![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8X_xD-J4dc3ar4bdQTSVhnn6Cblq4p2GBE2IScNTM9me02hsXnL2aHSKZxNFO97p3ypWEBIhb6l_aVXqHj6rwkx2WC8Hk0QozcmjIa4ZmPstiyY8Fs5GeRvggRs3IkJ0-7rP6gnq6NFp9/s640/DHHM+2+copy.jpg)
The Malaysian Insurance Institute Fellowship Member ဖြစ်သူ ဒေါ်လှလှမွန်နှင့် တွေ့ဆုံမေးမြန်းခြင်း
ထွန်းသစ်စ မြန်မာ့အာမခံလုပ်ငန်းနယ်ပယ်မှာ အာမခံပညာရပ်ကို စိတ်ဝင်စားသူတွေ တိုးတက်များပြား လာပါတယ်။ လူငယ်အများအပြားဟာ အာမခံလုပ်ငန်းကို စိတ်ဝင်စားလာတာနဲ့အမျှ အာမခံပညာရပ်တွေကို လေ့လာသင်ယူချင်လာကြပါတယ်။ ဒါကြောင့် လူငယ်တွေဟာ အာမခံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်း အနေနဲ့ ရွေးချယ်လာခဲ့ရင် အာမခံပညာရပ်တွေကို ဘယ်လို လေ့လာ သင်ယူသင့်သလဲဆိုတာကို The Malaysian Insurance Institute Fellowship Member ဖြစ်သူ ဒေါ်လှလှမွန်နဲ့ Myanmar Insurance News က တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။
အာမခံ ပညာရပ်ကို ဘယ်အဆင့်ထိ သင်ရမလဲ ဆိုတာ Fellow Degree လို့ခေါ်တဲ့ အာမခံထဲမှာ Malaysia Insurance Institute က အမြင့်ဆုံးကို ရထားတာတောင် ဆရာမ သင်လို့မပြီးသေးပါဘူး။ ဒါဟာ စကားကို လှအောင် ပြောတာမဟုတ်ဘူး။
မြန်မာပြည်မှာ အခုလို လက်တော့တွေ ပေါ်လာတယ်၊ ဆော့ဖ်ဝဲလ်တွေ ပေါ်လာမယ်။ အဲဒီလို ဆော့ဖ်ဝဲလ်တွေ အတွက် Cyber Attack ဆိုတာရှိတယ်။ အဲဒီလို attack တွေအတွက် ဘာလိုလာမလဲ ဆိုတော့ Insurance လိုလာပြန်တယ်။
အဲဒီ Cyber Attack တွေကို အကာအကွယ်ပေးမယ့် Insurance ပေါ့။ နောက် အာကာသထဲကို ဒုံးပျံလွှတ်တင်တဲ့ ဘဝဖြစ်လာရင်လည်း အဲဒီမှာ ဘာ insurance ဘလာဦးမလဲ မသိဘူး။ နည်းပညာတစ်ခုပြီး တစ်ခုပေါ့။
ဥပမာ အခုဆိုရင် COVID-19 ပေါ်လာတဲ့အခါ ဒီ Pandemic နဲ့ ပတ်သက်လို့ နောက်က Insurance က ဆုံးရှုံးမှုတွေ နောက်က လိုက်ရတယ်။ အဲဒီတော့ စီးပွားရေးတွေ၊ နိုင်ငံရေး၊ လူမှုရေး အခြေအနေတွေ နိုင်ငံတခုရဲ့ လိုအပ်ချက် ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေရဲ့ လိုအပ်တဲ့ အပေါ်မူတည်ပြီး အာမခံပညာရပ်ဟာ ဖြည်းဖြည်းချင်း ပြောင်းပြီးတော့ လိုက်ပြီးတော့ လိုအပ်ချက်မှန်သမျှလုပ်ပေးနေရတာပေါ့ ။
နမူနာပြောရရင်တော့ ပထမဦးဆုံး အင်္ဂလန်ကနေ သဘောၤကြီးရွက်လွှင့်လာတဲ့ အခါ သဘောၤကြီး မြုပ်သွားတော့ သူ့ကို ငါတို့ ကူညီကြရအောင် ဆိုပြီး ကူညီကြတဲ့အနေအထားကနေပြီးတော့ ပိုက်ဆံတွေ စုထည့်ကြ ရန်ပုံငွေထောင်ပြီးတော့ သိမ်းမြစ်ကမ်း ဘေးနားမှာ ရှိတဲ့ အက်ဒ်ဝစ်လွိုက် ဆိုတဲ့ လူရဲ့ ကော်ဖီဆိုင်လေးမှာ စုပြီးတော့ စာရင်းသွင်းတာကနေ စပြီးတော့ ကမ္ဘာကြီးမှာ အာမခံ လုပ်ငန်းဆိုတာ ပေါ်လာတယ်။ ဟိုတုန်းကတော့ သဘောၤအာမခံတွေ၊ ပစ္စည်း သယ်တာတွေပေါ့။
