Monday, April 20, 2020

ကျန်းမာရေး အာမခံ လူတိုင်းထားပါ။



ဘကျော်

ကျန်းမာရေးသည် လူတိုင်း၏ ဘဝအတွက် အရေးအကြီးဆုံးသော လိုအပ်ချက်ဖြစ်သည်။ ချမ်းသာကြွယ်ဝသည် ဖြစ်စေ၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းပေါများသည်ပင်ဖြစ်စေ ကိုယ်တိုင်က ကျန်းမာခြင်းမရှိလျင် မည်သို့မျှ ပျော်ရွှင်သုခရ နိုင်မည်မဟုတ်ပေ။
ဥစ္စာကို ကံစောင့်၊ အသက်ကို ဉာဏ်စောင့်ဟု ဆိုရိုးစကားရှိသည်။ ကိုယ့်ကျန်းမာရေးအတွက် ကိုယ်တိုင်ဂရုစိုက် နေထိုင်သွားလာ စားသောက်မှ ဖြစ်ပေမည်။ မည်မျှပင် ဆင်ခြင်နေထိုင်သည့်တိုင် ကျန်းမာရေး ပြဿနာများက လုံးဝ ရောက်မလာသည်တော့ မဟုတ်ချေ။ တနည်းမဟုတ် တနည်း ရောဂါဘယဘေး၊ လူလုပ်ဘေး၊ သဘာဝဘေးတို့ ကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာတို့ကို ရင်ဆိုင်ရတတ်သည်။
ယခုကဲ့သို့ ကပ်ရောဂါဆိုးကြီး ရင်ဆိုင်နေရချိန်တွင် ကျန်းမာရေးအာမခံမှာ အင်မတန်လိုအပ်လှသည်။ မိမိကိုယ်တိုင် ကျန်းမာရေးမကောင်းသဖြင့် ရှာဖွေနိုင်စွမ်းမရှိချိန်တွင် ကျန်းမာရေးပြဿနာကို ဖြေရှင်းရန် ငွေကြေး ထပ်မံကုန်ကျ ရမည်ဆိုလျင် လူမကျန်းမာရုံမျှမက စိတ်ကပါ မချမ်းသာရဘဲ ပူပန်ကြောင့်ကြနေရနိုင်သည်။
ထို့ကြောင့်ပင် နိုင်ငံအသီးသီးတွင် ကျန်းမာရေးအာမခံစနစ်များကို အကောင်အထည်ဖော်လာကြာခြင်းဖြစ်သည်။
ကျန်းမာရေးအာမခံ Health Insurance ဆိုသည်မှာ ကျန်းမာရေးအာမခံ ဝယ်ယူထားသူ ဆေးကုသ မှုခံယူရာတွင် ကုန်ကျစရိတ်များကို အာမခံကုမ္ပဏီမှငွေကြေးပြန်လည်ထောက်ပံပေးသည့် စနစ်တစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ၁၉ ရာစု ကတည်းက ကျင့်သုံးခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၉၁ ခုနှစ်ခန့်က စတင်အကောင်အထည်ဖော်ခဲ့ဖူးသည်။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။
၂၀၁၃ခုနှစ်တွင် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခု ဖွင့်လှစ်ဆောင်ရွက်လာပြီးနောက် ၂၀၁၅ ဇူလိုင်လ ၁ ရက်နေ့မှစပြီး ကျန်းမာရေးအာမခံ Health Insurance ကိုစတင်ဆောင်ရွက်ခွင့်ပြုခဲ့သည်။
ကျန်းမာရေးအာမခံအမျိုးအစားအများစုတွင်
