ဖြစ်သွားဖို့အတွက် လေ့လာသင်ယူနေဖို့လိုတယ်။ အဲဒီလိုမျိုးလူငယ်တွေဟာ လေ့လာသင်ယူဖို့ လိုတယ်။
အာမခံပညာရပ်ကို သင်ကြားပေးဖို့ ကျောင်းဆိုရင် အခုချိန်ဆိုရင် ကိုယ်စားလှယ်တွေကို သင်နေတဲ့ NIM ဆိုတာ ပေါ်လာပြီ။ စပေါ်လာပြီ။
အရင်တုန်းကဆိုရင်တော့ မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ်အထိ Burma Insurance Institute ဆိုပြီးပေါ်လာခဲ့တယ်။ CRI ရဲ့ affiliate  အနေနဲ့ အင်္ဂလန်ကျောင်းရဲ့ သင်ရိုးညွှန်းတန်းတွေကို ယူပြီးတော့ သင်တဲ့အနေနဲ့ ပေါ်ထားခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီလို ကျောင်းတွေ သီးခြားမရှိခဲ့ဘူး။ သင်တန်းတွေဆိုတာ ဌာနတွင်း သင်တန်းတွေနဲ့ပဲ ပြီးသွားခဲ့တယ်။
ဆရာမကြီးက ဌာနတွင်းမှာ သင်တန်းတွေ ပို့ချခဲ့တယ်။ ရရ ရနိုင်သလောက် အချိန်ယူပြီးပို့ချပေမယ့် သေသေ ချာချာ emphasize လုပ်ပြီး ဂရုတစိုက် မသင်နိုင်ခဲ့ဘူး။ အခု အငြိမ်းစားယူတဲ့အတွက် အဲဒီလိုဟာမျိုးကို သင်ပေးဖို့ ဆရာမကြီးကိုယ်တိုင် လေ့လာနေမှု မပြီးဆုံးသေးပေမယ့် ဆရာမကြီးသင်နေတာ ကိုယ်တိုင်လည်း လေ့လာလို့ မပြီးသေးတော့ ကလေးတွေအတွက်လည်း အားလုံးအတွက် သင်ပေးနေတာ။ The Malaysian Insurance Institute က သင်ရိုးညွှန်းတန်းကို ဗမာလို ဘာသာပြန်ပြီး သင်ပေးနေတာ။
 ဗမာလို ဘာသာပြန်မှ လူတွေအားလုံးရဲ့ အတွေးအခေါ်က ဗမာလို နားလည်မှာ။ အင်္ဂလိပ်စာကိုဖတ် အင်္ဂလိပ်လိုပဲ ABC ရွေးပြီး ဖြေလိုက်ရင် လူတိုင်းအလွတ်ကျက်တဲ့ကလေးတွေ Fresh Graduate တွေ အကုန်ဖြေနိုင်မှာပဲ။ ဒါပေမယ့် သဘောမပေါက်ဘူး။ ကိုယ်စားလှယ်ကြီးတွေပါ သဘောပေါက်အောင် ပညာအရည်အချင်း အမျိုးမျိုး၊ အသက်အရွယ်အမျိုးမျိုးကို ဘာသာပြန်ပြီး သင်နေတာ။
ကိုယ့်ဘာသာစကားနဲ့ နားလည်မှ အာမခံလောကမှာ သင်တန်းထဲက စာတွေကို လက်တွေ့လုပ်ငန်းထဲမှာ Apply လုပ်နိုင်မှာ။ လက်တွေ့လုပ်ငန်းထဲမှာ Apply လုပ်နိုင်မှ အဲဒီအာမခံလုပ်ငန်းကြီးက တိုးတက်မှာ။ အာမခံလုပ်ငန်းတွေကို လက်တွေ့အသုံးချနိုင်ဖို့ တွေးခေါ်နိုင်ဖို့ အင်္ဂလိပ်လို စာတွေဖတ်ပြီး လေ့လာတာထက်၊ အလွတ်ကျက်တာထက် ဗမာလို နားလည်ဖို့ လိုတယ်။
အဲဒါကြောင့်မို့ ဗမာပြည်မှာ လက်တွေ့ကိုယ်စားလှယ်ကြီးတွေက အသက်အရွယ် အပိုင်းအခြားတစ်ခု ရောက်နေပြီဆိုတော့ သူတို့လည်း လက်တွေ့ Apply လုပ်ရင်း သင်သွားလို့ရမယ်။ ဒါပေမယ့် အနာဂတ်မှာ လူငယ်တွေမှာ ဦးဆောင်သွားကြမှာ။ ဆရာမကြီးတို့ သိတဲ့ပညာထက် အဲဒီဟာကို သိလို့ ဆရာမကြီးတို့ထက် ပိုသိ၊ ပိုတတ်ပြီးတော့ ပိုပြီး Create လုပ်နိုင်လို့ ပိုပြီးကောင်းသွားမယ့် နောက်အနာဂတ်အတွက် လူငယ်တွေကို အားကိုးတဲ့အတွက် လူငယ်တွေကို အခမဲ့သင်ပေးနေတယ်။
လူငယ်တွေအတွက် အလုပ်ကိုစလုပ်တော့မယ်ဆိုရင် Procedure တွေထက်၊ ဒီစာတွေ ပညာရပ်တွေက ဘယ်လို Apply လုပ်ရမယ်ဆိုတာ ဘာသာရပ်ကို လက်တွေ့ လုပ်ငန်းနဲ့ Apply လုပ်နိုင်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ လက်တွေ့ အာမခံလုပ်ငန်းက စီးပွားရေးရှိနေရင် စီးပွားရေးတွေ ရှိနေတိုင်း အဲဒီစီးပွားရေးက မဆုံးရှုံးရအောင် ပြန်ကုစားပေးဖို့ စီးပွားရေးစနစ်တွေ ပြောင်းတိုင်း အာမခံစနစ်တွေက လိုက်လိုက်ပြောင်းပြီး တည်ရှိနေမှာမို့ အားလုံးအတွက် အာမခံလုပ်ငန်းကို လူငယ်တွေ အကုန်လုံး သိဖို့လိုတယ်။
စာသင်ခန်းထဲတင် မကဘူး လက်တွေ့လောကထဲမှာ သိပြီးတော့မှ လျော်ကြေးတွေကို ဘယ်လိုပိုင်းခြား ဆုံးဖြတ်မလဲ ဆိုတဲ့ အထိကို သိဖို့ လိုတယ်။ မြန်မာပြည်က မြန်မာလူငယ်တွေအတွက် မြန်မာအာမခံ လုပ်ငန်းတွေအတွက် ဝန်ထမ်းတွေအတွက် အများကြီး လေ့လာဖို့ လိုပါတယ်။
Zawgyi Version

“ျမန္မာျပည္က ျမန္မာလူငယ္ေတြအတြက္ ျမန္မာအာမခံ လုပ္ငန္းေတြအတြက္ ဝန္ထမ္းေတြအတြက္ အမ်ားႀကီး ေလ့လာဖို႔ လိုပါတယ္”
The Malaysian Insurance Institute Fellowship Member ျဖစ္သူ ေဒၚလွလွမြန္ႏွင့္ ေတြ႕ဆုံေမးျမန္းျခင္း

ထြန္းသစ္စ ျမန္မာ့အာမခံလုပ္ငန္းနယ္ပယ္မွာ အာမခံပညာရပ္ကို စိတ္ဝင္စားသူေတြ တိုးတက္မ်ားျပား လာပါတယ္။ လူငယ္အမ်ားအျပားဟာ အာမခံလုပ္ငန္းကို စိတ္ဝင္စားလာတာနဲ႔အမွ် အာမခံပညာရပ္ေတြကို ေလ့လာသင္ယူခ်င္လာၾကပါတယ္။ ဒါေၾကာင့္ လူငယ္ေတြဟာ အာမခံလုပ္ငန္းကို အသက္ေမြးဝမ္းေက်ာင္း အေနနဲ႔ ေ႐ြးခ်ယ္လာခဲ့ရင္ အာမခံပညာရပ္ေတြကို ဘယ္လို ေလ့လာ သင္ယူသင့္သလဲဆိုတာကို The Malaysian Insurance Institute Fellowship Member ျဖစ္သူ ေဒၚလွလွမြန္နဲ႔ Myanmar Insurance News က ေတြ႕ဆုံေမးျမန္းထားတာပဲ ျဖစ္ပါတယ္။