အဲဒီလို စလာတာကနေ ၁၆ ရာစုရောက်လာတော့ လန်ဒန်မှာ မီးအကြီးအကျယ်လောင်တဲ့ အခါကျတော့ အဲလီဇဘက် ဘုရင်မကြီးက ငါတို့အတွက် မီးအာမခံရော မရှိဘူးလား။ ဒီမှာ ငါတို့အကုန်လုံး ဆုံးရှုံး ကုန်ပြီဆိုတော့ မီးအာမခံဆိုတာ ပေါ်လာပြန်ရော။
စပြီးပေါ်တာက ဂျာမနီမှာ ဟန်းဘက်မှာ မြူနီစီပယ်က သူ့ခြံဝင်းလေး လှပပြီးအောင် လုပ်နေတဲ့ အချိန်မှာ တစ်အိမ်က မီးလောင်သွားတယ်။ ဒီအိမ်ကို မီးလောင်သွားတာ ပြန်ပြင်ပြန်ပြင် မင်းအခုပြန်ပြင်လို့ ပြောလို့ သူ့မှာလည်း ပြန်ပြင်နိုင်တဲ့ အင်အားမရှိဘူး။ မီးဘေးဒုက္ခသည်ဆိုတော့ အားလုံးက ဝိုင်းထည့်လိုက်တော့။ နောက်တော့ မြူနီစီပယ် လူကြီးက စိတ်ဝင်စားသွားတယ် အားလုံးဆီက ပိုက်ဆံတွေစုပြီး Fund လုပ်ထားမယ်။ လုပ်ထားပြီး ပြင်ပေးမယ်။ အဲဒီ အတွေးတွေကနေ Insurance ဆိုတာ တဖြည်းဖြည်းပေါ်လာတာ။ ဘယ်ကနေ စပေါ်လာပြီး ဘယ်တော့ ဆုံးမလဲဆိုတော့ မဆုံးဘူး။
ဘယ်အချိန်အထိ သင်ရမလဲဆိုတော့ အခုလူငယ်တွေက လုပ်ကိုင်ချင်တယ်ဆိုရင် အာမခံ ပညာရပ်ကို သေချာကို သင်ရမှာပါ။ ရုံးထဲကိုလာပြီးတော့ Procedures အတိုင်း ကွန်ပြူတာမှာ ဒီစာရင်းသွင်းတယ် လူကြီးတွက်လိုက်တဲ့ အတိုင်း ဒါလေးကို ပရင့်ထုတ်လိုက်တယ် ဒါလေးကို ပေးလိုက်တယ် ဆိုတာက လွယ်တယ်။ ဘယ်ဌာနမှာမဆိုလွယ်တ်။ လုပ်ငန်းရဲ့ လုပ်ကိုင်တဲ့ အဆင့်တွေပေါ့။
ဒါပေမယ့် အဲဒီနောက်မှာ လိုက်လာတဲ့ အာမခံ ပညာရပ်က မလွယ်ဘူး။ ဘာမှမသိသေးတဲ့ လူတစ်ယောက်က အာမခံထားချင်တယ်ဆိုရင် သူ့အတွက် သင့်တော်တဲ့ အာမခံပေါ့။ ဥပမာကောလိပ်တစ်ခုမှာဆိုရင် ကျောင်းသားတွေလာမယ်။ Personal Accident လိုမယ်။ ကိုယ်အင်္ဂါထိခိုက်မှုပေါ့။ ကျောင်းသားတွေက လိုမယ်လေ ကျောင်းသားတွေဆိုတော့ တွန်းလိုက်တိုက်လိုက် ခုန်လိုက် စားပွဲပေါ်က ပြုတ်ကျလိုက်ပေါ့။ အဲဒီအခါ ကျောင်းအုပ်ကြီးက ဖြစ်ဖြစ် သင်တန်းဆရာမက ဖြစ်ဖြစ် ဒီကလေးအတွက် ဒဏ်ရာရသွားရင် သူ့မှာတာဝန်ရှိတယ်။ အဲဒီတော့ ထပ်လာတယ်။ Labiality Insurance တာဝန်ရှိမှု အာမခံပေါ့။
အဲဒီတော့ သူ့စီးပွားရေးနဲ့သူ လိုအပ်ချက်တွေ လိုက်ပြောင်းနေတဲ့ အတွက်ကြောင့် လက်ရှိ အာမခံ လုပ်ငန်း ဆိုတာ စီးပွားရေး လုပ်ငန်းရှင်တွေက မသိသေးတာပေါ့။ အာမခံလုပ်ငန်းရဲ့ အကျိုးရှိမှုကို မြန်မာပြည်က စီးပွားရေး လုပ်ငန်းရှင်တွေက မသိသေးတာ။ မသိသေးတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို အာမခံလောကထဲက လူတွေရဲ့ တာဝန်။ ဆရာမတို့ မပြောပြနိုင်ခဲ့ဘူး။ ဆရာမတို့ မပြောပြခဲ့ဘူး။
နှစ်ပေါင်းများစွာ နိုင်ငံပိုင် အစိုးရပိုင် ဖြစ်ခဲ့တဲ့ အခါကျတော့ ဝန်ထမ်းတွေလိုပဲ နေခဲ့ကြတယ်ပေါ့။ ၁၉၉၄ ကျမှ ကိုယ်စားလှယ်တွေ ပေါ်လာပြီး ကိုယ်စားလှယ်တွေ ခန့်ထားတာပေါ့။ ဒါပေမယ့် ကိုယ်စားလှယ်တွေကလည်း Knowledge full ဖြစ်ပြီလားဆိုတော့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာမတို့ဆီမှာ ဘာသာရပ်တစ်ခု တည်းကိုပဲ အလေးထားပြီးတော့ သင်နေတဲ့ သီးခြားကျောင်းဆိုတာ မရှိဘူး။