(၁) Hospital Cash Only Insurance ဆေးရုံတက်စရိတ်အကာအကွယ်
(၂) Medical Expenses Insurance ဆေးဝါကုသမှုကုန်ကျစရိတ်အကာအကွယ်
(၃) Disability Income Insurance ထာဝစဉ်မသန်စွမ်းမှုအကာအကွယ်
(၄) Critical (catastrophic) illness အရေးကြီးရောဂါကုသမှုအကာအကွယ်
(၅) Long Tetm Care (LTC) နာတာရှည်ကုသမှု အကာအကွယ်စသည့် အကာအကွယ်များစွာကို ဝန်ဆောင်မှုပေးသည့် အာမခံကုမ္ပဏီပေါ်မူတည်ပြီး ဝယ်ယူနိုင်မည်ဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ အခြားအာမခံအကာအကွယ် သီးခြားခေါင်းစဉ်ခွဲများကိုလည်း ဝယ်ယူနိုင်သေးသည်။ လက်တလောတွင် အာမခံကုမ္ပဏီအတော်များများက ကျန်းမာရေးအာမခံတွင် COVID – 19 ကြောင့်ဖြစ်ပွားသည့် ရောဂါများကိုပါ အကာအကွယ်ရမည်ဟု ထုတ်ပြန်ထားသည်။


ကျန်းမာရေးအာမခံ ဝန်ဆောင်မှုများကို အသေးစိတ်ရှင်းပြမည်ဆိုရင် ကုမ္ပဏီအလိုက်၊ ဝန်ဆောင်မှုပုံစံအလိုက်၊ လျော်ကြေးပေးချေမှု အလိုက် ကွာခြားပြီး အလွန်ကျယ်ပြန့်သည်။
ယေဘူယျခြုံငုံသုံးသပ်မည်ဆိုပါက ဆေးရုံဆေးခန်း စရိတ်များ၊ အခန်းခများ၊ သူနာပြုငှါးခများ၊ ဆေးဝါးကုန်ကျ စရိတ်များ၊  မေ့ဆေးကုန်ကျစရိတ်၊  ခွဲစိတ်ခ( surgical expenses)များ၊ နာတာရှည်ကုသမှုများ အတွက် ကုန်ကျစရိတ်များ၊ ဆေးကုသ ကုန်ကျစရိတ်အပြင် ဝင်ငွေပါထောက်ပံပေးသည့် အကာအကွယ်များစသည်ဖြင့် များစွာရှိသည်။ သို့သော်လည်း အကာအကွယ်တစ်ခုတိုးယူလိုက်တိုင်း ပေးသွင်းရမည့်ငွေက များလာမည်ဖြစ်သည်။  ထို့အတူ ပြန်လည်ရရှိမည့် အကာအကွယ်ကလည်း ပိုမိုများပြားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အာမခံကုမ္ပဏီများက အသက် ၆နှစ်မှ ၇၅ နှစ်အထိ မည်သူ့မဆို ဝယ်ယူနိုင်သော်လည်း အစိုးရအာမခံကုမ္ပဏီကမူ အသက် ၆ နှစ်မှ ၆၅ နှစ်အထိသာ ရောင်းချသည်။
အာမခံဝယ်ယူရာမှာ အသက်အထောက်အထားအတွက် မှတ်ပုံတင်(သို့မဟုတ်)စီစစ်ရေးကဒ် မိတ္တူ (နိုင်ငံခြား သားများ အတွက် ပါတ်စ်ပို့မိတ္တူ ) နှင့်အတူ ကိုယ်တိုင်ဝယ်ယူရမည်ဖြစ်ပြီး အသက် ၁၈နှစ်မပြည့်သေးသူများအတွက် မိဘအုပ်ထိန်းသူများက ကိုယ်စား ဝယ်ယူပေးနိုင်သည်။