အာမခံ ပညာရပ္ကို ဘယ္အဆင့္ထိ သင္ရမလဲ ဆိုတာ Fellow Degree လို႔ေခၚတဲ့ အာမခံထဲမွာ Malaysia Insurance Institute က အျမင့္ဆုံးကို ရထားတာေတာင္ ဆရာမ သင္လို႔မၿပီးေသးပါဘူး။ ဒါဟာ စကားကို လွေအာင္ ေျပာတာမဟုတ္ဘူး။
ျမန္မာျပည္မွာ အခုလို လက္ေတာ့ေတြ ေပၚလာတယ္၊ ေဆာ့ဖ္ဝဲလ္ေတြ ေပၚလာမယ္။ အဲဒီလို ေဆာ့ဖ္ဝဲလ္ေတြ အတြက္ Cyber Attack ဆိုတာရွိတယ္။ အဲဒီလို attack ေတြအတြက္ ဘာလိုလာမလဲ ဆိုေတာ့ Insurance လိုလာျပန္တယ္။ 
အဲဒီ Cyber Attack ေတြကို အကာအကြယ္ေပးမယ့္ Insurance ေပါ့။ ေနာက္ အာကာသထဲကို ဒုံးပ်ံလႊတ္တင္တဲ့ ဘဝျဖစ္လာရင္လည္း အဲဒီမွာ ဘာ insurance ဘလာဦးမလဲ မသိဘူး။ နည္းပညာတစ္ခုၿပီး တစ္ခုေပါ့။
 ဥပမာ အခုဆိုရင္ COVID-19 ေပၚလာတဲ့အခါ ဒီ Pandemic နဲ႔ ပတ္သက္လို႔ ေနာက္က Insurance က ဆုံးရႈံးမႈေတြ ေနာက္က လိုက္ရတယ္။ အဲဒီေတာ့ စီးပြားေရးေတြ၊ ႏိုင္ငံေရး၊ လူမႈေရး အေျခအေနေတြ ႏိုင္ငံတခုရဲ႕ လိုအပ္ခ်က္ ကမာၻေပၚမွာ ရွိတဲ့ လူေတြရဲ႕ လိုအပ္တဲ့ အေပၚမူတည္ၿပီး အာမခံပညာရပ္ဟာ ျဖည္းျဖည္းခ်င္း ေျပာင္းၿပီးေတာ့ လိုက္ၿပီးေတာ့ လိုအပ္ခ်က္မွန္သမွ်လုပ္ေပးေနရတာေပါ့ ။ 
နမူနာေျပာရရင္ေတာ့ ပထမဦးဆုံး အဂၤလန္ကေန သေဘာႀကႌး႐ြက္လႊင့္လာတဲ့ အခါ သေဘာႀကႌး ျမဳပ္သြားေတာ့ သူ႔ကို ငါတို႔ ကူညီၾကရေအာင္ ဆိုၿပီး ကူညီၾကတဲ့အေနအထားကေနၿပီးေတာ့ ပိုက္ဆံေတြ စုထည့္ၾက ရန္ပုံေငြေထာင္ၿပီးေတာ့ သိမ္းျမစ္ကမ္း ေဘးနားမွာ ရွိတဲ့ အက္ဒ္ဝစ္လြိဳက္ ဆိုတဲ့ လူရဲ႕ ေကာ္ဖီဆိုင္ေလးမွာ စုၿပီးေတာ့ စာရင္းသြင္းတာကေန စၿပီးေတာ့ ကမာၻႀကီးမွာ အာမခံ လုပ္ငန္းဆိုတာ ေပၚလာတယ္။ ဟိုတုန္းကေတာ့ သေဘာအၤာမခံေတြ၊ ပစၥည္း သယ္တာေတြေပါ့။
အဲဒီလို စလာတာကေန ၁၆ ရာစုေရာက္လာေတာ့ လန္ဒန္မွာ မီးအႀကီးအက်ယ္ေလာင္တဲ့ အခါက်ေတာ့ အဲလီဇဘက္ ဘုရင္မႀကီးက ငါတို႔အတြက္ မီးအာမခံေရာ မရွိဘူးလား။ ဒီမွာ ငါတို႔အကုန္လုံး ဆုံးရႈံး ကုန္ၿပီဆိုေတာ့ မီးအာမခံဆိုတာ ေပၚလာျပန္ေရာ။ 
စၿပီးေပၚတာက ဂ်ာမနီမွာ ဟန္းဘက္မွာ ျမဴနီစီပယ္က သူ႔ၿခံဝင္းေလး လွပၿပီးေအာင္ လုပ္ေနတဲ့ အခ်ိန္မွာ တစ္အိမ္က မီးေလာင္သြားတယ္။ ဒီအိမ္ကို မီးေလာင္သြားတာ ျပန္ျပင္ျပန္ျပင္ မင္းအခုျပန္ျပင္လို႔ ေျပာလို႔ သူ႔မွာလည္း ျပန္ျပင္ႏိုင္တဲ့ အင္အားမရွိဘူး။ မီးေဘးဒုကၡသည္ဆိုေတာ့ အားလုံးက ဝိုင္းထည့္လိုက္ေတာ့။ ေနာက္ေတာ့ ျမဴနီစီပယ္ လူႀကီးက စိတ္ဝင္စားသြားတယ္ အားလုံးဆီက ပိုက္ဆံေတြစုၿပီး Fund လုပ္ထားမယ္။ လုပ္ထားၿပီး ျပင္ေပးမယ္။ အဲဒီ အေတြးေတြကေန Insurance ဆိုတာ တျဖည္းျဖည္းေပၚလာတာ။ ဘယ္ကေန စေပၚလာၿပီး ဘယ္ေတာ့ ဆုံးမလဲဆိုေတာ့ မဆုံးဘူး။ 
ဘယ္အခ်ိန္အထိ သင္ရမလဲဆိုေတာ့ အခုလူငယ္ေတြက လုပ္ကိုင္ခ်င္တယ္ဆိုရင္ အာမခံ ပညာရပ္ကို ေသခ်ာကို သင္ရမွာပါ။ ႐ုံးထဲကိုလာၿပီးေတာ့ Procedures အတိုင္း ကြန္ျပဴတာမွာ ဒီစာရင္းသြင္းတယ္ လူႀကီးတြက္လိုက္တဲ့ အတိုင္း ဒါေလးကို ပရင့္ထုတ္လိုက္တယ္ ဒါေလးကို ေပးလိုက္တယ္ ဆိုတာက လြယ္တယ္။ ဘယ္ဌာနမွာမဆိုလြယ္တ္။ လုပ္ငန္းရဲ႕ လုပ္ကိုင္တဲ့ အဆင့္ေတြေပါ့။ 
ဒါေပမယ့္ အဲဒီေနာက္မွာ လိုက္လာတဲ့ အာမခံ ပညာရပ္က မလြယ္ဘူး။ ဘာမွမသိေသးတဲ့ လူတစ္ေယာက္က အာမခံထားခ်င္တယ္ဆိုရင္ သူ႔အတြက္ သင့္ေတာ္တဲ့ အာမခံေပါ့။ ဥပမာေကာလိပ္တစ္ခုမွာဆိုရင္ ေက်ာင္းသားေတြလာမယ္။ Personal Accident လိုမယ္။ ကိုယ္အဂၤါထိခိုက္မႈေပါ့။ ေက်ာင္းသားေတြက လိုမယ္ေလ ေက်ာင္းသားေတြဆိုေတာ့ တြန္းလိုက္တိုက္လိုက္ ခုန္လိုက္ စားပြဲေပၚက ျပဳတ္က်လိုက္ေပါ့။ အဲဒီအခါ ေက်ာင္းအုပ္ႀကီးက ျဖစ္ျဖစ္ သင္တန္းဆရာမက ျဖစ္ျဖစ္ ဒီကေလးအတြက္ ဒဏ္ရာရသြားရင္ သူ႔မွာတာဝန္ရွိတယ္။ အဲဒီေတာ့ ထပ္လာတယ္။ Labiality Insurance တာဝန္ရွိမႈ အာမခံေပါ့။ 
အဲဒီေတာ့  သူ႔စီးပြားေရးနဲ႔သူ လိုအပ္ခ်က္ေတြ လိုက္ေျပာင္းေနတဲ့ အတြက္ေၾကာင့္ လက္ရွိ အာမခံ လုပ္ငန္း ဆိုတာ စီးပြားေရး လုပ္ငန္းရွင္ေတြက မသိေသးတာေပါ့။ အာမခံလုပ္ငန္းရဲ႕ အက်ိဳးရွိမႈကို ျမန္မာျပည္က စီးပြားေရး လုပ္ငန္းရွင္ေတြက မသိေသးတာ။  မသိေသးတဲ့ စီးပြားေရး လုပ္ငန္းရွင္ေတြကို အာမခံေလာကထဲက လူေတြရဲ႕ တာဝန္။ ဆရာမတို႔ မေျပာျပႏိုင္ခဲ့ဘူး။ ဆရာမတို႔ မေျပာျပခဲ့ဘူး။ 
ႏွစ္ေပါင္းမ်ားစြာ ႏိုင္ငံပိုင္ အစိုးရပိုင္ ျဖစ္ခဲ့တဲ့ အခါက်ေတာ့ ဝန္ထမ္းေတြလိုပဲ ေနခဲ့ၾကတယ္ေပါ့။ ၁၉၉၄ က်မွ ကိုယ္စားလွယ္ေတြ ေပၚလာၿပီး ကိုယ္စားလွယ္ေတြ ခန႔္ထားတာေပါ့။  ဒါေပမယ့္ ကိုယ္စားလွယ္ေတြကလည္း Knowledge full ျဖစ္ၿပီလားဆိုေတာ့ မျဖစ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဆရာမတို႔ဆီမွာ ဘာသာရပ္တစ္ခု တည္းကိုပဲ အေလးထားၿပီးေတာ့ သင္ေနတဲ့ သီးျခားေက်ာင္းဆိုတာ မရွိဘူး။ 
ဘယ္လိုအတိုင္းအတာ အႏၲရာယ္ေတြကို ခြဲျခားမလဲ။ ဘယ္လိုအတိုင္းအတာ ပရီမီယံေကာက္မလဲဆိုတာကို အဆင့္ဆင့္ တတ္ေျမာက္သြားဖို႔လိုတယ္။ ေလ့လာဖို႔လိုတယ္။ အဲဒီလိုေလ့လာဖို႔လိုတဲ့အတြက္ အာမခံပညာရပ္ကို ေသေသခ်ာခ်ာ ေလ့လာရမယ္။ က်န္းမာေရး အာမခံဆိုရင္ ဘယ္လိုေဆးစစ္မယ္ ဘယ္လိုႏႈန္းနဲ႔ ေကာက္မယ္ ဘယ္လိုအကာအကြယ္ေတြ ေပးမယ္။ အာမခံဝယ္လိုက္တယ္ဆိုရင္ သိန္း ၁၀၀ တန္ကားကို ဝယ္လိုက္ရင္ သိန္း ၁၀၀ လုံးေပးထားရတာ မဟုတ္ဘူး ၁ သိန္းေလာက္ ယူထားတာ။ ၁ သိန္း ၁သိန္းနဲ႔ လူ ၁၀၀ ဆီက ပိုက္ဆံကို ယူၿပီးေတာ့ Fund လို ရန္ပုံေငြလို ထည့္ထားၿပီးေတာ့ အဲဒီရန္ပုံေငြ သိန္း ၁၀၀ ထဲကမွ တစ္စီးျဖစ္ရင္၊ ႏွစ္စီးျဖစ္ရင္ ေပးရမွာ အဲဒီေတာ့ ဒီလို စုထားတဲ့ ရန္ပုံေငြထဲမွာ လာထည့္တဲ့ အခ်ိန္မွာ ကားေတြ အမ်ားႀကီး ရမွ ရန္ပုံေငြက ရမွာ။
အဲဒါကို အမ်ားအတြက္ တစ္ေယာက္၊ တစ္ေယာက္အတြက္ အမ်ား ဆိုၿပီးေတာ့ ငယ္ငယ္တုန္းက အာမခံမွာ ေဆာင္ပုဒ္တခုနဲ႔ လုပ္လာတာ။ အမ်ားထည့္လိုက္တဲ့ ပိုက္ဆံထဲကေနၿပီးေတာ့ ဆုံးရႈံးတဲ့သူဆီ ျပန္ကုစားေပး တာေပါ့။ တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းက အမ်ားႀကီးကို စုေပးတဲ့ စနစ္ေပါ့။ 
ဒါကို အာမခံ ပညာရပ္မွာေတာ့ Large Number of Similar Risk လို႔ ေခၚတယ္။ ဆင္တူ အႏၲရာယ္ေတြ အမ်ားႀကီးလာဖို႔ လိုတယ္။  စည္း႐ုံးေရး ဆင္းရမယ္ Marketing သြားရမယ္ ကိုယ္စားလွယ္ေတြဆီ သြားရမယ္။ ကိုယ္စားလွယ္ေတြကို နည္းပညာေတြ ျပန္ၿပီးပို႔ခ်ေပးရမယ္။
အဲဒီေတာ့ အာမခံပညာရပ္က အမ်ားႀကီးက်ယ္ျပန႔္တယ္။ ဘယ္အဆင့္ထိရွိလဲ ဆိုတာ သူေရာင္းေနတဲ့ ေမာ္ေတာ္ ကားအာမခံ၊ မီးအာမခံ၊ အသက္အာမခံ အဲဒီလို Property ေတြရဲ႕ နာမည္မ်ိဳးစုံရွိတယ္။ ထပ္ၿပီးေတာ့ ႏိုင္ငံေတာ္က ခြင့္ျပဳလိုက္တဲ့ အင္ဂ်င္နီယာ အာမခံေတြ၊ အဲဒီလို အာမခံေတြအားလုံးကို ဘယ္လိုျဖစ္ရင္ ေလ်ာ္မယ္ ဘယ္လိုျဖစ္ရင္ မေလ်ာ္ဘူး ဘယ္လိုအတိုင္းအတာ အႏၲရာယ္ေတြကို ပိုင္းျခားခြဲျခားမလဲ ဘယ္လိုပရီမီယံေတြ ေကာက္မလဲ အဆင့္ဆင့္ ေလ့လာဖို႔ လိုတယ္။
အဲဒီလို ေလ့လာဖို႔ လိုတဲ့အတြက္ေၾကာင့္ ပညာရပ္ကို သင္ၾကားေပးဖို႔ ေက်ာင္းတို႔ သင္တန္းတို႔ မရွိလို႔ ဆရာမ အခုလိုမ်ိဳး သင္ေနတာ။ မၿပီးဆုံးေသးဘူး။ ဆရာမႀကီးကိုယ္တိုင္ကိုယ္က မၿပီးေသးဘူး။ ဥပမာ Property ေတြနဲ႔ ပတ္သက္ရင္ risk ေတြနဲ႔ ပတ္သက္ရင္ Define လုပ္တတ္တယ္။ ဒါေပမယ့္ ေသေသခ်ာခ်ာ ကြၽမ္းက်င္တဲ့ သူေတြ ျဖစ္သြားဖို႔အတြက္ ေလ့လာသင္ယူေနဖို႔လိုတယ္။ အဲဒီလိုမ်ိဳးလူငယ္ေတြဟာ ေလ့လာသင္ယူဖို႔ လိုတယ္။ 
အာမခံပညာရပ္ကို သင္ၾကားေပးဖို႔ ေက်ာင္းဆိုရင္ အခုခ်ိန္ဆိုရင္ ကိုယ္စားလွယ္ေတြကို သင္ေနတဲ့ NIM ဆိုတာ ေပၚလာၿပီ။ စေပၚလာၿပီ။ 
အရင္တုန္းကဆိုရင္ေတာ့ ျမန္မာႏိုင္ငံမွာ ၁၉၆၄ ခုႏွစ္အထိ Burma Insurance Institute ဆိုၿပီးေပၚလာခဲ့တယ္။ CRI ရဲ႕ affiliate  အေနနဲ႔ အဂၤလန္ေက်ာင္းရဲ႕ သင္႐ိုးၫႊန္းတန္းေတြကို ယူၿပီးေတာ့ သင္တဲ့အေနနဲ႔ ေပၚထားခဲ့တယ္။ ေနာက္ပိုင္းမွာ အဲဒီလို ေက်ာင္းေတြ သီးျခားမရွိခဲ့ဘူး။ သင္တန္းေတြဆိုတာ ဌာနတြင္း သင္တန္းေတြနဲ႔ပဲ ၿပီးသြားခဲ့တယ္။ 
ဆရာမႀကီးက ဌာနတြင္းမွာ သင္တန္းေတြ ပို႔ခ်ခဲ့တယ္။ ရရ ရႏိုင္သေလာက္ အခ်ိန္ယူၿပီးပို႔ခ်ေပမယ့္ ေသေသ ခ်ာခ်ာ emphasize လုပ္ၿပီး ဂ႐ုတစိုက္ မသင္ႏိုင္ခဲ့ဘူး။ အခု အၿငိမ္းစားယူတဲ့အတြက္ အဲဒီလိုဟာမ်ိဳးကို သင္ေပးဖို႔ ဆရာမႀကီးကိုယ္တိုင္ ေလ့လာေနမႈ မၿပီးဆုံးေသးေပမယ့္ ဆရာမႀကီးသင္ေနတာ ကိုယ္တိုင္လည္း ေလ့လာလို႔ မၿပီးေသးေတာ့ ကေလးေတြအတြက္လည္း အားလုံးအတြက္ သင္ေပးေနတာ။ The Malaysian Insurance Institute က သင္႐ိုးၫႊန္းတန္းကို ဗမာလို ဘာသာျပန္ၿပီး သင္ေပးေနတာ။
 ဗမာလို ဘာသာျပန္မွ လူေတြအားလုံးရဲ႕ အေတြးအေခၚက ဗမာလို နားလည္မွာ။ အဂၤလိပ္စာကိုဖတ္ အဂၤလိပ္လိုပဲ ABC ေ႐ြးၿပီး ေျဖလိုက္ရင္ လူတိုင္းအလြတ္က်က္တဲ့ကေလးေတြ Fresh Graduate ေတြ အကုန္ေျဖႏိုင္မွာပဲ။ ဒါေပမယ့္ သေဘာမေပါက္ဘူး။ ကိုယ္စားလွယ္ႀကီးေတြပါ သေဘာေပါက္ေအာင္ ပညာအရည္အခ်င္း အမ်ိဳးမ်ိဳး၊ အသက္အ႐ြယ္အမ်ိဳးမ်ိဳးကို ဘာသာျပန္ၿပီး သင္ေနတာ။ 
ကိုယ့္ဘာသာစကားနဲ႔ နားလည္မွ အာမခံေလာကမွာ သင္တန္းထဲက စာေတြကို လက္ေတြ႕လုပ္ငန္းထဲမွာ Apply လုပ္ႏိုင္မွာ။ လက္ေတြ႕လုပ္ငန္းထဲမွာ Apply လုပ္ႏိုင္မွ အဲဒီအာမခံလုပ္ငန္းႀကီးက တိုးတက္မွာ။ အာမခံလုပ္ငန္းေတြကို လက္ေတြ႕အသုံးခ်ႏိုင္ဖို႔ ေတြးေခၚႏိုင္ဖို႔ အဂၤလိပ္လို စာေတြဖတ္ၿပီး ေလ့လာတာထက္၊ အလြတ္က်က္တာထက္ ဗမာလို နားလည္ဖို႔ လိုတယ္။ 
အဲဒါေၾကာင့္မို႔ ဗမာျပည္မွာ လက္ေတြ႕ကိုယ္စားလွယ္ႀကီးေတြက အသက္အ႐ြယ္ အပိုင္းအျခားတစ္ခု ေရာက္ေနၿပီဆိုေတာ့ သူတို႔လည္း လက္ေတြ႕ Apply လုပ္ရင္း သင္သြားလို႔ရမယ္။ ဒါေပမယ့္ အနာဂတ္မွာ လူငယ္ေတြမွာ ဦးေဆာင္သြားၾကမွာ။ ဆရာမႀကီးတို႔ သိတဲ့ပညာထက္ အဲဒီဟာကို သိလို႔ ဆရာမႀကီးတို႔ထက္ ပိုသိ၊ ပိုတတ္ၿပီးေတာ့ ပိုၿပီး Create လုပ္ႏိုင္လို႔ ပိုၿပီးေကာင္းသြားမယ့္ ေနာက္အနာဂတ္အတြက္ လူငယ္ေတြကို အားကိုးတဲ့အတြက္ လူငယ္ေတြကို အခမဲ့သင္ေပးေနတယ္။ 
လူငယ္ေတြအတြက္ အလုပ္ကိုစလုပ္ေတာ့မယ္ဆိုရင္ Procedure ေတြထက္၊ ဒီစာေတြ ပညာရပ္ေတြက ဘယ္လို Apply လုပ္ရမယ္ဆိုတာ ဘာသာရပ္ကို လက္ေတြ႕ လုပ္ငန္းနဲ႔ Apply လုပ္ႏိုင္ဖို႔လိုတယ္။ ဘာလို႔လဲဆိုေတာ့ လက္ေတြ႕ အာမခံလုပ္ငန္းက စီးပြားေရးရွိေနရင္ စီးပြားေရးေတြ ရွိေနတိုင္း အဲဒီစီးပြားေရးက မဆုံးရႈံးရေအာင္ ျပန္ကုစားေပးဖို႔ စီးပြားေရးစနစ္ေတြ ေျပာင္းတိုင္း အာမခံစနစ္ေတြက လိုက္လိုက္ေျပာင္းၿပီး တည္ရွိေနမွာမို႔ အားလုံးအတြက္ အာမခံလုပ္ငန္းကို လူငယ္ေတြ အကုန္လုံး သိဖို႔လိုတယ္။
စာသင္ခန္းထဲတင္ မကဘူး လက္ေတြ႕ေလာကထဲမွာ သိၿပီးေတာ့မွ ေလ်ာ္ေၾကးေတြကို ဘယ္လိုပိုင္းျခား ဆုံးျဖတ္မလဲ ဆိုတဲ့ အထိကို သိဖို႔ လိုတယ္။ ျမန္မာျပည္က ျမန္မာလူငယ္ေတြအတြက္ ျမန္မာအာမခံ လုပ္ငန္းေတြအတြက္ ဝန္ထမ္းေတြအတြက္ အမ်ားႀကီး ေလ့လာဖို႔ လိုပါတယ္။

Tuesday, June 16, 2020

COVID ကာလတွင် ကားတစ်စီးကို သိန်း ၅၀ ဖိုး ပြန်ပေးအပ်သည့် အစီအစဉ်ဖြင့် Hyundai အရောင်းမြှင့်

 ရန်ကုန်၊ ဇွန် ၁၆
COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလတွင် ကားတစ်စီးဝင်ယူလျှင် ကျပ်သိန်း ၅၀ ဖိုး လက်ဆောင်ပြန်ပေးသည့် အစီအစဉ်ဖြင့် အရောင်းမြှင့်တင်လျက်ရှိကြောင်း Hyundai Motor Myanmar ထံမှ သိရသည်။
ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သော ဟွန်ဒေးကားအမျိုးအစားအများအနက် Tucson မော်ဒယ်လ်အတွက် ရွှေနှစ်ကျပ်သား၊ Samsung Galaxy S20 ဖုန်းတစ်လုံး၊ ကျပ် ဆယ်သိန်း တန် ဆီဖြည့်ကတ်တစ်ကတ်နှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲလှယ်ခွင့်ကတ် စသည့်ကျပ်သိန်း ၅၀ တန်ဖိုး လက်ဆောင်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Accent နှင့် Creta ကားအမျိုးအစားများ ဝယ်ယူသူများအတွက် ၂၆ သိန်း တန်ဖိုးရှိ ရွှေနှစ်ကျပ်သားနှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲလှယ်ခွင့်ကတ် တို့ကို ပေးမည်ဖြစ်ပြီး Grand i10 ကားအမျိုးအစားအတွက်ကို ကျပ် ၁၄  သိန်း တန်ဖိုးရှိ ရွှေတစ်ကျပ်သားနှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ်လဲလှယ်ခွင့်ကတ်တို့ကို ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
“COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဥမှာ ဝယ်ယူအားပေးလိုသူ customer တွေ လုံခြုံ၊ အဆင်ပြေလွယ်ကူဖို့အတွက့် Online Registration စနစ်နဲ့ ဝယ်ယူနိုင်အောင်လည်း စီစဉ်ထားပါတယ်။ Showroom ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလိုတဲ့ customer တွေအတွက်လည်း ဘေးကင်းစေနိုင်မယ့် ကျန်းမာရေးကာကွယ်မှုများကို စနစ်တကျ လုပ်ဆောင်ထားပါတယ်။ ကားအပ်နှံချိန်မှာလည်း ကားအတွင်းအပြင် ပိုးသတ် ပေးသွားမှာပါ” ဟု Hyundai Motor Myanmar မှ Marketing Manager ဦးမျိုးဝင်းက ပြောသည်။
Hyundai ထုတ် SKD ကားအမျိုးအစားများကို အရစ်ကျငွေပေးချေစနစ်ဖြင့် ဝယ်ယူမည် ဆိုလျှင် UAB, AYA နှင့် CB ဘဏ်တို့ဖြင့် ချိတ်ဆက်ပြီး ကနဦးငွေပေးချေမှု ၂၀ ရာခိုင်နှုန်းမှစကာ အရစ်ကျလစဉ်ငွေပေးချေမှုဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မော်တော်ယာဉ် မူဝါဒအရ SKD ကားအမျိုးအစားအားလုံးသည် ရန်ကုန်လိုင်စင် အမည်ပေါက် ရရှိမည်ဖြစ်သည်။
Zawgyi Version
COVID ကာလတြင္ ကားတစ္စီးကို သိန္း ၅၀ ဖိုး ျပန္ေပးအပ္သည့္ အစီအစဥ္ျဖင့္ Hyundai အေရာင္းျမႇင့္
ရန္ကုန္၊ ဇြန္ ၁၆
COVID-19 ကပ္ေရာဂါျဖစ္ပြားေနသည့္ ကာလတြင္ ကားတစ္စီးဝင္ယူလွ်င္ က်ပ္သိန္း ၅၀ ဖိုး လက္ေဆာင္ျပန္ေပးသည့္ အစီအစဥ္ျဖင့္ အေရာင္းျမႇင့္တင္လ်က္ရွိေၾကာင္း Hyundai Motor Myanmar ထံမွ သိရသည္။
ျပည္တြင္းတြင္ တပ္ဆင္ထုတ္လုပ္ေသာ ဟြန္ေဒးကားအမ်ိဳးအစားအမ်ားအနက္ Tucson ေမာ္ဒယ္လ္အတြက္ ေ႐ႊႏွစ္က်ပ္သား၊ Samsung Galaxy S20 ဖုန္းတစ္လုံး၊ က်ပ္ ဆယ္သိန္း တန္ ဆီျဖည့္ကတ္တစ္ကတ္ႏွင့္ တစ္ႏွစ္စာ အင္ဂ်င္ဝိုင္ ႏွစ္ႀကိမ္လဲလွယ္ခြင့္ကတ္ စသည့္က်ပ္သိန္း ၅၀ တန္ဖိုး လက္ေဆာင္ျပန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ Accent ႏွင့္ Creta ကားအမ်ိဳးအစားမ်ား ဝယ္ယူသူမ်ားအတြက္ ၂၆ သိန္း တန္ဖိုးရွိ ေ႐ႊႏွစ္က်ပ္သားႏွင့္ တစ္ႏွစ္စာ အင္ဂ်င္ဝိုင္ ႏွစ္ႀကိမ္လဲလွယ္ခြင့္ကတ္ တို႔ကို ေပးမည္ျဖစ္ၿပီး Grand i10 ကားအမ်ိဳးအစားအတြက္ကို က်ပ္ ၁၄  သိန္း တန္ဖိုးရွိ ေ႐ႊတစ္က်ပ္သားႏွင့္ တစ္ႏွစ္စာ အင္ဂ်င္ဝိုင္ ႏွစ္ႀကိမ္လဲလွယ္ခြင့္ကတ္တို႔ကို ျပန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
“COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနစဥမွာ ဝယ္ယူအားေပးလိုသူ customer ေတြ လုံၿခဳံ၊ အဆင္ေျပလြယ္ကူဖို႔အတြက့္ Online Registration စနစ္နဲ႔ ဝယ္ယူႏိုင္ေအာင္လည္း စီစဥ္ထားပါတယ္။ Showroom ကို ကိုယ္တိုင္ကိုယ္က် လာေရာက္ၾကည့္ရႈလိုတဲ့ customer ေတြအတြက္လည္း ေဘးကင္းေစႏိုင္မယ့္ က်န္းမာေရးကာကြယ္မႈမ်ားကို စနစ္တက် လုပ္ေဆာင္ထားပါတယ္။ ကားအပ္ႏွံခ်ိန္မွာလည္း ကားအတြင္းအျပင္ ပိုးသတ္ ေပးသြားမွာပါ” ဟု Hyundai Motor Myanmar မွ Marketing Manager ဦးမ်ိဳးဝင္းက ေျပာသည္။
Hyundai ထုတ္ SKD ကားအမ်ိဳးအစားမ်ားကို အရစ္က်ေငြေပးေခ်စနစ္ျဖင့္ ဝယ္ယူမည္ ဆိုလွ်င္ UAB, AYA ႏွင့္ CB ဘဏ္တို႔ျဖင့္ ခ်ိတ္ဆက္ၿပီး ကနဦးေငြေပးေခ်မႈ ၂၀ ရာခိုင္ႏႈန္းမွစကာ အရစ္က်လစဥ္ေငြေပးေခ်မႈျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိ ေမာ္ေတာ္ယာဥ္ မူဝါဒအရ SKD ကားအမ်ိဳးအစားအားလုံးသည္ ရန္ကုန္လိုင္စင္ အမည္ေပါက္ ရရွိမည္ျဖစ္သည္။