ဘယ်လိုအတိုင်းအတာ အန္တရာယ်တွေကို ခွဲခြားမလဲ။ ဘယ်လိုအတိုင်းအတာ ပရီမီယံကောက်မလဲဆိုတာကို အဆင့်ဆင့် တတ်မြောက်သွားဖို့လိုတယ်။ လေ့လာဖို့လိုတယ်။ အဲဒီလိုလေ့လာဖို့လိုတဲ့အတွက် အာမခံပညာရပ်ကို သေသေချာချာ လေ့လာရမယ်။ ကျန်းမာရေး အာမခံဆိုရင် ဘယ်လိုဆေးစစ်မယ် ဘယ်လိုနှုန်းနဲ့ ကောက်မယ် ဘယ်လိုအကာအကွယ်တွေ ပေးမယ်။ အာမခံဝယ်လိုက်တယ်ဆိုရင် သိန်း ၁၀၀ တန်ကားကို ဝယ်လိုက်ရင် သိန်း ၁၀၀ လုံးပေးထားရတာ မဟုတ်ဘူး ၁ သိန်းလောက် ယူထားတာ။ ၁ သိန်း ၁သိန်းနဲ့ လူ ၁၀၀ ဆီက ပိုက်ဆံကို ယူပြီးတော့ Fund လို ရန်ပုံငွေလို ထည့်ထားပြီးတော့ အဲဒီရန်ပုံငွေ သိန်း ၁၀၀ ထဲကမှ တစ်စီးဖြစ်ရင်၊ နှစ်စီးဖြစ်ရင် ပေးရမှာ အဲဒီတော့ ဒီလို စုထားတဲ့ ရန်ပုံငွေထဲမှာ လာထည့်တဲ့ အချိန်မှာ ကားတွေ အများကြီး ရမှ ရန်ပုံငွေက ရမှာ။
အဲဒါကို အများအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အများ ဆိုပြီးတော့ ငယ်ငယ်တုန်းက အာမခံမှာ ဆောင်ပုဒ်တခုနဲ့ လုပ်လာတာ။ အများထည့်လိုက်တဲ့ ပိုက်ဆံထဲကနေပြီးတော့ ဆုံးရှုံးတဲ့သူဆီ ပြန်ကုစားပေး တာပေါ့။ တစ်ယောက်ချင်း တစ်ယောက်ချင်းက အများကြီးကို စုပေးတဲ့ စနစ်ပေါ့။
ဒါကို အာမခံ ပညာရပ်မှာတော့ Large Number of Similar Risk လို့ ခေါ်တယ်။ ဆင်တူ အန္တရာယ်တွေ အများကြီးလာဖို့ လိုတယ်။ စည်းရုံးရေး ဆင်းရမယ် Marketing သွားရမယ် ကိုယ်စားလှယ်တွေဆီ သွားရမယ်။ ကိုယ်စားလှယ်တွေကို နည်းပညာတွေ ပြန်ပြီးပို့ချပေးရမယ်။
အဲဒီတော့ အာမခံပညာရပ်က အများကြီးကျယ်ပြန့်တယ်။ ဘယ်အဆင့်ထိရှိလဲ ဆိုတာ သူရောင်းနေတဲ့ မော်တော် ကားအာမခံ၊ မီးအာမခံ၊ အသက်အာမခံ အဲဒီလို Property တွေရဲ့ နာမည်မျိုးစုံရှိတယ်။ ထပ်ပြီးတော့ နိုင်ငံတော်က ခွင့်ပြုလိုက်တဲ့ အင်ဂျင်နီယာ အာမခံတွေ၊ အဲဒီလို အာမခံတွေအားလုံးကို ဘယ်လိုဖြစ်ရင် လျော်မယ် ဘယ်လိုဖြစ်ရင် မလျော်ဘူး ဘယ်လိုအတိုင်းအတာ အန္တရာယ်တွေကို ပိုင်းခြားခွဲခြားမလဲ ဘယ်လိုပရီမီယံတွေ ကောက်မလဲ အဆင့်ဆင့် လေ့လာဖို့ လိုတယ်။
အဲဒီလို လေ့လာဖို့ လိုတဲ့အတွက်ကြောင့် ပညာရပ်ကို သင်ကြားပေးဖို့ ကျောင်းတို့ သင်တန်းတို့ မရှိလို့ ဆရာမ အခုလိုမျိုး သင်နေတာ။ မပြီးဆုံးသေးဘူး။ ဆရာမကြီးကိုယ်တိုင်ကိုယ်က မပြီးသေးဘူး။ ဥပမာ Property တွေနဲ့ ပတ်သက်ရင် risk တွေနဲ့ ပတ်သက်ရင် Define လုပ်တတ်တယ်။ ဒါပေမယ့် သေသေချာချာ ကျွမ်းကျင်တဲ့ သူတွေ ဖြစ်သွားဖို့အတွက် လေ့လာသင်ယူနေဖို့လိုတယ်။ အဲဒီလိုမျိုးလူငယ်တွေဟာ လေ့လာသင်ယူဖို့ လိုတယ်။
အာမခံပညာရပ်ကို သင်ကြားပေးဖို့ ကျောင်းဆိုရင် အခုချိန်ဆိုရင် ကိုယ်စားလှယ်တွေကို သင်နေတဲ့ NIM ဆိုတာ ပေါ်လာပြီ။ စပေါ်လာပြီ။