အာမခံကုမ္ပဏီအများစု သတ်မှတ်ထားသည့် အာမခံအကာအကွယ်ကို ခံစားခွင့်မရနိုင်သည့် အချက်တချို့လည်း ရှိသည်။ အောက်တွင်ဖော်ပြချက်များသည် Global World အာမခံကုမ္ပဏီမှ နမူနာရယူထားခြင်းဖြစ်သည်။
(၁) ဆေးကုသမှုခံယူနေပြီး၊ဆေးရုံတက်ရန်ဆရာဝန်ထောက်ခံချက်ရရှိပြီးသူ၊
(၂) သာမန်မီးဖွားခြင်း၊သဘာဝအလျောက်မဟုတ်သော ကိုယ်ဝန်ပျက်ကျခြင်း၊
မီးဖွားခြင်းအတွက်ရွေးချယ်နိုင်သည့်အကာအကွယ်(၁)ဝယ်ယူခြင်းမရှိဘဲခွဲစိတ်ကုသမှုပြုလုပ်သည့်အခါ
(၃) စိတ်ရောဂါဝေဒနာရှင်များ
(၄) ကျန်းမာရေးဆေးစစ်ရန် နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း
(၅) သားသမီးရလိုမှုအတွက်ဆေးကုသခြင်း၊ ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း
(၆) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့်ပတ်သက်သော ကုသမှုများ၊
(၇) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်းများ၊
(၈) အလှအပအတွက်ခွဲစိတ်ပြုပြင်ခြင်း၊
(၉) နားကြားကရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း
(၁၀) ကိုယ်ခန္ဓာ ချို့ယွင်းခြင်း(သို့) မွေးရာပါပုံမှန်မဟုတ်ခြင်း၊
(၁၁) မူးယစ်ဆေးဝါးသုံးစွဲခြင်း၊
(၁၂) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း၊
(၁၃) AIDS/HIV ဖြစ်ခြင်း
(၁၄) အကြမ်းဖက်၊အဓိကရုဏ်း၊စစ် နှင့် စစ်အသွင်ဖြစ်ရပ်ကြောင့်ဆေးကုသခြင်း
(၁၅) ရောဂါကြောင့်ဆေးရုံတက်ရက် (၃)ရက်အောက်ဖြစ်သော ဆေးကုသမှုများ၊
(၁၆) လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ
(၁၇) မိမိကိုယ်ကိုသတ်သေခြင်း (သို့) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး “အာရောဂျံ၊ ပရမံ၊ လာဘံ” ဟူသော ဘုရား ဟောတရားတော်နှင့်အညီ ကျန်းမာရေးလာဘ်ကြီးကို လက်ကိုင်ရရှိထားမှ သာလျှင် လူ့ဘဝရကျိုး နပ်ပေမည်။ ကျန်းမာရေးနှင့် လျော်ညီ စွာ ပြုမူနေထိုင်တတ် စောင့်ရှောက်နိုင်ပါမှလည်း အဆိုပါ လက်ဆောင်ကို အပြည့်အဝ ရပေမည်။
မိမိတို့ နေထိုင်ရာအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ပြုပြင်နေထိုင်ခြင်းမရှိပါက ထိုအဆောက်အုံသည် မကြာမီ ပျက်စီးယိုယွင်းသွားတတ်သကဲ့သို့ အိမ်နှင့်တူသော ခန္ဓာကိုယ်ကို ကျန်းမာမှုအတွက် ဂရုမပြုလျင် အလားတူ ကြုံတွေ့ရနိုင်သည်။ ယင်းသို့ ပျက်ဆီးယိုယွင်းလာချိန်တွင် အလွယ်တကူပြင်ဆင်နိုင်ရန်အတွက် အာမခံအကာအကွယ်တည်းဟူသော ဥစ္စာကို စုဆောင်းထားရန်လည်း လိုအပ်လှပေသည်။