Saturday, June 13, 2020

ချေးငွေဖြင့် အိမ်ရာဝယ်ယူသူတိုင်း ထားရှိရမယ့် အိမ်ရာချေးငွေ အာမခံ

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ဝန်ဆောင်မှု နယ်ပယ်တွင် ယခုနှစ်ပိုင်း အတွင်း တဖြည်း ဖြည်း တိုးတက်လာသည့် လုပ်ငန်းတစ်ခုမှာ အိမ်ရာ ချေးငွေ ဖြစ်သည်။
ဘဏ်ချေးငွေဖြင့် နေအိမ်ဝယ်ယူရာတွင်ကျန်းမာရေးအခြေအ နေကြောင့် နေအိမ်တန်ဖိုး ပေးသွင်းနိုင်ခြင်း မရှိသည့်အခါ ဝယ်ယူ သူမှာ နေအိမ်ကို လက်လွတ်ဆုံးရှုံးရမည့် အခြေအနေကို ကြုံတွေ့ရ တတ်သည်။ ကြုံ တောင့်ကြုံခဲ အခြေအနေဖြစ်သော်လည်း မကြုံနိုင် ဟုကား ကံသေကံမ မပြောနိုင်ချေ။
ထို့ပြင် ချေးငွေပေးဆပ်နေဆဲကာလတွင် ဝယ်ယူထားသော နေအိမ်ပျက်ဆီးဆုံးရှုံးရပါ ကလည်း အလားတူပင် ကြုံတွေ့ရပေသည်။
ယခုအခါ အဆိုပါ အခြေအနေဆိုးများကို ကျော်လွှားနိုင်ရန် အတွက် မြန်မာ့အာမခံလုပ်ငန်းက အာမခံအမျိုးအစားသစ်တစ်ခုကို မိတ်ဆက် ခဲ့သည်။
အာမခံထားရှိသူသည် ဘဏ်ချေးငွေဖြင့် အဆောက်အဦး ဝယ်ယူ ပြီး အာမခံသက်တမ်းအတွင်း သေဆုံးခြင်း သို့မဟုတ် ထာဝစဉ် မသန်စွမ်း ဖြစ်သွားပါက ပေးရန်ကျန်ရှိနေသော အဆောက်အဦး တန်ဖိုးကို မြန်မာ့အာမခံလုပ်ငန်းမှ ပေးချေပေးသွားမည်ဖြစ်ခြင်း ကြောင့် ကျန်ရစ်သူ မိသားစုအနေဖြင့် ပေးချေရန် ကျန်ရှိနေသော ချေးငွေအတွက် စိတ်ပူစရာမလိုဘဲ ချေးငွေဖြင့် ဝယ်ယူထားသည့် အဆောက်အဦးကို ပိုင်ဆိုင် နိုင်မည်ဖြစ်ပြီး အ‌ဆောက်အဦး တန်ဖိုး ပေးချေပြီးသည့်အချိန်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။
အဆိုပါအာမခံကို မြန်မာ့အာမခံလုပ်ငန်းတွင်လည်းကောင်း မြန်မာ့အာမခံလုပ်ငန်းနှင့် ချိတ်ဆက်ထားသည့် ကုမ္ပဏီအချို့တွင် လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်သည်။
မြန်မာ့အာမခံလုပ်ငန်းနှင့် Shin Ye Htut Group of Co mpany တိူ့ ပူးပေါင်းဆောင်ရွက်သည့် အိမ်ရာချေးငွေတဆင့်အာမခံ (Housing Insurance Package) အာမခံအမျိုးအစား ကိုစတင်ထားရှိနိုင်ပြီ ဖြစ်ကြောင်းShin Ye Htut Group of Company ၏ ဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောသည်။
"လောလောဆယ်ကတော့တန်ဖိုးနည်းအိမ်ရာတွေ အိမ်ရာမ ပိုင်ဆိုင်ရသေးတဲ့ ပြည်သူတွေဝန်ထမ်းတွေ အငြိမ်းစားတွေကို အဓိက ထားပြီးတော့ ဆောင်ရွက်တာဖြစ်ပါ တယ်။ ဒါမှသာ အိမ်ရာဝယ်ယူ တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘဏ်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ချ ယုံကြည်စွာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကို အောင်မြင်သွားပြီဆိုရင် နောက်ပိုင်းမှာတော့ ကျွန်တော်တို့တွေ တန်ဖိုးသင့်၊ တန်ဖိုးလတ်၊ တန်ဖိုးကြီးတွေအတွက် မြန်မာ့ အာမခံလုပ်ငန်းနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။ တပြိုင်နက်တည်း လုပ်ဆောင်ဖို့က ကျယ်
ပြန့်တဲ့အတွက် တဆင့်ချင်း လုပ်ဆောင်တာဖြစ်ပါတယ်" ဟု Shin Ye Htut Group of Company ၏ ဥက္ကဌ ဦးရဲထွဋ်က ပြောသည်။
လက်ရှိရောင်းချသည့် Housing Insurance Package အာမခံ အမျိုးအစားသည် အာမခံထားရှိသူ၏ သေဆုံးမှု၊ ထာဝစဉ် မသန် စွမ်းဖြစ်မှုနှင့် ချေးငွေရယူထားသည့် အဆောက် အဦး ပျက်စီးမှုတို့ကြောင့် အာမခံထားရှိသူ သို့မဟုတ် ကျန်ရစ်သူ မိသားစုအပြင် ချေးငွေ
ထုတ်ချေးသည့် အဖွဲ့အစည်းများအတွက်ပါ အကျိုးရှိသော အာမခံ အမျိုးအစား တစ်ခုဖြစ်သည်။
ထို့ပြင် အာမခံထားရှိသည့် အဆောက်အဦး ထိခိုက်ပျက်စီးမှု ဖြစ်ပွားက ချေးငွေရယူထား သည့် ဘဏ်ကိုသာ ပထမဦးစားပေးအဖြစ် လျော်ကြေးပေးပြီး‌နောက်ပိုလျံသည့်ငွေကို အာမခံထားရှိသူက ရရှိ မည်ဖြစ်သည်။ အိမ်ရာချေး‌ငွေတဆင့်အာမခံကို အသက် ၁၈ နှစ်မှ အသ က် ၆၀ နှစ်အထိ ဝယ်ယူခွင့်ရှိကြောင်း သိရ သည်။
ချေးငွေဖြင့် ဝယ်ယူထားသည့် အဆောက် အဦးသည် မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ ငလျင် လှုပ်ခြင်း၊ ရေကြီးခြင်း ၊ မုန်တိုင်းဒဏ်၊ ထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ ရေလှောင်ကန်၊ ရေပိုက်များ ရေလျှံပျက်စီးခြင်း၊ မီးကူး စက်လောင် ကျွမ်းခြင်း၊ သစ်ပင်လဲကျပျက်စီးခြင်း ၊ မီးခိုးကြောင့် ပျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခံရခြင်း၊ ကာရံထားသည့်မှန်များ ပြုတ်ကျ ပျက်စီးခြင်း အစရှိသည့် အကာအကွယ် ၁၄ မျိုးအား Housing Insurance Package အာမခံ ဝယ်ယူထားခြင်းဖြင့် ပရီမီယံကြေး ထပ်မံပေးသွင်းရန် မလိုဘဲ အကာအကွယ် ရရှိမည်ဖြစ်ကြောင်းသိရသည်။
ပရီမီယံကြေး ပေးသွင်းရာတွင်လည်း အာမခံ ထားသူ အနေဖြင့် Budget Premium (ပရီမီယံ ကို လစဉ်အရစ်ကျ ပေးသွင်းသည့်ပုံစံ) နှင့် Non-Budget Premium (တစ်နှစ်စာကို တစ် ကြိမ်တည်း ပေးသွင်းခြင်းပုံစံ) တို့ ကို ရွေးချယ် ဝယ်ယူထားနိုင်သော အာမခံ အ မျိုးအစား ဖြစ် ကြောင်း သိရသည်။
Housing Insurance Package တွင် ထည့်သွင်းထား‌ သော အကာအကွယ် ၁၄ မျိုးအနက် ရေပိုက်များ ရေ လျှံပျက်စီးခြင်းနှင့် ကာရံထားသည့်မှန်များ ပြုတ်ကျပျက်စီးပါက လျှော်ကြေးငွေ တစ် သိန်းကျပ်သာ ပေး သွား မည်ဖြစ်ပြီး ကျန်အကာအကွယ်များအတွက် သ တ်မှတ်တန်ဖိုးအတိုင်းပေး‌‌လျော်သွားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version
ေခ်းေငြျဖင့္ အိမ္ရာဝယ္ယူသူတိုင္း ထားရွိရမယ့္ အိမ္ရာေခ်းေငြ အာမခံ
******************************
ျမန္မာႏိုင္ငံ၏ ေငြေရးေၾကးေရး ဝန္ေဆာင္မႈ နယ္ပယ္တြင္ ယခုႏွစ္ပုိင္း အတြင္း တျဖည္း ျဖည္း တုိးတက္လာသည့္ လုပ္ငန္းတစ္ခုမွာ အိမ္ရာ ေခ်းေငြ ျဖစ္သည္။
 ဘဏ္ေခ်းေငြျဖင့္ ေနအိမ္ဝယ္ယူရာတြင္က်န္းမာေရးအေျခအ ေနေၾကာင့္ ေနအိမ္တန္ဖိုး ေပးသြင္းႏိုင္ျခင္း မရွိသည့္အခါ ဝယ္ယူ သူမွာ ေနအိမ္ကုိ လက္လြတ္ဆုံးရွဳံးရမည့္ အေျခအေနကုိ ႀကဳံေတြ႕ရ တတ္သည္။ ႀကဳံ ေတာင့္ႀကဳံခဲ အေျခအေနျဖစ္ေသာ္လည္း မႀကဳံႏိုင္ ဟုကား ကံေသကံမ မေျပာႏိုင္ေခ်။
 ထို႔ျပင္ ေခ်းေငြေပးဆပ္ေနဆဲကာလတြင္ ဝယ္ယူထားေသာ ေနအိမ္ပ်က္ဆီးဆုံးရွဳံးရပါ ကလည္း အလားတူပင္ ႀကဳံေတြ႕ရေပသည္။
 ယခုအခါ အဆိုပါ အေျခအေနဆိုးမ်ားကုိ ေက်ာ္လႊားႏိုင္ရန္ အတြက္ ျမန္မာ့အာမခံလုပ္ငန္းက အာမခံအမ်ဳိးအစားသစ္တစ္ခုကုိ မိတ္ဆက္ ခဲ့သည္။
 အာမခံထားရွိသူသည္ ဘဏ္ေခ်းေငြျဖင့္ အေဆာက္အဦး ဝယ္ယူ ၿပီး အာမခံသက္တမ္းအတြင္း ေသဆုံးျခင္း သို႔မဟုတ္ ထာဝစဥ္ မသန္စြမ္း ျဖစ္သြားပါက ေပးရန္က်န္ရွိေနေသာ အေဆာက္အဦး တန္ဖိုးကို ျမန္မာ့အာမခံလုပ္ငန္းမွ ေပးေခ်ေပးသြားမည္ျဖစ္ျခင္း ေၾကာင့္ က်န္ရစ္သူ မိသားစုအေနျဖင့္ ေပးေခ်ရန္ က်န္ရွိေနေသာ ေခ်းေငြအတြက္ စိတ္ပူစရာမလိုဘဲ ေခ်းေငြျဖင့္ ဝယ္ယူထားသည့္ အေဆာက္အဦးကို ပိုင္ဆိုင္ ႏိုင္မည္ျဖစ္ၿပီး အ‌ေဆာက္အဦး တန္ဖိုး ေပးေခ်ၿပီးသည့္အခ်ိန္တြင္ သက္တမ္း ကုန္ဆုံးမည္ျဖစ္ေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းထံမွ သိရသည္။
 အဆိုပါအာမခံကုိ ျမန္မာ့အာမခံလုပ္ငန္းတြင္လည္းေကာင္း ျမန္မာ့အာမခံလုပ္ငန္းႏွင့္ ခ်ိတ္ဆက္ထားသည့္ ကုမၸဏီအခ်ဳိ႕တြင္ လည္းေကာင္း ဝယ္ယူႏိုင္မည္ျဖစ္သည္။
 ျမန္မာ့အာမခံလုပ္ငန္းႏွင့္ Shin Ye Htut Group of Co mpany တိူ႔ ပူးေပါင္းေဆာင္႐ြက္သည့္ အိမ္ရာေခ်းေငြတဆင့္အာမခံ (Housing Insurance Package) အာမခံအမ်ိဳးအစား ကိုစတင္ထားရွိႏိုင္ၿပီ ျဖစ္ေၾကာင္းShin Ye Htut Group of Company ၏ ဥကၠ႒ ဦးရဲထြဋ္က ေျပာသည္။
 "ေလာေလာဆယ္ကေတာ့တန္ဖိုးနည္းအိမ္ရာေတြ အိမ္ရာမ ပိုင္ဆိုင္ရေသးတဲ့ ျပည္သူေတြဝန္ထမ္းေတြ အၿငိမ္းစားေတြကို အဓိက ထားၿပီးေတာ့ ေဆာင္႐ြက္တာျဖစ္ပါ တယ္။ ဒါမွသာ အိမ္ရာဝယ္ယူ တဲ့ ပုဂၢိဳလ္ေတြနဲ႔ ဘဏ္ၾကားမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ခ် ယုံၾကည္စြာ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ဒါကို ေအာင္ျမင္သြားၿပီဆိုရင္ ေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ္တို႔ေတြ တန္ဖိုးသင့္၊ တန္ဖိုးလတ္၊ တန္ဖိုးႀကီးေတြအတြက္ ျမန္မာ့ အာမခံလုပ္ငန္းနဲ႔ ညႇိႏႈိင္းလုပ္ေဆာင္ဖို႔ အစီအစဥ္ရွိပါတယ္။ တၿပိဳင္နက္တည္း လုပ္ေဆာင္ဖို႔က က်ယ္
ျပန႔္တဲ့အတြက္ တဆင့္ခ်င္း လုပ္ေဆာင္တာျဖစ္ပါတယ္" ဟု Shin Ye Htut Group of Company ၏ ဥကၠဌ ဦးရဲထြဋ္က ေျပာသည္။
 လက္ရွိေရာင္းခ်သည့္ Housing Insurance Package အာမခံ အမ်ိဳးအစားသည္ အာမခံထားရွိသူ၏ ေသဆုံးမႈ၊ ထာဝစဥ္ မသန္ စြမ္းျဖစ္မႈႏွင့္ ေခ်းေငြရယူထားသည့္ အေဆာက္ အဦး ပ်က္စီးမႈတို႔ေၾကာင့္ အာမခံထားရွိသူ သို႔မဟုတ္ က်န္ရစ္သူ မိသားစုအျပင္ ေခ်းေငြ
ထုတ္ေခ်းသည့္ အဖြဲ႕အစည္းမ်ားအတြက္ပါ အက်ိဳးရွိေသာ အာမခံ အမ်ိဳးအစား တစ္ခုျဖစ္သည္။
 ထို႔ျပင္ အာမခံထားရွိသည့္ အေဆာက္အဦး ထိခိုက္ပ်က္စီးမႈ ျဖစ္ပြားက ေခ်းေငြရယူထား သည့္ ဘဏ္ကိုသာ ပထမဦးစားေပးအျဖစ္ ေလ်ာ္ေၾကးေပးၿပီး‌ေနာက္ပိုလ်ံသည့္ေငြကို အာမခံထားရွိသူက ရရွိ မည္ျဖစ္သည္။ အိမ္ရာေခ်း‌ေငြတဆင့္အာမခံကို အသက္ ၁၈ ႏွစ္မွ အသ က္ ၆၀ ႏွစ္အထိ ဝယ္ယူခြင့္ရွိေၾကာင္း သိရ သည္။
 ေခ်းေငြျဖင့္ ဝယ္ယူထားသည့္ အေဆာက္ အဦးသည္ မီးေလာင္ျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ ေပါက္ကြဲမႈျဖစ္ျခင္း၊ ေလယာဥ္ပ်က္က်ျခင္း၊ ငလ်င္ လႈပ္ျခင္း၊ ေရႀကီးျခင္း ၊ မုန္တိုင္းဒဏ္၊ ထိခိုက္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးျခင္း၊ ေရေလွာင္ကန္၊ ေရပိုက္မ်ား ေရလွ်ံပ်က္စီးျခင္း၊ မီးကူး စက္ေလာင္ ကြၽမ္းျခင္း၊ သစ္ပင္လဲက်ပ်က္စီးျခင္း ၊ မီးခိုးေၾကာင့္ ပ်က္စီးျခင္း၊ ေဖာက္ထြင္းခိုးယူခံရျခင္း၊ ကာရံထားသည့္မွန္မ်ား ျပဳတ္က် ပ်က္စီးျခင္း အစရွိသည့္ အကာအကြယ္ ၁၄ မ်ိဳးအား Housing Insurance Package အာမခံ ဝယ္ယူထားျခင္းျဖင့္ ပရီမီယံေၾကး ထပ္မံေပးသြင္းရန္ မလိုဘဲ အကာအကြယ္ ရရွိမည္ျဖစ္ေၾကာင္းသိရသည္။
 ပရီမီယံေၾကး ေပးသြင္းရာတြင္လည္း အာမခံ ထားသူ အေနျဖင့္ Budget Premium (ပရီမီယံ ကို လစဥ္အရစ္က် ေပးသြင္းသည့္ပုံစံ) ႏွင့္ Non-Budget Premium (တစ္ႏွစ္စာကုိ တစ္ ႀကိမ္တည္း ေပးသြင္းျခင္းပုံစံ) တို႔ ကို ေ႐ြးခ်ယ္ ဝယ္ယူထားႏိုင္ေသာ အာမခံ အ မ်ိဳးအစား ျဖစ္ ေၾကာင္း သိရသည္။
Housing Insurance Package တြင္ ထည့္သြင္းထား‌ ေသာ အကာအကြယ္ ၁၄ မ်ိဳးအနက္ ေရပိုက္မ်ား ေရ လွ်ံပ်က္စီးျခင္းႏွင့္ ကာရံထားသည့္မွန္မ်ား ျပဳတ္က်ပ်က္စီးပါက ေလွ်ာ္ေၾကးေငြ တစ္ သိန္းက်ပ္သာ ေပး သြား မည္ျဖစ္ၿပီး က်န္အကာအကြယ္မ်ားအတြက္ သ တ္မွတ္တန္ဖိုးအတိုင္းေပး‌‌ေလ်ာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။