အရင်တုန်းကဆိုရင်တော့ မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ်အထိ Burma Insurance Institute ဆိုပြီးပေါ်လာခဲ့တယ်။ CRI ရဲ့ affiliate အနေနဲ့ အင်္ဂလန်ကျောင်းရဲ့ သင်ရိုးညွှန်းတန်းတွေကို ယူပြီးတော့ သင်တဲ့အနေနဲ့ ပေါ်ထားခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီလို ကျောင်းတွေ သီးခြားမရှိခဲ့ဘူး။ သင်တန်းတွေဆိုတာ ဌာနတွင်း သင်တန်းတွေနဲ့ပဲ ပြီးသွားခဲ့တယ်။
ဆရာမကြီးက ဌာနတွင်းမှာ သင်တန်းတွေ ပို့ချခဲ့တယ်။ ရရ ရနိုင်သလောက် အချိန်ယူပြီးပို့ချပေမယ့် သေသေ ချာချာ emphasize လုပ်ပြီး ဂရုတစိုက် မသင်နိုင်ခဲ့ဘူး။ အခု အငြိမ်းစားယူတဲ့အတွက် အဲဒီလိုဟာမျိုးကို သင်ပေးဖို့ ဆရာမကြီးကိုယ်တိုင် လေ့လာနေမှု မပြီးဆုံးသေးပေမယ့် ဆရာမကြီးသင်နေတာ ကိုယ်တိုင်လည်း လေ့လာလို့ မပြီးသေးတော့ ကလေးတွေအတွက်လည်း အားလုံးအတွက် သင်ပေးနေတာ။ The Malaysian Insurance Institute က သင်ရိုးညွှန်းတန်းကို ဗမာလို ဘာသာပြန်ပြီး သင်ပေးနေတာ။
ဗမာလို ဘာသာပြန်မှ လူတွေအားလုံးရဲ့ အတွေးအခေါ်က ဗမာလို နားလည်မှာ။ အင်္ဂလိပ်စာကိုဖတ် အင်္ဂလိပ်လိုပဲ ABC ရွေးပြီး ဖြေလိုက်ရင် လူတိုင်းအလွတ်ကျက်တဲ့ကလေးတွေ Fresh Graduate တွေ အကုန်ဖြေနိုင်မှာပဲ။ ဒါပေမယ့် သဘောမပေါက်ဘူး။ ကိုယ်စားလှယ်ကြီးတွေပါ သဘောပေါက်အောင် ပညာအရည်အချင်း အမျိုးမျိုး၊ အသက်အရွယ်အမျိုးမျိုးကို ဘာသာပြန်ပြီး သင်နေတာ။
ကိုယ့်ဘာသာစကားနဲ့ နားလည်မှ အာမခံလောကမှာ သင်တန်းထဲက စာတွေကို လက်တွေ့လုပ်ငန်းထဲမှာ Apply လုပ်နိုင်မှာ။ လက်တွေ့လုပ်ငန်းထဲမှာ Apply လုပ်နိုင်မှ အဲဒီအာမခံလုပ်ငန်းကြီးက တိုးတက်မှာ။ အာမခံလုပ်ငန်းတွေကို လက်တွေ့အသုံးချနိုင်ဖို့ တွေးခေါ်နိုင်ဖို့ အင်္ဂလိပ်လို စာတွေဖတ်ပြီး လေ့လာတာထက်၊ အလွတ်ကျက်တာထက် ဗမာလို နားလည်ဖို့ လိုတယ်။
အဲဒါကြောင့်မို့ ဗမာပြည်မှာ လက်တွေ့ကိုယ်စားလှယ်ကြီးတွေက အသက်အရွယ် အပိုင်းအခြားတစ်ခု ရောက်နေပြီဆိုတော့ သူတို့လည်း လက်တွေ့ Apply လုပ်ရင်း သင်သွားလို့ရမယ်။ ဒါပေမယ့် အနာဂတ်မှာ လူငယ်တွေမှာ ဦးဆောင်သွားကြမှာ။ ဆရာမကြီးတို့ သိတဲ့ပညာထက် အဲဒီဟာကို သိလို့ ဆရာမကြီးတို့ထက် ပိုသိ၊ ပိုတတ်ပြီးတော့ ပိုပြီး Create လုပ်နိုင်လို့ ပိုပြီးကောင်းသွားမယ့် နောက်အနာဂတ်အတွက် လူငယ်တွေကို အားကိုးတဲ့အတွက် လူငယ်တွေကို အခမဲ့သင်ပေးနေတယ်။
လူငယ်တွေအတွက် အလုပ်ကိုစလုပ်တော့မယ်ဆိုရင် Procedure တွေထက်၊ ဒီစာတွေ ပညာရပ်တွေက ဘယ်လို Apply လုပ်ရမယ်ဆိုတာ ဘာသာရပ်ကို လက်တွေ့ လုပ်ငန်းနဲ့ Apply လုပ်နိုင်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ လက်တွေ့ အာမခံလုပ်ငန်းက စီးပွားရေးရှိနေရင် စီးပွားရေးတွေ ရှိနေတိုင်း အဲဒီစီးပွားရေးက မဆုံးရှုံးရအောင် ပြန်ကုစားပေးဖို့ စီးပွားရေးစနစ်တွေ ပြောင်းတိုင်း အာမခံစနစ်တွေက လိုက်လိုက်ပြောင်းပြီး တည်ရှိနေမှာမို့ အားလုံးအတွက် အာမခံလုပ်ငန်းကို လူငယ်တွေ အကုန်လုံး သိဖို့လိုတယ်။