Zawgyi Version
က်န္းမာေရးသည္ လူတိုင္း၏ ဘဝအတြက္ အေရးအႀကီးဆုံးေသာ လိုအပ္ခ်က္ျဖစ္သည္။ ခ်မ္းသာၾကြယ္ဝသည္ ျဖစ္ေစ၊ ေဆြမ်ဳိး၊ မိတ္ေဆြ အေပါင္းအသင္းေပါမ်ားသည္ပင္ျဖစ္ေစ ကုိယ္တိုင္က က်န္းမာျခင္းမရွိလ်င္ မည္သုိ႔မွ် ေပ်ာ္ရႊင္သုခရ ႏိုင္မည္မဟုတ္ေပ။
ဥစၥာကုိ ကံေစာင့္၊ အသက္ကုိ ဉာဏ္ေစာင့္ဟု ဆို႐ုိးစကားရွိသည္။ ကုိယ့္က်န္းမာေရးအတြက္ ကုိယ္တိုင္ဂ႐ုစုိက္ ေနထိုင္သြားလာ စားေသာက္မွ ျဖစ္ေပမည္။ မည္မွ်ပင္ ဆင္ျခင္ေနထိုင္သည့္တိုင္ က်န္းမာေရး ျပႆနာမ်ားက လုံးဝ ေရာက္မလာသည္ေတာ့ မဟုတ္ေခ်။ တနည္းမဟုတ္ တနည္း ေရာဂါဘယေဘး၊ လူလုပ္ေဘး၊ သဘာဝေဘးတို႔ ေၾကာင့္ က်န္းမာေရးဆိုင္ရာ ျပႆနာတို႔ကုိ ရင္ဆိုင္ရတတ္သည္။
ယခုကဲ့သုိ႔ ကပ္ေရာဂါဆုိးႀကီး ရင္ဆုိင္ေနရခ်ိန္တြင္ က်န္းမာေရးအာမခံမွာ အင္မတန္လိုအပ္လွသည္။ မိမိကုိယ္တိုင္ က်န္းမာေရးမေကာင္းသျဖင့္ ရွာေဖြႏိုင္စြမ္းမရွိခ်ိန္တြင္ က်န္းမာေရးျပႆနာကုိ ေျဖရွင္းရန္ ေငြေၾကး ထပ္မံကုန္က် ရမည္ဆိုလ်င္ လူမက်န္းမာ႐ုံမွ်မက စိတ္ကပါ မခ်မ္းသာရဘဲ ပူပန္ေၾကာင့္ၾကေနရႏိုင္သည္။
ထို႔ေၾကာင့္ပင္ ႏိုင္ငံအသီးသီးတြင္ က်န္းမာေရးအာမခံစနစ္မ်ားကုိ အေကာင္အထည္ေဖာ္လာၾကာျခင္းျဖစ္သည္။
က်န္းမာေရးအာမခံ Health Insurance ဆိုသည္မွာ က်န္းမာေရးအာမခံ ဝယ္ယူထားသူ ေဆးကုသ မႈခံယူရာတြင္ ကုန္က်စရိတ္မ်ားကို အာမခံကုမၸဏီမွေငြေၾကးျပန္လည္ေထာက္ပံေပးသည့္ စနစ္တစ္ခုျဖစ္သည္။ ကမၻာေပၚတြင္ ၁၉ ရာစု ကတည္းက က်င့္သုံးခဲ့ၿပီး ျမန္မာႏိုင္ငံတြင္လည္း ၁၉၉၁ ခုႏွစ္ခန္႔က စတင္အေကာင္အထည္ေဖာ္ခဲ့ဖူးသည္။ သုိ႔ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။
၂၀၁၃ခုႏွစ္တြင္ ပုဂၢလိက အာမခံကုမၸဏီ ၁၂ ခု ဖြင့္လွစ္ေဆာင္ရြက္လာၿပီးေနာက္ ၂၀၁၅ ဇူလိုင္လ ၁ ရက္ေန႔မွစၿပီး က်န္းမာေရးအာမခံ Health Insurance ကိုစတင္ေဆာင္ရြက္ခြင့္ျပဳခဲ့သည္။
က်န္းမာေရးအာမခံအမ်ိဳးအစားအမ်ားစုတြင္
(၁) Hospital Cash Only Insurance ေဆး႐ုံတက္စရိတ္အကာအကြယ္