မီးအာမခံဘာကြောင့် ထားသင့်လဲ။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန် အထိ မီးလောင်မှုအကြိမ်ပေါင်းက ၂၁၅၅ ကြိမ် ဖြစ်ခဲ့ပြီး အိမ်ခြေအဆောက် အအုံ ၂၉၈၇ လုံး၊ စက်ရုံ၊ အလုပ်ရုံ ၂၄ ရုံနဲ့ ဂိုဒေါင် ၅၂ လုံး ဆုံးရှုံးခဲ့ရပါတယ်။ မီးဘေးသင့်ပြည်သူ ၆၃၅၉ ဦးက အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဆုံးရှုံးမှု တန်ဖိုး က ကျပ်သန်း ၃၀၇၉ ဒသမ ၄၅ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကတော့ လူ
၂၂၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၇၉ ဦး သေ ဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တုန်းကလည်း မီး လောင်
မှု ၁၇၃၉ ကြိမ် ဖြစ်ခဲ့ပါတယ်။ ဆုံးရှုံးမှုကျ တော့ ငွေကျပ်သန်း ၅၃၂၇ ဒသမ ၈၆ ပါ။ ၂၀၁၈ နဲ့ ၂၀၁၉ နှိုင်းယှဉ်ရင် ၂၀၁၉ ခုနှစ်မှာ မီးလောင်မှုအကြိမ် ၄၁၆ ကြိမ် ပိုခဲ့ပါတယ်။
ဆိုတော့ မီးလောင်မှုတွေများပြား နေတဲ့အချိန်မှာ ကိုယ့်ရဲ့ အိုးအိမ်၊ စည်း စိမ်တွေကို လုံးဝလက်လွတ်ဆုံးရှုံး လိုက်ရ တာမျိုး မဖြစ်ရအောင် မီးအာမခံဟာ မဖြစ် မနေထားသင့်တဲ့အာမခံအမျိုးအစား ဖြစ်ပါ တယ်။
မီးအာမခံဆိုသည်မှာ
နေအိမ်၊အဆောက်အအုံ၊အလုပ်ရုံ စတဲ့ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေ မတော် တဆ မီးလောင်ဆုံးရှုံးမှုဖြစ်ခဲ့ရင် အာမခံအဖွဲ့ အစည်းက ငွေကြေးပြန်ထောက်ပံ့ပေးတာကို ပြောတာပါ။
ဥပမာ-ဈေးကြီးတွေမှာ မီးလောင်မှုဖြစ်ခဲ့ရင် အာမခံအဖွဲ့အစည်းတွေမှာ နှစ်စဉ်ကြေး သွင်းပြီး မီးအာမခံထားထားတဲ့ ဆိုင်ခန်း
တိုင်းက ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို ငွေကြေး အ ထောက်အပံ့ပြန်လည် ရယူနိုင်ပါတယ်။
မီးအာမခံထားတဲ့ အဆောက်အအုံ တွေအတွက် မတော်တဆလောင်ကျွမ်းတဲ့ မီး၊ ကူးစက်လောင်ကျွမ်းတဲ့မီး၊ မိုးကြိုးပစ်ခြင်း ကြောင့်လောင်ကျွမ်းတဲ့မီး၊အိမ်သုံးဓါတ် ငွေ့ ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းတဲ့ မီးတွေ အတွက် လျော်ကြေးရနိုင်ပါတယ်။
ပစ္စည်းနဲ့ပတ်သက်ရင်ကတော့ မီး လောင်ကျွမ်းခံရတဲ့ ပစ္စည်းတွေသာမက မီးသတ်ရာမှာအသုံးပြုတဲ့ မီးသတ်ဆေး ကြောင့်၊ ရေကြောင့် ပစ္စည်းများပျက်ဆီး ခြင်း၊ မီးလောင်နေတဲ့ အဆောက်အအုံ ထဲက ပစ္စည်းတွေရွေ့ပြောင်းချိန်မှာဖြစ်လာတဲ့ ပျက်ဆီးခြင်း၊ မီးလောင်နေတဲ့အချိန်မှာ အဆောက်အအုံအတွင်းက ပစ္စည်းတွေကို အပြင်မှာစုပုံထားတဲ့အချိန်ရာသီဥတု ကြောင့် ပျက်ဆီးခြင်းနဲ့ မီးသတ်ဝန်ထမ်းများ တာဝန်အရဆောင်ရွက်နေချိန်မှာ ထိခိုက် ပျက်ဆီးမှုတွေအတွက် လျော်ကြေးပြန် ပေးပါတယ်။
အာမခံပရီမီယံကိုဘယ်လို ကောက်ခံသလဲ။
အာမခံပရီမီယံကိုတော့ အဆောက်အအုံရဲ့ အမျိုးအစားနှင့် အသုံးပြုပုံ၊ သက်တမ်း ပတ်ဝန်းကျင်ရှိ အခြေအနေတွေပေါ်မူတည်ပြီးကောက်ခံပါတယ်။
အာမခံသက်တမ်း ဘယ်လောက်ကြာကြာ ထားလို့ရသလဲ။
အာမခံသက်တမ်းကိုတော့ အနည်းဆုံး (၁၀)ရက်မှ (၁)နှစ်အထိ ထားရှိနိုင်မှာ ဖြစ်ပါ တယ်။
မီးလောင်နေသည့် အဆောက်အအုံအတွင်း မှ ပစ္စည်းများရွှေ့ပြောင်းစဉ်ပျက်စီးခြင်း
မီးသတ်ဝန်ထမ်းများက တာဝန်အရ တရား ဝင်ဆောင်ရွက်ရာမှ ပျက်စီးဆုံးရှုံးခြင်း
မီးလောင်မှုကြောင့် အမိုး/ ကြမ်းခင်း/ နံရံများ ပြိုကျရာမှ ပျက်စီးခြင်း
မီးလောင်နေစဉ် အဆောက်အအုံအတွင်း မှပစ္စည်းများ ပြင်ပတွင်စုပုံထားရှိစဉ် မိုးရေ ကြောင့် ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ပျက်စီးဆုံးရှုံးခြင်းများကို လျော်ကြေး ပြန် လည် ရရှိနိုင်ပါသည်။
လျော်ကြေးမဲ့ဆု(No Claim Bonus)
ပထမနှစ်အတွင်း လျော်ကြေးတောင်းခံခြင်း မရှိပါက နောင်နှစ်သက်တမ်းအတွက် လျော် ကြေးမဲ့ဆု (NCB) အဖြစ် ကျသင့်ပရီမီယံ၏ ၂၅% ခုနှိမ်၍ ခံစားခွင့်ရရှိ မှာဖြစ်ပါတယ်။
- ဖောက်ထွင်းခိုးယူမှု
- အဓိကရုဏ်း နှင့် မသမာဖျက်စီးမှု
- မော်တော်ယာဉ်၊ လေယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း
- မြေပြို၊ မြေကျွံခြင်း
- သဘာဝဘေး အန္တရာယ်
- အလိုအလျောက် မီးစွဲလောင်ခြင်း
- စစ်ဘေးအန္တရာယ်
-မုန်တိုင်းအမျိုးမျိုး
အကျိုးခံစားခွင့် 
လုံးဝ(သို့) တစ်စိတ်တစ်ဒေသ ဆုံးရှုံးမှု ဖြစ်ပါက ဆုံးရှုံးမှုအလိုက် ရာခိုင်နှုန်း တွက်ချက်၍ ပေးလျော်ပါသည်။ ပထမနှစ်တွင် လျော် ကြေး တောင်းခံခြင်းမရှိပါက၊ နောင်နှစ်တွင် လျော်ကြေးမဲ့ဆု အဖြစ်ပရီမီယံ၏၂၅% ခုနှိမ်၍ ပေးသွင်းနိုင်မည်ဖြစ်သည်။
အာမခံ ပရီမီယံကြေးများနှင့် ဝန်ဆောင်မှုများမှာ ကုမ္ပဏီအလိုက် အနည်းငယ်ကွဲပြားခြား
နားမှု ရှိသည်။

Zawgyi Version
မီးအာမခံဘာေၾကာင့္ ထားသင့္လဲ။
****************
၂၀၁၉ ခုႏွစ္ ဇန္နဝါရီမွ ဒီဇင္ဘာလကုန္ အထိ မီးေလာင္မႈအႀကိမ္ေပါင္းက ၂၁၅၅ ႀကိမ္ ျဖစ္ခဲ့ၿပီး အိမ္ေျခအေဆာက္ အအုံ ၂၉၈၇ လုံး၊ စက္႐ုံ၊ အလုပ္႐ုံ ၂၄ ႐ုံနဲ႔ ဂိုေဒါင္ ၅၂ လုံး ဆုံးရႈံးခဲ့ရပါတယ္။ မီးေဘးသင့္ျပည္သူ ၆၃၅၉ ဦးက အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။ ဆုံးရႈံးမႈ တန္ဖိုး က က်ပ္သန္း ၃၀၇၉ ဒသမ ၄၅ ျဖစ္ပါတယ္။  ဝမ္းနည္းစရာကေတာ့ လူ
၂၂၆ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၇၉ ဦး ေသ ဆုံးခဲ့ရတာပဲ ျဖစ္ပါတယ္။
 ၂၀၁၈ ခုႏွစ္တုန္းကလည္း မီး ေလာင္
မႈ ၁၇၃၉ ႀကိမ္ ျဖစ္ခဲ့ပါတယ္။ ဆုံးရႈံးမႈက် ေတာ့ ေငြက်ပ္သန္း ၅၃၂၇ ဒသမ ၈၆ ပါ။ ၂၀၁၈ နဲ႔ ၂၀၁၉ ႏႈိင္းယွဥ္ရင္ ၂၀၁၉ ခုႏွစ္မွာ မီးေလာင္မႈအႀကိမ္ ၄၁၆ ႀကိမ္ ပိုခဲ့ပါတယ္။
 ဆိုေတာ့ မီးေလာင္မႈေတြမ်ားျပား ေနတဲ့အခ်ိန္မွာ ကုိယ့္ရဲ႕ အိုးအိမ္၊ စည္း စိမ္ေတြကုိ လုံးဝလက္လြတ္ဆုံးရွဳံး လိုက္ရ တာမ်ဳိး မျဖစ္ရေအာင္ မီးအာမခံဟာ မျဖစ္ မေနထားသင့္တဲ ့အာမခံအမ်ဳိးအစား ျဖစ္ပါ တယ္။
မီးအာမခံဆိုသည္မွာ
 ေနအိမ္၊အေဆာက္အအံု၊အလုပ္႐ံု စတဲ့ မိမိပိုင္ဆိုင္တဲ႔ ပစၥည္းေတြ မေတာ္ တဆ မီးေလာင္ဆံုးရံႈးမႈျဖစ္ခဲ႔ရင္ အာမခံအဖြဲ႔ အစည္းက ေငြေၾကးျပန္ေထာက္ပံ့ေပးတာကို ေျပာတာပါ။
ဥပမာ-ေစ်းၾကီးေတြမွာ မီးေလာင္မႈျဖစ္ခဲ႔ရင္ အာမခံအဖြဲ႔အစည္းေတြမွာ နွစ္စဥ္ေၾကး သြင္းျပီး မီးအာမခံထားထားတဲ႔ ဆိုင္ခန္း
တုိင္းက ကိုယ္႔ရဲ႔ ပိုင္ဆိုင္မႈကို ေငြေၾကး အ ေထာက္အပံ့ျပန္လည္ ရယူနိုင္ပါတယ္။
 မီးအာမခံထားတဲ႔ အေဆာက္အအံု ေတြအတြက္ မေတာ္တဆေလာင္က်ြမ္းတဲ႔ မီး၊ ကူးစက္ေလာင္ကၽြမ္းတဲ႔မီး၊ မိုးၾကိဳးပစ္ျခင္း ေၾကာင္႔ေလာင္ကၽြမ္းတဲ႔မီး၊အိမ္သံုးဓါတ္ ေငြ႔ ေပါက္ကြဲမႈေၾကာင္႔ ေလာင္က်ြမ္းတဲ႔ မီးေတြ အတြက္ ေလ်ာ္ေၾကးရနိုင္ပါတယ္။
 ပစၥည္းနဲ႔ပတ္သက္ရင္ကေတာ႔ မီး ေလာင္ကၽြမ္းခံရတဲ့ ပစၥည္းေတြသာမက မီးသတ္ရာမွာအသံုးျပဳတဲ႔ မီးသတ္ေဆး ေၾကာင္႔၊ ေရေၾကာင္႔ ပစၥည္းမ်ားပ်က္ဆီး ျခင္း၊ မီးေလာင္ေနတဲ႔ အေဆာက္အအံု ထဲက ပစၥည္းေတြေရြ႔ေျပာင္းခ်ိန္မွာျဖစ္လာတဲ့ ပ်က္ဆီးျခင္း၊ မီးေလာင္ေနတဲ႔အခ်ိန္မွာ အေဆာက္အအံုအတြင္းက ပစၥည္းေတြကို အျပင္မွာစုပံုထားတဲ႔အခ်ိန္ရာသီဥတု ေၾကာင္႔ ပ်က္ဆီးျခင္းနဲ႔ မီးသတ္၀န္ထမ္းမ်ား တာ၀န္အရေဆာင္ရြက္ေနခ်ိန္မွာ ထိခိုက္ ပ်က္ဆီးမႈေတြအတြက္ ေလ်ာ္ေၾကးျပန္ ေပးပါတယ္။
အာမခံပရီမီယံကိုဘယ္လို ေကာက္ခံသလဲ။
အာမခံပရီမီယံကိုေတာ့ အေဆာက္အအံုရဲ႕ အမ်ိဳးအစားႏွင့္ အသံုးျပဳပံု၊ သက္တမ္း ပတ္၀န္းက်င္ရိွ အေျခအေနေတြေပၚမူတည္ျပီးေကာက္ခံပါတယ္။
အာမခံသက္တမ္း ဘယ္ေလာက္ၾကာၾကာ ထားလို႔ရသလဲ။
အာမခံသက္တမ္းကိုေတာ့ အနည္းဆံုး (၁၀)ရက္မွ (၁)ႏွစ္အထိ ထားရိွႏိုင္မွာ ျဖစ္ပါ တယ္။
မီးေလာင္ေနသည့္ အေဆာက္အအံုအတြင္း မွ ပစၥည္းမ်ားေရႊ႕ေျပာင္းစဥ္ပ်က္စီးျခင္း
မီးသတ္ဝန္ထမ္းမ်ားက တာဝန္အရ တရား ဝင္ေဆာင္ရြက္ရာမွ ပ်က္စီိးဆံုးရွံုးျခင္း
မီးေလာင္မႈေၾကာင့္ အမိုး/ ၾကမ္းခင္း/ နံရံမ်ား ၿပိဳက်ရာမွ ပ်က္စီးျခင္း
မီးေလာင္ေနစဥ္ အေဆာက္အအံုအတြင္း မွပစၥည္းမ်ား ျပင္ပတြင္စုပံုထားရွိစဥ္ မိုးေရ ေၾကာင့္ ျဖစ္ေစ၊ ရာသီဥတုေၾကာင့္ျဖစ္ေစ ပ်က္စီးဆံုးရွံုးျခင္းမ်ားကို ေလ်ာ္ေၾကး ျပန္ လည္ ရရွိႏိုင္ပါသည္။
ေလ်ာ္ေၾကးမဲ့ဆု(No Claim Bonus)
ပထမႏွစ္အတြင္း ေလ်ာ္ေၾကးေတာင္းခံျခင္း မရိွပါက ေနာင္ႏွစ္သက္တမ္းအတြက္ ေလ်ာ္ ေၾကးမ့ဲဆု (NCB) အျဖစ္ က်သင့္ပရီမီယံ၏ ၂၅% ခုႏွိမ္၍ ခံစားခြင့္ရရိွ မွာျဖစ္ပါတယ္။
မီးအာမခံမွွာဘယ္လို အပိုအကာအကြယ္ ေတြေရာ ဝယ္ယူႏိုင္ ေသးလဲ
- ေဖာက္ထြင္းခိုးယူမႈ
- အဓိကရုဏ္း ႏွင့္ မသမာဖ်က္စီးမႈ
- ေမာ္ေတာ္ယာဥ္၊ ေလယာဥ္ျဖင့္ ထိခိုက္ပ်က္စီးျခင္္း
- ေျမျပိဳ၊ ေျမကၽြံျခင္း
- သဘာ၀ေဘး အႏၲရာယ္
- အလိုအေလ်ာက္ မီးစြဲေလာင္ျခင္း
- စစ္ေဘးအႏၲရာယ္
-မုန္တိုင္းအမ်ိဳးမ်ိဳး
အက်ိဳးခံစားခြင့္
လုံးဝ(သို႔) တစ္စိတ္တစ္ေဒသ ဆုံးရႈံးမႈ ျဖစ္ပါက ဆုံးရႈံးမႈအလိုက္ ရာခိုင္ႏႈန္း တြက္ခ်က္၍ ေပးေလ်ာ္ပါသည္။ ပထမႏွစ္တြင္ ေလ်ာ္ ေၾကး ေတာင္းခံျခင္းမရွိပါက၊ ေနာင္ႏွစ္တြင္ ေလ်ာ္ေၾကးမဲ့ဆု အျဖစ္ပရီမီယံ၏၂၅% ခုႏွိမ္၍ ေပးသြင္းႏိုင္မည္ျဖစ္သည္။
အာမခံ ပရီမီယံေၾကးမ်ားႏွင့္ ဝန္ေဆာင္မႈမ်ားမွာ ကုမၸဏီအလုိက္ အနည္းငယ္ကြဲျပားျခား
နားမႈ ရွိသည္။