စာသင်ခန်းထဲတင် မကဘူး လက်တွေ့လောကထဲမှာ သိပြီးတော့မှ လျော်ကြေးတွေကို ဘယ်လိုပိုင်းခြား ဆုံးဖြတ်မလဲ ဆိုတဲ့ အထိကို သိဖို့ လိုတယ်။ မြန်မာပြည်က မြန်မာလူငယ်တွေအတွက် မြန်မာအာမခံ လုပ်ငန်းတွေအတွက် ဝန်ထမ်းတွေအတွက် အများကြီး လေ့လာဖို့ လိုပါတယ်။
Zawgyi Version
“ျမန္မာျပည္က ျမန္မာလူငယ္ေတြအတြက္ ျမန္မာအာမခံ လုပ္ငန္းေတြအတြက္ ဝန္ထမ္းေတြအတြက္ အမ်ားႀကီး ေလ့လာဖို႔ လိုပါတယ္”
The Malaysian Insurance Institute Fellowship Member ျဖစ္သူ ေဒၚလွလွမြန္ႏွင့္ ေတြ႕ဆုံေမးျမန္းျခင္း
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCFsYODwjHuYfAHprBAogCuDZGMJ_QEZ3hdJhVMlNRnQYTByKkJMkdlPTJOziLMHryWNMdSTwOmTFtnHhAWJ2XPmFoUZW5KCe7pdgTA55hjEMnhhPyTYlzuopCOoYThC0kAaFP9tHYEsVl/s320/DHHM+copy.jpg)
အာမခံ ပညာရပ္ကို ဘယ္အဆင့္ထိ သင္ရမလဲ ဆိုတာ Fellow Degree လို႔ေခၚတဲ့ အာမခံထဲမွာ Malaysia Insurance Institute က အျမင့္ဆုံးကို ရထားတာေတာင္ ဆရာမ သင္လို႔မၿပီးေသးပါဘူး။ ဒါဟာ စကားကို လွေအာင္ ေျပာတာမဟုတ္ဘူး။
ျမန္မာျပည္မွာ အခုလို လက္ေတာ့ေတြ ေပၚလာတယ္၊ ေဆာ့ဖ္ဝဲလ္ေတြ ေပၚလာမယ္။ အဲဒီလို ေဆာ့ဖ္ဝဲလ္ေတြ အတြက္ Cyber Attack ဆိုတာရွိတယ္။ အဲဒီလို attack ေတြအတြက္ ဘာလိုလာမလဲ ဆိုေတာ့ Insurance လိုလာျပန္တယ္။
အဲဒီ Cyber Attack ေတြကို အကာအကြယ္ေပးမယ့္ Insurance ေပါ့။ ေနာက္ အာကာသထဲကို ဒုံးပ်ံလႊတ္တင္တဲ့ ဘဝျဖစ္လာရင္လည္း အဲဒီမွာ ဘာ insurance ဘလာဦးမလဲ မသိဘူး။ နည္းပညာတစ္ခုၿပီး တစ္ခုေပါ့။
ဥပမာ အခုဆိုရင္ COVID-19 ေပၚလာတဲ့အခါ ဒီ Pandemic နဲ႔ ပတ္သက္လို႔ ေနာက္က Insurance က ဆုံးရႈံးမႈေတြ ေနာက္က လိုက္ရတယ္။ အဲဒီေတာ့ စီးပြားေရးေတြ၊ ႏိုင္ငံေရး၊ လူမႈေရး အေျခအေနေတြ ႏိုင္ငံတခုရဲ႕ လိုအပ္ခ်က္ ကမာၻေပၚမွာ ရွိတဲ့ လူေတြရဲ႕ လိုအပ္တဲ့ အေပၚမူတည္ၿပီး အာမခံပညာရပ္ဟာ ျဖည္းျဖည္းခ်င္း ေျပာင္းၿပီးေတာ့ လိုက္ၿပီးေတာ့ လိုအပ္ခ်က္မွန္သမွ်လုပ္ေပးေနရတာေပါ့ ။
နမူနာေျပာရရင္ေတာ့ ပထမဦးဆုံး အဂၤလန္ကေန သေဘာႀကႌး႐ြက္လႊင့္လာတဲ့ အခါ သေဘာႀကႌး ျမဳပ္သြားေတာ့ သူ႔ကို ငါတို႔ ကူညီၾကရေအာင္ ဆိုၿပီး ကူညီၾကတဲ့အေနအထားကေနၿပီးေတာ့ ပိုက္ဆံေတြ စုထည့္ၾက ရန္ပုံေငြေထာင္ၿပီးေတာ့ သိမ္းျမစ္ကမ္း ေဘးနားမွာ ရွိတဲ့ အက္ဒ္ဝစ္လြိဳက္ ဆိုတဲ့ လူရဲ႕ ေကာ္ဖီဆိုင္ေလးမွာ စုၿပီးေတာ့ စာရင္းသြင္းတာကေန စၿပီးေတာ့ ကမာၻႀကီးမွာ အာမခံ လုပ္ငန္းဆိုတာ ေပၚလာတယ္။ ဟိုတုန္းကေတာ့ သေဘာအၤာမခံေတြ၊ ပစၥည္း သယ္တာေတြေပါ့။
အဲဒီလို စလာတာကေန ၁၆ ရာစုေရာက္လာေတာ့ လန္ဒန္မွာ မီးအႀကီးအက်ယ္ေလာင္တဲ့ အခါက်ေတာ့ အဲလီဇဘက္ ဘုရင္မႀကီးက ငါတို႔အတြက္ မီးအာမခံေရာ မရွိဘူးလား။ ဒီမွာ ငါတို႔အကုန္လုံး ဆုံးရႈံး ကုန္ၿပီဆိုေတာ့ မီးအာမခံဆိုတာ ေပၚလာျပန္ေရာ။