(၂) Medical Expenses Insurance ေဆးဝါကုသမႈကုန္က်စရိတ္အကာအကြယ္
(၃) Disability Income Insurance ထာဝစဥ္မသန္စြမ္းမႈအကာအကြယ္
(၄) Critical (catastrophic) illness အေရးႀကီးေရာဂါကုသမႈအကာအကြယ္
(၅) Long Tetm Care (LTC) နာတာ႐ွည္ကုသမႈ အကာအကြယ္စသည့္ အကာအကြယ္မ်ားစြာကုိ ဝန္ေဆာင္မႈေပးသည့္ အာမခံကုမၸဏီေပၚမူတည္ၿပီး ဝယ္ယူႏိုင္မည္ျဖစ္သည္။ က်န္းမာေရးဆိုင္ရာ အျခားအာမခံအကာအကြယ္ သီးျခားေခါင္းစဥ္ခြဲမ်ားကုိလည္း ဝယ္ယူႏိုင္ေသးသည္။ လက္တေလာတြင္ အာမခံကုမၸဏီအေတာ္မ်ားမ်ားက က်န္းမာေရးအာမခံတြင္ COVID – 19 ေၾကာင့္ျဖစ္ပြားသည့္ ေရာဂါမ်ားကုိပါ အကာအကြယ္ရမည္ဟု ထုတ္ျပန္ထားသည္။


က်န္းမာေရးအာမခံ ဝန္ေဆာင္မႈမ်ားကုိ အေသးစိတ္ရွင္းျပမည္ဆိုရင္ ကုမၸဏီအလိုက္၊ ဝန္ေဆာင္မႈပုံစံအလိုက္၊ ေလ်ာ္ေၾကးေပးေခ်မႈ အလိုက္ ကြာျခားၿပီး အလြန္က်ယ္ျပန္႔သည္။
ေယဘူယ်ၿခဳံငုံသုံးသပ္မည္ဆိုပါက ေဆး႐ုံေဆးခန္း စရိတ္မ်ား၊ အခန္းခမ်ား၊ သူနာျပဳငွါးခမ်ား၊ ေဆးဝါးကုန္က် စရိတ္မ်ား၊  ေမ့ေဆးကုန္က်စရိတ္၊  ခြဲစိတ္ခ( surgical expenses)မ်ား၊ နာတာ႐ွည္ကုသမႈမ်ား အတြက္ ကုန္က်စရိတ္မ်ား၊ ေဆးကုသ ကုန္က်စရိတ္အျပင္ ဝင္ေငြပါေထာက္ပံေပးသည့္ အကာအကြယ္မ်ားစသည္ျဖင့္ မ်ားစြာရွိသည္။ သုိ႔ေသာ္လည္း အကာအကြယ္တစ္ခုတိုးယူလိုက္တုိင္း ေပးသြင္းရမည့္ေငြက မ်ားလာမည္ျဖစ္သည္။  ထို႔အတူ ျပန္လည္ရရွိမည့္ အကာအကြယ္ကလည္း ပုိမိုမ်ားျပားမည္ျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ပုဂၢလိက အာမခံကုမၸဏီမ်ားက အသက္ ၆ႏွစ္မွ ၇၅ ႏွစ္အထိ မည္သူ႔မဆို ဝယ္ယူႏိုင္ေသာ္လည္း အစုိးရအာမခံကုမၸဏီကမူ အသက္ ၆ ႏွစ္မွ ၆၅ ႏွစ္အထိသာ ေရာင္းခ်သည္။
အာမခံဝယ္ယူရာမွာ အသက္အေထာက္အထားအတြက္ မွတ္ပုံတင္(သို႔မဟုတ္)စီစစ္ေရးကဒ္ မိတၱဴ (ႏိုင္ငံျခား သားမ်ား အတြက္ ပါတ္စ္ပို႔မိတၱဴ ) ႏွင့္အတူ ကိုယ္တိုင္ဝယ္ယူရမည္ျဖစ္ၿပီး အသက္ ၁၈ႏွစ္မျပည့္ေသးသူမ်ားအတြက္ မိဘအုပ္ထိန္းသူမ်ားက ကုိယ္စား ဝယ္ယူေပးႏိုင္သည္။
အာမခံကုမၸဏီအမ်ားစု သတ္မွတ္ထားသည့္ အာမခံအကာအကြယ္ကို ခံစားခြင့္မရႏိုင္သည့္ အခ်က္တခ်ဳိ႕လည္း ရွိသည္။ ေအာက္တြင္ေဖာ္ျပခ်က္မ်ားသည္ Global World အာမခံကုမၸဏီမွ နမူနာရယူထားျခင္းျဖစ္သည္။