Tuesday, May 26, 2020

သြစတြေးလျ စီးပွားရေးအကျိူးဆောင်တွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ အာရှ

သြစတြေးလျ စီးပွားရေးအကျိူးဆောင်တွေအနေနဲ့ လုပ်ငန်းနယ်ပယ်တူဖြစ်တဲ့ အာရှနိုင်ငံသားတွေအပေါ် စိတ်ဝင်စားမှုဟာလွန်ခဲ့တဲ့ ၁နှစ်ကျော်၊ အတိအကျဆိုရင် ၁၈ လဝန်းကျင်ကနေစပြီးတော့ တဖြည်းဖြည်း တိုးပွား လို့လာနေပါတယ်။
 အံ့ဩဖို့ကောင်းတာတစ်ခုကတော့ ခရီးသွားအချိန်တွေရယ်၊ ခက်ခဲနက်နဲတဲ့ ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းမှုတွေနဲ့ အကျိူးအမြတ်များလွန်းတဲ့ အချိန်ကွာခြားမှုတွေကို ပေါင်းပြီး စဉ်းစားလိုက်တဲ့အခါမှာ သြစတြေးလျ နိုင်ငံသား တွေက အမေရိကန်နဲ့ ဗြိတိန်ရှိ စီးပွါးရေးလုပ်ငန်း အကျိူးဆောင်တွေထက် တစ်ပန်းသာတယ်ဆိုတာကိုလည်း နှစ်တော်တော်ကြာတိုင်တဲ့အထိ ပေါ်လွင်ထင်ရှားမှုမရှိပါဘူး။ ဒါ့ကြောင့်လည်း အမေရိကန်နဲ့ ဗြိတိန်ကုမ္ပဏီများက ယခုထိတိုင်အောင်လွှမ်းမိုးထားတာပါ။
PSC အာမခံအုပ်စု
သြစတြေးလျနိုင်ငံ၏ PSC အာမခံလုပ်ငန်းအနေဖြင့် ဒီနှစ်မှာတင် ဟောင်ကောင်အခြေစိုက်တွေဖြစ်တဲ့ စီးပွားရေးအကျိူးဆောင် Charter Gilman နှင့် Globe Insurance တို့ကို ဝယ်ယူပြီး အာရှဈေးကွက်ကို စတင်ချဲ့ထွင်လာခဲ့ပါပြီ။ နှစ်ခုလုံးက ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးအကျိူးဆောင်တွေဖြစ်ကြပြီး ဟောင်ကောင်ကျွန်းရဲ့ အရှေ့ပိုင်းခရိုင်ဒေသမှာရှိပြီး မြို့ပြဧရိယာတစ်ခုဖြစ်တဲ့ North Point မှာ အခြေစိုက်ပါတယ်။
 “PSC အနေနဲ့ အာရှဈေးကွက်ဟာ ကုမ္ပဏီအတွက်ထူးခြားတဲ့ရေရှည်အခွင့်အလမ်း တစ်ခုဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်” လို့ PSC အာမခံအုပ်စုရဲ့ Brian Austin ကပြောပါတယ်။
စုစုပေါင်း အရောင်းအဝယ်တန်ဖိုးမှာ သြစတြေးလျဒေါ်လာ ၃သန်း(အမေရိကန် ဒေါ်လာ၂သန်း) ဖြစ်ပြီး PSC အုပ်စုအနေနဲ့ ၂၀၁၉ခုနှစ်တွင်ဝယ်ယူခဲ့သော အစုရှယ်ယာတန်ဖိုးတွေအရ သြစတြေးလျဒေါ်လာ ၁ဒသမ၀၁သန်း (အမေရိကန် ဒေါ်လာ ၆၇၀,၀၀၀) အပါအဝင် Charter Gilman၏ ရှယ်ယာ ၅၀ရာခိုင်နှုန်းကို ပါ ပိုင်ဆိုင်ထားပါတယ်။ Charter Gilman ကိုတဆင့်မှီနေရတဲ့ Globe အနေနဲ့လည်း  ၁၀၀ ရာခိုင်နှုန်းအပြည့် သဘောတူညီချက်တွေကိုရဖို့ နောက်သတင်းပတ် အနည်းငယ်အတွင်းမှာဆက်လက် လုပ်ဆောင်သွားသင့်ပါတယ်။
Charter Gilman မှာ ဝန်ထမ်း ၂၀ကျော်ခန့်အပ်ထားပြီး Globe မှာတော့ ၅ယောက်ကနေ ၁၀ယောက်ကြားသာ ရှိပါတယ်။
အာရှကနေရနိုင်မယ့် အခွင့်အလမ်းတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ရန်အတွက် ကုမ္ပဏီအနေနဲ့ ကနဦး လုပ်ငန်းစဉ်ဖြင့် ဟောင်ကောင်သို့စတင်အခြေခြခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်စီးပွားရေး အကျိူးဆောင်တွေ အနေနဲ့လည်း ဆန္ဒပြပွဲများနှင့် Covid-19 ရဲ့ဒဏ်ကို ကံမကောင်းစွာနဲ့ ၂ဆခံစားနေရတုန်းပါ။
ဘယ်လိုပဲဖြစ်ဖြစ် မဟာဗျူဟာကျကျ ရေရှည်စီမံကိန်းတွေရှိတဲ့ဟောင်ကောင်ကတော့ အင်အားအကောင်းဆုံး စီးပွားရေးနယ်ပယ်ဖြစ်နေဆဲဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးစီးပွားရေးဇုန် (၁၀) ခုမှာပါ ပါဝင်နိုင်ဖို့ ရာခိုင်နှုန်းတော်တော်များပါတယ်။
ပြောချင်တာကတော့ ဟောင်ကောင်ဟာ ဒီနှစ်နွေရာသီလောက်မှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်နိုင်ချေများတာ တောင် ရေရှည်အကျိူးအမြတ်တွေကို မျှော်ကိုးပြီးလာတဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စည်ကား တုန်းပါပဲ။
ဒါ့အပြင် အာမခံပိုင်းဆိုင်ရာ အာဏာပိုင်တွေမှတစ်ဆင့် စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးကျစ်ကျစ်လစ်လစ်ရှိ အောင် သတ်မှတ်ပြဋ္ဌာန်းပေးသင့်ပါတယ်။
 PSC ရဲ့ Chairman ဖြစ်သူ Brian Austin ကတော့ ရှယ်ယာရှင်များကို ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့မှာ ပြောကြားခဲ့တာကတော့- “ PSC အနေနဲ့ အာရှဈေးကွက်ဟာ ကုမ္ပဏီအတွက် ထူးခြားတဲ့ ရေရှည်အခွင့်အလမ်းတစ်ရပ်ဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒီဝယ်ယူမှုတွေတွေဟာ ဟောင်ကောင်ကနေတစ်ဆင့် လက်ရှိ ရှိပြီးသား၊သိပြီးသား ဈေးကွက်တွေကိုဖြတ်ပြီးဝင်လာမယ့် အရာတွေကိုပါ အခွင့်လမ်းတစ်ရပ်အဖြစ် ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။”
Austin ရဲ့ဆက်လက်ပြောချက်အရ  “ PSC အနေဖြင့်စီးပွားရေးလုပ်ငန်းတွေကို ရနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုဟာ ခန့်မှန်းခြေအားဖြင့် သြစတြေးလျဒေါ်လာ ၃သန်း(ကန်ဒေါ်လာ ၂သန်း)မျှရှိသော်လည်း ရေတိုနှင့် အလယ်အလတ်ကာလအတွင်း စီမံကိန်းအနေဖြင့် အလားတူတန်ဖိုးအတိုင်း ရင်းနှီးမြှုပ်နှံမှုပြန်ရနိုင်လိမ့်မယ်လို့မျှော်မှန်းချက်တွေအပြင် ဒီလိုစီးပွားရေးအခြေခံအုတ်မြစ်တွေဟာ ကောင်းမွန်တဲ့ရလဒ်တွေကို ထောက်ပံ့ပေးနိုင်မယ်လို့လည်း ကုမ္ပဏီအနေနဲ့ယုံကြည်ကြောင်း ဖြည့်စွတ်ပြောသွားခဲ့ပါတယ်။
ဧပြီလ ရှယ်ယာရှင်အစည်းအဝေးမှာတော့ Globe Insurance က PSC လက်အောက်တွင်ရှိသည်ဆိုတာကိုပါ အတည်ပြုခဲ့ပြီး လိုအပ်သည်မှန်သမျှကို Charter Gilman ကသာ စီမံခန့်ခွဲမည်ဖြစ်သည်။
PSC သည် ယူကေ ဈေးကွက်တွင်လည်း အကြီးအကျယ်တိုးချဲ့လျက်ရှိပြီး Paragon နှင့်အခြားဝယ်ယူမှုတွေအပေါ် သုံးစွဲဖို့အတွက် နောက်ထပ်ငွေသားထုတ်ချေးမှုဟာ အနည်းဆုံး အနေနဲ့ သြစတြေးလျဒေါ်လာ ၃၅သန်း(ကန်ဒေါ်လာ ၂၃သန်း) ရှိပါတယ်။
Honan နှင့် သဘောတူညီမှု
ဟောင်ကောင်မှရုံးခန်းဖွင့်လှစ်ထားသည့်ကမ္ဘာ့ပုဂ္ဂလိကရှယ်ယာပိုင်ဆိုင်သူ TA Associates ကတော့ အာရှနိုင်ငံတွေအပါ်ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားကာ အခြား သြစတြေးလျကိုယ်စားလှယ်တစ်ယောက်ဆီ ရင်းနှီးမြုုပ်နှံထားပါတယ်။
မဲလ်ဘုန်းမြို့ အခြေစိုက် Honan ဟာ အာရှမှာ ၅နှစ်ကျော်ကြာခဲ့ပြီး စင်ကာပူရုံးဖြစ်တဲ့ One Raffles Place မှာ ဝန်ထမ်းပေါင်း ၂၁ယောက်ရှိပြီး မလေးရှားမှာတော့ ရုံးဝန်ထမ်း ၂၁ယောက်နဲ့ အတူလုပ်ကိုင်ခဲ့ပါတယ်။
စင်္ကာပူအခြေစိုက်ရုံးသည် ၂၀၁၅ ခုနှစ်တွင် MACS အာမခံပွဲစားများနှင့်ပူးပေါင်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် NGA အကျိုးခံစားခွင့်များဝယ်ယူခဲ့ပါတယ်။
Honan ၏အာရှစစ်ဆင်ရေးကို ပြီးခဲ့သည့်နှစ်က Starr Insurance မှဝင်ရောက်ခဲ့သူဖြစ်တဲ့ Eliza White မှစီမံခန့်ခွဲပြီး - မူလ အာရှစစ်ဆင်ရေးဒါရိုက်တာအသစ်နေရာတွင်ဖြစ်ပါတယ်။
 ဒီဇင်ဘာလတွင် ၎င်းရဲ့ ဒေသဆိုင်ရာရည်မှန်းချက်ကိုပြသခဲ့ပြီး Honan နှင့်မလေးရှားနိုင်ငံမှ MP Insurance Brokers တို့ဟာ ဖက်စပ်လုပ်ငန်းသစ် (JV) MP Honan Insurance Brokers ကိုဖွဲ့စည်းရန်ပူးပေါင်းခဲ့ကြပါတယ်။
JV တွင် MP Insurance Brokers သည် ၅၁ ရာခိုင်နှုန်း အစုရှယ်ယာနှင့် Honan Insurance သည် ၄၉ရာခိုင်နှုန်း အစုရှယ်ယာပိုင်ဆိုင်ထားပြီး ကွာလာလမ်ပူအခြေစိုက် MP Insurance Brokers ရဲ့ အမှုဆောင်အရာရှိချုပ် Saw Kheng Lay က JVတွင် အမှုဆောင်အရာရှိချုပ်အဖြစ် ဦးဆောင်နေပါတယ်။
ထုတ်ဖော်ပြောကြားချက်မရှိခဲ့တဲ့ TA နှင့်သဘောတူညီချက်သည် ပုံမှန်အဆင့်တွင်သာရှိခဲ့ပြီး Honan နှင့် TA နှစ်ဖက်စလုံးသည် အနာဂတ်အစီအစဉ်များနှင့်ပတ်သတ်၍ နောက်ထပ်မှတ်ချက်တွေလည်း ပေးဖို့ငြင်းဆန်နေကြပါတယ်။ ဒါပေမယ့် အာရှဘက်ကတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် စီးပွားရေးမဟာဗျူဟာချဲ့ထွင်မှု ၏အစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မည်ဆိုတာ  ရှင်းနေပြီးဖြစ်ပါတယ်။
US နဲ့ UK ရဲ့ ယှဉ်ပြိုင်မှု
JLT ဟာ အာရှပွဲစားများနေရာတွင်ပုံမှန်ဝယ်ယူနေတာကြောင့် JLT ကိုဝယ်ယူတဲ့ Marsh မှတဆင့် သြစတြေးလျ ကုမ္ပဏီတွေဟာ ပိုမိုအကျိူးဖြစ်ထွန်းနိုင်ပါတယ်။ ဒီလိုအချိန်မှာ ပွဲစားတွေအနေနဲ့ အဓိကအာရုံစိုက်မှုမှာ ဝယ်ယူမှုထက် အာရှတွင်ပိုမို ပေါင်းစည်းနိုင်ရေးသာဖြစ်ပါတယ်။