စၿပီးေပၚတာက ဂ်ာမနီမွာ ဟန္းဘက္မွာ ျမဴနီစီပယ္က သူ႔ၿခံဝင္းေလး လွပၿပီးေအာင္ လုပ္ေနတဲ့ အခ်ိန္မွာ တစ္အိမ္က မီးေလာင္သြားတယ္။ ဒီအိမ္ကို မီးေလာင္သြားတာ ျပန္ျပင္ျပန္ျပင္ မင္းအခုျပန္ျပင္လို႔ ေျပာလို႔ သူ႔မွာလည္း ျပန္ျပင္ႏိုင္တဲ့ အင္အားမရွိဘူး။ မီးေဘးဒုကၡသည္ဆိုေတာ့ အားလုံးက ဝိုင္းထည့္လိုက္ေတာ့။ ေနာက္ေတာ့ ျမဴနီစီပယ္ လူႀကီးက စိတ္ဝင္စားသြားတယ္ အားလုံးဆီက ပိုက္ဆံေတြစုၿပီး Fund လုပ္ထားမယ္။ လုပ္ထားၿပီး ျပင္ေပးမယ္။ အဲဒီ အေတြးေတြကေန Insurance ဆိုတာ တျဖည္းျဖည္းေပၚလာတာ။ ဘယ္ကေန စေပၚလာၿပီး ဘယ္ေတာ့ ဆုံးမလဲဆိုေတာ့ မဆုံးဘူး။
ဘယ္အခ်ိန္အထိ သင္ရမလဲဆိုေတာ့ အခုလူငယ္ေတြက လုပ္ကိုင္ခ်င္တယ္ဆိုရင္ အာမခံ ပညာရပ္ကို ေသခ်ာကို သင္ရမွာပါ။ ႐ုံးထဲကိုလာၿပီးေတာ့ Procedures အတိုင္း ကြန္ျပဴတာမွာ ဒီစာရင္းသြင္းတယ္ လူႀကီးတြက္လိုက္တဲ့ အတိုင္း ဒါေလးကို ပရင့္ထုတ္လိုက္တယ္ ဒါေလးကို ေပးလိုက္တယ္ ဆိုတာက လြယ္တယ္။ ဘယ္ဌာနမွာမဆိုလြယ္တ္။ လုပ္ငန္းရဲ႕ လုပ္ကိုင္တဲ့ အဆင့္ေတြေပါ့။
ဒါေပမယ့္ အဲဒီေနာက္မွာ လိုက္လာတဲ့ အာမခံ ပညာရပ္က မလြယ္ဘူး။ ဘာမွမသိေသးတဲ့ လူတစ္ေယာက္က အာမခံထားခ်င္တယ္ဆိုရင္ သူ႔အတြက္ သင့္ေတာ္တဲ့ အာမခံေပါ့။ ဥပမာေကာလိပ္တစ္ခုမွာဆိုရင္ ေက်ာင္းသားေတြလာမယ္။ Personal Accident လိုမယ္။ ကိုယ္အဂၤါထိခိုက္မႈေပါ့။ ေက်ာင္းသားေတြက လိုမယ္ေလ ေက်ာင္းသားေတြဆိုေတာ့ တြန္းလိုက္တိုက္လိုက္ ခုန္လိုက္ စားပြဲေပၚက ျပဳတ္က်လိုက္ေပါ့။ အဲဒီအခါ ေက်ာင္းအုပ္ႀကီးက ျဖစ္ျဖစ္ သင္တန္းဆရာမက ျဖစ္ျဖစ္ ဒီကေလးအတြက္ ဒဏ္ရာရသြားရင္ သူ႔မွာတာဝန္ရွိတယ္။ အဲဒီေတာ့ ထပ္လာတယ္။ Labiality Insurance တာဝန္ရွိမႈ အာမခံေပါ့။
အဲဒီေတာ့ သူ႔စီးပြားေရးနဲ႔သူ လိုအပ္ခ်က္ေတြ လိုက္ေျပာင္းေနတဲ့ အတြက္ေၾကာင့္ လက္ရွိ အာမခံ လုပ္ငန္း ဆိုတာ စီးပြားေရး လုပ္ငန္းရွင္ေတြက မသိေသးတာေပါ့။ အာမခံလုပ္ငန္းရဲ႕ အက်ိဳးရွိမႈကို ျမန္မာျပည္က စီးပြားေရး လုပ္ငန္းရွင္ေတြက မသိေသးတာ။ မသိေသးတဲ့ စီးပြားေရး လုပ္ငန္းရွင္ေတြကို အာမခံေလာကထဲက လူေတြရဲ႕ တာဝန္။ ဆရာမတို႔ မေျပာျပႏိုင္ခဲ့ဘူး။ ဆရာမတို႔ မေျပာျပခဲ့ဘူး။
ႏွစ္ေပါင္းမ်ားစြာ ႏိုင္ငံပိုင္ အစိုးရပိုင္ ျဖစ္ခဲ့တဲ့ အခါက်ေတာ့ ဝန္ထမ္းေတြလိုပဲ ေနခဲ့ၾကတယ္ေပါ့။ ၁၉၉၄ က်မွ ကိုယ္စားလွယ္ေတြ ေပၚလာၿပီး ကိုယ္စားလွယ္ေတြ ခန႔္ထားတာေပါ့။ ဒါေပမယ့္ ကိုယ္စားလွယ္ေတြကလည္း Knowledge full ျဖစ္ၿပီလားဆိုေတာ့ မျဖစ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဆရာမတို႔ဆီမွာ ဘာသာရပ္တစ္ခု တည္းကိုပဲ အေလးထားၿပီးေတာ့ သင္ေနတဲ့ သီးျခားေက်ာင္းဆိုတာ မရွိဘူး။