(၁) ေဆးကုသမႈခံယူေနၿပီး၊ေဆး႐ုံတက္ရန္ဆရာဝန္ေထာက္ခံခ်က္ရရွိၿပီးသူ၊
(၂) သာမန္မီးဖြားျခင္း၊သဘာဝအေလ်ာက္မဟုတ္ေသာ ကိုယ္ဝန္ပ်က္က်ျခင္း၊
မီးဖြားျခင္းအတြက္ေ႐ြးခ်ယ္ႏိုင္သည့္အကာအကြယ္(၁)ဝယ္ယူျခင္းမရွိဘဲခြဲစိတ္ကုသမႈျပဳလုပ္သည့္အခါ
(၃) စိတ္ေရာဂါေဝဒနာရွင္မ်ား
(၄) က်န္းမာေရးေဆးစစ္ရန္ ႏွင့္ အနားယူအားေမြးရန္ ေဆး႐ုံတက္ျခင္း
(၅) သားသမီးရလိုမႈအတြက္ေဆးကုသျခင္း၊ ေဆး႐ုံတက္ျခင္းႏွင့္ ခြဲစိတ္ကုသျခင္း
(၆) မေတာ္တဆထိခိုက္ဒဏ္ရာရျခင္းမွအပျဖစ္ေသာ သြားႏွင့္ပတ္သက္ေသာ ကုသမႈမ်ား၊
(၇) မေတာ္တဆထိခိုက္ဒဏ္ရာရျခင္းမွအပျဖစ္ေသာ မ်က္မွန္အပါအဝင္ မ်က္စိစမ္းသပ္ျခင္းမ်ား၊
(၈) အလွအပအတြက္ခြဲစိတ္ျပဳျပင္ျခင္း၊
(၉) နားၾကားကရိယာ တပ္ဆင္ရန္အတြက္ျဖစ္ျခင္း
(၁၀) ကိုယ္ခႏၶာ ခ်ိဳ႕ယြင္းျခင္း(သို႔) ေမြးရာပါပုံမွန္မဟုတ္ျခင္း၊
(၁၁) မူးယစ္ေဆးဝါးသုံးစြဲျခင္း၊
(၁၂) ကိုယ္တိုင္ရာဇဝတ္မႈက်ဴးလြန္ျခင္း၊
(၁၃) AIDS/HIV ျဖစ္ျခင္း
(၁၄) အၾကမ္းဖက္၊အဓိက႐ုဏ္း၊စစ္ ႏွင့္ စစ္အသြင္ျဖစ္ရပ္ေၾကာင့္ေဆးကုသျခင္း
(၁၅) ေရာဂါေၾကာင့္ေဆး႐ုံတက္ရက္ (၃)ရက္ေအာက္ျဖစ္ေသာ ေဆးကုသမႈမ်ား၊
(၁၆) လိမ္လည္ေတာင္းခံသည့္ျဖစ္ရပ္မ်ား
(၁၇) မိမိကိုယ္ကိုသတ္ေသျခင္း (သို႔) မိမိကိုယ္ကို ဒဏ္ရာအနာတရျဖစ္ေအာင္ျပဳလုပ္ျခင္း
က်န္းမာျခင္းသည္ လာဘ္ႀကီးတစ္ပါး “အာေရာဂ်ံ၊ ပရမံ၊ လာဘံ” ဟူေသာ ဘုရား ေဟာတရားေတာ္ႏွင့္အညီ က်န္းမာေရးလာဘ္ႀကီးကို လက္ကိုင္ရရွိထားမွ သာလွ်င္ လူ႔ဘဝရက်ိဳး နပ္ေပမည္။ က်န္းမာေရးႏွင့္ ေလ်ာ္ညီ စြာ ျပဳမူေနထိုင္တတ္ ေစာင့္ေရွာက္ႏိုင္ပါမွလည္း အဆိုပါ လက္ေဆာင္ကုိ အျပည့္အဝ ရေပမည္။
မိမိတို႔ ေနထိုင္ရာအိမ္ကို ထိန္းသိမ္းေစာင့္ေရွာက္ျခင္း ျပဳျပင္ေနထိုင္ျခင္းမရွိပါက ထိုအေဆာက္အုံသည္ မၾကာမီ ပ်က္စီးယိုယြင္းသြားတတ္သကဲ့သို႔ အိမ္ႏွင့္တူေသာ ခႏၶာကိုယ္ကို က်န္းမာမႈအတြက္ ဂ႐ုမျပဳလ်င္ အလားတူ ႀကဳံေတြ႕ရႏိုင္သည္။ ယင္းသို႔ ပ်က္ဆီးယိုယြင္းလာခ်ိန္တြင္ အလြယ္တကူျပင္ဆင္ႏိုင္ရန္အတြက္ အာမခံအကာအကြယ္တည္းဟူေသာ ဥစၥာကုိ စုေဆာင္းထားရန္လည္း လိုအပ္လွေပသည္။


No comments:

Post a Comment