Aon နှင့် Willis Towers Watson တို့ကတော့ ဒေသတွင်းအနှံ့အပြားရှိအဖွဲ့အစည်းများပါဝင်တဲ့ ရှုတ်ထွေးသောပေါင်းစည်းမှုတွေနဲ့အတူ ခေါင်းမဖော်နိုင်ဘဲဖြစ်နေပါလိမ့်မယ်။
 အမေရိကန်ပုဂ္ဂလိက ကုမ္ပဏီကြီး Gallagher ကတော့ သြစတြေးလျဈေးကွက်မှာ သိသိသာသာထိုးဖောက်နိုင်ပေမယ့် အာရှနိုင်ငံတွေပေါ်မှာတော့ စိတ်ဝင်စားမှုအလွန်နည်းပါတယ်၊ လန်ဒန်အခြေစိုက်ဖြစ်တဲ့ ED Broking အနေနဲ့ ဟောင်ကောင်မှထွက်လာခဲ့တဲ့ ဒေသခံ Grandwood Insurance အကျိူးဆောင်တွေထံသို့ လွှဲပြောင်းပေးလိုက်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ED Broking ဟာ စင်ကာပူမှာလည်း ရုံးခန်းငယ်လေးတွေနဲ့အတူ အင်အားတောင့်တင်းမှုရှိပြီးသားဖြစ်ပြီး ဘေကျင်းနဲ့ရှန်ဟိုင်းမှာလည်း ရုံးခန်းတွေဆက်လက်တည်ရှိနေပါတယ်။
Charismatic အဖွဲ့၏အမှုဆောင်အရာရှိချုပ်နှင့်တည်ထောင်သူ David Howden ဦးဆောင်တဲ့ UK’s Hyperion အဖွဲ့ဟာ ဒေသအတွင်းမှာ အတက်ကြွဆုံးဖြစ်ပြီး မကြာသေးခင်အချိန်ကပင် တော်တော်များများ ရောင်းချထားပြီးပါပြီ။ ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ ခိုင်မာစွာခြေကုပ်ယူထားပြီး ငွေကြေးအပိုင်းမှာလည်းတော်တော်အင်အားတောင့်တင်းနေပါတယ်။
P&C အာမခံသည်ဒေသတစ်ခုလုံးတွင်ပိုမိုပျံ့နှံ့သည်နှင့်အမျှလာမည့် ၁၈ လအတွင်း သြစတြေးလျအကျိူးဆောင်များမှ အာရှပိုင်းဆိုင်ရာဝယ်ယူမှု ပိုမိုလုပ်ဆောင်နိုင်ရန်ကို မျှော်မှန်းထားပါတယ်။
Zawgyi Version
ၾသစေၾတးလ် စီးပြားေရးအက်ိဴးေဆာင္ေတြရဲ႕ ပစ္မွတ္ျဖစ္လာတဲ့ အာရွ
ၾသစေၾတးလ် စီးပြားေရးအက်ိဴးေဆာင္ေတြအေနနဲ႔ လုပ္ငန္းနယ္ပယ္တူျဖစ္တဲ့ အာရွနိုင္ငံသားေတြအေပၚ စိတ္ဝင္စားမႈဟာလြန္ခဲ့တဲ့ ၁ႏွစ္ေက်ာ္၊ အတိအက်ဆိုရင္ ၁၈ လဝန္းက်င္ကေနစၿပီးေတာ့ တျဖည္းျဖည္း တိုးပြား လို႔လာေနပါတယ္။
 အံ့ဩဖို႔ေကာင္းတာတစ္ခုကေတာ့ ခရီးသြားအခ်ိန္ေတြရယ္၊ ခက္ခဲနက္နဲတဲ့ ကုန္သြယ္မႈဆိုင္ရာညႇိႏွိုင္းမႈေတြနဲ႔ အက်ိဴးအျမတ္မ်ားလြန္းတဲ့ အခ်ိန္ကြာျခားမႈေတြကုိ ေပါင္းၿပီး စဥ္းစားလိုက္တဲ့အခါမွာ ၾသစေၾတးလ် နိုင္ငံသား ေတြက အေမရိကန္နဲ႔ ၿဗိတိန္ရွိ စီးပြါးေရးလုပ္ငန္း အက်ိဴးေဆာင္ေတြထက္ တစ္ပန္းသာတယ္ဆိုတာကိုလည္း ႏွစ္ေတာ္ေတာ္ၾကာတိုင္တဲ့အထိ ေပၚလြင္ထင္ရွားမႈမရွိပါဘူး။ ဒါ့ေၾကာင့္လည္း အေမရိကန္နဲ႔ ၿဗိတိန္ကုမၸဏီမ်ားက ယခုထိတိုင္ေအာင္လႊမ္းမိုးထားတာပါ။
 PSC အာမခံအုပ္စု
ၾသစေၾတးလ်နိုင္ငံ၏ PSC အာမခံလုပ္ငန္းအေနျဖင့္ ဒီႏွစ္မွာတင္ ေဟာင္ေကာင္အေျခစိုက္ေတြျဖစ္တဲ့ စီးပြားေရးအက်ိဴးေဆာင္ Charter Gilman ႏွင့္ Globe Insurance တို႔ကို ဝယ္ယူၿပီး အာရွေစ်းကြက္ကို စတင္ခ်ဲ႕ထြင္လာခဲ့ပါၿပီ။ ႏွစ္ခုလုံးက ကုန္သြယ္ေရးဆိုင္ရာ စီးပြားေရးအက်ိဴးေဆာင္ေတြျဖစ္ၾကၿပီး ေဟာင္ေကာင္ကၽြန္းရဲ့ အေရွ႕ပုိင္းခ႐ုိင္ေဒသမွာရွိၿပီး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္တဲ့ North Point မွာ အေျခစိုက္ပါတယ္။
 “PSC အေနနဲ႔ အာရွေစ်းကြက္ဟာ ကုမၸဏီအတြက္ထူးျခားတဲ့ေရရွည္အခြင့္အလမ္း တစ္ခုျဖစ္နိုင္တယ္လို႔ ယုံၾကည္ပါတယ္” လို႔ PSC အာမခံအုပ္စုရဲ့ Brian Austin ကေျပာပါတယ္။
စုစုေပါင္း အေရာင္းအဝယ္တန္ဖိုးမွာ ၾသစေၾတးလ်ေဒၚလာ ၃သန္း(အေမရိကန္ ေဒၚလာ၂သန္း) ျဖစ္ၿပီး PSC အုပ္စုအေနနဲ႔ ၂၀၁၉ခုႏွစ္တြင္ဝယ္ယူခဲ့ေသာ အစုရွယ္ယာတန္ဖိုးေတြအရ ၾသစေၾတးလ်ေဒၚလာ ၁ဒသမ၀၁သန္း (အေမရိကန္ ေဒၚလာ ၆၇၀,၀၀၀) အပါအဝင္ Charter Gilman၏ ရွယ္ယာ ၅၀ရာခိုင္ႏႈန္းကို ပါ ပိုင္ဆိုင္ထားပါတယ္။ Charter Gilman ကိုတဆင့္မွီေနရတဲ့ Globe အေနနဲ႔လည္း  ၁၀၀ ရာခိုင္ႏႈန္းအျပည့္ သေဘာတူညီခ်က္ေတြကိုရဖို႔ ေနာက္သတင္းပတ္ အနည္းငယ္အတြင္းမွာဆက္လက္ လုပ္ေဆာင္သြားသင့္ပါတယ္။
Charter Gilman မွာ ဝန္ထမ္း ၂၀ေက်ာ္ခန႔္အပ္ထားၿပီး Globe မွာေတာ့ ၅ေယာက္ကေန ၁၀ေယာက္ၾကားသာ ရွိပါတယ္။
အာရွကေနရနိုင္မယ့္ အခြင့္အလမ္းေတြကို ေကာင္းေကာင္းကိုင္တြယ္နိုင္ရန္အတြက္ ကုမၸဏီအေနနဲ႔ ကနဦး လုပ္ငန္းစဥ္ျဖင့္ ေဟာင္ေကာင္သို႔စတင္အေျချခခဲ့ျခင္းျဖစ္ၿပီး ေဟာင္ေကာင္စီးပြားေရး အက်ိဴးေဆာင္ေတြ အေနနဲ႔လည္း ဆႏၵျပပြဲမ်ားႏွင့္ Covid-19 ရဲ႕ဒဏ္ကို ကံမေကာင္းစြာနဲ႔ ၂ဆခံစားေနရတုန္းပါ။
ဘယ္လိုပဲျဖစ္ျဖစ္ မဟာဗ်ဴဟာက်က် ေရရွည္စီမံကိန္းေတြရွိတဲ့ေဟာင္ေကာင္ကေတာ့ အင္အားအေကာင္းဆုံး စီးပြားေရးနယ္ပယ္ျဖစ္ေနဆဲျဖစ္ၿပီး ကမၻာ့အႀကီးဆုံးစီးပြားေရးဇုန္ (၁၀) ခုမွာပါ ပါဝင္နိုင္ဖို႔ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားပါတယ္။
ေျပာခ်င္တာကေတာ့ ေဟာင္ေကာင္ဟာ ဒီႏွစ္ေႏြရာသီေလာက္မွာ အၾကမ္းဖက္မႈေတြ ထပ္ျဖစ္နိုင္ေခ်မ်ားတာ ေတာင္ ေရရွည္အက်ိဴးအျမတ္ေတြကို ေမၽွာ္ကိုးၿပီးလာတဲ့ နိုင္ငံျခားစီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ စည္ကား တုန္းပါပဲ။
ဒါ့အျပင္ အာမခံပိုင္းဆိုင္ရာ အာဏာပိုင္ေတြမွတစ္ဆင့္ စည္းမ်ဥ္းစည္းကမ္းေတြကို ပိုၿပီးက်စ္က်စ္လစ္လစ္ရွိ ေအာင္ သတ္မွတ္ျပ႒ာန္းေပးသင့္ပါတယ္။
 PSC ရဲ့ Chairman ျဖစ္သူ Brian Austin ကေတာ့ ရွယ္ယာရွင္မ်ားကို ၿပီးခဲ့တဲ့ မတ္လ ၃၁ရက္ေန႔မွာ ေျပာၾကားခဲ့တာကေတာ့- “ PSC အေနနဲ႔ အာရွေစ်းကြက္ဟာ ကုမၸဏီအတြက္ ထူးျခားတဲ့ ေရရွည္အခြင့္အလမ္းတစ္ရပ္ျဖစ္တယ္ဆိုတာကို ယုံၾကည္ပါတယ္။ ဒီဝယ္ယူမႈေတြေတြဟာ ေဟာင္ေကာင္ကေနတစ္ဆင့္ လက္ရွိ ရွိၿပီးသား၊သိၿပီးသား ေစ်းကြက္ေတြကိုျဖတ္ၿပီးဝင္လာမယ့္ အရာေတြကိုပါ အခြင့္လမ္းတစ္ရပ္အျဖစ္ ေထာက္ပံ့ေပးနိုင္ပါလိမ့္မယ္။”
Austin ရဲ့ဆက္လက္ေျပာခ်က္အရ  “ PSC အေနျဖင့္စီးပြားေရးလုပ္ငန္းေတြကို ရနိုင္ဖို႔အတြက္ ရင္းႏွီးျမႇုပ္ႏွံမႈဟာ ခန႔္မွန္းေျခအားျဖင့္ ၾသစေၾတးလ်ေဒၚလာ ၃သန္း(ကန္ေဒၚလာ ၂သန္း)မၽွရွိေသာ္လည္း ေရတိုႏွင့္ အလယ္အလတ္ကာလအတြင္း စီမံကိန္းအေနျဖင့္ အလားတူတန္ဖိုးအတိုင္း ရင္းႏွီးျမႇုပ္ႏွံမႈျပန္ရနိုင္လိမ့္မယ္လို႔ေမၽွာ္မွန္းခ်က္ေတြအျပင္ ဒီလိုစီးပြားေရးအေျခခံအုတ္ျမစ္ေတြဟာ ေကာင္းမြန္တဲ့ရလဒ္ေတြကို ေထာက္ပံ့ေပးနိုင္မယ္လို႔လည္း ကုမၸဏီအေနနဲ႔ယုံၾကည္ေၾကာင္း ျဖည့္စြတ္ေျပာသြားခဲ့ပါတယ္။
ဧၿပီလ ရွယ္ယာရွင္အစည္းအေဝးမွာေတာ့ Globe Insurance က PSC လက္ေအာက္တြင္ရွိသည္ဆိုတာကိုပါ အတည္ျပဳခဲ့ၿပီး လိုအပ္သည္မွန္သမၽွကို Charter Gilman ကသာ စီမံခန႔္ခြဲမည္ျဖစ္သည္။
PSC သည္ ယူေက ေစ်းကြက္တြင္လည္း အႀကီးအက်ယ္တိုးခ်ဲ႕လ်က္ရွိၿပီး Paragon ႏွင့္အျခားဝယ္ယူမႈေတြအေပၚ သုံးစြဲဖို႔အတြက္ ေနာက္ထပ္ေငြသားထုတ္ေခ်းမႈဟာ အနည္းဆုံး အေနနဲ႔ ၾသစေၾတးလ်ေဒၚလာ ၃၅သန္း(ကန္ေဒၚလာ ၂၃သန္း) ရွိပါတယ္။
Honan ႏွင့္ သေဘာတူညီမႈ
ေဟာင္ေကာင္မွ႐ုံးခန္းဖြင့္လွစ္ထားသည့္ကမၻာ့ပုဂၢလိကရွယ္ယာပိုင္ဆိုင္သူ TA Associates ကေတာ့ အာရွနိုင္ငံေတြအပၚရင္းႏွီးျမႇုပ္ႏွံမႈကို စိတ္ဝင္စားကာ အျခား ၾသစေၾတးလ်ကိုယ္စားလွယ္တစ္ေယာက္ဆီ ရင္းႏွီးျမုဳပ္ႏွံထားပါတယ္။
မဲလ္ဘုန္းၿမိဳ႕ အေျခစိုက္ Honan ဟာ အာရွမွာ ၅ႏွစ္ေက်ာ္ၾကာခဲ့ၿပီး စင္ကာပူ႐ုံးျဖစ္တဲ့ One Raffles Place မွာ ဝန္ထမ္းေပါင္း ၂၁ေယာက္ရွိၿပီး မေလးရွားမွာေတာ့ ႐ုံးဝန္ထမ္း ၂၁ေယာက္နဲ႔ အတူလုပ္ကိုင္ခဲ့ပါတယ္။
စကၤာပူအေျခစိုက္႐ုံးသည္ ၂၀၁၅ ခုႏွစ္တြင္ MACS အာမခံပြဲစားမ်ားႏွင့္ပူးေပါင္းခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ NGA အက်ိဳးခံစားခြင့္မ်ားဝယ္ယူခဲ့ပါတယ္။
Honan ၏အာရွစစ္ဆင္ေရးကို ၿပီးခဲ့သည့္ႏွစ္က Starr Insurance မွဝင္ေရာက္ခဲ့သူျဖစ္တဲ့ Eliza White မွစီမံခန႔္ခြဲၿပီး - မူလ အာ႐ွစစ္ဆင္ေရးဒါရိုက္တာအသစ္ေနရာတြင္ျဖစ္ပါတယ္။
 ဒီဇင္ဘာလတြင္ ၎ရဲ႕ ေဒသဆိုင္ရာရည္မွန္းခ်က္ကိုျပသခဲ့ၿပီး Honan ႏွင့္မေလးရွားနိုင္ငံမွ MP Insurance Brokers တို႔ဟာ ဖက္စပ္လုပ္ငန္းသစ္ (JV) MP Honan Insurance Brokers ကိုဖြဲ႕စည္းရန္ပူးေပါင္းခဲ့ၾကပါတယ္။
JV တြင္ MP Insurance Brokers သည္ ၅၁ ရာခိုင္ႏႈန္း အစုရွယ္ယာႏွင့္ Honan Insurance သည္ ၄၉ရာခိုင္ႏႈန္း အစုရွယ္ယာပိုင္ဆိုင္ထားၿပီး ကြာလာလမ္ပူအေျခစိုက္ MP Insurance Brokers ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Saw Kheng Lay က JVတြင္ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ ဦးေဆာင္ေနပါတယ္။
ထုတ္ေဖာ္ေျပာၾကားခ်က္မရွိခဲ့တဲ့ TA ႏွင့္သေဘာတူညီခ်က္သည္ ပုံမွန္အဆင့္တြင္သာရွိခဲ့ၿပီး Honan ႏွင့္ TA ႏွစ္ဖက္စလုံးသည္ အနာဂတ္အစီအစဥ္မ်ားႏွင့္ပတ္သတ္၍ ေနာက္ထပ္မွတ္ခ်က္ေတြလည္း ေပးဖို႔ျငင္းဆန္ေနၾကပါတယ္။ ဒါေပမယ့္ အာရွဘက္ကေတာ့ ဘယ္နည္းနဲ႔ျဖစ္ျဖစ္ စီးပြားေရးမဟာဗ်ဴဟာခ်ဲ႕ထြင္မႈ ၏အစိတ္အပိုင္းတစ္ခုျဖစ္လိမ့္မည္ဆိုတာ  ရွင္းေနၿပီးျဖစ္ပါတယ္။
US နဲ႔ UK ရဲ႕ ယွဥ္ၿပိဳင္မႈ
JLT ဟာ အာရွပြဲစားမ်ားေနရာတြင္ပုံမွန္ဝယ္ယူေနတာေၾကာင့္ JLT ကိုဝယ္ယူတဲ့ Marsh မွတဆင့္ ၾသစေၾတးလ် ကုမၸဏီေတြဟာ ပိုမိုအက်ိဴးျဖစ္ထြန္းနိုင္ပါတယ္။ ဒီလိုအခ်ိန္မွာ ပြဲစားေတြအေနနဲ႔ အဓိကအာ႐ုံစိုက္မႈမွာ ဝယ္ယူမႈထက္ အာရွတြင္ပိုမို ေပါင္းစည္းနိုင္ေရးသာျဖစ္ပါတယ္။
 Aon ႏွင့္ Willis Towers Watson တို႔ကေတာ့ ေဒသတြင္းအႏွံ့အျပားရွိအဖြဲ႕အစည္းမ်ားပါဝင္တဲ့ ရႈတ္ေထြးေသာေပါင္းစည္းမႈေတြနဲ႔အတူ ေခါင္းမေဖာ္နိုင္ဘဲျဖစ္ေနပါလိမ့္မယ္။
 အေမရိကန္ပုဂၢလိက ကုမၸဏီႀကီး Gallagher ကေတာ့ ၾသစေၾတးလ်ေစ်းကြက္မွာ သိသိသာသာထိုးေဖာက္နိုင္ေပမယ့္ အာရွနိုင္ငံေတြေပၚမွာေတာ့ စိတ္ဝင္စားမႈအလြန္နည္းပါတယ္၊ လန္ဒန္အေျခစိုက္ျဖစ္တဲ့ ED Broking အေနနဲ႔ ေဟာင္ေကာင္မွထြက္လာခဲ့တဲ့ ေဒသခံ Grandwood Insurance အက်ိဴးေဆာင္ေတြထံသို႔ လႊဲေျပာင္းေပးလိုက္ပါတယ္။ ဘယ္လိုဘဲျဖစ္ျဖစ္ ED Broking ဟာ စင္ကာပူမွာလည္း ႐ုံးခန္းငယ္ေလးေတြနဲ႔အတူ အင္အားေတာင့္တင္းမႈရွိၿပီးသားျဖစ္ၿပီး ေဘက်င္းနဲ႔ရွန္ဟိုင္းမွာလည္း ႐ုံးခန္းေတြဆက္လက္တည္ရွိေနပါတယ္။
Charismatic အဖြဲ႕၏အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္တည္ေထာင္သူ David Howden ဦးေဆာင္တဲ့ UK’s Hyperion အဖြဲ႕ဟာ ေဒသအတြင္းမွာ အတက္ႂကြဆုံးျဖစ္ၿပီး မၾကာေသးခင္အခ်ိန္ကပင္ ေတာ္ေတာ္မ်ားမ်ား ေရာင္းခ်ထားၿပီးပါၿပီ။ ေဟာင္ေကာင္၊ မေလးရွား၊ စင္ကာပူနဲ႔ ထိုင္းနိုင္ငံတို႔မွာ ခိုင္မာစြာေျခကုပ္ယူထားၿပီး ေငြေၾကးအပိုင္းမွာလည္းေတာ္ေတာ္အင္အားေတာင့္တင္းေနပါတယ္။
P&C အာမခံသည္ေဒသတစ္ခုလုံးတြင္ပိုမိုပ်ံ႕ႏွံ႔သည္ႏွင့္အမၽွလာမည့္ ၁၈ လအတြင္း ၾသစေၾတးလ်အက်ိဴးေဆာင္မ်ားမွ အာရွပုိင္းဆိုင္ရာဝယ္ယူမႈ ပိုမိုလုပ္ေဆာင္နိုင္ရန္ကို ေမၽွာ္မွန္းထားပါတယ္။
Ref: Asia Insurance News