ဘယ္လိုအတိုင္းအတာ အႏၲရာယ္ေတြကို ခြဲျခားမလဲ။ ဘယ္လိုအတိုင္းအတာ ပရီမီယံေကာက္မလဲဆိုတာကို အဆင့္ဆင့္ တတ္ေျမာက္သြားဖို႔လိုတယ္။ ေလ့လာဖို႔လိုတယ္။ အဲဒီလိုေလ့လာဖို႔လိုတဲ့အတြက္ အာမခံပညာရပ္ကို ေသေသခ်ာခ်ာ ေလ့လာရမယ္။ က်န္းမာေရး အာမခံဆိုရင္ ဘယ္လိုေဆးစစ္မယ္ ဘယ္လိုႏႈန္းနဲ႔ ေကာက္မယ္ ဘယ္လိုအကာအကြယ္ေတြ ေပးမယ္။ အာမခံဝယ္လိုက္တယ္ဆိုရင္ သိန္း ၁၀၀ တန္ကားကို ဝယ္လိုက္ရင္ သိန္း ၁၀၀ လုံးေပးထားရတာ မဟုတ္ဘူး ၁ သိန္းေလာက္ ယူထားတာ။ ၁ သိန္း ၁သိန္းနဲ႔ လူ ၁၀၀ ဆီက ပိုက္ဆံကို ယူၿပီးေတာ့ Fund လို ရန္ပုံေငြလို ထည့္ထားၿပီးေတာ့ အဲဒီရန္ပုံေငြ သိန္း ၁၀၀ ထဲကမွ တစ္စီးျဖစ္ရင္၊ ႏွစ္စီးျဖစ္ရင္ ေပးရမွာ အဲဒီေတာ့ ဒီလို စုထားတဲ့ ရန္ပုံေငြထဲမွာ လာထည့္တဲ့ အခ်ိန္မွာ ကားေတြ အမ်ားႀကီး ရမွ ရန္ပုံေငြက ရမွာ။
အဲဒါကို အမ်ားအတြက္ တစ္ေယာက္၊ တစ္ေယာက္အတြက္ အမ်ား ဆိုၿပီးေတာ့ ငယ္ငယ္တုန္းက အာမခံမွာ ေဆာင္ပုဒ္တခုနဲ႔ လုပ္လာတာ။ အမ်ားထည့္လိုက္တဲ့ ပိုက္ဆံထဲကေနၿပီးေတာ့ ဆုံးရႈံးတဲ့သူဆီ ျပန္ကုစားေပး တာေပါ့။ တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းက အမ်ားႀကီးကို စုေပးတဲ့ စနစ္ေပါ့။
ဒါကို အာမခံ ပညာရပ္မွာေတာ့ Large Number of Similar Risk လို႔ ေခၚတယ္။ ဆင္တူ အႏၲရာယ္ေတြ အမ်ားႀကီးလာဖို႔ လိုတယ္။ စည္း႐ုံးေရး ဆင္းရမယ္ Marketing သြားရမယ္ ကိုယ္စားလွယ္ေတြဆီ သြားရမယ္။ ကိုယ္စားလွယ္ေတြကို နည္းပညာေတြ ျပန္ၿပီးပို႔ခ်ေပးရမယ္။
အဲဒီေတာ့ အာမခံပညာရပ္က အမ်ားႀကီးက်ယ္ျပန႔္တယ္။ ဘယ္အဆင့္ထိရွိလဲ ဆိုတာ သူေရာင္းေနတဲ့ ေမာ္ေတာ္ ကားအာမခံ၊ မီးအာမခံ၊ အသက္အာမခံ အဲဒီလို Property ေတြရဲ႕ နာမည္မ်ိဳးစုံရွိတယ္။ ထပ္ၿပီးေတာ့ ႏိုင္ငံေတာ္က ခြင့္ျပဳလိုက္တဲ့ အင္ဂ်င္နီယာ အာမခံေတြ၊ အဲဒီလို အာမခံေတြအားလုံးကို ဘယ္လိုျဖစ္ရင္ ေလ်ာ္မယ္ ဘယ္လိုျဖစ္ရင္ မေလ်ာ္ဘူး ဘယ္လိုအတိုင္းအတာ အႏၲရာယ္ေတြကို ပိုင္းျခားခြဲျခားမလဲ ဘယ္လိုပရီမီယံေတြ ေကာက္မလဲ အဆင့္ဆင့္ ေလ့လာဖို႔ လိုတယ္။
အဲဒီလို ေလ့လာဖို႔ လိုတဲ့အတြက္ေၾကာင့္ ပညာရပ္ကို သင္ၾကားေပးဖို႔ ေက်ာင္းတို႔ သင္တန္းတို႔ မရွိလို႔ ဆရာမ အခုလိုမ်ိဳး သင္ေနတာ။ မၿပီးဆုံးေသးဘူး။ ဆရာမႀကီးကိုယ္တိုင္ကိုယ္က မၿပီးေသးဘူး။ ဥပမာ Property ေတြနဲ႔ ပတ္သက္ရင္ risk ေတြနဲ႔ ပတ္သက္ရင္ Define လုပ္တတ္တယ္။ ဒါေပမယ့္ ေသေသခ်ာခ်ာ ကြၽမ္းက်င္တဲ့ သူေတြ ျဖစ္သြားဖို႔အတြက္ ေလ့လာသင္ယူေနဖို႔လိုတယ္။ အဲဒီလိုမ်ိဳးလူငယ္ေတြဟာ ေလ့လာသင္ယူဖို႔ လိုတယ္။
အာမခံပညာရပ္ကို သင္ၾကားေပးဖို႔ ေက်ာင္းဆိုရင္ အခုခ်ိန္ဆိုရင္ ကိုယ္စားလွယ္ေတြကို သင္ေနတဲ့ NIM ဆိုတာ ေပၚလာၿပီ။ စေပၚလာၿပီ။
အရင္တုန္းကဆိုရင္ေတာ့ ျမန္မာႏိုင္ငံမွာ ၁၉၆၄ ခုႏွစ္အထိ Burma Insurance Institute ဆိုၿပီးေပၚလာခဲ့တယ္။ CRI ရဲ႕ affiliate အေနနဲ႔ အဂၤလန္ေက်ာင္းရဲ႕ သင္႐ိုးၫႊန္းတန္းေတြကို ယူၿပီးေတာ့ သင္တဲ့အေနနဲ႔ ေပၚထားခဲ့တယ္။ ေနာက္ပိုင္းမွာ အဲဒီလို ေက်ာင္းေတြ သီးျခားမရွိခဲ့ဘူး။ သင္တန္းေတြဆိုတာ ဌာနတြင္း သင္တန္းေတြနဲ႔ပဲ ၿပီးသြားခဲ့တယ္။