တရုတ်အာမခံလုပ်ငန်းများ လုပ်သားသစ်များ ထောင်ချီခေါ်ယူ

အက်စ်ဂျူလီမိုး ဘာသာပြန်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးနှင့်ပတ်သက်၍ တရုတ်တစ်မျိုးသားလုံး သတိဝီရိယနိုးကြားစွာရှိနေကြစဉ်တွင် နိုင်ငံအတွင်းရှိ များစွာသော အာမခံလုပ်ငန်းများမှ လုပ်သားသစ်ခေါ်ယူမှုကို တိုးချ့ဲသည့် အစီအစဉ်များကို မကြာသေးခင်က စတင်ခဲ့ကြသည်။
ပင်းအမ်(Ping An) အာမခံကုမ္ပဏီသည် ၎င်း၏ Cloud စနစ်မှတစ်ဆင့် အလုပ်သမားနေရာ နှစ်သောင်း ကျော်ကို ခေါ်ယူခဲ့သည်။
ထို့ပြင် China Life အာမခံကုမ္ပဏီသည်လည်း စီမံခန့်ခွဲမှုကျွမ်းကျင်သူအမြောက်အမြားနှင့် ဘွဲ့ရပြီးစ အယောက် ၂၀၀၀ ကျော်ကို အလုပ်ခန့်အပ်ရန်အတွက် အစီအစဉ် စတင်နေပြီဖြစ်သည်။
ယင်းတို့နှင့် တပြိုင်နက်တည်းပင် မကြာသေးခင်ကမှ ပြန်လည်ဖွဲ့စည်းခဲ့သော Dajia အာမခံအဖွဲ့မှ အလုပ်သမား ၂၀၀၀ နီးပါးခေါ်ယူခန့်အပ်ခဲ့ပြီး Water Drop အာမခံကုမ္ပဏီမှလည်း အလုပ်အသစ်နေရာ ၁၀၀၀ အတွက် ခေါ်ယူခဲ့သေးသည်။
တရုတ်သတင်းမီဒီယာတစ်ခုက ယင်းကဲ့သို့သော လုပ်သားများစွာခေါ်ယူခြင်းသည် တရုတ်နှစ်သစ်ကူးကာလက ဆုံးရံှုးသွားသော အလုပ်သမားများနေရာတွင် အစားထိုးရန်အတွက်ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။
တရုတ်နှစ်သစ်ကူးကာလသည် အာမခံလုပ်ငန်းများအတွက် ရောင်းအားအမြင့်ဆုံးကာလဟု သတ်မှတ်ထားကြ သော်လည်း ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးကြောင့် များစွာသော အာမခံလုပ်ငန်းရှင်များသည် အလုပ်သမားပိုလျှံခြင်းကဲ့သို့သော ပြဿနာများစွာကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းလည်ပတ်ရေးကော်မတီ၏ စစ်တမ်းအရ တရုတ်အာမခံလုပ်ငန်းများမှ ရရှိမည့်အမြတ်ငွေသည် ၂၀၂၀နှစ်စပိုင်းတွင် ခန့်မှန်းခြေ တရုတ်ယွမ် ၁၇သန်း(ဒေါ်လာ သန်း၂၄၀)အထိ ထိုးဆင်းသွားလိမ့်မည်ဟု မျှော်မှန်းထားကြကြောင်း သိရပါသည်။
တရုတ်အာမခံကုမ္ပဏီများက ရောဂါကပ်ဆိုးကြီးသည် အာမခံလုပ်ငန်းများမှရရှိသည့်အမြတ်ငွေအပေါ်သာမက အသက်အာမခံလုပ်ငန်းများကြီးထွားမှုအပေါ်ကိုလည်း များစွာအကျိုးသက်ရောက်လျက်ရှိကြောင်း ယုံကြည်နေ ကြပါသည်။
ထိုစဉ်အတောအတွင်း ကျန်းမာရေးအာမခံလုပ်ငန်းရှင်များသည်လည်း ကပ်ဆိုးကာလအတွင်း သိသာထင်ရှား စွာ လုပ်ငန်းကြီးပွားလာကြောင်း ၊ အာမခံငွေပေးချေခြင်း ၊ ITကျွမ်းကျင်သူများတိုးများလာခြင်းတို့ကြောင့် သူတို့၏အစီအစဉ်ကို အလျှင်အမြန်ပြောင်းလဲဖို့လိုနေပြီဖြစ်ကြောင်း ဖော်ပြသွားခဲ့ကြသည်။
Zawgyi Version
တ႐ုတ္အာမခံလုပ္ငန္းမ်ား လုပ္သားသစ္မ်ား ေထာင္ခ်ီေခၚယူ
*****************
အက္စ္ဂ်ဴလီမိုး ဘာသာျပန္သည္။
ကိုရိုနာဗိုင္းရပ္စ္ေရာဂါဆိုးႏွင့္ပတ္သက္၍ တရုတ္တစ္မ်ိဳးသားလံုး သတိဝီရိယႏိုးၾကားစြာရိွေနၾကစဥ္တြင္ ႏိုင္ငံအတြင္းရိွ မ်ားစြာေသာ အာမခံလုပ္ငန္းမ်ားမွ လုပ္သားသစ္ေခၚယူမႈကို တိုးခ်႕ဲသည့္ အစီအစဥ္မ်ားကုိ မၾကာေသးခင္က စတင္ခ့ဲၾကသည္။
ပင္းအမ္(Ping An) အာမခံကုမၸဏီသည္ ၎၏ Cloud စနစ္မွတစ္ဆင့္ အလုပ္သမားေနရာ ႏွစ္ေသာင္း ေက်ာ္ကို ေခၚယူခ့ဲသည္။
ထို႔ျပင္ China Life အာမခံကုမၸဏီသည္လည္း စီမံခန္႔ခြဲမႈကြ်မ္းက်င္သူအေျမာက္အျမားႏွင့္ ဘြဲ႕ရၿပီးစ အေယာက္ ၂၀၀၀ ေက်ာ္ကို အလုပ္ခန္႔အပ္ရန္အတြက္ အစီအစဥ္ စတင္ေနၿပီျဖစ္သည္။
ယင္းတို႔ႏွင့္ တၿပိဳင္နက္တည္းပင္ မၾကာေသးခင္ကမွ ျပန္လည္ဖြဲ႕စည္းခ့ဲေသာ Dajia အာမခံအဖြဲ႕မွ အလုပ္သမား ၂၀၀၀ နီးပါးေခၚယူခန္႔အပ္ခ့ဲၿပီး Water Drop အာမခံကုမၸဏီမွလည္း အလုပ္အသစ္ေနရာ ၁၀၀၀ အတြက္ ေခၚယူခ့ဲေသးသည္။
တရုတ္သတင္းမီဒီယာတစ္ခုက ယင္းက့ဲသို႔ေသာ လုပ္သားမ်ားစြာေခၚယူျခင္းသည္ တရုတ္ႏွစ္သစ္ကူးကာလက ဆံုးရံွဳးသြားေသာ အလုပ္သမားမ်ားေနရာတြင္ အစားထိုးရန္အတြက္ျဖစ္ႏိုင္ေၾကာင္း ေဖာ္ျပခဲ့သည္။
တရုတ္ႏွစ္သစ္ကူးကာလသည္ အာမခံလုပ္ငန္းမ်ားအတြက္ ေရာင္းအားအျမင့္ဆံုးကာလဟု သတ္မွတ္ထားၾက ေသာ္လည္း ကိုဗစ္-၁၉ ေရာဂါကပ္ဆိုးႀကီးေၾကာင့္ မ်ားစြာေသာ အာမခံလုပ္ငန္းရွင္မ်ားသည္ အလုပ္သမားပိုလွ်ံျခင္းက့ဲသို႔ေသာ ျပႆနာမ်ားစြာကို ရင္ဆိုင္ခဲ့ရျခင္းျဖစ္သည္။
တရုတ္ဘဏ္လုပ္ငန္းႏွင့္ အာမခံလုပ္ငန္းလည္ပတ္ေရးေကာ္မတီ၏ စစ္တမ္းအရ တရုတ္အာမခံလုပ္ငန္းမ်ားမွ ရရိွမည့္အျမတ္ေငြသည္ ၂၀၂၀ႏွစ္စပိုင္းတြင္ ခန္႔မွန္းေျခ တရုတ္ယြမ္ ၁၇သန္း(ေဒၚလာ သန္း၂၄၀)အထိ ထိုးဆင္းသြားလိမ့္မည္ဟု ေမွ်ာ္မွန္းထားၾကေၾကာင္း သိရပါသည္။
တရုတ္အာမခံကုမၸဏီမ်ားက ေရာဂါကပ္ဆိုးႀကီးသည္ အာမခံလုပ္ငန္းမ်ားမွရရိွသည့္အျမတ္ေငြအေပၚသာမက အသက္အာမခံလုပ္ငန္းမ်ားႀကီးထြားမႈအေပၚကိုလည္း မ်ားစြာအက်ိဳးသက္ေရာက္လ်က္ရိွေၾကာင္း ယံုၾကည္ေန ၾကပါသည္။
ထိုစဥ္အေတာအတြင္း က်န္းမာေရးအာမခံလုပ္ငန္းရွင္မ်ားသည္လည္း ကပ္ဆိုးကာလအတြင္း သိသာထင္ရွား စြာ လုပ္ငန္းႀကီးပြားလာေၾကာင္း ၊ အာမခံေငြေပးေခ်ျခင္း ၊ ITကြ်မ္းက်င္သူမ်ားတိုးမ်ားလာျခင္းတို႔ေၾကာင့္ သူတို႔၏အစီအစဥ္ကို အလွ်င္အျမန္ေျပာင္းလဲဖို႔လိုေနၿပီျဖစ္ေၾကာင္း ေဖာ္ျပသြားခ့ဲၾကသည္။
Ref: Asia Insurance Review
Myanmar Insurance News Editorial Team မွ Translator ရာထူးအတြက္ ေလ်ာက္ထားသူမ်ားအနက္ အႀကိဳ ေရြးခ်ယ္ထားသူ မအက္စ္ဂ်ဴလီမိုး၏ ဘာသာျပန္ေဆာင္းပါးျဖစ္သည္။

Monday, May 25, 2020

လော့ခ်ဒေါင်းတွေ ပြန်ဖွင့်ပေးလိုက်ချိန်မှာ Agent တွေနဲ့ Broker တွေ ပိုပြီး နေရာရလာနိုင်

ခင်ထက်ထက်ခိုင် ဘာသာပြန်သည်
နိုင်ငံအများစုက ယာယီပိတ်ဆို့ထားမှုတွေကို ပြန်လည်ဖွင့်ပေးလိုက်ချိန်မှာ  ကမ္ဘာ့စီးပွားရေးတံခါးတွေက လွန်ခဲ့တဲ့ နှစ်လတုန်းကနဲ့ လုံးဝမတူတော့ပါဘူး။ ဥပမာ အိမ်နီးချင်းနို
င်ငံမှာရှိတဲ့ စီးပွားရေးတွေက နောက်ထပ်တစ်ကြိမ် ပြန်လည်ပါတ်ချင်မှ လည်ပါတ်နိုင်ပါတော့မယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ် (၅၀) အနက် (၂၂) ပြည်နယ်က အသေးစားစီးပွားရေးလုပ်ငန်းတွေဟာ COVID-19 ကြောင့် ဆုံးရှုံးမှုများနိုင်တဲ့ အန္တရာယ်မှာရှိနေတယ်လို့ McKinsey & Company အဖွဲ့က ခန့်မှန်းထားပါတယ်။ ဒီအခြေအနေဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေအတွက်လည်း ကောင်းမွန်တဲ့ အနေအထားတစ်ခုမဟုတ်ပါဘူး။
မတ်လတုန်းက ကနေဒါနိုင်ငံမှာရှိတဲ့ Canadian Federation of Independent Businesses (CFIB) အဖွဲ့ဝင် (၉၆၇၈) ယောက်ကို  စစ်တမ်းတစ်ခုကောက်ယူခဲ့ပါတယ်။ ထိုစစ်တမ်းအရ ပိတ်ထားရတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးပုံတစ်ပုံခန့်က ပြန်ဖွင့်နိုင်ဖို့ မသေချာကြဘူးလို့ ဖော်ပြထားပါတယ်။ တစ်ချိန်ထဲမှာပဲ ဩစတြေးလျနိုင်ငံမှာရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေ ထုတ်ပြန်ပေးတဲ့ အဖွဲ့အစည်းတွေက ကဏ္ဍအသီးသီးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ကပ်ရောဂါကြီးကြောင့် ငွေစီးဆင်းမှုနဲ့ ဝင်ငွေတွေမှာ ထိခိုက်မှုတွေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဥရောပတစ်ဝှမ်းမှာရှိတဲ့ စီးပွားရေးတွေကလည်း အလားတူစွာပါပဲ။ အာရှနိုင်ငံတွေမှာလည်း ကားလမ်းပိတ်တာတွေ လနဲ့ချီ လျော့နည်းသွားရခြင်းက ခရီးသွားတွေအကုန်လုံး နွေရာသီအားလပ်ရက်မှာ အိမ်မှာပဲ နေနေကြရလို့ဖြစ်ကြောင်း ပြောထားပါတယ်။
ကပ်ကြီးအတွင်း ပေါ်ပေါက်လာတဲ့ စစချင်းအခက်အခဲတွေမှာ အသေးစားလုပ်ငန်းတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ Agent တွေ၊ Broker တွေအတွက် တော်တော်အရေးကြီးပါတယ်။ Agent တွေ၊ Broker တွေနဲ့ အလုပ်လုပ်ကိုင်သူအများစုက SMBs လို့ခေါ်တဲ့ အသေးစားလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တာကြောင့် အလွန်အရေးပါနေတာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို (၉၀) ရာခိုင်နှုန်းနဲ့ အထက်က အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ဖွဲ့စည်းထားတာကလည်း တစ်ကြောင်းဖြစ်ပါတယ်။
SMBs တွေအနေနဲ့ ပြီးခဲ့တဲ့ ကာလရှည် လော့ခ်ဒေါင်းမှာ ခံနိုင်ခဲ့တယ်ဆိုရင်တောင်မှ ရေရှည်အောင်မြင်ဖို့အတွက် စဉ်းစားထားဖို့လိုပါတယ်။ ရေရှည်အောင်မြင်မှုက နောက်ထပ်ပိတ်ဆို့မှုတွေ ထပ်ဖြစ်လာတဲ့အခါ ဘယ်လို စွမ်းဆောင်သွားနိုင်မလဲဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က ဒုတိယလှိုင်းအနေနဲ့ နွေဦးရာသီမှာ ပြန်လည်ရိုက်ခတ်နိုင်ကြောင်း ပညာရှင်တွေက သတိပေးထားတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
ဒီလိုအခက်အခဲတွေကြောင့်  ကပ်ကြီးအတွင်းမှာရော၊ ကပ်ကြီးပြီးတဲ့အချိန်မှာပါ Agent တွေနဲ့ Broker တွေက စီးပွားရေးလုပ်ငန်းတွေကို အကူအညီပေးနိုင်တဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာကျရောက်လာကြပါတယ်။ အခုအချိန်မှာအာမခံထားသူ အများစုဟာ သူတို့ရဲ့ အာမခံနဲ့ပါတ်သတ်ပြီး အာမခံအကြံပေးတွေဆီမှာ  မေးခွန်းတွေအများကြီးမေးနေကြပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုအာမခံတွေက  ရုံးခန်းတွေ ဆိုင်တွေကို အချိန်အကြာကြီး ပိတ်ထားရတဲ့အချိန်မှာ ဖောက်ထွင်းခိုးယူမှုတွေဖြစ်ခဲ့ရင် ဖြေရှင်းပေးသလိုမျိုး  စီးပွားရေးလုပ်ငန်းတုံ့ဆိုင်းမှုတွေနဲ့ COVID-19 ကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုပါ အာမခံပေးလားဆိုတာ အများစုက သိချင်လာကြပါတယ်။
ကမ္ဘာတစ်ဝှမ်းဖြစ်ပွားခဲ့တဲ့ ကျန်းမာရေးကပ်ဘေးကြောင့် တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ရော လုပ်ငန်းတိုင်းပါ ထိခိုက်ဆုံးရှုံးမှုတွေ ရှိခဲ့ကြပါတယ်။ ဒီလိုအချိန်မှာ အာမခံ Agent တွေနဲ့ Broker တွေက စီးပွားရေးလုပ်ငန်းတွေအတွက် အယုံကြည်ရဆုံး အကြံပေးတွေဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ အာမခံထားရှိသူတွေနဲ့ ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ပြီး Agent တွေနဲ့ Broker တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါတယ်ဆိုတာ ပြန်လည်သိသာလာအောင် ပြုလုပ်ရပါမယ်။ အာမခံကုမ္မဏီတွေက ကပ်ရောဂါနဲ့ပါတ်သတ်ပြီး ထုတ်ပြန်ကြေညာထားတဲ့ အမျိုးအစားအကြောင်းအရာတွေကို အွန်လိုင်းကပဲဖြစ်ဖြစ်ရှာဖွေပြီး ပိုနားလည်အောင်လုပ်ထားမယ်ဆိုရင် ကိုယ့်ဖောက်သည်တွေကို အကျိုးအမြတ်ရနိုင်အောင် ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။
Agent တွေနဲ့ Broker တွေ ကူညီပေးနိုင်တဲ့နောက်တစ်ချက်ကတော့ လော့ခ်ဒေါင်းတွေဖြေလျော့လိုက်တဲ့အခါ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ လုပ်ငန်းတွေ ပြန်လည်ပါတ်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဘယ်လုပ်ငန်းအမျိုးအစားတွေကို အစိုးရက ငွေကြေးထောက်ပံ့ကူညီပေးနေတယ်၊ ပစ္စည်းပျက်စီးခြင်းနှင့် လုပ်ငန်းရပ်ဆိုင်းဆုံးရှုံးမှုအာမခံတွေက ဘယ်လိုအနေအထားနဲ့ တုံ့ပြန်နိုင်တယ်၊ ဘယ်လို အဆင့်တွေနဲ့သွားရင် အာမခံလျော်ကြေးရနိုင်တယ် စသဖြင့်ကို ကူညီလမ်းညွှန်ပေးနိုင်ရပါမယ်။
 ဒါ့အပြင် Agent တွေ၊ Broker တွေ အနေနဲ့ တက်ကျွမ်းတဲ့ စီမံခန့်ခွဲမှုစွမ်းရည်တွေကို အသုံးချပြီး လုပ်ငန်းတစ်ခု ကျရောက်နိုင်တဲ့ အန္တရာယ်ကို ကြိုတင်တွေးဆထားရပါမယ်။ အာမခံထားရှိသူတွေရဲ့ လုပ်ငန်းကို အာမခံဖြေရှင်းချက်ပေးဖို့တစ်ခုထဲနဲ့ ကူညီဖို့မလုံလောက်တော့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုက နှစ်တော်တော်ကြာအောင် ရှိနေဦးမှာ ဖြစ်တဲ့အတွက် လုပ်ငန်းတွေအနေနဲ့ ရှေ့နှစ်တွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုအန္တရာယ်ကို ကြိုတင်တွက်ဆထားဖို့လိုလာပါပြီ။ နောက်ထပ် COVID-19 ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတွေ ဖြစ်လာပြီး ပိတ်ဆို့မှုတွေ ထပ်ဖြစ်ခဲ့ရင် စီးပွားရေးလုပ်ငန်းတွေနေနဲ့ မိမိဝန်ထမ်းတွေနဲ့ ဝယ်ယူအားပေးသူတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း သိဖို့လိုလာပါပြီ။ Agent တွေနဲ့ Broker တွေဆီမှာ စုဆောင်းထားတဲ့ အချက်အလက်တွေ အများကြီးရှိတာကြောင့် အာမခံထားရှိသူတွေကို လိုအပ်တဲ့ အချက်အလက်တွေ ပြောပြပေးလို့ရပါတယ်။
အာမခံထားရှိသူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းအမျိုးမျိုးကိုလည်း သိရှိထားဖို့ကလည်း အရေးကြီးပါတယ်။ အွန်လိုင်းပေါ်မှာ မိတ်ဆွေအဖြစ် ရှိနေမယ်ဆိုရင် Agent တွေ၊ Broker တွေက ပိုရှာရလွယ်ပြီး client တွေ သဘောကျတဲ့ ဘယ်ဆက်သွယ်မှုလမ်းကြောင်းကနေမဆို ထိထိရောက်ရောက်လည်း တုန့်ပြန်နိုင်ပါတယ်။
အာမခံလုပ်ငန်းနယ်ပါယ်မှာ ကျွမ်းကျင်သူတွေက အပေါ်ကနည်းလမ်းအချို့ (သို့) အကုန်လုံးကို အသုံးပြုနေကြပါပြီ။ ဒါပေမယ့် ကပ်ကြီးက ပြီးဆုံးယောင်မမြင်သေးဘူးဆိုပြီး သူတို့ရဲ့ အားတွေကိုတော့ မလျှော့လိုက်ကြပါဘူး။ အခုလိုအချိန်မှာ Agent တွေ Broker တွေက client တွေကို အမြဲ သတင်းအချက်အလက်တွေပေးနေပြီး သူတို့အတွက် အမြဲရှိအသင့်ရှိနေတာကို သိရတဲ့အခါ အာမခံထားရှိသူတွေအနေနဲ့ သဘောကျကြပါတယ်။ ဒါပေမယ့် ထိုလုပ်ရပ်တွေဟာ အာမခံလုပ်ငန်း ရေရှည်ခိုင်မြဲတည်တံဖို့အတွက်လည်း အရေးကြီးတဲ့ စွမ်းဆောင်ချက်တွေဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အာမခံအေဂျင်စီလုပ်ငန်းတွေကလည်း အသေးစားလုပ်ငန်းတွေပဲဖြစ်တဲ့အတွက် အခုချိန်မှာ စတင်မလုပ်ဆောင်ဘူးဆိုရင် ကိုယ့်ရဲ့ကိုယ်ပိုင်တံခါးတွေလည်း မကြာခင်မှာ ပိတ်သွားနိုင်ပါတယ်။