ဆရာမႀကီးက ဌာနတြင္းမွာ သင္တန္းေတြ ပို႔ခ်ခဲ့တယ္။ ရရ ရႏိုင္သေလာက္ အခ်ိန္ယူၿပီးပို႔ခ်ေပမယ့္ ေသေသ ခ်ာခ်ာ emphasize လုပ္ၿပီး ဂ႐ုတစိုက္ မသင္ႏိုင္ခဲ့ဘူး။ အခု အၿငိမ္းစားယူတဲ့အတြက္ အဲဒီလိုဟာမ်ိဳးကို သင္ေပးဖို႔ ဆရာမႀကီးကိုယ္တိုင္ ေလ့လာေနမႈ မၿပီးဆုံးေသးေပမယ့္ ဆရာမႀကီးသင္ေနတာ ကိုယ္တိုင္လည္း ေလ့လာလို႔ မၿပီးေသးေတာ့ ကေလးေတြအတြက္လည္း အားလုံးအတြက္ သင္ေပးေနတာ။ The Malaysian Insurance Institute က သင္႐ိုးၫႊန္းတန္းကို ဗမာလို ဘာသာျပန္ၿပီး သင္ေပးေနတာ။
ဗမာလို ဘာသာျပန္မွ လူေတြအားလုံးရဲ႕ အေတြးအေခၚက ဗမာလို နားလည္မွာ။ အဂၤလိပ္စာကိုဖတ္ အဂၤလိပ္လိုပဲ ABC ေ႐ြးၿပီး ေျဖလိုက္ရင္ လူတိုင္းအလြတ္က်က္တဲ့ကေလးေတြ Fresh Graduate ေတြ အကုန္ေျဖႏိုင္မွာပဲ။ ဒါေပမယ့္ သေဘာမေပါက္ဘူး။ ကိုယ္စားလွယ္ႀကီးေတြပါ သေဘာေပါက္ေအာင္ ပညာအရည္အခ်င္း အမ်ိဳးမ်ိဳး၊ အသက္အ႐ြယ္အမ်ိဳးမ်ိဳးကို ဘာသာျပန္ၿပီး သင္ေနတာ။
ကိုယ့္ဘာသာစကားနဲ႔ နားလည္မွ အာမခံေလာကမွာ သင္တန္းထဲက စာေတြကို လက္ေတြ႕လုပ္ငန္းထဲမွာ Apply လုပ္ႏိုင္မွာ။ လက္ေတြ႕လုပ္ငန္းထဲမွာ Apply လုပ္ႏိုင္မွ အဲဒီအာမခံလုပ္ငန္းႀကီးက တိုးတက္မွာ။ အာမခံလုပ္ငန္းေတြကို လက္ေတြ႕အသုံးခ်ႏိုင္ဖို႔ ေတြးေခၚႏိုင္ဖို႔ အဂၤလိပ္လို စာေတြဖတ္ၿပီး ေလ့လာတာထက္၊ အလြတ္က်က္တာထက္ ဗမာလို နားလည္ဖို႔ လိုတယ္။
အဲဒါေၾကာင့္မို႔ ဗမာျပည္မွာ လက္ေတြ႕ကိုယ္စားလွယ္ႀကီးေတြက အသက္အ႐ြယ္ အပိုင္းအျခားတစ္ခု ေရာက္ေနၿပီဆိုေတာ့ သူတို႔လည္း လက္ေတြ႕ Apply လုပ္ရင္း သင္သြားလို႔ရမယ္။ ဒါေပမယ့္ အနာဂတ္မွာ လူငယ္ေတြမွာ ဦးေဆာင္သြားၾကမွာ။ ဆရာမႀကီးတို႔ သိတဲ့ပညာထက္ အဲဒီဟာကို သိလို႔ ဆရာမႀကီးတို႔ထက္ ပိုသိ၊ ပိုတတ္ၿပီးေတာ့ ပိုၿပီး Create လုပ္ႏိုင္လို႔ ပိုၿပီးေကာင္းသြားမယ့္ ေနာက္အနာဂတ္အတြက္ လူငယ္ေတြကို အားကိုးတဲ့အတြက္ လူငယ္ေတြကို အခမဲ့သင္ေပးေနတယ္။
လူငယ္ေတြအတြက္ အလုပ္ကိုစလုပ္ေတာ့မယ္ဆိုရင္ Procedure ေတြထက္၊ ဒီစာေတြ ပညာရပ္ေတြက ဘယ္လို Apply လုပ္ရမယ္ဆိုတာ ဘာသာရပ္ကို လက္ေတြ႕ လုပ္ငန္းနဲ႔ Apply လုပ္ႏိုင္ဖို႔လိုတယ္။ ဘာလို႔လဲဆိုေတာ့ လက္ေတြ႕ အာမခံလုပ္ငန္းက စီးပြားေရးရွိေနရင္ စီးပြားေရးေတြ ရွိေနတိုင္း အဲဒီစီးပြားေရးက မဆုံးရႈံးရေအာင္ ျပန္ကုစားေပးဖို႔ စီးပြားေရးစနစ္ေတြ ေျပာင္းတိုင္း အာမခံစနစ္ေတြက လိုက္လိုက္ေျပာင္းၿပီး တည္ရွိေနမွာမို႔ အားလုံးအတြက္ အာမခံလုပ္ငန္းကို လူငယ္ေတြ အကုန္လုံး သိဖို႔လိုတယ္။
စာသင္ခန္းထဲတင္ မကဘူး လက္ေတြ႕ေလာကထဲမွာ သိၿပီးေတာ့မွ ေလ်ာ္ေၾကးေတြကို ဘယ္လိုပိုင္းျခား ဆုံးျဖတ္မလဲ ဆိုတဲ့ အထိကို သိဖို႔ လိုတယ္။ ျမန္မာျပည္က ျမန္မာလူငယ္ေတြအတြက္ ျမန္မာအာမခံ လုပ္ငန္းေတြအတြက္ ဝန္ထမ္းေတြအတြက္ အမ်ားႀကီး ေလ့လာဖို႔ လိုပါတယ္။