Zawgyi Version
ေလာ့ခ္ေဒါင္းေတြ ျပန္ဖြင့္ေပးလိုက္ခ်ိန္မွာ Agent ေတြနဲ႔ Broker ေတြ ပိုၿပီး ေနရာရလာႏိုင္
************
ႏိုင္ငံအမ်ားစုက ယာယီပိတ္ဆို႔ထားမႈေတြကို ျပန္လည္ဖြင့္ေပးလိုက္ခ်ိန္မွာ  ကမာၻ႔စီးပြားေရးတံခါးေတြက လြန္ခဲ့တဲ့ ႏွစ္လတုန္းကနဲ႔ လုံးဝမတူေတာ့ပါဘူး။ ဥပမာ အိမ္နီးခ်င္းႏိုင္ငံမွာရွိတဲ့ စီးပြားေရးေတြက ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ပါတ္ခ်င္မွ လည္ပါတ္ႏိုင္ပါေတာ့မယ္။ အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ျပည္နယ္ (၅၀) အနက္ (၂၂) ျပည္နယ္က အေသးစားစီးပြားေရးလုပ္ငန္းေတြဟာ COVID-19 ေၾကာင့္ ဆုံးရႈံးမႈမ်ားႏိုင္တဲ့ အႏၲရာယ္မွာရွိေနတယ္လို႔ McKinsey & Company အဖြဲ႕က ခန႔္မွန္းထားပါတယ္။ ဒီအေျခအေနဟာ ကမာၻေပၚက တျခားႏိုင္ငံေတြအတြက္လည္း ေကာင္းမြန္တဲ့ အေနအထားတစ္ခုမဟုတ္ပါဘူး။
မတ္လတုန္းက ကေနဒါႏိုင္ငံမွာရွိတဲ့ Canadian Federation of Independent Businesses (CFIB) အဖြဲ႕ဝင္ (၉၆၇၈) ေယာက္ကို  စစ္တမ္းတစ္ခုေကာက္ယူခဲ့ပါတယ္။ ထိုစစ္တမ္းအရ ပိတ္ထားရတဲ့ စီးပြားေရးလုပ္ငန္းေတြရဲ႕ သုံးပုံတစ္ပုံခန႔္က ျပန္ဖြင့္ႏိုင္ဖို႔ မေသခ်ာၾကဘူးလို႔ ေဖာ္ျပထားပါတယ္။ တစ္ခ်ိန္ထဲမွာပဲ ဩစေၾတးလ်ႏိုင္ငံမွာရွိတဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြ ထုတ္ျပန္ေပးတဲ့ အဖြဲ႕အစည္းေတြက က႑အသီးသီးမွာရွိတဲ့ စီးပြားေရးလုပ္ငန္းေတြရဲ႕ သုံးပုံႏွစ္ပုံခန႔္ဟာ ကပ္ေရာဂါႀကီးေၾကာင့္ ေငြစီးဆင္းမႈနဲ႔ ဝင္ေငြေတြမွာ ထိခိုက္မႈေတြရွိေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဥေရာပတစ္ဝွမ္းမွာရွိတဲ့ စီးပြားေရးေတြကလည္း အလားတူစြာပါပဲ။ အာရွႏိုင္ငံေတြမွာလည္း ကားလမ္းပိတ္တာေတြ လနဲ႔ခ်ီ ေလ်ာ့နည္းသြားရျခင္းက ခရီးသြားေတြအကုန္လုံး ေႏြရာသီအားလပ္ရက္မွာ အိမ္မွာပဲ ေနေနၾကရလို႔ျဖစ္ေၾကာင္း ေျပာထားပါတယ္။
ကပ္ႀကီးအတြင္း ေပၚေပါက္လာတဲ့ စစခ်င္းအခက္အခဲေတြမွာ အေသးစားလုပ္ငန္းေတြအေနနဲ႔ ဘယ္လိုရင္ဆိုင္ေျဖရွင္းမလဲဆိုတာ Agent ေတြ၊ Broker ေတြအတြက္ ေတာ္ေတာ္အေရးႀကီးပါတယ္။ Agent ေတြ၊ Broker ေတြနဲ႔ အလုပ္လုပ္ကိုင္သူအမ်ားစုက SMBs လို႔ေခၚတဲ့ အေသးစားလုပ္ငန္းလုပ္ကိုင္သူေတြျဖစ္တာေၾကာင့္ အလြန္အေရးပါေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ စီးပြားေရးကို (၉၀) ရာခိုင္ႏႈန္းနဲ႔ အထက္က အေသးစားစီးပြားေရးလုပ္ငန္းေတြနဲ႔ ဖြဲ႕စည္းထားတာကလည္း တစ္ေၾကာင္းျဖစ္ပါတယ္။
SMBs ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ကာလရွည္ ေလာ့ခ္ေဒါင္းမွာ ခံႏိုင္ခဲ့တယ္ဆိုရင္ေတာင္မွ ေရရွည္ေအာင္ျမင္ဖို႔အတြက္ စဥ္းစားထားဖို႔လိုပါတယ္။ ေရရွည္ေအာင္ျမင္မႈက ေနာက္ထပ္ပိတ္ဆို႔မႈေတြ ထပ္ျဖစ္လာတဲ့အခါ ဘယ္လို စြမ္းေဆာင္သြားႏိုင္မလဲဆိုတဲ့ အေပၚမွာမူတည္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္က ဒုတိယလႈိင္းအေနနဲ႔ ေႏြဦးရာသီမွာ ျပန္လည္႐ိုက္ခတ္ႏိုင္ေၾကာင္း ပညာရွင္ေတြက သတိေပးထားတဲ့အတြက္ေၾကာင့္လည္း ျဖစ္ပါတယ္။
ဒီလိုအခက္အခဲေတြေၾကာင့္  ကပ္ႀကီးအတြင္းမွာေရာ၊ ကပ္ႀကီးၿပီးတဲ့အခ်ိန္မွာပါ Agent ေတြနဲ႔ Broker ေတြက စီးပြားေရးလုပ္ငန္းေတြကို အကူအညီေပးႏိုင္တဲ့ အေရးႀကီးတဲ့အခန္းက႑မွာက်ေရာက္လာၾကပါတယ္။ အခုအခ်ိန္မွာအာမခံထားသူ အမ်ားစုဟာ သူတို႔ရဲ႕ အာမခံနဲ႔ပါတ္သတ္ၿပီး အာမခံအႀကံေပးေတြဆီမွာ  ေမးခြန္းေတြအမ်ားႀကီးေမးေနၾကပါတယ္။ သူတို႔ရဲ႕ ပိုင္ဆိုင္မႈအာမခံေတြက  ႐ုံးခန္းေတြ ဆိုင္ေတြကို အခ်ိန္အၾကာႀကီး ပိတ္ထားရတဲ့အခ်ိန္မွာ ေဖာက္ထြင္းခိုးယူမႈေတြျဖစ္ခဲ့ရင္ ေျဖရွင္းေပးသလိုမ်ိဳး  စီးပြားေရးလုပ္ငန္းတုံ႔ဆိုင္းမႈေတြနဲ႔ COVID-19 ေၾကာင့္ျဖစ္ေပၚလာတဲ့ ျပႆနာေတြကိုပါ အာမခံေပးလားဆိုတာ အမ်ားစုက သိခ်င္လာၾကပါတယ္။
ကမာၻတစ္ဝွမ္းျဖစ္ပြားခဲ့တဲ့ က်န္းမာေရးကပ္ေဘးေၾကာင့္ တစ္ဦးတစ္ေယာက္ခ်င္းစီအေနနဲ႔ေရာ လုပ္ငန္းတိုင္းပါ ထိခိုက္ဆုံးရႈံးမႈေတြ ရွိခဲ့ၾကပါတယ္။ ဒီလိုအခ်ိန္မွာ အာမခံ Agent ေတြနဲ႔ Broker ေတြက စီးပြားေရးလုပ္ငန္းေတြအတြက္ အယုံၾကည္ရဆုံး အႀကံေပးေတြျဖစ္လာပါတယ္။ ဒီလိုအခ်ိန္မွာ အာမခံထားရွိသူေတြနဲ႔ ဆက္ဆံေရးေတြ ျပန္လည္တည္ေဆာက္ၿပီး Agent ေတြနဲ႔ Broker ေတြရဲ႕ အခန္းက႑က ဘယ္ေလာက္အေရးပါတယ္ဆိုတာ ျပန္လည္သိသာလာေအာင္ ျပဳလုပ္ရပါမယ္။ အာမခံကုမၼဏီေတြက ကပ္ေရာဂါနဲ႔ပါတ္သတ္ၿပီး ထုတ္ျပန္ေၾကညာထားတဲ့ အမ်ိဳးအစားအေၾကာင္းအရာေတြကို အြန္လိုင္းကပဲျဖစ္ျဖစ္ရွာေဖြၿပီး ပိုနားလည္ေအာင္လုပ္ထားမယ္ဆိုရင္ ကိုယ့္ေဖာက္သည္ေတြကို အက်ိဳးအျမတ္ရႏိုင္ေအာင္ ကူညီေပးႏိုင္မွာပဲျဖစ္ပါတယ္။
Agent ေတြနဲ႔ Broker ေတြ ကူညီေပးႏိုင္တဲ့ေနာက္တစ္ခ်က္ကေတာ့ ေလာ့ခ္ေဒါင္းေတြေျဖေလ်ာ့လိုက္တဲ့အခါ ေဘးအႏၲရာယ္ကင္းရွင္းစြာနဲ႔ လုပ္ငန္းေတြ ျပန္လည္ပါတ္ႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ဘယ္လုပ္ငန္းအမ်ိဳးအစားေတြကို အစိုးရက ေငြေၾကးေထာက္ပံ့ကူညီေပးေနတယ္၊ ပစၥည္းပ်က္စီးျခင္းႏွင့္ လုပ္ငန္းရပ္ဆိုင္းဆုံးရႈံးမႈအာမခံေတြက ဘယ္လိုအေနအထားနဲ႔ တုံ႔ျပန္ႏိုင္တယ္၊ ဘယ္လို အဆင့္ေတြနဲ႔သြားရင္ အာမခံေလ်ာ္ေၾကးရႏိုင္တယ္ စသျဖင့္ကို ကူညီလမ္းၫႊန္ေပးႏိုင္ရပါမယ္။
 ဒါ့အျပင္ Agent ေတြ၊ Broker ေတြ အေနနဲ႔ တက္ကြၽမ္းတဲ့ စီမံခန႔္ခြဲမႈစြမ္းရည္ေတြကို အသုံးခ်ၿပီး လုပ္ငန္းတစ္ခု က်ေရာက္ႏိုင္တဲ့ အႏၲရာယ္ကို ႀကိဳတင္ေတြးဆထားရပါမယ္။ အာမခံထားရွိသူေတြရဲ႕ လုပ္ငန္းကို အာမခံေျဖရွင္းခ်က္ေပးဖို႔တစ္ခုထဲနဲ႔ ကူညီဖို႔မလုံေလာက္ေတာ့ပါဘူး။ စီးပြားေရးလုပ္ငန္းေတြမွာ ကို႐ိုနာဗိုင္းရပ္စ္႐ိုက္ခတ္မႈက ႏွစ္ေတာ္ေတာ္ၾကာေအာင္ ရွိေနဦးမွာ ျဖစ္တဲ့အတြက္ လုပ္ငန္းေတြအေနနဲ႔ ေရွ႕ႏွစ္ေတြမွာ ျဖစ္ေပၚလာႏိုင္တဲ့ ဆုံးရႈံးမႈအႏၲရာယ္ကို ႀကိဳတင္တြက္ဆထားဖို႔လိုလာပါၿပီ။ ေနာက္ထပ္ COVID-19 ဒုတိယလႈိင္းနဲ႔ တတိယလႈိင္းေတြ ျဖစ္လာၿပီး ပိတ္ဆို႔မႈေတြ ထပ္ျဖစ္ခဲ့ရင္ စီးပြားေရးလုပ္ငန္းေတြေနနဲ႔ မိမိဝန္ထမ္းေတြနဲ႔ ဝယ္ယူအားေပးသူေတြကို ဘယ္လိုကာကြယ္ရမလဲဆိုတာလည္း သိဖို႔လိုလာပါၿပီ။ Agent ေတြနဲ႔ Broker ေတြဆီမွာ စုေဆာင္းထားတဲ့ အခ်က္အလက္ေတြ အမ်ားႀကီးရွိတာေၾကာင့္ အာမခံထားရွိသူေတြကို လိုအပ္တဲ့ အခ်က္အလက္ေတြ ေျပာျပေပးလို႔ရပါတယ္။

အာမခံထားရွိသူေတြနဲ႔ ဆက္သြယ္ႏိုင္မယ့္ နည္းလမ္းအမ်ိဳးမ်ိဳးကိုလည္း သိရွိထားဖို႔ကလည္း အေရးႀကီးပါတယ္။ အြန္လိုင္းေပၚမွာ မိတ္ေဆြအျဖစ္ ရွိေနမယ္ဆိုရင္ Agent ေတြ၊ Broker ေတြက ပိုရွာရလြယ္ၿပီး client ေတြ သေဘာက်တဲ့ ဘယ္ဆက္သြယ္မႈလမ္းေၾကာင္းကေနမဆို ထိထိေရာက္ေရာက္လည္း တုန႔္ျပန္ႏိုင္ပါတယ္။
အာမခံလုပ္ငန္းနယ္ပါယ္မွာ ကြၽမ္းက်င္သူေတြက အေပၚကနည္းလမ္းအခ်ိဳ႕ (သို႔) အကုန္လုံးကို အသုံးျပဳေနၾကပါၿပီ။ ဒါေပမယ့္ ကပ္ႀကီးက ၿပီးဆုံးေယာင္မျမင္ေသးဘူးဆိုၿပီး သူတို႔ရဲ႕ အားေတြကိုေတာ့ မေလွ်ာ့လိုက္ၾကပါဘူး။ အခုလိုအခ်ိန္မွာ Agent ေတြ Broker ေတြက client ေတြကို အၿမဲ သတင္းအခ်က္အလက္ေတြေပးေနၿပီး သူတို႔အတြက္ အၿမဲရွိအသင့္ရွိေနတာကို သိရတဲ့အခါ အာမခံထားရွိသူေတြအေနနဲ႔ သေဘာက်ၾကပါတယ္။ ဒါေပမယ့္ ထိုလုပ္ရပ္ေတြဟာ အာမခံလုပ္ငန္း ေရရွည္ခိုင္ၿမဲတည္တံဖို႔အတြက္လည္း အေရးႀကီးတဲ့ စြမ္းေဆာင္ခ်က္ေတြျဖစ္ပါတယ္။ မည္သို႔ပင္ဆိုေစကာမူ အာမခံေအဂ်င္စီလုပ္ငန္းေတြကလည္း အေသးစားလုပ္ငန္းေတြပဲျဖစ္တဲ့အတြက္ အခုခ်ိန္မွာ စတင္မလုပ္ေဆာင္ဘူးဆိုရင္ ကိုယ့္ရဲ႕ကိုယ္ပိုင္တံခါးေတြလည္း မၾကာခင္မွာ ပိတ္သြားႏိုင္ပါတယ္။
Ref: Insurance Business Magazine